တိုင်းပြည်
တိုင်းပြည်
ခြောက်ဆယ့်လေး
ငါလည်းမွေးပြီးရော
စစ်အာဏာသိမ်းတဲ့တိုင်းပြည်
ဖြစ်ခဲ့ပြီ၊
ခွန်နှဆယ့်လေးရှစ်ဆယ်
ငါလူလားမြောက်ချိန်ကာလ
ကြိုက်သည်ဖြစ်စေ
မကြိုက်သည်ဖြစ်စေ
မြန်မာ့နည်းမြန်မာ့ဟန်နဲ့
ချီတက်ခဲ့ရတယ်၊
ရှစ်ဆယ့်ခြောက်ခွန်ရှစ်ကိုး
ငါလည်းကျောင်းပြီးခဲ့တဲ့ကာလ
ဒို့အရေး
ဒို့အရေး ဒို့အရေးအော်ရင်း
ဗရုတ်ဗရက်နဲ့
တိုင်းပြည်အမှောင်ကျခဲ့ရတယ်၊
ကိုးဆယ်နဲ့နှစ်ထောင်ကြား
ဘော်ဒါတွေ
သံတိုင်းကြားအသွား
အကျဉ်းထဲမနေနိုင်လို့
သူတပါးနိုင်ငံကိုသွား
နိုင်ငံခြားသား
အလုပ်သမားဘွဲ့ ခံယူခဲ့ရတယ်၊
နှစ်ထောင်ကျော်နှစ်ထောင့်တဆယ်
လွတ်မြောက်နယ်မြေရဲ့
တတိယနိုင်ငံ
ရှင်သန်ဖို့
ရုန်းကန်ရင်း လိုအင်တွေ ပြည့်ဝဖို့
ဆန္ဒတွေ
အကြိမ်ကြိမ် အကြိမ်ကြိမ် ပြခဲ့ရတယ်၊
လွတ်မြောက်နယ်မြေနဲ့
တိုင်းပြည်
တိုင်းပြည်နဲ့
လွတ်မြောက်နယ်မြေ၊
တိုင်းပြည်နဲ့
လွတ်မြောက်နယ်မြေ
လွတ်မြောက်နယ်မြေနဲ့
တိုင်းပြည်၊
နီးလာမလိုလိုနဲ့
ဝေးသွားလိုက်
ဝေးသွားမလိုလိုနဲ့
နီးလာလိုက်
ဝေးသွားမလိုလိုနဲ့
နီးလာလိုက်
နီးလာမလိုလိုနဲ့
ဝေးသွားလိုက်၊
ဒီကနေ့
နှစ်ထောင့်ဆယ့်ခွန်
ဒီကနေ့
နှစ်ထောင့်ဆယ့်ခွန်
ဒီကနေ့
နှစ်ထောင့်ဆယ့်ခွန်၊
နှစ်ထောင့်ရှစ်ရဲ့
ဂျင်းဥ
အဆုပ်လိုက်
အဆုပ်လိုက်
ငါ့လက်ထဲမှာ
တပွေ့တပိုက်၊
ဖိုးဇီးရိုး
၁၃၀၉၂၀၁၇
တိုင်းပြည်
Aucun commentaire:
Publier un commentaire