စက်ဘီး
နင်းကြသူများ
Tour
de France 2015
(Photo Google)
ဒီနှစ်
စက်ဘီးနင်းပွဲတွေ စနေတာ ကြာပါပြီ၊ နေ့တိုင်း ဧည့်များ အပြင်သွားနေရလို့ မကြည့်ဖြစ်ပါဘူး၊
ဒီကနေ့မှ အားနေတာနဲ့ ကွန်ပြူတာကနေ ကိစ္စတခုကြောင့်
တယ်လီဗေးရှင်းလိုင်းကိုဖွင့်ရှာ ကလိမိ
ရရင်း စက်ဘီးနင်းပွဲကို ကြည့်မိလိုက်ပါတယ်၊ လွန်ခဲ့တဲ့
၂၀၁၃ ခုနှစ် အဲဒီ စက်ဘီးနင်းပွဲ Tour de
France ရာပြည့်ပွဲထဲက အတိုအစလေးတွေ ရေးထားမိတာ
ရှိပါတယ်၊ ပြိုင်ပွဲသာပြီးသွားပါလေရော၊
ရေးထားတာလေးတွေကို အချောမသတ်နိုင်ခဲ့ပါဘူး၊
အဲလိုရေးပြီး ပစ်ထားခဲ့တာတွေကို ပြန်ဖတ်ရင်း
ဒီကနေ့ ကြည့်လိုက်မိတဲ့ စက်ဘီးနင်းပွဲ
ရှုခင်းတွေကို အမှတ်တရဖြစ်အောင် တင်လိုက်ပါတယ်။
Tour
de France လို့ ခေါ်ကြတဲ့ စက်ဘီးပြိုင်ပွဲကြီးကို ၁၉၀၃ ခုနှစ်က စတင်ပြီး ကျင့်ပ လာခဲ့တာပါ၊
ကမ္ဘာစစ်
ကာလတွေအတွင်း မလုပ်ဖြစ်ခဲ့တဲ့ နှစ်တွေ ရှိခဲ့လို့ ၂၀၁၃ မှာမှ ရာပြည့်ပွဲ ကျင့်ပခဲ့ပါတယ်။
အဲဒီ
၂၀၁၃ ခုနှစ် ရာပြည့်ပွဲ ကာလကစပြီး ရေးတို့မှတ်ထားတဲ့ အတိုအစလေးတွေကို နှစ်စဉ် ၂၀၁၄
၅ ၆ ၇ ၈ ဒီလိုမျိုးအချိန် ရောက်လာရင် တို့ထိမိပေမယ့် တဝက်တပျက် အဆုံးသတ်တွေနဲ့သာ ထား
ဖြစ်ခဲ့တဲ့ မပြီးမစီး စာစုသာ ဖြစ်နေခဲ့တာပါ၊ ဒီတခါတော့ အဆုံးသတ် အချောကိုင်ပါတော့မယ်။
Aucun commentaire:
Publier un commentaire