ဒီတခေါက် အပြန်မှာတော့ တကယ် အဆုံးသတ်ဖြစ်မယ် ထင်ပါတယ်၊
အရှေ့အလယ်ပိုင်း ပါရှန်း ပင်လယ်ကွေ့ကနေ ဥရောပကောင်းကင်သို့
ကီလိုမီတာ ငါးထောင်ကျော်
ခရီးမှာ အမြင့်ပေသုံးသောင်းရှစ်ထောင်ကျော် လေးသောင်းခန့်ကနေ မြင်တွေရမယ့် အီရန်အီရတ်နဲ့
တူရကီတောင်ပိုင်းရှိ Zagros Mountains ဇာ့ဂရိုးစ် တောင်တန်းများ ဥရောပ ပြင်သစ် ဂျာမဏီ ဆွစ်
အီတလီ သြစတြီးယား မြေများက Alpes အဲလ် တောင်တန်းများအကြောင်း ကောင်းကင်မှ မြေကြီး
သဘာဝအလှ မြင်ကွင်းများကို ရေးချင်ပါတယ်။

ခေါင်းစဉ်က ** ဥရောပကောင်းကင်သို့အပြန် ** * ဆိုပြီး ပေးဖြစ်ခဲ့ရတဲ့
အကြောင်းက ၂၀၁၆
ဒီဇင်ဘာလမှာ ဘီကေကေကနေ အမ်းမရိတ်လေကြောင်းနဲ့ ပါရီပြန်ခရီးစဉ် ပြီးဆုံးပြီးနောက်မှာ ရေး
ဖြစ်ခဲ့တဲ့ ** ကျောက်ဖရား သောင်ရင်းမှသည် မယ့်ခေါင်ဆီသို့ ** * စာစုများထဲက ပါရီပြန်ခရီးရဲ့
အကြောင်းမို့ ဥရောပကောင်းကင်သို့ အပြန်လို့ အမည်ပေး ဖြစ်ခဲ့ရတာပါ၊ သို့ပေမယ့်လည်း ဒီခရီးကို
အရင်အခေါက်တွေ မောင်ရင်ငတေ သွားခဲ့စဉ်တုန်းက မြင်တွေ့ခဲ့ရတာလေးတွေကိုလည်း ပေါင်းစပ်
ရေးသွားမှာပါ၊ ဒါမှသာ အတော်အသင့် ပြီးပြည့်စုံတဲ့ စာစုတစု ဖြစ်လာနိုင်မှာပါ။

ဒီ အာရှ-ဥရောပ လေယာဉ်ခရီး စီိးဖူးတာက ၂၀၀၁ နှစ်ဦးပိုင်းမှာပါ၊
ပြင်သစ်ဗီဇာရပြီး ပါရီမြေကြီးကို
ယောင်ချာချာနဲ့ စတင်ရောက်လာတဲ့ မောင်ရင်ငတေရဲ့ပထမဦး အာရှ-ဥရောပ လေယာဉ်ခရီးစဉ်က
ကွာလာလမ်ပူ-ပါရီ မလေးရှားအဲယားလိုင်း တိုက်ရိုက်ခရီးပါ၊ ဥရောပကောင်းကင်ရဲ့ ညမှောင်မှောင်
လမှောင်မှောင်ကို ခံစားမကြည့်နိုင်သေးတဲ့ အိမ်ပြေး ပြည်ပြေး တဦးရဲ့ ခရီးစဉ်ပါ။

ဒုတိယနဲ့ တတိယ ပါရီ-ဘီကေကေ-ပါရီ ခရီးစဉ်တွေကတော့ ၂၀၀၅ နဲ့
၂၀၀၇ ခုနှစ်တွေမှာပါ၊ ထိုင်း
အဲယားဝေးအင်တာနေရှင်နယ် ပါရီ-ဘီကေကေ တိုက်ရိုက်ခရီး လေယာဉ်ထွက်ချိန်က နေ့လည်ခင်း
တနာရီခွဲခန့် ဖြစ်ပေမယ့် သာသာယာယာမရှိတဲ့ ရာသီဥတုကြောင့် ဥရောပကောင်းကင်ရဲ့ မိုးပြာပြာ
တိမ်ထူထူကိုသာ မြင်တွေ့ခွင့်ရခဲ့ပြီး ဥရောပမြေကြီးကို တွေ့ခွင့်မကြုံခဲ့ရပါဘူး၊ ဘီကေကေက အပြန်
ခရီးမှာလည်း မိုးမလင်းသေးတဲ့ ဥရောပကောင်းကင် မည်းမှောင်မှောင်ကိုသာ မငိုက်တချက်ငိုက်တ
ချက်နဲ့သာ ကြည့်ခွင့်ရခဲ့ပါတယ်။

အဲဒါကြောင့် ၂၀၁၄ ပါရီ-ကာတာ-ဘီကေကေခရီးစဉ် ၂၀၁၆ ပါရီ-ဒူဘိုင်း-ဘီကေကေ
အသွားအပြန်
ခရီးစဉ်တွေကိုတော့ ပြောင်းလဲလို့လာတဲ့ နည်းပညာတွေကြောင့် ခရီးစဉ်တွေကို ခရီးသွားဧဂျင့်တွေ
ဆီက အကူအညီ မယူတော့ဘဲ ကိုယ်တိုင်အွန်လိုင်းကနေ ရှာဖွေစီစဉ်ခွင့် ရရှိလာတာကြောင့် ကိုယ့်
စိတ်တိုင်းကျ အချိန် နေရာ လေကြောင်းလိုင်းတွေကို သေချာရွေးချယ် ဝယ်ယူလာနိုင်ခဲ့တာပြီး အဲဒီ
လိုမျိုး အာရှကောင်းကင် ဥရောပကောင်းကင်တွေ မြေပြင်တွေကို မောင်ရင်ငတေ့စိတ်တိုင်းကျ မြင်
တွေ့ခွင့် ရလာခဲ့ပါတယ်။

ဇာ့ဂရိုးစ်တောင်တန်းများ
Iranian Plateau ‘n’ Zagros Mountains
ရှားရှားပါးပါး မြင်တွေ့ခွင့်ရခဲ့တဲ့ အီရန်မြေပြင် (၁)
ဇာ့ဂရိုးစ်တောင်တန်းများ
Iranian Plateau ‘n’ Zagros Mountains
ရှားရှားပါးပါး မြင်တွေ့ခွင့်ရခဲ့တဲ့ အီရန်မြေပြင် (၂)
အဲလ်တောင်တန်းများ
Les
Alpes, Die Alpen, Le Alpi
မျှော်ကြပါ မျှော်ကြပါ၊
ဆက်ပါဦးမယ် ဆက်ပါဦးမယ်
မောင်ရင်ငတေ ၂၃၀၁၂၀၁၇
-၂၂၁၂၂၀၁၇
ခရီးမှတ်တမ်း ပုံရိပ်များ
ဥရောပကောင်းကင်သို့အပြန်
မောင်ရင်ငတေ ၂၃၀၁၂၀၁၇
-၂၂၁၂၂၀၁၇
Aucun commentaire:
Publier un commentaire