မြေပုံများရဲ့ အရှင်သခင်
Theatrum Orbis Terrarum (Theatre of the
World) (May 20, 1570)
မြေပုံများရဲ့ အရှင်သခင်
သူ့အမည်က Abraham Ortelius
မွေးသက္ကရာဇ်က (၁၅၂၇-၁၅၉၈) (၇၁ နှစ်)
အလုပ်အကိုင်ကတော့ Cartographer သို့မဟုတ် Geographer
ဒီကနေ့ ဘယ်လ်ဂျီယံရဲ့ Anvers အွန်ဗဲရ် သို့မဟုတ် Antwerpen
အွန်ထရာပန် မြို့သား
အဲဒီခေတ် ဟိုလီရော်မန် အင်ပါယာခေတ်မှာ ဒီနယ်မြေက Habsburg
Netherlands အပိုင်
မိဘများရဲ့ မျိုးရိုးဇာတိက ဂျာမဏီ ဘိုင်ယန်ပြည်နယ်
Augsbourg အောက်ဇ်ဘုဂ်နယ်သားများ
ဒီကနေ့ မေ ၂၀ ရက် ကို ဂူဂဲလ်က
Celebrating Abraham Ortelius နေ့ အဖြစ် သတ်မှတ်ပါတယ်။
ဘာလို့ဆိုတော့
"First Modern Atlas" လို့ သတ်မှတ်ခြင်းခံခဲ့ရတဲ့
Abraham Ortelius ရဲ့
(၁၅၆၄ ခုနှစ်က ရေးဆွဲခဲ့တဲ့ Typus Orbis Terrarum မြေပုံ
အပါအဝင်)
နာမည်ကျော် မြေပုံစာအုပ် Theatrum Orbis Terrarum
(Théâtre du Globe Terrestre) (Theatre of the World) စာအုပ်ကို
လွန်ခဲ့တဲ့ ၄၄၈ နှစ် အေဒီ ၁၅၇၀ ခုနှစ် မေလ ၂၀ ရက်မှာ ပုံနှိပ်ထုတ်ဝေ
ဖြန့်ချီခဲ့တယ် ဆိုလို့ပါ။
ခရီးသွားခြင်း အနုပညာသမား
မြေပုံကြည့်ရင်း ခရီးသွားတတ်သူ
တနေ့တနေ့ မြေပုံများပေါ်မှာ ပျော်ပါးနေသူ
အထူးသဖြင့် ဂူဂဲလ်မြေပုံနဲ့ နဗန်းလုံးနေတတ်သူ
မောင်ရင်ငတေ့အတွက်ကတော့ Abraham Ortelius ကို
မြေပုံများကို တီထွင်သူ သို့မဟုတ် မြေပုံများရဲ့ အရှင်သခင်
ဟုသာ။
မောင်ရင်ငတေ ဖတ်ထားမှတ်ထားသမျှကို
အချောသတ် ရေးသား မှတ်တမ်းတင် ဂုဏ်ပြုလိုက်ရကြောင်းပါ။
ကျေးဇူး အထူးတင်ရှိပါတယ် အီဘရာဟမ် မိုတယ်လီယက် ခင်ဗျား။
(မှတ်ချက်)
Essen အက်ဆန် Anvers အွန်ဗဲရ် Antwerpen အွန်ထရာပန်
မြို့အမည်များကို အနီးစပ်ဆုံး ဗမာ စာလုံးများနဲ့ ရေးသားလိုက်ခြင်းပါ၊
An ရဲ့အသံက အောင် နဲ့ အွန့် ကြားက အသံ ရေးရခက်လှတာမို့ အွန်
လို့သာ ရေးလိုက်ရခြင်း ဖြစ်ပါတယ်။
မောင်ရင်ငတေ ၂၀၀၅၂၀၁၈
Aucun commentaire:
Enregistrer un commentaire