Libellés

mardi 12 décembre 2017

** * ဘီကေကေ 'n' ဝါယာ ** *

ကျောက်ဖရား သောင်ရင်း မှသည် မယ့်ခေါင် ဆီသို့ 
ဘီကေကေ 'n' ဝါယာ
(BANGKOK 'N' WIRE)



ဘီကေကေ 'n' ဝါယာ                                                                    (ဓါတ်ပုံ မရငတ

ခံစားတတ်ရင် လှပါတယ်။
ခံစားတတ်ရင် လှပါတယ်။

ဘန်ကောက်မြို့တော်ကြီးမှာ ပေါများတာတွေ
အများကြီး တွေ့ရပါတယ်၊ လူတွေ ပေါသလို
ကားတွေ ဆိုင်ကယ်တွေလည်း ပေါများလှပါ
ပေတယ်။

တိုလီမိုလီ အရောင်းဆိုင်လေးများ ပေါများလှသလို
အငွေ့တထောင်းထောင်းထ ကြော်လှော် ချက်ပြုတ်
ရောင်းချနေတဲ့ လမ်းဘေး ရက်စတောရန့်လေးများ
ကိုလည်း နေရာမရွေး တွေ့မြင် ရမှာပါ။

ခနော်ခနဲ့ ပလက်ဖောင်းများပေါ်က ဆိုင်များ လူများကို
ရှောင်ကွင်း သွားတဲ့အခါမှာ ပလက်ဖောင်းပေါ်က ဓာတ်
မီးကြိုးတိုင်များကို ရှောင်ကွင်း သွားတတ်ဖို့လည်း လိုအပ်
ပါတယ်။

ကောင်းကင်ယံထက်ကသော်လည်းကောင်း မိုးပျံတိုက်
များထက်ကသော်လည်းကောင်း ဘန်ကောက်ညများကို
ကြည့်မယ်ဆိုရင် မီးရောင်ထိန်ထိန်ညီးနေတာကို လှပစွာ
တွေ့မြင်ရမှာပါ။

အဲသလို
လမ်းမီး အိမ်မီးများ ထိန်ထိန်လင်းနေတာကို
တွေ့မြင်ရဖို့ ဒီလို လမ်းဘေးတလျှောက် ဓာတ်မီး
တိုင်များနဲ့ ဓာတ်မီးကြိုးများက မရှိမဖြစ် လိုအပ်ပါတယ်။


ဘီကေကေ 'n' ဝါယာ                                                                (ဓါတ်ပုံ မရငတ)

ဒါပေမယ့်
အဲဒီလို မြေပေါ် ဓာတ်မီးကြိုးများကို မြေအောက်
ရောက်အောင် ပို့ဖို့ကတော့ အလွန်တရာ ခက်ခဲမှာပါ။

အဲဒီ
ဓာတ်မီးဝါယာကြိုးကြီးများ တယ်လီဖုန်းကြိုးကြီးများကို
လမ်းပေါ် လမ်းလယ်များမှ ဖယ်ရှား မြေအောက်ပို့ဖို့ကို
သက်ဆိုင်ရာ ဘီကေကေ မြို့တော် အာဏာပိုင်ကြီးများ
ဆယ်နှစ် ဆယ်မိုးမျှမက အနှစ် သုံးလေးဆယ်မိုး ရှိလောက်ပါပြီ။

သို့သော်လည်း
ဒီကနေ့ထိတိုင် မြေအောက်သို့ မရောက်နိုင်သေးပါဘူး။

အဲသလို
ဘန်ကောက်မြို့တော်ကြီးရဲ့ ညအလှအတွက်
မရှိမဖြစ် သော အဆိုပါ ဓာတ်မီးတိုင်များနဲ့ ဓာတ်ကြိုး
တန်းများ မြေအောက်မရောက်ခင်မှာ မိုးထိုးတိုက်များရဲ့
အလှနောက်ခံနဲ့ ဝါယာကြိုးမျှင်များရဲ့ အလှကို မောင်ရင်ငတေ
ရောက်ခဲ့လျှောက်ခဲ့သမျှ မှတ်တမ်းတင် လိုက်ရပါတယ် ခင်ဗျာ။

သို့ပေမယ့်လည်း
ဘီကေကေနဲ့ ဓာတ်မီးကြိုး
ဓာတ်မီးကြိုးနဲ့ ဘီကေကေ
မိတ်ဘက်ဖြစ်နေတာ ကြာပြီမို့

အကယ်၍များ
အဲဒီ ဓာတ်မီးကြိုးတွေ ဓာတ်တိုင်တွေများ
မရှိတော့ဘူးပါ ဆိုရင် မရှိတော့ပါဘူး ဆိုရင် 
အတွေးများ တွေးပြီ့း့

ခံစားတတ်ရင် လှပါတယ်၊ ခံစားတတ်ရင် လှပါတယ်။

မောင်ရင်ငတေ ၁၂၁၂၂၀၁၄


ဘီကေကေ 'n' ဝါယာ

(BANGKOK 'N' WIRE)
ကျောက်ဖရား သောင်ရင်း မှသည် မယ့်ခေါင် ဆီသို့ 


Aucun commentaire:

Enregistrer un commentaire