ပါရီမြို့ကိုဖြတ်သန်းသွားသူများ
စတေဖန်
မာလ်လာမေ Stéphane Mallarmé (1842-1898)
Pierre
Auguste RENOIR qui a peint son (Stéphane Mallarmé) portrait en 1892
၂၀၁၄
ခုနှစ် စက်တင်ဘာလ ကိုးရက်နေ့ ပါရီမြို့သား ကဗျာဆရာ စတေဖန် မာလ်လာမေ
ကွယ်လွန်ခြင်း
၁၁၆ နှစ် အမှတ်တရ ရေးဖြစ်ခဲ့တဲ့ စာစုတိုပါ။ မောင်ရင်ငတေ ၀၉၀၉၂၀၁၄
ဒီ
ကဗျာဆရာကြီးရဲ့အကြောင်း မောင်ရင်ငတေ ကောင်းကောင်း မသိခဲ့ပါဘူး၊
၂၀၁၁
ခုနှစ်က ပါရီမြို့ကို ရောက်ရှိလာတဲ့ ဗမာကဗျာဆရာကြီး ကိုခင်အောင်အေးရဲ့ ကဗျာတပုဒ်
ဖြစ်တဲ့
« မာလ်လာမေရဲ့ ယပ်တောင် » ကောင်းမှုကြောင့် စိတ်ဝင်စားပြီး မှတ်တမ်းတင်ဖြစ်တာပါ။
ကဗျာဆရာခင်အောင်အေးရဲ့ယပ်တောင်နဲ့
မာလ်လာမေရဲ့ယပ်တောင်
ဘာကွာသလဲ
ဘာတူသလဲ မောင်ရင်ငတေ မသိပါဘူး နားမလည်ပါဘူး၊
ပါရီမြို့ကို
ဖြတ်သန်းသွားသူများအဖြစ် မောင်ရင်ငတေ့ မှတ်တမ်းစာစုအဖြစ်သာပါ။
4,
Promenade (Quai) Stéphane Mallarmé
Musée
Départemental Stéphane-Mallarmé
Stéphane
Mallarmé စတေဖန် မာလ်လာမေ (၁၈၄၂-၁၈၉၈)
ကဗျာဆရာ Stéphane
Mallarmé စတေဖန် မာလ်လာမေ (၁၈၄၂-၁၈၉၈) ကို ပါရီမြို့မှာ
မွေးဖွားခဲ့ ပါတယ်၊ သူမွေးဖွားခဲ့ရာနေအိမ်ကိုတော့ မှတ်တမ်းများမှာ ရှာဖွေလို့မတွေ့ရှိရပေမယ့်
မာလ်လာမေနဲ့ သူ့အပေါင်းအသင်းရောင်းရင်း စာပေအနုပညာအမားများ စုဝေးခဲ့ရာ နေရာကတော့
ပါရီမြို့လယ်က သိပ်မဝေးလှတဲ့ အမှတ် ၁၇ ရပ်ကွက်ရှိ သူ့ရဲ့နေအိမ်တိုက်ခန်းမှာ ဖြစ်ပါတယ်၊
အဲဒီ သူနေခဲ့တဲ့ Rue de Rome အိမ်နံပတ် ၈၇ (အခုတော့ ၈၉) တိုက်ခန်းကျဉ်းကလေးမှာ
(တကယ်တော့ဒီကနေ့ခေတ် အတိုင်းတာအရဆိုရင် သိပ်ကျဉ်းတယ်လို့တော့ ပြောလို့မရနိုင်တော့ပါဘူး)
အင်္ဂါနေ့တိုင်း သူတို့အဖွဲ့ ဆုံတွေ့ကြပြီး စာပေအနုပညာတွေ အတွေးအခေါ်ဒဿနတွေကို ပြောဆိုဆွေးနွေး
ခဲ့ကြရာကနေပြီး သူတို့အဖွဲ့ကို Les Mardistes လို့ နောက်ပိုင်းမှာ ခေါ်ဝေါ်ခဲ့ကြပါတယ်။

ပါရီမြို့တော်ရဲ့ဆင်ခြေဖုံးမြို့လေးတမြို့ဖြစ်တဲ့
Vulaines-sur-Seine မြို့လေးကနေအိမ်မှာ နေထိုင်
နေရင်း ၁၈၉၈ ခုနှစ် အသက် ၅၆ နှစ်အရွယ်မှာ ကွယ်လွန် သွားခဲ့ပါတယ်၊ ကဗျာဆရာကြီး နေထိုင်
ကွယ်လွန်သွားခဲ့ရာ အဲဒီအိမ်ကလေးကို ကဗျာဆရာကြီးမရှိတော့တဲ့ နောက်လေးနှစ်အကြာ ၁၉၀၂
ခုနှစ်မှာ ကဗျာဆရာကြီးရဲ့ သမီးတော်အကြီးဇနီးမောင်နှံက ဝယ်ယူခဲ့ပြီးနောက် မာလ်လာမေ သုံးစွဲ
ခဲ့တဲ့ ပစ္စည်းပစ္စယတွေကို ပြတိုက်လေးတခုအနေနဲ့ အမှတ်တရ ပြသထားရှိခဲ့ပါတယ်။

၁၉၈၅
ခုနှစ်မှာတော့ အဲဒီ စဲန်းမြစ်နဘေးက သာယာလှပအေးချမ်းတဲ့ ကဗျာဆရာကြီးရဲ့ နေအိမ်ကို
Seine-et-Marne ခရိုင်အုပ်ချုပ်ရေးကောင်စီ ဝယ်ယူထိမ်းသိမ်းပြုပြင်ခဲ့ပြီး Musée Départemental
Stéphane-Mallarmé ပြတိုက်အဖြစ် အသွင်ပြောင်းလဲ ဖွင့်လှစ်ခဲ့ပါတယ်။
Seine-et-Marne ခရိုင်အုပ်ချုပ်ရေးကောင်စီ ဝယ်ယူထိမ်းသိမ်းပြုပြင်ခဲ့ပြီး Musée Départemental
Stéphane-Mallarmé ပြတိုက်အဖြစ် အသွင်ပြောင်းလဲ ဖွင့်လှစ်ခဲ့ပါတယ်။
စတေဖန်
မာလ်လာမေရဲ့
ယပ်တောင်ကဗျာကို အမှတ်တရ အနေနဲ့ ကူးယူဖော်ပြလိုက်ပါတယ်၊
မက်ဒ်မွာဇယ်ရ် မာလ်လာမေရဲ့ ယပ်တောင်
Eventail de Mademoiselle Mallarmé
Ô rêveuse, pour que je plonge
Au
pur délice sans chemin,
Sache,
par un subtil mensonge,
Garder
mon aile dans ta main.
Une
fraîcheur de crépuscule
Te
vient à chaque battement
Dont
le coup prisonnier recule
L'horizon
délicatement.
Vertige
! Voici que frissonne
L'espace
comme un grand baiser
Qui,
fou de naître pour personne,
Ne
peut jaillir ni s'apaiser.
Sens-tu
le paradis farouche
Ainsi
qu'un rire enseveli
Se
couler du coin de ta bouche
Au
fond de l'unanime pli !
Le
sceptre des rivages roses
Stagnants
sur les soirs d'or, ce l'est,
Ce
blanc vol fermé que tu poses
Contre
le feu d'un bracelet.
Fan of Mademoiselle Mallarme
O dreamy, so I dive
Pure delight
without a path,
Know, a subtle
lie,
Keep your hand
in my wing.
A cool twilight
You just beat
each
Which the
prisoner shot back
The gently
horizon.
Vertigo! Behold
shudders
Space as a big
kiss
That crazy
person to be born,
Can burst or
subside.
Do you feel the
wild paradise?
And a buried laughs
To slip out of
the corner of your mouth
At the bottom of
the unanimous fold!
The scepter pink
shores
Stagnant or on
the evenings, it is,
This white
flight that you put off
Against the fire
of a bracelet.
ဗမာကဗျာဆရာ ခင်အောင်အေးရဲ့ ကိုယ်ပိုင်ယပ်တောင်
မာ့ဒ်မွာဇလ် မာလာမေရဲ့
နောက်ယပ်တောင် ပြီးတော့ ကိုယ်ပိုင်ယပ်တောင်
ခင်မင်ရင်းနှီးချင်တယ်ဆိုရင်
လက်ရှိ ခူ နှစ်ကောင် သုံးကောင်ရဲ့ သည်းညည်းကို ခံနိုင်ရမယ်
ဝဲလှည့်နေတာအမျှောသန်လွန်းလို့
မိစ္ဆာဒိဌိ မုန့်သည်လာတယ် ခေါ်လိုက်စမ်း အိပ်မက်ဆန်ဆန်
ကို့ရို့ကားရား သရုပ်ဖော်မှု
ပင်လယ်ငှက်အသွင် ပြောင်းလိုက်ပါလို့ အမိန့်ပေးလိုက်ရင် (ပေါ်လာ
သေးရဲ့လား) ခက်တာက
အရသာ မကုန်သေးတာ မာ့ဒ်မွာဇလ် မာလာမေရဲ့ နောက်ယပ်တောင်
ပြီးတော့ ကိုယ်ပိုင်ယပ်တောင်
အရသာက မကုန်သေးဘူး ဘယ်လို ခရီးဆက်မလဲ သူ့ အရေပြား
အောက်မှာ ဒိုင်ယာလော့ဂ်တခု
ရှိနေတယ် ဟွန်းတွေ တီးလိုက်တဲ့အခါမှာ ဒါ ငါ့ ဥစ္စာလဲမဟုတ်ဘူး
(ဒါပေမယ့်) ဖားတွေကို
မြင်ရ ဒီလိုနဲ့ အကြောင်းအရာ တစ်ခုက တစ်ခုဆီ ပြေပြေပြစ်ပြစ် ဦးတည်
ဆက်နွယ်သွားကာ စမုံစပါး
ငါးပါး ၅ မူးသားစီ ဇဝက်သာ- ၁၀ိ/- သား မေတ္တာထားကြစေလိုပါသည်
ဒီအထိ အရသာရှိနေတုန်းပဲ
ဘုရားမှာလဲ သစ္စာနှံခဲ့ကြ တဝက်တပျက်မြှုပ်ထားတဲ့ ညနေမှာ စက်ဘီးစီး
လေ့ကျင့်ခန်း သွားတွေ ခိုင်ခံ့အောင် တကိုယ်လုံးအနှံ့ တက်တူးနဲ့ ရာနှုန်းပြည့် သဘာဝ သက်သက်
ဖြစ်လေဟန် မီးလျှံတွေပင်လယ်ထဲ အမိုးခုံးကောင်းကင်ထဲ ပျံ့လွင့်နေဟန် ဘယ် လောက်ဆန်းသလဲ
နွားများဖြတ်သွားလျင် ဖုံလိပ်တွေဖြင့်ပိန်းပိတ်နေကာ (စေ့စေ့စပ်စပ်ကြည့်လျင်) ကားမီးရောင်ထိုးထား
သည့် မီးပြေးတလျှောက်လုံး နှာနှပ်ယူရတော့တယ် အရပ်ပျက်တဲ့အခါ ထမင်းစားပါ ပျက်သလို အရသာ
ကော ဒီနေရာမှာပျက်ပြီလား အစပ်အဖာများတဲ့ မေးခွန်းအယိုင်အရွဲ့တွေ တံခါးတွေဟာ တခုခုကနေ
အခြားတခုခုကို ခြားထားဘို့ မလုံလောက်တော့ဘူး ကြေးပန်းအိုးထဲမှာ အလင်းရောင်တောက်လျှောက်
လင်းတောက်နေတယ် ခုပြခဲ့တဲ့ ‘အပြ’ကို တိမ်တွေကြားထဲက လ, တအိအိ ထွက်လာပုံ သုံးကိုယ်
ခွဲပြီး စကားတစ်ခွန်းထဲကို အထပ်ထပ်ပြောပုံ ပန်းကန်လုံးတလုံးထဲ ကော်ဖီရည် အငွေ့တထောင်းထောင်း
လောင်းထည့်လိုက်ပုံနဲ့ ငြီးငွေ့ခြင်း။ ။

ခင်အောင်အေး ၁၀၊ အောက်တိုဘာ၊
၂၀၁၀ ဘန်ကောက် ၁၀း၀၆ နာရီ
ဖော်ပြခွင့်ပေးလို့
့
့ ကျေးဇူးအထူးပါ၊
ဆရာခင်အောင်အေ့း့
့
မောင်ရင်ငတေ ၀၉၀၉၂၀၁၄-၀၉၀၉၂၀၁၇
PORTRAIT
DE STÉPHANE MALLARMÉ, Édouard Manet (1832-1883)
(Édouard
Manet qui a Peint Son Portrait en 1876)
Aucun commentaire:
Publier un commentaire