ပြင်သစ်သမိုင်းမှ လူဝီဘုရင်များ (လူဝီ ၁၇ Louis XVII)
လူဝီ
၁၇ Louis XVII
Les
Rois et Les Empereurs de France
ပြင်သစ်ပြည်ရဲ့ ဘုရင်များ ဧကရာဇ်များ သမိုင်းမှာ
မောင်ရင်ငတေနဲ့ မွေးနေ့တူ နှစ်ယောက် ရှိပါတယ်။
မတ်လ ၂၇ ရက်နေ့ ဖွားများပေါ့၊
တယောက်က
Robert II le Pieux (၉၇၂-၁၀၃၁) ပါ၊
နောက်တယောက်ကတော့
Louis XVII (၁၇၈၅-၁၇၉၅) ပါ၊
Robert
II ဘုရင်ကတော့ ရှေးအများကြီးစောတော့ သူရဲ့ မွေးရက်က မှန်မမှန် မသေချာပါဘူးတဲ့၊
ဒါကြောင့်
Robert II ဘုရင်ကြီးအကြောင်းကိုတော့ ဒီနေရာမှာ အထူးတလည် မရေးတော့ပါဘူး။
လူဝီ
၁၇ ကို မတ်လ ၂၇ ၁၇၈၅ ခုနှစ်မှာ ဗားဆိုင်းနန်းတော်မှာ မွေးဖွားပါတယ်၊
လူဝီ
၁၇ အဖြစ် သတ်မှတ်ခံခဲ့ရသော်လည်း ဘုရင်ဘဝကိုတော့ ရောက်ခဲ့သူ မဟုတ်ပါဘူး။
ပြင်သစ်ဘုရင်
လူဝီ ၁၆ ရဲ့ သားတော် အိမ်ရှေ့စံမင်းသားပါ၊
ငယ်နာမည်
Louis-Charles de France မင်းသားဟာ Louis XVII အဖြစ် သတ်မှတ် ထားခံရတဲ့သူ
ဖြစ်သော်လည်း
ဖခင်ဘုရင်ကြီးက နန်းကျ၊ ခေါင်းဖြတ်သတ်ခံရပြီး နောက်၊ နှစ်နှစ်ခွဲအကြာမှာတော့
အကျဉ်းထောင်ထဲမှာ
သေဆုံးသွားခဲ့ပါတယ်၊ အဲဒီလိုနဲ့ လူဝီ ၁၇ ဘုရင် မဖြစ်ခဲ့ရပါဘူး။
ဆယ်နှစ်သားအရွယ်လေးနဲ့
ထောင်ထဲမှာ ဖျားနာသေဆုံး သွားပါတယ်ဆိုတဲ့ Dauphin de France
လူဝီ မင်းသားလေးရဲ့ မယုံကြည်နိုင်ဘွယ်ရာ
အကြောင်းတွေကြောင့် Lost Dauphin ဇာတ်လမ်းက
လူပြော သူပြော များခဲ့ရသလို ကိုယ့်ကိုယ်ကို
Lost Dauphin ဆိုကြတဲ့သူတွေ အတုဖြစ်ချင်သူတွေ
အနည်းဆုံး အယောက် သုံးဆယ်လောက် ပေါ်လာပါသေးတယ်တဲ့
ခင်ဗျာ။
အဲဒါတွေအပြင်
လူဝီ ၁၇ သေဆုံးခဲ့ချိန်မှာ စစ်ဆေးခဲ့တဲ့ ဆရာဝန်ကြီးက ထုတ်ယူသိမ်းဆည်းထားခဲ့
ပါတယ်ဆိုတဲ့
လူဝီ ၁၇ မင်းသားလေးရဲ့ အသည်းနှလုံးဟာ ဆရာဝန်ကြီးလွန်ပြီးနောက် တနေရာပြီး
တနေရာ တလက်မှ
တလက်သို့ ပြောင်းရွှေ့ရောက်ရှိခဲ့ပါတယ်တဲ့။
ပြီးခဲ့တဲ့
၂၀၀၀ ပြည့်နှစ်မှာမှ DNA စနစ်နဲ့ လူဝီ ၁၇ မင်းသားလေး မှန်ကန်ကြောင်း စစ်ဆေးအတည်
ပြုခဲ့ပါတယ်၊
၂၀၀၄ ခုနှစ်မှာတော့ သူတို့ဆွေတော်မျိုးတော်များ ခေါင်းချရာ ပါရီမြောက်ဘက်စွန်းက
Basilique de Saint-Denis ဘုရားကျောင်းသို့ ရောက်ရှိလာခဲ့ပါတယ်။
Basilique de Saint-Denis ဘုရားကျောင်းသို့ ရောက်ရှိလာခဲ့ပါတယ်။
ဆန်းကျယ်လှပါတယ်
မပြောနိုင်တဲ့ လူလောကရဲ့ သံဝေဂရစရာ အဖြစ်အပျက် တခုပါ။
ပြင်သစ်
လူဝီဘုရင် အယောက်နှစ်ဆယ်ထဲက
မောင်ရင်ငတေနဲ့
မွေးနေ့တူ လူဝီ ၁၇ ရဲ့ အကြောင်း အတိုချုပ်ပါ။
ငါးဆယ့်လေးကျပ်သား
မောင်ရင်ငတေ့ မွေးနေ့ အမှတ်တယအဖြစ် ရေးသားလိုက်ပါတယ်။
မောင်ရင်ငတေ
၂၇၀၃၂၀၁၈
Aucun commentaire:
Publier un commentaire