နယ်စည်းမဲ့ပါ ကမ္ဘာ
နယ်စည်းမဲ့ပါ ကမ္ဘာ
ကမ္ဘာ၊ ၊၊၊
နင် ငါ့ကို နယ်စည်းခြားမလား
နင် ငါ့ကို နယ်စည်းတားမလား၊ ၊၊၊
မလုပ်ပါနဲ့ ကမ္ဘာရယ်၊ ၊၊၊
ဘယ်ရပါလိမ့်မလဲ ကမ္ဘာ၊ ၊၊၊
နင်ရဲ့ မွေးရာပါ
တောင်တန်းတွေ တောတန်းတွေ
မြစ်ချောင်းတွေ လျှိုမြှောင်တွေ ပင်လယ်တွေနဲ့
သဘာဝအတိုင်း တံတိုင်းတွေ ထားခဲ့ပြီးပြီလေ၊ ၊၊၊
ဒီတံတိုင်းတွေကြားမှာ၊ ၊၊၊
ငါတို့ဟာ
အတူတကွ မွေးဖွား
အတူတကွ အသက်ရှု
အတူတကွ ရပ်တည်ခဲ့ကြ၊ ၊၊၊
ကြာခဲ့ပေါ့ ကမ္ဘာရယ်၊ ၊၊၊
ကမ္ဘာဦးစက
နင်ရယ် ငါတို့ရယ်ကြား
ရိုးရိုးသားသားနဲ့
လုပ်ကိုင်စားခဲ့ကြ
အဲ့ စစ်ပွဲနဲ့ ဘဝကို လဲ
ထင်တိုင်းကြဲခဲ့သူတွေလည်း
ရှိတာပေါ့ ကမ္ဘာ၊ ၊၊၊
အေး
နင်သိတာပေါ့
နင်သိတာပေါ့
နင်သိသမျှ နင်ဖွင့်ချရင်
ငါလည်းကျန်မှာ မဟုတ်ဘူးလို့
နင်ပြောချင်တာ ငါသိပါတယ်
ကမ္ဘာ၊ ၊၊၊
ငါကတော့ ငါ
ငါ့ အတ္တနဲ့သာ ငါ၊
၊၊၊
နင်နဲ့ နင့်တို့အကြောင်း
ကောင်းကောင်းသိချင်လို့၊
၊၊၊
ရေမကူးတတ်တဲ့ငါ
ကားမမောင်းတတ်တဲ့ငါ
ကုန်းကြောင်းသာလျှောက်တတ်တဲ့ငါ၊
၊၊၊
လွတ်လပ်ခြင်းကိုသယ်ပိုး
အေးချမ်းခြင်းကို
ရင်ဝယ်ပိုက်ပြီး၊ ၊၊၊
မြစ်ချောင်းတွေကိုကျော်ဖြတ်
တောတောင်တွေကိုကျော်ဖြတ်၊
၊၊၊
မိုးကောင်းကင်ဆီ၊
၊၊၊
တစိုက်မတ်မတ်
ငါ လွင့်ခဲ့ပါတယ်
ငါ လွင့်ချင်ပါတယ်
ငါ လွင့်နေဆဲပါ ကမ္ဘာ၊
၊၊၊
ကမ္ဘာ
နယ်စည်းမဲ့နဲ့ ကမ္ဘာ၊
၊၊၊
ကမ္ဘာ
နယ်စည်းမဲ့ပါ ကမ္ဘာ
နယ်စည်းမဲ့ပါ ကမ္ဘာ၊
။။။
ဖိုးဇီးရိုး ၀၀၀၀၂၀၁၇
For the Art of
Voyage
For the Love of
Voyage
For the Peace
of Voyage
Aucun commentaire:
Publier un commentaire