မရှိတော့ပြီဖြစ်သော ကွန်းကော့ဒ်နဲ့ ဆူပါဆိုးနစ်များ စာစု
(၁)
ဒီကနေ့မှာ တွေ့မြင်ရတဲ့ ပြတိုက်ဂိုဒေါင်ထဲက
ကွန်းကော့ဒ် (ဓါတ်ပုံ မရငတ)
"She rolls ! Forty, forty five knots !
Ninety ! One hundred and thirty five,
Nose comes up to twenty degrees,
She's airbourne, She flies !! Concorde
Flies !"
(Those famous
words from Tony Baxter)
Concorde ကွန်းကော့ဒ်
တခေတ် တခါက ကောင်းကင်ပြာပြာ
ဝေဟင်ထက်
သူမတူအောင် အစွမ်းတွေနဲ့ ဝဲကာပျံခဲ့ဖူးတဲ့ ကွန်းကော့ဒ်။
ဘာကြောင့် ဘာတွေနဲ့ နာမည် ကြီးခဲ့ရသလဲ၊
နံပတ်တစ်ကတော့ ဒီကနေ့ထိ အမြန်ဆုံး ဖြစ်နေတဲ့ အမြန်နှုန်းကြောင့်ပါ၊
Supersonic Transport (SST) သယ်ပို့လောကမှာ အမြန်ဆုံး ဖြစ်ခဲ့တာပါ၊
အဲဒီ အမြန်နှုန်းကြောင့်လည်း သူ့ဘဝ ပွဲသိမ်း မြန်မြန်စောခဲ့တယ်လို့
ဆိုကြပါတယ်၊
သူ့လို မြန်တဲ့ ဆိုဗီယက်ရုရှားရဲ့ Tupolev ကလည်း သူ့ထက်များများစော
ပွဲသိမ်းခဲ့ရတာပါ၊
ဒါပေမယ့် ကွန်းကော့ဒ်ရဲ့ နာမည်ကြီးပုံမျိုးကိုတော့ ဆိုဗီယက်တို့
လိုက်မမီခဲ့တာက သေချာပါတယ်။
ကွန်းကော့ဒ်တစင်း မွေးဖွားခြင်း သေဆုံးခြင်း (Photo
Google)
အဲဒီကွန်းကော့ဒ်လေယာဉ်
နာမည်ကြီးခဲ့ပုံက မောင်ရင်ငတေတို့ရဲ့ ဇနပုဒ်ထိကို ရိုက်ခိုက်ခဲ့ပါတယ်၊
မောင်ရင်ငတေတို့ ရွှေပြည်တော်မှာ နေထိုင်စဉ် လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးဆယ်ခန့် အချိန်လောက်က
လေယာဉ်ပျံကောင်းကောင်း မစီးဖူးစဉ်အချိန်က စီးဖူးချင်တွေ့ဖူးချင်ခဲ့တဲ့ လေယာဉ်တမျိုးကတော့ ဒီ
ကွန်းကော့ဒ်လေယာဉ် အမျိုးအစား ဖြစ်ပါတယ်၊ ကောင်းကင်ယံထက် လေယာဉ်တစီး ဝဲပျံသွားတာ
မြင်လိုက်ရရင် မျက်စေ့တဆုံး လိုက်ကြည့်မိတတ်တာကတော့ လူတိုင်းလိုလိုသာပါ။

ရွှေပြည်တော်ကြီးမှာ
အဲဒီအချိန်ကာလက မြန်မာ့လေကြောင်းကော်ပိုရေးရှင်း အမည်တွင်ပါတဲ့ လေ
ကြောင်းဋ္ဌာနပိုင် လေယာဉ်တွေထဲမှာ
အဲဒီ ကွန်းကော့ဒ် ဆိုတာမျိုး မရှိတော့ စီးဖူးဖို့ နေနေသာသာ
တွေ့ဖူးဖို့တောင်
မတွေးရဲခဲ့ပါဘူး၊ ငယ်စဉ်ကတော့ ဟင်္သာတ လေဆိပ်ကို ဆင်းသက်ဖူးတဲ့ ဒါကိုတာ
လေယာဉ်ရယ် တွင်အော်တာလေယာဉ်တို့တော့ တွေ့ဖူးမြင်ဖူးခဲ့ပါတယ်၊ နောက်ပိုင်းမှာတော့ မြန်မာ့
လေယာဉ်ရယ် တွင်အော်တာလေယာဉ်တို့တော့ တွေ့ဖူးမြင်ဖူးခဲ့ပါတယ်၊ နောက်ပိုင်းမှာတော့ မြန်မာ့
လေကြောင်းမှာ အဲဒီအချိန်က
ကမ္ဘာ့မိုးကောင်းကင်တလွှားမှာ တော်တော်များများ မင်းမူစိုးမိုးနေတဲ့
Fokker F27 Friendship တို့ Fokker F28 Fellowship တို့လည်း ရွှေပြည်ကြီးရဲ့ မိုးကောင်းကင်ဆီ
Fokker F27 Friendship တို့ Fokker F28 Fellowship တို့လည်း ရွှေပြည်ကြီးရဲ့ မိုးကောင်းကင်ဆီ
သို့ ရောက်ရှိလာပါတယ်၊
ဒါပေမယ့်လည်း မောင်ရင်ငတေတို့ ပြောင်းရွှေ့နေထိုင်ခဲ့ရတဲ့ ရွှေပြည်ကြီး
ဧရာကမ်းနဘေး အလယ်တကြောကလည်း ကားလမ်း ရထားလမ်းတွေက သာနေတော့ လေယာဉ်
ဧရာကမ်းနဘေး အလယ်တကြောကလည်း ကားလမ်း ရထားလမ်းတွေက သာနေတော့ လေယာဉ်
ဆိုတာကြီးကို တကူးတက
မစီးဖြစ်ခဲ့ရပါဘူး၊ စီးကြည့်မယ်ကြံတိုင်း မောင်ရင်ငတေ့ရဲ့ ကြောက်စိတ်
ကဖျက်လို့ ပျက်ခဲ့ရတာမျိုးလည်း ရှိပါတယ်၊ ခုထိ ဘယ်လောက်စီစီး ဒီ ကြောက်စိတ် ရှိနေဆဲပါ။
ကဖျက်လို့ ပျက်ခဲ့ရတာမျိုးလည်း ရှိပါတယ်၊ ခုထိ ဘယ်လောက်စီစီး ဒီ ကြောက်စိတ် ရှိနေဆဲပါ။
ဟင်္သာတ-ရန်ကုန် ခရီးစဉ်တွေက
တပတ်မှာ တကြိမ်လောက်သာရှိခဲ့တာက တကြောင်း လေယာဉ်
လက်မှတ်ဝယ်ဖို့ ဆိုတာက ဗွီအိုင်ပီ ဦးစားပေးစနစ်နဲ့ဆိုတော့ လက်မှတ်ရဖို့ အခက်အခဲတွေကြောင့်
တကြောင်း စီးခွင့်ကံ မကြုံခဲ့ရတာ မောင်ရင်ငတေတို့ ငယ်စဉ်ဘဝက အခြေအနေ တွေပါ၊ စတင်ပြီး
စီးဖူးခဲ့တဲ့ လေယာဉ်ပျံကတော့ Dutch ခေါ် Nederlands တွေရဲ့ Fokker ဖော်ကာအမျိုးအစားသာ
ဖြစ်ပါတယ်၊ အဲဒါတောင် အသက် အတော်လေးကြီးမှ စီးဖူးခဲ့ရခြင်းပါ၊ ကွန်းကော့ဒ်ဆိုတဲ့ လေယာဉ်
ကြီးကိုတော့ မောင်ရင်ငတေတို့ ကျောင်းစာအုပ် ဗလာစာအုပ် အဖုံးဖုံးရာမှာ အသုံးပြုခဲ့တဲ့ Time တို့
NewsWeek တို့လို နိုင်ငံရပ်ခြား သတင်းမဂ္ဂဇင်းတွေထဲမှာသာ တွေ့ခဲ့ဖူးပြီး မောင်ရင်ငတေ့ ရူပဗေဒ
စာအုပ်ရဲ့ မျက်နှာဖုံးအဖြစ် အချိန်အတော်ကြာကြာ တည်ရှိခဲ့ဖူးတာက မှတ်မှတ်ရရပါ။

XY-AEQ-Fokker F27-400 Friendship (Photo Google)
အဲဒီ Union of
Burma Airways (UBA) လေကြောင်းလိုင်းကနေ Burma Airways ဒီနောက်တော့
Myanma Airways တဖြစ်လဲလို့
ဒီကနေ့မှာတော့ Myanmar National Airlines အဖြစ်အဆင့်ဆင့်
အမည်ပြောင်းလဲခဲ့ပြီး စတင်တည်ထောင်ခဲ့တဲ့ ၁၉၄၈ ခုနှစ်ကနေ တွက်ကြည့်ရင် ၂၀၁၇ မှာ ၆၉ နှစ်
အမည်ပြောင်းလဲခဲ့ပြီး စတင်တည်ထောင်ခဲ့တဲ့ ၁၉၄၈ ခုနှစ်ကနေ တွက်ကြည့်ရင် ၂၀၁၇ မှာ ၆၉ နှစ်
ပြည့်ခဲ့ပါပြီ၊ အဲဒီ
မောင်ရင်ငတေတိုရဲ့ မဟာ့မဟာရွှေလေကြောင်းလိုင်းကြီးဟာ အာရှတခွင် အရှေ့
အနောက် တောင် မြောက် ဝဲယာက ဒီကနေ့ကာလ နာမည်ကြီးနေတဲ့ အမ်းမရိတ်တို့ ကာတာတို့ကို
အသာထား ကိုးဆယ်ကျော် နှစ်ထောင်ခုနှစ်များက နာမည်ကျော် ဂျပန် ဂျေအေအယ်လ်တို့ ထိုင်းရဲ့
တီဂျီတို့ ဟောင်ကောင်က ကသေးပစိဖိတ်တို့ ကိုရီးယား စင်ကာပူ မလေးရှား အဲယားလိုင်းတို့ထက်
ပိုမိုပြီး စောတယ်လို့ ဆိုကြပါတယ်၊ ဟိုတရက်က တွေ့လိုက်ရတာ ပြည်တွင်း လေကြောင်း သယ်ယူ
ပို့ဆောင်ရေးအဖွဲ့ (ပလသဖ) ဆိုတာက UBA ယူဘီအေနဲ့ ဘာကွာသလဲ၊ လေကြောင်းပို့ဆောင်ရေး
ကော်ပိုရေးရှင်း (BAC) ဆိုတာနဲ့ တူတူလား၊ နာမည်ပြောင်း ထားတာလား။

မောင်ရင်ငတေသေချာမသိပါဘူး၊
အဲဒီလိုမျိုးအပေါ်ယံ အမည်ပြောင်းတာတွေထက် ဖဆပလခေတ်
တော်လှန်ရေးကောင်စီခေတ် မြန်မာ့နည်း မြန်မာ့ဟန်လမ်းစဉ် မဆလခေတ် ရွှေပြည်မြို့တော်မဟာ
ကနေ နိုင်ငံရပ်ခြားသို့ ကြည်းရေလေ ခရီးသွားကြပုံတွေကိုသာ ပိုမိုစိတ်ဝင်စားမိပါတယ်၊ သူတို့တွေ
ရဲ့ခေတ် ခရီးသွားရပုံနဲ့ မောင်ရင်ငတေတို့ရဲ့ခေတ် သွားရပုံတွေကို နှိုင်းယှဉ်ရေးဖို့ တို့တေးမှတ်ထား
တာလေးတွေ ရှိပါတယ်၊ ဥပမာအားဖြင့် စာရေးဆရာ သော်တာဆွေ သာဂဒိုး မင်းရှင်တို့တွေ ၁၉၆၃
ခုနှစ် ဆိုဗီယက် မော်စကို ဂျီဒီအာ ခေါ် အရှေ့ဂျာမဏီသို့ သွားခဲ့ကြတဲ့ ခရီးစဉ်မျိုးတွေပါ၊ အဲဒီခေတ်
လေကြောင်းခေတ်များ မတိုင်မီ ရေလမ်းအားကိုး သွားခဲ့ကြရတဲ့ သိပ္ပံမောင်ဝတို့ ဦးဖေမောင်တင်တို့
ခေတ် ပင်လယ်ကူး သင်္ဘောကြီးတွေနဲ့ တလကိုးသီတင်းဆိုသလို သွားခဲ့ကြတာလေးတွေကိုလည်း
ဖတ်ဖို့ ကြုံလာခဲ့ရင် ဖတ်မှတ် တို့ထားပြီး ရောညှပ် ရေးဖြစ်ခဲ့တာတွေလည်း ရှိပါတယ်။

Aeroflot-Japan Air Lines TUPOLEV TU-114
ROSSIYA (Photo Google)
စာရေးဆရာ သော်တာဆွေသွားတဲ့
၁၉၆၃ ခုနှစ်ကာလမှာက Tupolev Tu-114 Rossiya ခေတ်ပါ၊
သော်တာဆွေ သူတို့ပြည်
စာအုပ်မှာ လေယာဉ်စီးတဲ့အကြောင်း ရေးထားတာက ဂျာကာတာ မြို့က
လာတဲ့ အဲရိုဖလုပ်လေယာဉ်က ရန်ကုန်မင်္ဂလာဒုံကို ညသန်းခေါင်ကျော်ရောက် နောက်တနေ့မနက်
စောစောမှာ နယူးဒေလီ ရောက် လေယာဉ်ပေါ်ကဆင်း ခဏနား ပြန်တက်၊ Ouzbékistan ဥဇဘက်
ကစ္စတန် မြို့တော် Tachkent တာ့ရှ်ကင့်သို့ ရောက်၊ ခဏဆင်း ပြန်တက်၊ ညနေ ခွန်နှစ်နာရီခွဲ မှာမှ
မော်စကိုလေဆိပ်သို့ ရောက်ပါတယ်၊ စုစုပေါင်းလေယာဉ်စီးချိန် ၁၆ နာရီ ကြာပါတယ်တဲ့၊ ဒါပေမယ့်
ဘာလေယာဉ်နဲ့သွားကြတယ် ပန်ကာနဲ့လား ဂျက်လေယာဉ်လားတော့ သဲသဲကွဲကွဲရေးမထားပါဘူး၊
မောင်ရင်ငတေ မှတ်စုများအရတော့ အဲဒီအချိန်ကဆိုရင် Tupolev Tu-114 သာ ဖြစ်နိုင်ပါတယ်။

ရုရှားမှာ ဂျက်လေယာဉ်တွေ
စပေါ်နေပြီဖြစ်ပေမယ့် ဟိုနားဒီနား ခရီးတိုလေးတွေသာ သွားနိုင်သေး
တာပါ၊ ဒါပေမယ့် အဲဒီ ပန်ကာနှစ်ထပ် အင်ဂျင်လေးလုံးတပ် လေယာဉ်ကြီး TUPOLEV TU-114 က
ခရီးသည် နှစ်ရာလောက်ဆန့်ပြီး ကီလိုမီတာ ငါးထောင်ကျော် သွားနိုင်တာမို့လို့ သူ့ခေတ်သူ့အခါက
သူလည်း ဆူပါဂျမ်ဘို ဖြစ်ခဲ့တာပါ၊ အဲဒါကြောင့်လည်း ပြန်လည်ထူထောင်နေစ ဂျပန်ပြည်ရဲ့ Japan
Air Lines ကြီးက အဲဒီ ဆိုဗီယက်လုပ် Tupolev Tu-114 တွေနဲ့ Aeroflot-Japan Air Lines ဆိုပြီး
၁၉၆၀ ကျော် ကာလများမှာ ငှားရမ်း ပြေးဆွဲခဲ့ရဖူးပါတယ်၊ တခါက ဆိုဗီယက်တို့ အဲဒီလို ခေတ်ရှေ့

ပြေးခဲ့တာပါ၊ ဒါလောက်တင်
မကသေးပါဘူး၊ ရှိပါသေးတယ်။
Le
Concorde တခါက ကွန်းကော့ဒ်
(Photo Google)
အဲဒီနောက်ပိုင်း
ဆိုဗီယက်ရုရှားတို့က အသံထက်မြန်တဲ့ Supersonic Tupolev Tu-144 လေယာဉ်
ထုတ်လုပ်ဖို့
ကြိုးစားလာသလို ပြင်သစ်နဲ့ အင်္ဂလိပ် တို့ကလည်း Concorde Supersonic လေယာဉ်
စီမံကိန်းတွေ
အကောင်အထည်ဖော်ဖို့ အပြိုင် ကြိုးစားခဲ့ကြတယ်
ဆိုရပါမယ်။
Concorde ဆိုတဲ့ အမည်
စကားလုံးနဲ့ ပြင်သစ်ပြည်မှာ နာမည်ကြီးတာ နှစ်မျိုး ရှိပါတယ်၊
တခုက ပါရီမြို့လယ်က အီဂျစ်ပြည်က သယ်လာတဲ့ နာမည်ကြီး ကွန်းကော့ဒ် ကျောက်တိုင်ပါ၊
နောက်တခုကတော့ ဒီကနေ့ခေတ်မှာ မရှိတော့ပြီဖြစ်သော ကွန်းကော့ဒ် လေယာဉ် အမျိုးအစားပါ။
မောင်ရင်ငတေ အခု ရေးနေတာကတော့ လေယာဉ်ပျံကွန်းကော့ဒ်ရဲ့အကြောင်း ဖတ်ထားမှတ်ထား
သမျှကိုပါ၊ စတင်ပြီး ဖတ်ရင်း
ရေ့း့
့ ရေးရင်
ဖတ့့်
့ 
့ သိချင်တာတာ ရှာ့ 
့
ရှာရင်း
ရေးးး
းးးးး
နေခဲ့တာကတော့ ၂၀၁၃
ပါရီလေကြောင်းပြပွဲ အကြောင်း ရေးနေစဉ် ကာလထဲကပါ။
ဒါပေမယ့် မောင်ရင်ငတေ့ရေးထုံးရေးနည်းအရ လက်စမသတ်နိုင်ခဲ့ပါလို့ အခုဆိုရင် လေးနှစ်ကာလ
တိုင်ခဲ့ပါပြီ၊ ပါရီလေကြောင်း ပြပွဲကြီးလည်း အကြိမ် ငါးဆယ်မြောက်ကနေ ဒီနှစ် ၂၀၁၇ မှာ ငါးဆယ်
နှစ်ကြိမ်မြောက်အဖြစ် ကျင့်ပနေပါပြီ၊ လူတယောက် ဝင်ကြေး ၁၄ ယူရို ပေးရမှာဖြစ်လို့ ဒီတခါတော့
မောင်ရင်ငတေ မသွားတော့ဘူးလို့ စိတ်ကူးထားပေမယ့် ပါရီရောက်ရွှေနှစ်ယောက်က သွားကြည့်ဖို့
အဖော်ညှိလာတော့လည်း မနေနိုင်တော့ ကင်မရာဆွဲလို့ ထပ်မံရောက်ရှိခဲ့ ရတာပါ၊ ဒါကြောင့်လည်း

ကွန်းကော့ဒ်အကြောင်း
ရေးထားတာလေးတွေကို အချောသပ် ရေးဖြစ်ခဲ့ရပြန်တာပါ။
Supersonic Tupolev Tu-144 CCCP-77102 (Photo Google)
အဲဒီခါတုန်းက ကွန်းကော့ဒ်ရဲ့ ပြိုင်ဖက်ကြီးက ဆိုဗီယက်ရုရှားရဲ့ Tupolev Tu-144 ပါ၊ တူးပိုလစ်ဗ်
လေပေါ်ပျံဝဲနိုင်ခဲ့တာက ဒီဇင်ဘာ ၃၁ ရက် ၁၉၆၈ ခုနှစ်ဖြစ်ပြီး
ကွန်းကော့ဒ်ထက် နှစ်လ စောခဲ့တာ
ပါ၊ အဲဒီချိန်မှာ အမေရိကန်တွေဟာ McDonnell Douglas
DC-9,Boeing 707 ဂျက်လေယာဉ်တို့နဲ့
အောင်မြင်မှုရရှိနေသလို Boeing 747-100 ကိုလည်း ၁၉၇၀ နှစ်ဆန်းမှာ စတင်ပြေးဆွဲ နေပြီဖြစ်ပြီး
အောင်မြင်မှုရရှိနေသလို Boeing 747-100 ကိုလည်း ၁၉၇၀ နှစ်ဆန်းမှာ စတင်ပြေးဆွဲ နေပြီဖြစ်ပြီး
ဘာလို့များ ဒီဆူပါဆိုးနစ်လေယာဉ်လောကကိုတော့
လက်ရှောင်ခဲ့ကြပါသလဲဆိုတာ စဉ်းစားစရာပါ၊
ထူးခြားပါတယ်၊ အင်္ဂလိပ်ရဲ့ BAC One-Eleven တို့ Comet 4 တို့လို
ဂျက်လေယာဉ်ကြီး တွေလည်း
ဥရောပ ဝေဟင်တွင်မက အမေရိက အာဖရိက အာရှကောင်းကင်တွေ အထိတိုင်
ရောက်ရှိ နေပါပြီ၊
သို့သော် သူတို့တွေလည်း ဆူပါဆိုးနစ် အဆင့်ထိ လှမ်းမတက်နိုင်ဘဲ ပျောက်ကွယ်သွားကြပါတယ်။
ဒီကနေ့ပြင်သစ်ရဲ့ Airbus A300 အဲယားဘတ်စ် အေ၃၀၀ ဂျက်လေယာဉ်များကတော့ ၁၉၇၂ ခုနှစ်
နောက်ပိုင်းမှ စခဲ့တာဖြစ်ပြီး ဈေးကွက်ထဲကိုတော့ ၁၉၇၅ ခုနှစ်များမှာ စတင်ဝင်ရောက်လာပါတယ်၊
သို့သော် အဲယားဘတ်စ်နဲ့
ကွန်းကော့ဒ် ဆိုတာက ပြိုင်ဘက် မဟုတ်တဲ့ ညီအမတွေသာပါ။
အဲလိုချိန်မှာ ဆိုဗီယက်တို့ကတော့
တူးပိုလစ်ဗ် ဆူပါဆိုးနစ်တို့နဲ့ ကောင်းကင်ကမ္ဘာကို လွှမ်းမိုးနိုင်ဖို့
စိတ်ကူးတွေတယဉ်ယဉ်
အိပ်မက်တွေကို လက်တွေ့အကောင်ထည်ဖော် တည်ဆောက် နေကြပါပြီ၊
ပြိုင်ဘက် ကွန်းကော့ဒ်ကို
ဖြစ်တဲ့နည်းနဲ့ အနိုင်ယူဖို့ ကြံစည် ကြိုးစားခဲ့ကြတာကြောင့်လည်း ဒီပြိုင်ပွဲ
ကနေ စောစော
နောက်ကောက်ကျခဲ့ရတယ်လို့လည်း သုံးသပ်သူ များလှပါတယ်။
ဆိုဗီယက်တို့ တည်ဆောက်ခဲ့တဲ့
တူးပိုလစ်ဗ် ဆူပါဆိုးနစ် ၁၆ စီး ရှိပါတယ်၊ ၁၇ စီး မြောက်ကတော့
အပြီး မသတ်နိုင်ခင် စီမံကိန်းပျက်သွားလို့
တည်ဆောက်လျှက်တန်းလန်း ရပ်ဆိုင်း လိုက်ရပါတယ်၊
စမ်းသပ်လေယာဉ် Prototype တစီး (CCCP-68001)
Pre-Production တစီး (CCCP-77101) နဲ့
ကျန်တဲ့ ၁၄ စီးက ခရီးသည်ပို့ဆောင်ရေး ဈေးကွက်ထဲမှာပြေးဆွဲဖို့
ရည်ရွယ်တည်ဆောက်ခဲ့တာပါ။
ဈေးကွက်ထဲမဝင်မီ
၁၉၇၃ ခုနှစ် ဂျွန်လ Paris Air Show ပါရီလေကြောင်းပြပွဲမှာ ဈေးကွက်မြှင့်တင်
ရေးအတွက်
ရှိုးပွဲသို့လာရောက် စမ်းသပ်ပျံသန်းပြတဲ့ Tu-144 CCCP-77102 ပျက်ကျခဲ့တာကြောင့်
ဈေးကွက်မရ
အရှက်ကွဲ အိမ်ပြန်ခဲ့ရပါတယ်၊ ဒါပေမယ့်လည်း ၁၉၇၇ ခုနှစ် အကုန်ပိုင်းမှာ ခရီးသည်
ပို့ဆောင်ရေး
လောကကို ဝင်လာခဲ့ပါသေးတယ်၊ အဲဒီလို ဝင် ပြေးဆွဲနိုင်ခဲ့ပေမယ့် ကွန်းကော့ဒ်ထက်
နောက်ကျခဲ့ပါတယ်၊
၁၉၇၅ ခုနှစ်အကုန်ပိုင်းမှာ ပြည်တွင်းကုန်ပို့လေယာဉ်အဖြစ် လုပ်ခဲ့တာမျိုးတွေ
ရှိပေမယ့်
ခရီးသည် ပို့ဆောင်ရေးမှာတော့ စုစုပေါင်းမှ အခေါက်ရေ ၅၅ ခေါက်သာ ပြေးဆွဲနိုင်ခဲ့တာ
မို့လို့
အရှုံးအမြတ် စာရင်း ဘယ်လိုများ ရေးဆွဲကြလေမလဲ့
့ ဖတ်ရင်းမှတ်ရင်း
မောင်ရင်ငတေ စဉ်စားခန်း ဝင်မိလိုက်ပါသေးတယ်။
အဲဒီလိုနဲ့ ၁၉၇၈ ခုနှစ်
မေလမှာ နောက်ထပ်တစင်း စမ်းသပ်ပျံသန်းစဉ် ထပ်မံ ပျက်ကျခဲ့ရပြီးနောက်
ခရီးသည် ပို့ဆောင်ရေး
ကဏ္ဍမှာ နိဂုံးချုပ် စောခဲ့ရပါတော့တယ်၊ ပထမ လေယာဉ် ပျက်ကျတုန်းက
ပြိုင်ဘက်ကွင်းသို့သွား
ရှိုးပြနေစဉ်ဖြစ်တာနဲ့အညီ လေယာဉ်ကြောင့် စက်ပိုင်းဆိုင်ရာကြောင့် အမှား
ဆိုတာထက် မောင်းသူ
ပိုင်းလော့ခ်ရဲ့ ကြွားဝါလိုတဲ့ အတ္တမာနကို ပုံကြီးချဲ့ အပြစ်တင်ခဲ့ ကြပါတယ်၊
ဈေးကွက်ထဲရောက်ပြီး
ဒုတိယတစီး ပျက်ကျ သွားခဲ့လေတော့မှ တူးပိုလစ်ဗ် ဆူပါဆိုးနစ် လေယာဉ်
ကြီးတွေရဲ့ အားနည်းချက်ကို
အမှန်မြင်တွေ့ လာခဲ့ကြရာက ဆက်လက် မပျံသန်းတော့ဖို့ ရပ်နားမိန့်
ထုတ်ခဲ့ကြတယ် ဆိုပါတယ်၊
ထို့နောက် အာကာသလေ့လာရေး အနာဂတ်ဆူပါဆိုးနစ်ဆိုပြီး နာဆာ
တို့ ဘိုးရင်းတို့နဲ့ ၁၉၉၆-၉၇
ခုမှာ ဘာဘာညာညာ တွဲလုပ်ခဲ့ကြသေးပေမယ့် ဘတ်ဂျက်ပြတ်သွားလို့
ရပ်ဆိုင်းခဲ့ရပြီး တူးပိုလစ်ဗ်ရဲ့ခေတ်
နောက်ဘိတ်ဆုံး အဆုံးသတ် သက်ဆိုင်ရာ ဂိုဒေါင်ထဲသို့ရောက်
ပင်စင်စား အငြိမ်းစား စောခဲ့ရတယ်
ဆိုပါတယ်။
အဲဒီလိုမျိုး ကမ္ဘာစစ်လွန်
စစ်အေးတိုက်ပွဲအတွင်း ကွန်းကော့ဒ် တူးပိုလစ်ဗ် ဆူပါဆိုးနစ် ပြိုင်ပွဲကြီးမှာ
နည်းပညာပိုင်းဆိုင်ရာ
သတင်းပေါက်ကြားမှုတွေရှိခဲ့ပြီး ကွန်းကော့ဒ် တူးပိုလစ်ဗ် တဘက်နဲ့တဘက်
အပြန်အလှန် စွပ်စွဲ
အဖမ်းအစီးတွေ ရှိခဲ့ပါတယ်၊ နိုင်ငံရေး စစ်ရေး အားပြိုင်မှု နောက်ခံတွေနဲ့သာပါ၊
မောင်ရင်ငတေ့ကတော့ ဆိုဗီယက်ရုရှားရဲ့ တူးပိုလစ်ဗ် ဆူပါဆိုးနစ် လေယာဉ်ကြီးတွေ ကွန်းကော့ဒ်
လောက်တောင်မှ အောင်မြင်မှု မရခဲ့တာကတော့ ကံမကောင်းရှာဘူးလို့သာ ပြောချင်ပါတော့တယ်။
Tupolev Tu-144 လေယာဉ်ကြီးတွေရဲ့
မအောင်မြင်မှု ဆိုဗီယက်နိုင်ငံကြီး ပြိုကွဲသွားမှုတွေနဲ့ အတူ
အခုလက်ရှိ ရုရှား
ဖက်ဒရေးရှင်းနိုင်ငံရဲ့ Aeroflot Soviet Airlines အဲရိုဖလုပ် လေကြောင်းလိုင်းရဲ့
အမည်ကလည်း
ကမ္ဘာတလွှား လေကြောင်း ခရီးသွားသူတွေရဲ့ လောကမှာ နောက်နားတနေရာက
ခပ်မှိန်မှိန်သာ ရှိနေပါတော့တယ်၊
အဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတာလေးတွေတော့ ရှိသပေါ့။
ကွန်းကော့ဒ်တစင်း မွေးဖွားခြင်း သေဆုံးခြင်း (Photo
Google)
အဲဒီလို ပွဲအစဦးပိုင်းမှာတင်
တူးပိုလစ်ဗ်ဆူပါဆိုးနစ်တို့ စောစောစီးစီး ဇာတ်လမ်းသိမ်းသွားခဲ့ပေမယ့်
ကွန်းကော့ဒ်ကတော့
ပြိုင်ဖက်မရှိ အောင်ပွဲခံ ပန်းပန်ဖို့ ဆက်လက်ကြိုးစားနေခဲ့ပါတယ်၊ Prototype
နှစ်စီး
Pre-Production နှစ်စီး Development နှစ်စီး Production ၁၄ စီး တည်ဆောက်ခဲ့ပြီးနောက်
ဆူပါဆိုးနစ် ခရီးသည်ပို့ဆောင်ရေး လေယာဉ်လောကကို ဦးဆောင်ဝင်ရောက်လာပါတယ်။
ကွန်းကော့ဒ် လေယာဉ်များကို
စတင်တည်ဆောက်ခဲ့တဲ့ ၁၉၆၃ မှ စမ်းသပ် ပျံသန်းပြနိုင်ခဲ့တဲ့ ၁၉၆၉
ခုနှစ် မတ်လ ၂ ရက်နေ့အတွင်း
တည်ဆောက်ပေးကြဖို့ အမှာစာများ လက်မှတ်ရေးထိုးခဲ့ကြပါသေး
တယ်၊ ဒါပေမယ့် တည်ဆောက်တဲ့
မူရင်းတိုင်းပြည် နှစ်ခုက ကုမ္ပဏီနှစ်ခုဖြစ်တဲ့ British Airways နဲ့
Air France တို့အတွက်
ခွန်နှစင်းစီ တည်ဆောက် ပေးနိုင်ခဲ့တာက လွဲပြီး အမေရိကန် လေကြောင်း
လိုင်းများဖြစ်ကြတဲ့
Pan Am, TWA, Continental, American, United တို့အပါအဝင် Lufthansa,
Qantas, Japan
Airlines အစရှိတဲ့ တခြား မှာယူထားတဲ့ အမှာစာများကို ၁၉၇၃ ခုနောက်ပိုင်းမှာ
ဖျက်သိမ်းခဲ့ပြီး
လေယာဉ်တည်ဆောက်မှုများကိုတော့ ၁၉၇၉ ခုနှစ်မှာ ရပ်ဆိုင်းခဲ့ပါတယ်၊ ရပ်ဆိုင်းခဲ့
ရတဲ့
အကြောင်းပေါင်းများစွာရှိပေမယ့် တူးပိုလစ်ဗ်နှစ်စီး (၁၉၇၃ နဲ့ ၁၉၇၈) များမှာ ပျက်ကျသွားခဲ့ရ
တာကတွေကလည်း အဓိက
အကြောင်းရင်းတကြောင်း ဖြစ်တယ် ဆိုကြပါတယ်။
ကွန်းကော့ဒ်ဟာ စုစုပေါင်း အစင်း နှစ်ဆယ်တိတိ ရှိခဲ့ပါတယ်၊
အင်္ဂလန်နဲ့ ပြင်သစ်မှာ ဆယ်စင်းစီ ခွဲ တည်ဆောက်ခဲ့ကြခြင်းပါ၊
နမူနာ စမ်းသပ် သုံးစင်းစီနဲ့
British Airways နဲ့ Air France တို့အတွက် ခွန်နှစင်းစီ တည်ဆောက်
ပြီးစီးခဲ့ပါတယ်၊
လက်မှတ်ထိုးပြီး အမှာစာများ ပျက်သွားတာကြောင့် ဒီ အစီး ၂၀ သာ ရှိခဲ့ခြင်းပါ။
လေယာဉ် ကိုယ်ထည်အပိုင်းကို
ပြင်သစ်ပိုင် Aerospatiale လေယာဉ်ထုတ်လုပ်တဲ့ လုပ်ငန်းက ၆၀
ရာနှုန်း ပိုင်ဆိုင်ပြီး
British Aircraft Corporation က ၄၀ ရာနှုန်း ပိုင်ဆိုင်ပါတယ်၊ စက် အင်ဂျင်ပိုင်း
ဆိုင်ရာတွေကိုတော့
အင်္ဂလိပ် Rolls-Royce ကုမ္ပဏီက ၆၀ ရာနှုန်းနဲ့ ပြင်သစ် SNECMA ကုမ္ပဏီက
၄၀ ရာနှုန်း ပိုင်ဆိုင်ကြတာပါ၊ အဓိက ကွန်းကော့ဒ်လေယာဉ် ထုတ်လုပ်တပ်ဆင်တဲ့ နေရာဒေသက
အင်္ဂလန်နိုင်ငံ
Bristol (Filton) မြို့နဲ့ ပြင်သစ်ပြည် တောင်ပိုင်းက Toulouse မြို့တွေ ဖြစ်ပြီး
ပစ္စည်း
အမျိုးမျိုးကို ထုတ်လုပ်ပေးသွင်းကြတဲ့ လုပ်ငန်းဌာနခွဲပေါင်းက ၈၀၀ လောက် ရှိပါတယ်၊ ပြင်သစ်ပိုင်
Aerospatiale ကုမ္ပဏီဆိုတာကတော့ ယနေ့ စစ်ဘက်အရပ်ဘက်လေယာဉ်ကြီးတွေ အများအပြား
ထုတ်လုပ်နေတဲ့ European Aeronautic Defence and Space Company N.V.(EADS)
ဌာနကြီး
ရဲ့ လက်ခွဲလုပ်ငန်း ဖြစ်ပြီး Airbus Industries ရဲ့ မူလလက်ဟောင်း လုပ်ငန်းကြီး ဖြစ်ပါတယ်။
Aerospatiale ကုမ္ပဏီနဲ့ British Aircraft Corporation တို့နှစ်ခုပေါင်းစပ်ပြီး တနိုင်ငံမှာ ၁၀ စင်းစီနဲ့
ကွန်းကော့ဒ်လေယာဉ်အစင်းပေါင်း ၂၀ ကိုသာ ထုတ်လုပ်ခဲ့ပေမယ့် အဲဒီအချိန်ကာလက လေယာဉ်
ဈေးကွက်မှာ ရှိနေတဲ့ နယ်သာလန်က Fokker Friendship အမေရိကန်က Boeing နဲ့ McDonnell
Douglas DC-10 ပြင်သစ်ပြည်က Airbus တို့ကို အပြတ်အသတ် ကျော်လွှားပြီး ထင်ရှားလာခဲ့တာ
ဖြစ်ပါတယ်၊ ကွန်းကော့ဒ်ရဲ့ စွမ်းအားကလည်း ထက်မြက်ခဲ့တာကိုး၊ အသံထက်မြန်တဲ့ အလျှင်နှုန်း
Supersonic Speed Mach 1 ကိုကျော်လွန်ပြီး သွားနိုင်တဲ့အထိ အမြန်နှုန်းထားရှိခဲ့ပြီး ယနေ့ကာလ
နောက်ဆုံးပေါ် Airbus A380-800 Boeing 777-300ER တို့ Boeing 747-8I တို့ မစွမ်းဆောင်နိုင်
သေးတဲ့ နယူးယောက်-ပါရီ၊ နယူးယောက်-လန်ဒန်ခရီးစဉ်တွေကို ပျံသန်းချိန်ကာလ သုံးနာရီခွဲခန့်နဲ့
ရောက်အောင် ပျံသန်းပြနိုင်ခဲ့လို့လည်း ထင်ရှား လူသိများ ကျော်ကြား လာခဲ့တာပါ။
ဗြိတိသျှ အဲယားဝေးလ်စ် ကွန်းကော့ဒ် (Photo
Google)
နယူးယောက်-လန်ဒန် ၃၄၅၈ မိုင်၊ နယူးယောက်-ပါရီ ၃၆၂၆ မိုင် (၅၈၃၆ ကီလိုမီတာ) ကို ဒီကနေ့
တိုက်ရိုက် သွားမယ်ဆိုခဲ့ရင် ဘယ်လို လေယာဉ်ပျံနဲ့ သွားသွား အမြန်ဆုံးနှုန်း ပျံသန်းချိန် ၆ နာရီခွဲမှ
၇ နာရီခန့်ထိ အနည်းဆုံး ကြာမြင့်ချိန် ရှိပါတယ်၊ (ပြီးခဲ့တဲ့ ၂၀၁၈ နှစ်ဆန်းပိုင်းမှာ သတင်းတပုဒ် အ
ရ Norwegian Air Boeing 787-9 Dreamliner လေယာဉ်ကြီးနဲ့ နယူးယောက်-လန်ဒန် ၃၄၅၈ မိုင်
ခရီးကို ငါးနာရီ ဆယ့်သုံးမိနစ်နဲ့ အရောက်မောင်း စံချိန်တင်ခဲ့တာကို ဖတ်လိုက်မိပါတယ်၊ ပုံမှန်စံချိန်
ထက် မိနစ် ၆၀ မျှစောပြီး အရောက် မောင်းနိုင်ခဲ့ပါတယ်၊ တနာရီ ၇၇၆ မိုင်နှုန်းထိ တင်မောင်းခဲ့ ရပါ
တယ်လို့ စံချိန်တင်မောင်းခဲ့သူ လေယာဉ်မှူးကြီး Harold van Dam က ပြောဆိုပါတယ်၊) ၁၉၇၆ ခု
နှစ်များက ကွန်းကော့ဒ်တွေက ဒီခရီးကို သုံးနာရီခွဲနဲ့ မောင်းလာခဲ့တာကို ခြေဖျားမမီနိုင်သေးပါဘူး။
ကွန်းကော့ဒ် အမြင့်ဆုံးတင် မောင်းနိုင်တဲ့ အမြန်နှုန်းက Mach 2.22 (တနာရီ ၁၇၀၄ မိုင် သို့မဟုတ်
တနာရီ ၂၇၅၄ ကီလိုမီတာ) လို့ ဆိုကြပါတယ်၊ (တချို့ မှတ်တမ်းတွေမှာတော့ Mach 2.02 တနာရီ
၁၃၅၄ မိုင် တနာရီ ၂၁၇၉ ကီလိုမီတာ လို့သာ ပြောကြပါတယ်၊) ဘယ်လိုဖြစ်ဖြစ် အသံထက် နှစ်ဆ
(၁၅၃၆ မိုင်) နှုန်းနဲ့ မောင်းနိုင်မှသာလျှင် နယူးယောက်-လန်ဒန် ၃၄၅၈ မိုင်ခရီးကို အဆင်းအတက်
အမြန်နှုန်းလျော့ချိန် အပါအဝင် သုံးနာရီခွဲနဲ့ ရောက်ရှိနိုင်မှာပါ၊ Supersonic Speed အသံထက် မြန်
တဲ့အလျင် Mach (1) ဆိုတာက တနာရီ ၁၂၃၅ ကီလိုမီတာ သို့မဟုတ် မိုင်ပေါင်း ၇၆၈ မိုင် သွားနိုင်
တဲ့ အမြန်နှုန်းကို ဆိုလိုပါတယ်။
ကွန်းကော့ဒ်လေယာဉ်တွေဟာ အဲဒီအမြန်နှုန်းကိုရောက်အောင် အဲဒီအချိန်မှာထဲက မောင်းနှင်နိုင်ခဲ့
ကြတာပါ၊ ဒီကနေ့ ခေတ်အမီဆုံး ဆိုတဲ့ Airbus A380-800 လေယာဉ်ကြီးတွေတောင်မှ တနာရီကို
ကီလိုမီတာ ၁၀၂၀ အထိ အမြင့်ဆုံးတင်မောင်းနိုင်ပြီး Boeing 747-8/9 တွေကတော့ ၉၈၈ ကီလိုမီ
တာနှုန်းသာ မောင်းနိုင်ပါတယ်၊ အဲဒါတောင် ကွန်းကော့ဒ်က အဲဒီလေယာဉ်ကြီးတွေ တည်ဆောက်
ခဲ့တာထက် အနှစ် ၃၀ ကျော် စောခဲ့တာပါ။
ပုံမှန်အားဖြင့် ဒီကနေ့
ဘိုးရင်းနဲ့ အဲယားဘတ်စ်ကြီးတွေ အဝေးခရီးတွေမှာ ပျံသန်းနေတဲ့ အမြင့်က
ပေလေးသောင်းကျော်ကျော်သာရှိပေမယ့်
ကွန်းကော့ဒ်ကတော့ အမြင့်ပေငါးသောင်းခွဲကျော် မီတာ
တသောင်းရှစ်ထောင်ကနေ ပျံသန်းနိုင်တာပါ၊
ဒါကြောင့် ရာသီဥတုကောင်းရင် ကမ္ဘာကြီးရဲ့ အကွေး
ပါရီ အီဖယ် စဲန်းမြစ် ကွန်းကော့ဒ် (Photo Google)
အဲဒီလို မက်ဒ်မွာဇယ်ကွန်းကော့ဒ်ရဲ့
အလှပဆုံးနဲ့ အအောင်မြင်ဆုံး ရွှေအိုရောင် တောက်ပခဲ့ချိန်က
၁၉၈၀-၉၀ ခုဝန်းကျင် ကာလများပါ၊
မောင်ရင်ငတေတို့ အထကကျောင်းသားဘဝ အိပ်မက်နံရံတွေ
ပေါ်မှာ ကွန်းကော့ဒ်လည်း ပါဝင်ခဲ့ပါတယ်၊
မောင်ရင်ငတေရဲ့ကျောင်းသားဘဝ ထီလာကောင်းကင်
ပြာပြာမှာ Bell 205 အသံ ဆူညံညံကြားခဲ့ရရင်း
ကွန်းကော့ဒ်ဆိုတာကြီးကို အိပ်မက်မက်ဖူးခဲ့တာပါ၊
ကွန်းကော့ဒ်ရဲ့ နည်းပညာတွေ ကွန်းကော့ဒ်ကို
မောင်းချင်တာတွေ မဟုတ်ပါဘူး၊ စီးဖူးချင်တာပါ။
ကွန်းကော့ဒ်ဆိုတဲ့အမည်ဟာ
အဲဒီအချိန်မှာ အီဖယ်မျှော်စင်ကဲ့သို့ နာမည်ကျော်ခဲ့တယ်ဆိုရင်လည်း
မမှားနိုင်ပါဘူး၊
အဲဒီတုန်းက မောင်ရင်ငတေ့မှာ ပြင်သစ်အိပ်မက်ရယ်လို့ ပီပီပြင်ပြင် မရှိသေးပေမယ့်
ပါရီ
လူဝီ နပိုလီယံ အီဖယ် ကွန်းကော့ဒ် တွဲလျှက်ရှိနေပါပြီ၊ ဒါကိုတာကြီးတွေမြင်ပြီး လေယာဉ်စီးတဲ့
အိပ်မက်ထဲမှာတော့ ဘိုးရင်းတွေ အဲယားဘတ်စ်တွေ မရှိဘဲ ကွန်းကော့ဒ်ကိုသာ မက်မြင်ခဲ့မိတာပါ။
တကယ်တော့ ဒါကိုတာခေါ်ကြတဲ့
Douglas DC-3 လေယာဉ်ကိုတောင် မစီးဖူးခဲ့ပါဘဲ ကွန်းကော့ဒ်
ကိုသာ ကျော်မြင်ခဲ့တာက
မောင်ရင်ငတေရဲ့ ရူးသွပ်မှု တခုသာပါ၊ အဲဒီ ရူးသွပ်မှု ပါရီ လူဝီ နပိုလီယံ
အီဖယ် ကွန်းကော့ဒ်
နောက်ခံသမိုင်း အကြောင်းများစွာက ဒီကနေ့ မောင်ရင်ငတေ့ကို ပါရီသို့ တွန်း
ပို့ခဲ့တယ်ဆိုရင်လည်း
မမှားပေဘူးပေါ့၊ ရောက်ချင်လွန်းလို့ ကြိုးကြိုးပမ်းပမ်းနဲ့ ရောက်ခဲ့တာမျိုးတော့
မဟုတ်ခဲ့ပေမယ့်
ပြင်သစ်ဗီဇာလျှောက်ဖို့ ကြုံလာခဲ့ပြီးနောက် ဗီဇာရခဲ့၊ ဒီ မြေကြီးကို နင်းမိပြီးနောက်
ပါရီ လူဝီ နပိုလီယံ
အီဖယ် ကွန်းကော့ဒ် နောက်ခံသမိုင်းတွေနဲ့ မောင်ရင်ငတေ လုံးထွေး နေခဲ့ရတာ
ကိုသာ ကျေနပ်နေမိခဲ့ပါတယ်၊
ရူးသွပ်မှုရဲ့ အကြောင်းတရားများပေါ့။
ဒီနေရာမှာ “ခရီးသွားခြင်း အနုပညာသည်” မောင်ရင်ငတေရဲ့မှတ်တမ်းထဲက အကြောင်းတခုလည်း
ထည့်ရေးချင်မိပါသေးတယ်၊ အဲဒီ
ကွန်းကော့ဒ် ဆိုတာကြီးကို မောင်ရင်ငတေ မစီးဖူးလိုက်ရပေမယ့်
၇၁၈ ခေါက်တိုင်တိုင်စီးခဲ့ဖူးတဲ့
British Tourist (သို့) World’s Most Travelled Man (Fred Finn)
Frederick W Finn ဆိုသူရဲ့
အကြောင်းလေးပါ။
ကွန်းကော့ဒ် စီးဖူးခဲ့ကြတဲ့
François Mitterrand တို့လို ပြင်သစ် သမ္မတတွေ Margaret Thatcher
တို့လို့ အင်္ဂလန်ဝန်ကြီးချုပ်တွေ
Pope John Paul II, Élisabeth II တို့လိုထင်ရှားသူကြီးတွေ John
Denver, Beatles,
Bee Gees, Rod Stewart, Elton John, Mick Jagger, Bruce Springsteen,
Sting, Diana Ross, Madonna,
Dolly Parton တို့လို အဆိုတော်တွေ Muhammad Ali, Floyd
Patterson, Mike Tyson, Andre
Agassi, David Beckham တို့လို အားကစားနဲ့ ချမ်းသာလာသူ
တွေ Sean Connery, Elizabeth
Taylor, Cindy Crawford တို့လို မင်းသားတွေ မင်းသမီးတွေ အ
များကြီး
အများကြီးပါ၊ ကွန်းကော့ဒ်နောက်ပိုင်းနှစ်များကတော့ နာမည်ကြီးသူများ ချမ်းသာသူများရဲ့
ဇိမ်ခံလေယာဉ် ဖြစ်သွားခဲ့ပါပြီ၊ အဲဒီလို ကွန်းကော့ဒ်စီးရင်း ရှန်ပိန်လေးသောက်ရင်း
ခရီးသွားသူတွေ
နာမည်ကျော်တွေကြား
ဒီ အင်္ဂလိပ်မင်း သူဌေးကြီးကို မောင်ရင်ငတေ နည်းနည်း ပိုလို့ စိတ်ဝင်စားမိ
သွားတာ အမှန်ပါ၊
သူ့ရဲ့ ကွန်းကော့ဒ် ခရေဇီ စိတ်ကလည်း နည်းမှ မနည်းလှတာကိုး၊ အလုပ်ကိစ္စနဲ့
စီးတာ မှန်ပေမယ့်
သူကတော့ ကွန်းကော့ဒ်မှ ကွန်းကော့ဒ် ဖြစ်ခဲ့သူ တယောက်ပါ၊ ဒါကြောင့်လည်း
ဒီလောက် အခေါက်ရေများစွာကို
နှစ်နှစ်ချိုက်ချိုက် စီးဖြစ်ခဲ့တာပါလို့ သူကိုယ်တိုင် ပြောခဲ့ပါတယ်။
The original Concorde Shaped Baggage Tag
(Photo
Google)
First flight to Washington Dulles and
back To London Heathrow့ May 24/25th 1976
ဒီ အင်္ဂလိပ် သူဌေးကြီး
Most Travelled Man “Fred Finn” က သူ ငါးနှစ်သားမှာ သူ့အမေနဲ့ အတူ
လေယာဉ်ဆိုတာ စစီးဖူးကြောင်း
အလယ်တန်းကျောင်းသားဘဝမှာ တခါထပ်စီးဖူးကြောင်း နောက်
ပိုင်းတော့ အလုပ်လုပ်ရင်း မစီးမဖြစ် လေယာဉ်မျိုးစုံကို စီးခဲ့ရကြောင်း ကွန်းကော့ဒ်ကိုတော့ သူ့စိတ်
ထဲမှာ မှတ်မှတ်ထင်ထင် အရှိဆုံးဖြစ်ကြောင်း ပြောဆိုပါတယ်။
ပိုင်းတော့ အလုပ်လုပ်ရင်း မစီးမဖြစ် လေယာဉ်မျိုးစုံကို စီးခဲ့ရကြောင်း ကွန်းကော့ဒ်ကိုတော့ သူ့စိတ်
ထဲမှာ မှတ်မှတ်ထင်ထင် အရှိဆုံးဖြစ်ကြောင်း ပြောဆိုပါတယ်။
၁၉၅၈ ခုနှစ် သူ ခရီးဝေးကို
စီးဖူးခါစမှာ လန်ဒန်-နယူးယောက်ခရီးက လမ်းမှာ သုံးခါရပ်နား ပြောင်း
စီးခဲ့ရပြီး ၁၆ နာရီ ကြာခဲ့ပါတယ်တဲ့၊ ကွန်းကော့ဒ်ဆိုတာ ပေါ်လာတော့ သုံးနာရီခွဲ မျှသာ ကြာတော့
စီးခဲ့ရပြီး ၁၆ နာရီ ကြာခဲ့ပါတယ်တဲ့၊ ကွန်းကော့ဒ်ဆိုတာ ပေါ်လာတော့ သုံးနာရီခွဲ မျှသာ ကြာတော့
တာမို့ သူ့အလုပ်တွေ
ပိုတွင်ကျယ်ခဲ့ပါတယ်တဲ့၊ လန်ဒန်-နယူးယောက်ကို တနေ့တည်း ကွန်းကော့ဒ်
သုံးခေါက်တိတိ စီးဖူးပါတယ်တဲ့၊
ဒီအတ္တလန်တစ်ရေပြင်ကို အကြိမ်နှစ်ထောင်ခန့် လေယာဉ်စီးဖူးသူ
တယောက်ပါ၊ မိုင်ပေါင်း ၁၅ သန်းကျော် ခရီးသွားဖူးသူ နိုင်ငံ ၁၄၀ ခန့် ရောက်ဖူးသူပါ၊ အဲဒါကြောင့်
“Fred Finn” “World’s Most Travelled Man” အဖြစ် သတ်မှတ်ခံခဲ့ရသူပါ။
တယောက်ပါ၊ မိုင်ပေါင်း ၁၅ သန်းကျော် ခရီးသွားဖူးသူ နိုင်ငံ ၁၄၀ ခန့် ရောက်ဖူးသူပါ၊ အဲဒါကြောင့်
“Fred Finn” “World’s Most Travelled Man” အဖြစ် သတ်မှတ်ခံခဲ့ရသူပါ။
၁၉၇၆-၂၀၀၃ ခုနှစ်အတွင်း
ကွန်းကော့ဒ်ပထမဆုံးခရီးစဉ် ၁၉၇၆ ခုနှစ် ဂျန်နဝါရီ ၂၁ ရက်နဲ့ နောက်
ဘိတ်ဆုံးခရီးစဉ် ၂၀၀၃ ခုနှစ် မေလ ၃၁ ရက်နေ့ အပါအဝင် ၇၁၈ ခေါက်စီးဖူးတဲ့ အဲဒီ အင်္ဂလိပ်မင်း
သူဌေးကြီးရဲ့ ကွန်းကော့ဒ်ပေါ် ဖြတ်သန်းခဲ့ဖူးတဲ့အတွေ့အကြုံတွေက ကွန်းကော့ဒ်မောင်းကြသူများ
ထက် များပြားနေမှာ သေချာလှပါတယ်၊ သူ မှတ်တမ်းများအရကတော့ ကွန်းကော့ဒ်နဲ့ မိုင် သုံးသန်း

ဘိုးရင်းနဲ့ မိုင်
၁၁ သန်းကျော် အဲယားဘတ်စ်နဲ့ တခြား လေယာဉ်များက မိုင်တသန်းကျော်မျှ စီးခဲ့ဖူး
ပါပြီတဲ့၊ ဘိုရင်းလေယာဉ်တွေကိုတော့ ထုတ်ခဲ့သမျှ မော်ဒယ်မျိုးစုံ သူမစီးဖူးတာ မရှိပါဘူးတဲ့။
ပါပြီတဲ့၊ ဘိုရင်းလေယာဉ်တွေကိုတော့ ထုတ်ခဲ့သမျှ မော်ဒယ်မျိုးစုံ သူမစီးဖူးတာ မရှိပါဘူးတဲ့။
သို့သော်လည်း ထိုသူက
ပိုက်ဆံရှိလို့ အလုပ်ကိစ္စတွေ ရှိလို့ ခေါက်တုံ့ခေါက်ပြန် ခရီးတွေ သွားဖြစ်ခဲ့
တယ်လို့သာ မောင်ရင်ငတေ ထင်ပါတယ်၊ မောင်ရင်ငတေကတော့ ပိုက်ဆံလည်း ပိုပိုလျှံလျှံက မရှိ၊
တယ်လို့သာ မောင်ရင်ငတေ ထင်ပါတယ်၊ မောင်ရင်ငတေကတော့ ပိုက်ဆံလည်း ပိုပိုလျှံလျှံက မရှိ၊
အလုပ်အကိုင်ကလည်း
ကောင်းကောင်းမရှိ၊ မိတ်ဆွေ ဘော်ဒါအပေါင်း ကောင်းမှုနဲ့သာ ဟိုဟိုဒီဒီကို
ခရီးနှင်နေသူမို့
“Most Travelled Man” အဖြစ် စံချိန်တွေဘာတွေ မချိုးနိုင်လည်း ကျေနပ်ပါတယ်၊
မကျေနပ်လည်း ကျေနပ်ရမှာပါ၊ လိုင်းကားလေး ပေါချောင်ကောင်း ဈေးချချိန် ရှာဖွေပြီး ဟိုနားဒီနား
မကျေနပ်လည်း ကျေနပ်ရမှာပါ၊ လိုင်းကားလေး ပေါချောင်ကောင်း ဈေးချချိန် ရှာဖွေပြီး ဟိုနားဒီနား
အတိုအစ သွားနေရတာကို
ကျေနပ်မိပြီး ဟိုရေးဒီရေး ရေးနေမိတာကိုတော့ ခွင့်လွှတ်ကြပါ ခင်ဗျာ။
ဒါပေမယ့့်
့
မောင်ရင်ငတေ ဝမ်းနည်းမိတာက
အဲဒီအင်္ဂလိပ်သူဌေးကြီး ရောက်ခဲ့ဖူးတယ်ဆိုတဲ့ နိုင်ငံပေါင်း ၁၄၀
ကျော်လောက်မှာ မောင်ရင်ငတေတို့ရဲ့ ရွှေပြည်ရွှေနန်းကြီး မပါခဲ့တာပါ၊ သနားစရာပါ၊ သူဌေးကြီးရဲ့
ကျော်လောက်မှာ မောင်ရင်ငတေတို့ရဲ့ ရွှေပြည်ရွှေနန်းကြီး မပါခဲ့တာပါ၊ သနားစရာပါ၊ သူဌေးကြီးရဲ့
အကြိုက်ဆုံးဆိုတဲ့
အာဖရိက ကင်ညာပြည်က Maasai Mara ဆဖာရီတို့ တနှစ်ပတ်လည်လုံး ရေခဲ
ဖုံးလွှမ်းနေတယ်ဆိုတဲ့ ကင်ညာတောင်တို့ဆိုတာက သဘာဝအလှနဲ့နာမည်ကြီးတာ မှန်ပါပေတယ်။
ဖုံးလွှမ်းနေတယ်ဆိုတဲ့ ကင်ညာတောင်တို့ဆိုတာက သဘာဝအလှနဲ့နာမည်ကြီးတာ မှန်ပါပေတယ်။
သို့ပေမယ့်လည်း မောင်ရင်ငတေတို့ရဲ့
အညာလမ်းက တမာတန်းတို့ ကုက္ကိုတန်းတို့ ထနောင်းတန်း
တို့ စိန်ပန်းတန်းတို့ ပုပ္ပားတောင်တို့ ဆွမ်ပရာဘွမ်တို့ ခါကာဘိုရာဇီတို့လို နေရာမျိုးတွေကို မရောက်
ဖူးလို့သာ အဲဒီ သူဌေးကြီး ပြောရှာတာ နေမှာပါလို့ တွေးမိရင်း သနားနေမိတာပါ၊ မောင်ရင်ငတေလို
တို့ စိန်ပန်းတန်းတို့ ပုပ္ပားတောင်တို့ ဆွမ်ပရာဘွမ်တို့ ခါကာဘိုရာဇီတို့လို နေရာမျိုးတွေကို မရောက်
ဖူးလို့သာ အဲဒီ သူဌေးကြီး ပြောရှာတာ နေမှာပါလို့ တွေးမိရင်း သနားနေမိတာပါ၊ မောင်ရင်ငတေလို
လေယာဉ်လေး အခေါက်နှစ်ဆယ်လောက်
စီးဖူးတဲ့ကောင်က သနားနေတယ်ဆိုတာ အဲဒီ အဖိုးကြီး
သိသွားခဲ့ရင်လည်း
အဲယား ပုဂံတို့ အဲယား ကမ္ဘာဇတို့ မြန်မာ အမျိုးသား လေကြောင်းလိုင်းတို့ စီးဖူး
အောင်စီးကြည့်ပြီး
ရွှေပြည်တပတ်ပတ်ကြည့်ပါဦးလို့ တိုက်တွန်းကြည့်မလို့ပါ ခင်ဗျာ၊ အကယ်၍များ
လိုကယ်ဂိုက်များ လိုခဲ့ရင်လည်း
မောင်ရင်ငတေ လျှော့ဈေးချ လိုက်ပေးပါမယ့်လို့ ပြောချင်တာပါ။
ကွန်းကော့ဒ်တစင်း မွေးဖွားခြင်း သေဆုံးခြင်း (Photo
Google)
ပြင်သစ်နဲ့ အင်္ဂလိပ် လူမျိုးနှစ်မျိုးပေါင်းပြီး ၁၉၆၀ ခုနှစ်များဆီက တီထွင်ခဲ့တဲ့ ကွန်းကော့ဒ်လေယာဉ်
ဇာတ်လမ်းကြီးဟာ ၁၉၇၆ ခုနှစ်များမှာတော့ ဝေဟင်မှာ ဝဲပျံရင်း ကမ္ဘာတလွှား ထင်ပေါ်ကျော်ကြား
နေခဲ့ရာမှ ၂၀၀၀ ခုနှစ် ဂျူလိုင်လ ၂၅ ရက်နေ့ နံနက် ၁၁ နာရီ ပါရီက နယူးယောက်ကို အသွား ပါရီ
လေဆိပ်အတက်မှာ ပျက်ကျခဲ့ပြီး နောက်ပိုင်းမှာ တခန်းရပ် ဇာတ်လမ်း ဖြစ်လာခဲ့ရတာပါ။
နေခဲ့ရာမှ ၂၀၀၀ ခုနှစ် ဂျူလိုင်လ ၂၅ ရက်နေ့ နံနက် ၁၁ နာရီ ပါရီက နယူးယောက်ကို အသွား ပါရီ
လေဆိပ်အတက်မှာ ပျက်ကျခဲ့ပြီး နောက်ပိုင်းမှာ တခန်းရပ် ဇာတ်လမ်း ဖြစ်လာခဲ့ရတာပါ။
အဲဒီလို မမျှော်လင့်ပါဘဲ
နယူးယောက်အသွားမှာ ပျက်ကျပြီးနောက် ကွန်းကော့ဒ်ရဲ့ နောက်ဆုံးရက်
များသို့ ရောက်ရှိလာခဲ့ ပါတယ်၊ တကယ်တော့ လေယာဉ်စက် ချို့ယွင်းချက်မဟုတ် လေယာဉ်မှူးရဲ့
အမှားမဟုတ် ရာသီဥတု မကောင်းလို့ မဟုတ်၊ လေယာဉ်ပြေးလမ်းမှာ တခြားလေယာဉ်က ပြတ်ကျ
များသို့ ရောက်ရှိလာခဲ့ ပါတယ်၊ တကယ်တော့ လေယာဉ်စက် ချို့ယွင်းချက်မဟုတ် လေယာဉ်မှူးရဲ့
အမှားမဟုတ် ရာသီဥတု မကောင်းလို့ မဟုတ်၊ လေယာဉ်ပြေးလမ်းမှာ တခြားလေယာဉ်က ပြတ်ကျ
ကျန်ခဲ့တဲ့ သတ္တုအပိုင်းအစတခုကို
တက်နင်းမိရာက လေယာဉ်တာယာကွဲမီးထစွဲပြီး လေယာဉ်ပေါ်
ပါလာသူ အားလုံး အသက် ဆုံးရှုံးခဲ့ရပါတယ်၊ ကွန်းကော့ဒ်ရဲ့ ပျံသန်းမှုသမိုင်း ၂၇+၇=၃၄ နှစ်တွင်း
ဘာတခုမှ အမည်းစက် မရှိခဲ့ရာက အကြီးကျယ်ဆုံး အမည်းရောင် လွှမ်းမိုးလာခဲ့ရပါတော့တယ်။
ပါလာသူ အားလုံး အသက် ဆုံးရှုံးခဲ့ရပါတယ်၊ ကွန်းကော့ဒ်ရဲ့ ပျံသန်းမှုသမိုင်း ၂၇+၇=၃၄ နှစ်တွင်း
ဘာတခုမှ အမည်းစက် မရှိခဲ့ရာက အကြီးကျယ်ဆုံး အမည်းရောင် လွှမ်းမိုးလာခဲ့ရပါတော့တယ်။
ဧပရယ် ၁၀ ရက် ၂၀၀၃
ခုနှစ်မှာတော့ Air France နဲ့ British Airways လေကြောင်း နှစ်ခု စလုံးက
ကွန်းကော့ဒ် ပြေးဆွဲခြင်းကို ရပ်နားတော့မယ်လို့ ကြေညာလိုက်ပါတယ်၊ အဲယားဖရန့် ပုံမှန် ခရီးစဉ်
များကိုတော့ ဂျွန်လကုန်အထိ ပြေးဆွဲမယ် ဆိုတာကြောင့် မေလကုန် ဂျွန်လဆန်း ရက်များမှာတော့
ပါရီ စီဒီဂျီ လေဆိပ်ပြေးလမ်းအနီး မြင်တွေ့နိုင်တဲ့ နေရာများမှာတော့ ကွန်းကော့ဒ် ချစ်သူမုန်းသူများ
စုဝေးရောက်ရှိလာပြီး ကွန်းကော့ဒ်နှုတ်ဆက်ပွဲ မှတ်တမ်းတင်ကြ လာကြည့်ကြတာက ပွဲတော်လေး
တမျှ ရှိခဲ့ပါတယ်၊ အဲဒီ ၂၀၀၃ ခုနှစ်မေလကုန်ပိုင်းက မောင်ရင်ငတေ ပါရီမှာ ရှိနေတာပါ၊ သို့ပေမယ့်
ကိုယ့်ဘဝကိုယ့်အမောတွေနဲ့ လုံးချာလည်နေချိန်သာ ဖြစ်နေလို့ သွားရောက်အားပေး မကြည့်ရှုခဲ့ရ
ပါဘူး၊ ဒါကြောင့် ဘာမှတ်တမ်းမှ မရှိခဲ့ပါဘူး၊ အကယ်၍ သွားကြည့်ဖြစ်ခဲ့ရင်လည်း မျက်လုံးနှစ်လုံးနဲ့
သာ ကွန်းကော့ဒ် မှတ်တမ်း ရေးထိုးနိုင်ခဲ့မယ့် အခြေအနေပါ။

Iconic “Speedbird” Or Queen of the Skies
“Concorde” (Photo
Google)
အဲဒီချိန်ထိ မောင်ရင်ငတေ့သန်းခေါင်ယံညလယ်
အိပ်မက်ဆိုးတွေထဲမှာတော့ ကွန်းကော့ဒ်က ရှိနေ
ဆဲပါ၊ ကွန်းကော့ဒ်ကို
တခေါက်တလေလောက် စီးဖူးချင်စိတ်တွေ ကျန်ရှိနေဆဲပါ၊ သို့ပါသော်လည်း
ကွန်းကော့ဒ်ကို ၇၁၉ ခေါက်မြောက်စီးဖို့ ကြံရွယ်နေတဲ့ “Most Travelled Man” ဖရက်ဒ်ဖင်းနဲ့ အ
တူချိန်းပြီး ပထမဆုံးကြိမ် ကွန်းကော့ဒ်စီးကြည့်ဖို့ စိတ်ကူးအိပ်မက်မက်နေတဲ့ မောင်ရင်ငတေလည်း
ကွန်းကော့ဒ် ရပ်နားတော့မယ်ဆိုတော့ မက်နေဆဲ အိပ်မက် တဝက်တပျက်မှာ ရပ်ခဲ့ရလေပြီပေါ့။

ကမ္ဘာ့ ရေပြင်မြေပြင်အထက်
တိမ်တိုက်တွေရဲ့အပေါ် ပေငါးသောင်းခွဲအမြင့် တနာရီ မိုင် တထောင့်
သုံးရာနှုန်းနဲ့ ငြိမ့်ညောင်းညှင်သာဝဲပျံနေတဲ့ မက်ဒ်မွာဇယ်ကွန်းကော့ဒ်ရဲ့ ရင်ခွင်နွေးနွေးထဲမှာ ဘရုစ်
စပရင်းစတန်း ငှဲ့ထည့်ပေးတဲ့ အိစ်ထ်ရာ ဗီအက်စ်အိုပေ ကော့ညက်ကို တငုံငုံထားလိုက်ရင်း ဒေါ်လီ
ပါတန်ရဲ့ ဟာဒယရွှင်ဆေး တိုက်ကျွေးမှုကို နားထောင်ရယ်မောရင်း သူဌေးကြီး မစ္စတာ ဖရက်ဒ်ဖင်း
ကို သိုင်းကျူး တရာပါလို့ ပြောဖို့ မက်နေတဲ့ အိပ်မက်လေးလည်း ပျက်ပြယ်ခဲ့ရပြီပေါ့လေ။

စိတ်ကူးယဉ်
လေယာဉ် ဆူပါဆိုးနစ် ဘိုးရင်း Boeing 2707-300 (Photo Google)
အဲဒီလို
့  အင်္ဂလိုပြင်သစ်တွေရဲ့ ကွန်းကော့ဒ်က နှာတဖျားသာ ရှေ့ကနေ ပြေးနိုင်ခဲ့ပေမယ့်လည်း
နောက်ဆုံးမှာတော့ မရှုမလှ ဇာတ်သိမ်းခဲ့ရပြီး Supersonic လေယာဉ် ဆိုတာတွေ ဒီကနေ့ ထိတိုင်
လေပေါ် အရုပ် ရေးနေကြရင်း Supersonic ပြန်ရောက်လာဖို့ လမ်းစ မတွေ့နိုင်ကြသေးပါဘူး။
နောက်ဆုံးမှာတော့ မရှုမလှ ဇာတ်သိမ်းခဲ့ရပြီး Supersonic လေယာဉ် ဆိုတာတွေ ဒီကနေ့ ထိတိုင်
လေပေါ် အရုပ် ရေးနေကြရင်း Supersonic ပြန်ရောက်လာဖို့ လမ်းစ မတွေ့နိုင်ကြသေးပါဘူး။
အမေရိကန်
ဘိုးရင်းကလည်း အသံထက် သုံးဆနီးပါး (Mach 2.7 သို့မဟုတ် တနာရီကို မိုင် ၁၈၀၀
သို့မဟုတ်
၂၉၀၀ ကီလိုမီတာ) မြန်မယ့် Boeing 2707-300 ဆိုပြီး သူ့ရဲ့အရှေ့ကနေပြေးနေကြတဲ့
ကွန်းကော့ဒ်တို့ကို ကျော်ဖြတ်နိုင်ဖို့ အကြံကြီးကြံ စီစဉ်ခဲ့ပါသေးတယ်၊ ဒါပေမယ့် အစီအစဉ် စတင်ခါ
စမှာတင် ၁၉၇၀ ခုနှစ်မှာ ဘာကြောင့်ရယ်မှန်းမသိ ဖျက်သိမ်းခဲ့ပါတယ်၊ ထင်မြင်ယူဆချက်များ အရ
အဓိက ပြဿနာက ထုတ်လုပ်တဲ့စရိတ်စကကြီးမားပြီး ဆီစားများလွန်းတဲ့ အင်ဂျင်စက်တွေကြောင့်
လက်မှတ်တစောင်တန်ဖိုးက တခြားလေယာဉ်တွေထက် အဆများစွာ ပိုနေခြင်းပါ၊ နောက် ထင်မြင်
ချက်တခုက အသံထက်မြန်တဲ့ အလျှင်နှုန်းကြောင့် အသံဆူညံမှုကလည်း နာမခံနိုင်လောက်အောင်
ရှိနေတာကလည်း အကြောင်းချက်တခုပါတဲ့၊ ဒါကြောင့် Anti-Concorde Campaign သမားတွေက
အသာစီးရခဲ့ပြီး Supersonic ထုတ်လုပ်မှုကို အဟန့်အတား ဖြစ်စေခဲ့ပါတယ်။

ဒီကနေ့ခေတ်ရဲ့ Wide Body Airbus A380-800 (ဓါတ်ပုံ မရငတ)
ဒီကနေ့တော့
ပြောင်းလဲလို့ လာနေတဲ့ ဈေးကွက်အရ့
့ လေယာဉ် တစီ့း့
ဆိုတာက အသံထက် မြန်ဖို့ထက် လူများများ သယ်ဆောင်ပြီး ခပ်ဝေးဝေး သွားနိုင်ဖို့ အဓိက ဖြစ်လို့
လာနေပြီလို့ ဆိုရမလို ဖြစ်နေပါတယ်၊ တရုတ်ပေါက်ဖော်ကြီးတွေရဲ့ အစုလိုက် အပြုံလိုက် ခရီးသွား
ယဉ်ကျေးမှုမျိုးက ပိုမို ထွန်းကား လာတာကြောင့်လားတော့ မသိပါဘူး၊ လူ ခြောက်ရာကျော်ဆန့်တဲ့
Airbus A380-800 တို့ထက် ကြီးမားတဲ့ လူတထောင်ကျော်ဆန့် လေယာဉ်ကြီးတွေ ထုတ်လုပ်ဖို့ကို
ပို၍ ပို၍ တာစူလာကြခြင်းကို တွေ့မြင်လာရပါတယ်၊ ဆူပါဆိုးနစ် ကွန်းကော့ဒ်လို့သာ နာမည်ကကြီး

ခဲ့ပေမယ့်လည်း လေယာဉ်ဘော်ဒီတွေက ခပ်သေးသေးခပ်ပိန်ပိန်တွေသာဖြစ်လို့ လူတရာကျော်ခန့်
မျှသာဆန့်တာပါ၊ ဒီကနေ့ ခရီးသွားတွေ မှိုလိုပေါလာတဲ့ကာလရဲ့ တောင်းဆိုချက်အရ Wide Body
လေယာဉ်ကြီးတွေ Big Body လေယာဉ်ကြီးတွေနဲ့ ဈေးပေါပေါလူများများဆန့်မှသာ
ပိုမို၍တွက်ချေ
ကိုက်မှာကိုလည်း သိမြင်လာကြလို့ ဖြစ်နိုင်ကြောင်းပါ၊ မောင်ရင်ငတေတို့လိုကောင်မျိုးတွေကတော့
လူ များချင်သလောက်များ ဈေးပေါပေါလေးနဲ့ ခရီးတွင်ဖို့ အဓိကလို့သာ ပြောရမှာပါ ခင်ဗျား။
ကိုက်မှာကိုလည်း သိမြင်လာကြလို့ ဖြစ်နိုင်ကြောင်းပါ၊ မောင်ရင်ငတေတို့လိုကောင်မျိုးတွေကတော့
လူ များချင်သလောက်များ ဈေးပေါပေါလေးနဲ့ ခရီးတွင်ဖို့ အဓိကလို့သာ ပြောရမှာပါ ခင်ဗျား။
၂၀၀၁ ခုနှစ်များက ပါရီကနေ နယူးယောက်ကို ကွန်းကော့ဒ်နဲ့မှ သွားချင်ပါက
အဲဒီ သုံးနာရီခွဲမျှသာ
ကြာမယ့်ခရီးကို လူတယောက် ယူရိုငွေ ရှစ်ထောင် ကျသင့်ခဲ့ပါတယ်ဆိုတော့လည်း မောင်ရင်ငတေ
တို့ ဥရောပမှာ လူဖြစ်လာတဲ့ ဒီကနေ့ ခေတ်မှာ အဲဒီ မက်ဒ်မွှာဇယ် (သို့) မဒမ် ကွန်းကော့ဒ်လေး မရှိ
နေတော့တာ ခပ်ကောင်းကောင်းပါ၊ ရှိသာရှိနေသေးရင် မောင်ရင်ငတေတို့လို ငမွဲအတွက် တွေ့ဖူးဖို့
ကြုံဖူးဖို့ မလွယ်လှတာကြောင့် အလကားနေ စိတ်ဆင်းရဲ နေရပါဦးမယ် ခင်ဗျား တော်ပါသေးရဲ့။

အဲဒီလိုနဲ့
ခရီးသည်ပို့ဆောင်ရေး Supersonic Transport (SST) လေယာဉ်လောကရဲ့ သမိုင်းမှာ Concorde
ကွန်းကော့ဒ်နဲ့ ဆိုဗီယက်ရုရှားတို့ရဲ့ Tupolev Tu-144 နှစ်ခုသာရှိခဲ့ဖူးပါတယ်၊ ဒါပေမယ့် နည်းတွေ
ပညာတွေ ဘယ်လောက်ကောင်းကောင်းမြင့်မြင့် ကွန်းကော့ဒ်လေယာဉ် အစင်း ၂၀ နဲ့ ကျူပိုလက်ဗ်
လေယာဉ် ၁၆ စင်းက ဒီကနေ့မှာတော့ ရာဇဝင်ထဲ ကျန်ရစ်ခဲ့တဲ့ အဆင့်လွန် လေယာဉ်ကြီးများသာ
ပညာတွေ ဘယ်လောက်ကောင်းကောင်းမြင့်မြင့် ကွန်းကော့ဒ်လေယာဉ် အစင်း ၂၀ နဲ့ ကျူပိုလက်ဗ်
လေယာဉ် ၁၆ စင်းက ဒီကနေ့မှာတော့ ရာဇဝင်ထဲ ကျန်ရစ်ခဲ့တဲ့ အဆင့်လွန် လေယာဉ်ကြီးများသာ
ဖြစ်သွားခဲ့ပါပြီ၊ လေဆိပ် မြက်ခင်းပြင်တွေပေါ်သို့ သို့တည်းမဟုတ် ပြတိုက်တွေထဲသို့ အချိန်တိုတိုနဲ့
ရောက်သွားခဲ့ရခြင်း အကြောင်းရင်းတွေကတော့ များစွာရှိမှာ သေချာလှကြောင်းပါ။
ရောက်သွားခဲ့ရခြင်း အကြောင်းရင်းတွေကတော့ များစွာရှိမှာ သေချာလှကြောင်းပါ။
ဘယ်လိုဖြစ်ဖြစ် အင်္ဂလိပ်နဲ့ ပြင်သစ်တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာမှာ အောင်မြင်မှု တစိတ်တပိုင်း
ရခဲ့တယ်လို့ ပြောနိုင်ခဲ့တဲ့ အလုပ်တခုပါ၊ ဒီလိုအောင်မြင်မှုကို ရေရှည် မထိမ်းသိမ်းနိုင်ခဲ့တာကတော့
ရခဲ့တယ်လို့ ပြောနိုင်ခဲ့တဲ့ အလုပ်တခုပါ၊ ဒီလိုအောင်မြင်မှုကို ရေရှည် မထိမ်းသိမ်းနိုင်ခဲ့တာကတော့
ဘယ်သူ့ အပြစ်လဲ့ လို့ ဘယ်သူမှ ပြောနိုင်ကြမှာ မဟုတ်ပါဘူး။
Mach 2.00, Feet 55000, Temp -55C, Mph
1310့ (ဓါတ်ပုံ မရငတ)
တကယ့်တကယ် Supersonic တီထွင်ခဲ့ကြသူများ ပံ့ပိုးခဲ့ကြသူများရဲ့ စည်းချက်တူညီတဲ့ အတ္တမာန
များကြားမှာ ပေါက်ဖွားကြီးပျင်းခဲ့ကြရတဲ့ ကွန်းကော့ဒ်-တူးပိုလစ်ဗ် ဆူပါဆိုးနစ်တို့ရဲ့ သက်တမ်းများ
မရှည်ကြာခဲ့ခြင်းဟာ သဘာဝတရားနဲ့ ကိုက်ညီမညီ စဉ်းစားရင့်း့ အနာဂတ် ကွန်းကော့ဒ်များကို
(အရမ်း အရမ်း မြန်လွန်းတာထက် ငြိမ့်ငြိမ့်လေးကို ပို၍ နှစ်သက်သော်လည်း) မျှော်လင့်ရင့်း့
မရှည်ကြာခဲ့ခြင်းဟာ သဘာဝတရားနဲ့ ကိုက်ညီမညီ စဉ်းစားရင့်း့ အနာဂတ် ကွန်းကော့ဒ်များကို
(အရမ်း အရမ်း မြန်လွန်းတာထက် ငြိမ့်ငြိမ့်လေးကို ပို၍ နှစ်သက်သော်လည်း) မျှော်လင့်ရင့်း့
အနာဂတ် ကွန်းကော့ဒ်များကို မျှော်လင့်ရင့်း
့ (ဓါတ်ပုံ မရငတ)
ကွန်းကော့ဒ်တစင်း
မွေးဖွားခြင်း သေဆုံးခြင်း (သို့မဟုတ်)
မရှိတော့ပြီဖြစ်သော
ကွန်းကော့ဒ်နဲ့ ဆူပါဆိုးနစ်များ စာစု (၁)
ရေးသားမှုကို နိဂုံးချုပ်ပါပြီ၊ ကျေးဇူး အထူးပါ ခင်ဗျာ။
မောင်ရင်ငတေ ၂၃၀၅၂၀၁၃-၁၀၀၇၂၀၁၈
သမိုင်းထဲက နာမည်ကျော်များ
မရှိတော့ပြီဖြစ်သော ကွန်းကော့ဒ်နဲ့ ဆူပါဆိုးနစ်များ
စာစု (၁)
ကွန်းကော့ဒ်တစင်း မွေးဖွားခြင်း သေဆုံးခြင်း
မောင်ရင်ငတေ ၂၃၀၅၂၀၁၃-၁၀၀၇၂၀၁၈
Aucun commentaire:
Publier un commentaire