မဟာရန်ကုန်မြို့ရဲ့ လမ်းမကြီးများမှာ (ပထမပိုင်း)
(ရက်စွဲ ၆ ၇ ၈)
မိုင်ဟုမ်းရန်ကုန်
(ရက်စွဲ ၆ ၇ ၈)
မဟာရန်ကုန်မြို့ရဲ့ လမ်းမကြီးများမှာ (ဓါတ်ပုံ မရငတ)
(ပထမပိုင်း) (ရက်စွဲ ၆ ၇ ၈)
မောင်ရင်ငတေရဲ့ ဂျန်နဝါရီညများ ခရီးအတွင်း မဟာရန်ကုန်မြို့ကြီးမှာ ပထမ လေးည အိပ်ဖြစ်ခဲ့ပြီး
ပြန်ခါနီးမှာ ခြောက်ည အိပ်ဖြစ်ခဲ့ပါတယ်၊ ဆယ်ညအိပ် ဆိုပေမယ့် ရှစ်ရက်သာ မဟာ ရန်ကုန်မြို့ရဲ့
လမ်းမကြီးများပေါ်မှာ သွားလာလှုပ်ရှားခွင့် ရခဲ့တယ် ဆိုရပါမယ်။
လမ်းမကြီးများပေါ်မှာ သွားလာလှုပ်ရှားခွင့် ရခဲ့တယ် ဆိုရပါမယ်။
မဟာရန်ကုန်မြို့ရဲ့ လမ်းမကြီးများမှာ ဆိုလိုက်ရပေမယ့် အချိန်နည်းပါးမှုကြောင့် ဟိုးအရင်ကလိုမျိုး
မဟာရန်ကုန်တဝှန်း ကိုးကုန်းကိုးကျင်း ခြေတိုအောင် လျှောက်ခွင့်မရခဲ့တာကြောင့် ရသမျှလေးသာ
မှတ်တမ်းပြုခဲ့ရတာကြောင့် စိတ်ထဲတော့ ဘဝင်မကျလှပါဘူး၊ ရတာလေးနဲ့ ကျေနပ်ခဲ့ရတာပေါ့။
မဟာရန်ကုန်မြို့ရဲ့ လမ်းမကြီးများမှာ (ပထမပိုင်း) (ရက်စွဲ ၆ ၇ ၈) ကို မရေးခင်
ရေးထားပြီးသားဖြစ်တဲ့ ဒီခရီး မစတင်မီ လေးငါးလအလို ဒီခရီး သွားဖြစ်ဖို့အတွက်
စတင်စီစဉ်နေချိန်မှာ ရေးဖြစ်ခဲ့တဲ့ စာအပိုင်းအစလေးတွေ ကဗျာမဟုတ်သော စကားလုံးများပေါ့၊
မောင်ရင်ငတေရဲ့ ရင်တွင်းဖီလင် ခံစားမှုအပိုင်းအစများပါ၊ အဲဒါလေးကို အရင် ဖော်ပြချင်မိပါတယ်။
မိုင်ဟုမ်းရန်ကုန်
အို့ 
ရန်ကုန့့် မိုင်ဟုမ်းတဲ့လား၊
ဆယ့်ခြောက်နှစ်သားကျော်မှာ ရူးမူးစွာခြေချ၊
ဆယ်ခြောက်နှစ်ကျော်လောက် နေလာခဲ့ပြီးမှ၊
ဆယ်ခြောက်နှစ်မျှမကအောင် ဝေးကွာခဲ့ရပြီးမှ၊
ရန်ကုန်ဟာ ငါ့ရင်မှာ မှုန်ပျပျလေးတော့ကျန်နေမိ။
သမ္မတ ပပဝင်း ဂုဏ်
ဗဟန်းဈေး မြေနီကုန်းညဈေး
ဗိုလ်ချုပ်ဈေး ဆူးလေနဲ့ ဘားလမ်းမုတ်ဆိတ်၊
ရာဇူး ဦးချစ် လှည်းတန်း အာစီတူးနဲ့ သမိုင်းဝင်း။
လေးဘီးကား ဟီးနိုးကား ဟိုင်းလက်နောက်မြီးဖျား
တွဲလွဲခိုရင်း အစုန်အဆန်ခရီးတွေနဲ့ ဘဝဟာ သာယာနေခဲ့။
အဲဒီ မိုင်ဟုမ်းရန်ကုန်၊
အနေခက် အသေခက်တဲ့ မိုင်ဟုမ်းရန်ကုန်၊
အစားခက် အသွားခက်တဲ့ မိုင်ဟုမ်းရန်ကုန်၊
အဆီတထပ် အသားတထပ်နဲ့ မိုင်ဟုမ်းရန်ကုန်၊
ရင်သိမ့်တုန် ဇာတ်လမ်းတွေနဲ့ မိုင်ဟုမ်းရန်ကုန်၊
လက်ကိုင်ဒုတ်တွေ လက်ကိုင်ဖုန်းတွေနဲ့ မိုင်ဟုမ်းရန်ကုန်၊
အထပ်မြင့်တွေကြား ပြားပြားဝပ်တွေများတဲ့ မိုင်ဟုမ်းရန်ကုန်၊
ထမင်းတနပ်လျှော့စားကြရသူများနဲ့ ထမင်းဝအောင်စားထားကြသူများကြားက မိုင်ဟုမ်းရန်ကုန်။
အဲဒီ
မိုင်ဟုမ်းရန်ကုန်၊
မိုင်ဟုမ်းရန်ကုန်၊
မိုင်ဟုမ်းရန်ကုန်၊
ကံမကုန်ရင်ဖြင့် ပြန်ဆုံကြဦးစို့ မိုင်ဟုမ်းရန်ကုန်။
(မရငတ) ၁၉၀၆၂၀၁၇
Aucun commentaire:
Publier un commentaire