Libellés

jeudi 27 juillet 2017

** * တခါကနေ့ရက်များ (၄) ** *

နှစ်ဆယ်ကျော်အလွမ်း
တခါကနေ့ရက်များ (၄)


(Photo Poet SawWai)

ကိုစံရွှေမြင့်ရေ့
ရှုပ်ထွေးပွေလီလွန်းလှတဲ့ ဒီလောကမှာ အများစုကတော့ သားရေးမယားရေး စားရေးသောက်ရေးနဲ့ ကြီးပွားရေး ကိစ္စတွေမှာသာ လုံးထွေးနေကြရသူတွေကများတော့ အချိန်ပိုတိုင်း အားအားယားယား ပေါက်တတ်ကရ ရေးနေတဲ့ကောင်မျိုးကို အမြင်မကြည်ကြတာလည်း ရှိချင်ရှိလိမ့်မပေါ့ ဗျာ။

ဒါတော့ ဘယ်တတ်နိုင်ပါ့မလဲ နော့့် ခင်ဗျားကတော့ ပြောမှာပေါ့ မင်းကွာ ဘယ်ဘဝက ဝဋ်ဒုက္ခလည်းကွာ ဒီလောက်ရေးနေတာ့  ခံ ခံ့ခံသာခံ့ ဟေ့ကောင်ရေ။

အေးဗျာ့ ကိုယ်ဘဝနဲ့ကိုယ် ပေါ့၊ ထားပါတော့ ထားပါတော့ ရေးချင်တာက့
ဟိုးတုန်းက ရင်ခုန်သံတွေဗျ့ ဘဝအမောတွေနဲ့ လုံးထွေးနေတဲ့သူတွေကို လတ်ဆတ်တဲ့ ရင်ခုန်သံဟောင်းတွေက ဘာရယ်မဟုတ် တဒင်္ဂလောက်တော့ စိတ်အမောပြေစေတာပေါ့ ဗျာ။

မဟုတ်ဘူးလာ့း့ ဗျ့ ဒါကြောင့်လည်း ဘာကျောင်းသား ညာကျောင်းသားဟောင်းများ

လိမ္မော်သီးဟောင်းများဆိုပြီး ငါးဆယ်သားတွေ ဖေ့စ်ဘုတ်ခ်ကြီးမှာ ပလူပျံနေကြတာ ခင်ဗျားလည်း တွေ့မိမှာပေါ့၊ မင်းတို့လို အဝေးရောက်ကောင်တွေက အဖြစ်သည်းနေတာပါ၊ ငါတို့ကတော့ ယားလို့ တောင် မကုတ်အားဘူးလို့ ခင်ဗျား ပြောချင်သလား၊ ပြောချင်တာ ပြောဗျာ၊ မှန်တော့လည်း ခံပေါ့။


(Photo HHAYEK°FB)

လွမ်းတာကတော့ လွမ်းတာပဲဗျာ၊ ကြီးလို့ လွမ်းတာ ဝေးလို့ လွမ်းတာ နှစ်မျိုးရောပြီး ပိုလွမ်းတာပေါ့၊
မင်းကလည်းကွာ လွမ်းရင် ပြန်လာပေါ့့ ခင်ဗျားပြောမှာပေါ့့  အဲလို့ ဟုတ်လား၊
တိုင်းရေး ပြည်ရေး ရှုပ်ထွေးတာ အသာထားဗျ၊ မလွယ်ဘူး ဆရာရေ မလွယ်ဘူး၊ ရှေ့ရေးနောင်ရေး သိပ်မတွေးတတ်တဲ့ ကြုံရာကျပန်း မင်းလိုကောင်မျိုးတွေ မလွယ်ဘူးပြောတာ ဘာမှမဆန်းပါဘူးလို့ ခင်ဗျားပြောမှာကိုလည်း သိပါတယ်ဗျာ၊ ထားပါဗျာ အဲဒါလည်း ထားလိုက်ပါတော့။

ရင်ခုန်သံ အဟောင်းတွေဆီပြန်လာ အခုဆောက်ထားတဲ့ တံတားအသစ်ကြီးပေါ်လမ်းလျှောက်ရင်း
ခင်ဗျားနဲ့တော့ တံတားဟောင်းပေါ် လျှောက်ခဲ့တဲ့အကြောင်းတွေ ထွေရာလေးပါး ပြောချင်မိပါသေး တယ်ဗျာ၊ တံတားသစ်ကြီးအကြောင်းတော့ သိပ်စာမဖွဲ့ချင်ပါဘူး။

မှတ်မိတယ်ဗျာ၊ တညနေခင်းမှာပေါ့! တံတားကြီးပေါ်ဖြတ်လို့ စက်ဘီး ကိုယ်စီနင်းလို့ ကန်ဘောင်ရိုး အတိုင်း အနောက်ဘက်ကိုနင်း သွားကြတာ့ ဟာ့ ဟ ကျူရှင်လစ်ပြီးပေါ့၊ ရာသီဥတုကလည်း သာသာယာယာနဲ့ ကန်ရေပြင်လေကလည်း တညင်းညင်းနဲ့ပေါ့၊ ကန်စောင်း တနေရာမှာ ထိုင်ဖို့ရွေး ထိုင်ကြတာပေါ့၊ အသစ်စက်စက် ဘက်တာဖလိုင်းစက်ဘီးလေးကို တနေကုန်နင်းကောင်းကောင်းနဲ့ မြို့တပတ်မကနင်းခဲ့တာမို့ လူကလည်း အတော်မောနေချိန်ပေါ့၊ ကန်စောင်းနားက အကြော်ဆိုင်က အကြော်တပွဲမှာ ရေနွေးကြမ်း ပူကျကျကို ခပ်ဖြေးဖြေးမှုတ် တကျိုက်နှစ်ကျိုက်သောက်၊ ကန်ရေပြင် မျက်နှာမူ ရေကသိုင်းရှုရင်း ဘေးနားမှာ သနပ်ခါးနံ့လေးတွေကလည်း တသင်းသင်းမွှေးနဲ့ပေါ့။

သတိရတယ်ဗျာ့ အဲလို သာယာခဲ့တာ့
ဘဝရဲ့ မေ့မရနိုင်တဲ့ အစိတ်အပိုင်းတွေထဲမှာ အဲဒါမျိုးတွေပေါ့၊ အဲနေရာလေးကို အခုထိ မျက်လုံးထဲ မြင်ယောင်နေဆဲ ဗျာ၊ လှေတစင်းနှစ်စင်း ငါးမျှားနေတဲ့သူ နှစ်ယောက်သုံးယောက်ရှိမယ်၊ ညနေခင်း အပျင်းပြေ လာထိုင်ကြသူ တယောက်စနှစ်ယောက်စရှိမယ်၊ တဲကုတ်လေး လေးငါးခြောက်လုံးရယ် အကြော်တဲလေးရယ် သစ်ပင်အိုကြီး တပင်အောက်က ကွမ်းယာဆိုင် ခပ် ယိုင်နဲ့နဲ့လေး တဆိုင်ရယ် ရှိမယ်၊ အမှတ်ရတာပေါ့ဗျာ့ အဲဒီ ကွမ်ယာဆိုင်လေးက စီးကရက်သောက်ခြင်း အစပြုခဲ့ရာပေါ့ ဟုတ်လား၊ ငါးလိပ်ကို တကျပ်လား သုံးလိပ်ကို တကျပ်လားတော့ မှတ်မိတော့ဘူးဗျာ။

ကန်ရေပြင်ကသိုင်းရှုရင်း ဘာမှအလုပ်တတ်လို့ စီးကရက်တွေနင်းတွန်းဖွာလို့ မီးခိုးငွေ့တွေသီးတော့
ခင်ဗျားကကိုယ်ချင်းမှမစာ လှိမ့်ပိန့်နေအောင် ရီနေလိုက်တာ အခုတောင် ပြန်မြင်ယောင်မိတယ်ဗျာ၊ ဟာ့ ဟ တကယ်ပါ၊ တခါကတော့ ငမူးတကောင် ရောက်လာလို့ ခွေးပြေးဝက်ပြေး ပြေးခဲ့ရသေးတာ ကိုလည်း ဘယ်လို မေ့ရပါ့မလဲ ဗျာ။

အေးပေါ့ဗျာ၊ အဝေးရောက်မင်းတွေ အဖို့မှာတော့ စက်ဘီး နင်းတာလည်းလွမ်း ကန်စောင်းထိုင်တာ လည်းလွမ်း အကြော်စားတာလည်းလွမ်း လွမ်းလို့ရယ်ကမဆုံး ခင်ဗျား ရယ်ပွဲဖွဲ့ချင် ဖွဲ့နိုင်ပါတယ်ဗျာ၊ ဟုတ်လား၊ တခါကနေ့ရက်များ တခါကနေ့ရက်များ ပေါ့့
့
့
တခါကနေ့ရက်များ ပေါ့။

မောင်ရင်ငတေ ၂၃၀၇၂၀၁၇


နှစ်ဆယ်ကျော်အလွမ်း
တခါကနေ့ရက်များ (၄)

Aucun commentaire:

Enregistrer un commentaire