နှစ်ဆယ်ကျော်အလွမ်း
တခါကနေ့ရက်များ (၃)
(Photo Poet SawWai)
ကိုစံရွှေမြင့်ရေ့
မဟေသီတွေချယ်ရီတွေ ပြောမိပြန်တော့ ဇော်ကြီးကိုသတိရမိပြန်ရော၊
ဇော်ကြီးကိုတော့
ခင်ဗျားက ဘယ်သိပါ့မလဲ၊ ခင်ဗျားလို ရင်းနှီးစွာ ပေါင်းသင်းခဲ့ဖူးတဲ့ သူငယ်ချင်းကြီးတယောက်
ပေါ့ဗျာ၊ အေးဗျာ ဇော်ကြီး ချယ်ရီနဲ့ တခါက နေ့ရက်များ ဆိုပြီး အပိုင်းတပိုင်းခွဲ ရေးရဦးမယ်။

အေးဗျာ ကိုစံရွှေမြင့်ရေ့
ကျုပ်ဆိုတဲ့ မောင်ရင်ငတေဆိုတဲ့ ကောင်ရဲ့ ဘဝကလည်း ဘာတခုကိုမှသာ
ဖြစ်ဖြစ်မြောက်မြောက်
မလုပ်တတ်ခဲ့တာ စပ်စပ်စပ်စပ်တော့ အတော်လုပ်ခွင့်ရခဲ့တယ် ဆိုပါတော့၊ အခုတော့ စပ်စပ်စပ်စပ်

အလုပ်တွေထဲမှာ သောင်လာတင်နေတာကတော့ ဒီလိုအတိုအစတွေ ရေးမိတဲ့
အလုပ်ပေါ့၊
ပိုက်ဆံ မရတဲ့ အလုပ်ဆိုရင် မင်းနဲ့ အံပိုကျတတ်တယ်လို့ သောက်ဖော်သောက်ဖက် တယောက်က
မူးမူးနဲ့ ပြောဖူးခဲ့တယ်ဗျ ဟာ့ ဟ၊ တကယ်ဗျ့  ပိုက်ဆံအကြောင်း စီးပွားရေးအကြောင်း
ပြောရင် ခေါင်းထဲ မူးနောက်နောက်ဗျာ့ ဘယ်လိုမှ မခံစားနိုင်ဘူး။

ခင်ဗျားတို့နဲ့ ဆုံခဲ့တဲ့ ၇၉ ၈၀ နှစ်များကနေ နေတဲ့ နေရာတွေ
တနေရာပြီး တနေရာ ပြောင်းခဲ့ရသလို
လူမျိုးစုံ အချစ် အမုန်း မျိုးစုံနဲ့လည်း တွေ့ကြုံခဲ့ရတာပေါ့၊
အခုလက်ရှိ ပါရီမှာ မနေခင် အထိပေါ့ဗျာ၊
ပါရီအကြောင်း ဥရောပအကြောင်း တွေကတော့ ရေးဖြစ်ခဲ့တာ များပါပြီ၊
တက်ကျမ်းတွေ မဟုတ်ဘဲ
ကျကျမ်းတွေဖြစ်နေလို့လား သိပါဘူးဗျာ အားပေးတဲ့ ပရိတ်သတ်ကတော့ ကျိုးတိုးကျဲတဲပါ။

အဲဒါတွေ တောရေးတောင်ရေး ရေးရေးနေရင်း ငြီးငွေ့လာရင် အခုလို
ခပ်ရှေးရှေးက နှစ်ဆယ်ကျော်
ဇာတ်လမ်းအဟောင်းတွေ ပြန်တွေးတွေး ရေးရတာက ပိုခံတွင်း တွေ့လာတာမျိုးလည်း ဖြစ်နိုင်တယ်
ဗျ၊ ခက်တာက ရုပ်ကြမ်းကြီးနဲ့ကောင်ရဲ့ ဇာတ်တွေက ခပ်ကြမ်းကြမ်း ဖြစ်နေတာဗျ။
ဇာတ်လမ်းအဟောင်းတွေ ပြန်တွေးတွေး ရေးရတာက ပိုခံတွင်း တွေ့လာတာမျိုးလည်း ဖြစ်နိုင်တယ်
ဗျ၊ ခက်တာက ရုပ်ကြမ်းကြီးနဲ့ကောင်ရဲ့ ဇာတ်တွေက ခပ်ကြမ်းကြမ်း ဖြစ်နေတာဗျ။
(Photo Poet SawWai)
ကိုစံရွှေမြင့်ရေ့
တိုက်တိုက်ဆိုင်ဆိုင်ဗျာ့
ခင်ဗျားနဲ့ ပတ်သက်ခဲ့တဲ့အကြောင်း စိတ်ထဲပြန်ရောက်လာခဲ့ပြီး
တခါကနေ့ရက်များ အစ ထီလာမြေ
လွမ်းခြင်းတွေကို ရေးမိနေရင်း ဒီကနေ့ မနက်ကြီး ငါးနာရီမှာ အိပ်ရာကအနိုး လက်ကိုင်ဖုန်းကိုလှမ်း
လို့ယူ နာရီတချက်ကြည့် ဖုန်းအပွတ်မှာ တိုက်တိုက်ဆိုင်ဆိုင် တွေ့မိလိုက်ရတာပေါ့၊ ဘာရှိရမလဲဗျာ၊

ရေကန်တကန်ရဲ့ ဓါတ်ပုံတပုံပေါ့၊ အဲဒါနဲ့မျက်လုံးနည်းနည်းကျယ်သွား
ပြန်အိပ်မရတာနဲ့ ကွန်ပြူတာ
ဖွင့်လိုက်မိတာပေါ့၊ မျက်လုံးက ကျယ်သွားပေမယ့် မျက်စေ့က ခပ်မှုန်မှုန်
ဖြစ်နေပြီမို့ ဒီလို စမတ်ဖုန်း
မျက်နှာပြင် ငါး ဒဿမ ငါးလက်မနဲ့က အားမရတော့ဘူးလေ။
မြင်ဖူးခဲ့တဲ့သွားဖူးခဲ့တဲ့ နေရာတနေရာ လောလောဆယ် စိတ်ကူးထဲရောက်ရောက်နေတဲ့
နေရာမို့လို့
ချက်ချင်း ဘယ်နေရာလည်းဆိုတာ တန်းသိလိုက်ပါရဲ့ဗျာ၊ အဲဒါနဲ့
ကွန်ပြူတာကိုဖွင့် ဖေ့စ်ဘုတ်ခ်ကို ဖွင့်
ပုံရှာ တင်တဲ့သူ ဘယ်သူလည်းဆိုတာ ကြည့်တော့ ကဗျာဆရာ ကိုစောဝေ ဖြစ်နေတယ်၊ သူက ပါရီကို
နှစ်ခေါက်လာဖူး တွေ့ဖူးနေတော့ အဲဒီရေကန်ပုံလေးတွေကို ယူသုံးချင်တယ် သုံးခွင့်ရမလား ကိုစောဝေ
ဆိုပြီး ခွင့်တောင်းရင်း ရေးလက်စ တွေးလက်စ ဖီလင်တွေလည်း အလိပ်လိုက် တက်လို့ လာခဲ့ရတာပေါ့၊
ကြုံမှကြုံတတ်ပလေ ကိုစောဝေရေ့  ကျေးဇူးပါဗျာ။

ပုံထဲတွေ့ရတဲ့ ရေကန်နဲ့ ရေတင်စက် တံတားလေးကတော့ ဟိုးတုန်းကနဲ့
ဘယ်တူပါတော့မလဲလေ၊
နှစ်တွေက ကြာခဲ့ပြီမှလား၊ ခင်ဗျားနဲ့အတူ ညနေခင်းအတော်များများမှာပေါ့ စီးလာတဲ့ စက်ဘီးလေး
ကန်ဘောင်ပေါ်မှာ ဒေါက်ထောက် ရေစက်တံတားလေးပေါ် လမ်းလျှောက်ရင်းထိုင်ရင်း စောင့်မျှော်
ခဲ့ရတဲ့ ညနေခင်းတွေပေါ့ဗျာ၊ အဲ ခင်ဗျား ဖွာနေတဲ့ ဒူးယားစီးကရက်ကိုတောင်း မဖွာတတ်ဖွာခဲ့ရတာ
မှတ်မိနေပါသေးတယ်၊ ခင်ဗျားကတော့ ကောလိပ်ကျောင်းသားကိုးဗျ၊ အဲဒီတုန်းက စီးကရက် ခိုးဖွာ
ခဲ့ရတဲ့ မောင်ရင်ငတေကတော့ ဒီကနေ့ ကျွမ်းကျင်အဆင့် တစ် ရောက်ခဲ့ရပြီပေါ့။

အဲဒါနဲ့ “သျှိသျှားကန်”သို့မဟုတ် “မထိလာကန်”ကန်ပတ်လမ်းအတိုင်း စိတ်ကူးလမ်းလျှောက်လို့
သွားလိုက်တာ တရုတ်ဂိတ် ခေါ်သလား သိပ်တောင်မမှတ်မိချင်တော့တဲ့
နေရာထိကို ရောက်သွားခဲ့
ရခဲ့တာပေါ့ ကိုစံရွှေမြင့်ရေ့ အဲဒီတုန်းကလည်း အဲဒီနေရာထက်ကျော်ပြီး အလွယ်တကူနဲ့
သွားလို့ မရခဲ့လို့လား သွားဖြစ်ခဲ့သေးလား ခင်ဗျားနဲ့ ပြန်တွေ့ရင် မေးလိုက်ချင်ပါသေးတယ်ဗျာ။

အဝေးရောက်သမားတွေအတွက်က ဒီလို စိတ်ကူးနဲ့ ရူးနေရတာကိုက အရူးဖြေဆေး
တခုပေါ့ ကိုယ့်
ဆရာရယ်၊ ကိုယ့်ဆရာရဲ့ ပြုံးစစမျက်နှာပေးကို ဒီကနေ့ခေတ် ဆယ်လ်ဖိနဲ့ဆွဲ မှတ်တမ်းတင်မိလိုက်
ချင်တော့တာ အမှန်ပဲဗျို့၊ ကိုယ်တိုင်မရောက်နိုင်လို့ ဂူဂဲလ်မြေပုံပေါ်မှာ ရှာတော့လည်း အားမရတွေ
ဖြစ်ရ၊ အဲတော့ တွေ့ရတဲ့ပုံတွေကြည့်၊ အရူးစိတ်ကိုဖြေ၊ အဲဒီလိုနဲ့ ခုနှစ်သက္ကရာဇ်တွေကို ကျော်ဖြတ်
သန်း၊ တရက်တရက် ကြီးလာတဲ့ အသက်တွေကို မေ့လျော့ဖို့ အတိတ်နဲ့ အနာဂတ်ကို ပေါင်းစပ်ရင်း
ပစ္စုပ္ပန်ရက်တွေကို ကျေနပ်နေတတ်အောင် နေခဲ့တာကတော့ အရေအတော်ထူနေပါပြီ ဗျာ။

လွမ်းရုံလေး လွမ်းနေတာကိုတော့ အပြစ်တင် မစောပါနဲ့ နော့ ကိုယ့်ဆရာ
စံရွှေမြင့်ရေ့
မင်းနေရာဆိုရင် ငါက သုံးလေးဆ ပို လွမ်းပစ်မှာ့
့ ဟာ့ ဟ့  ခင်ဗျား အဲလို
ပြောမှာကို သိနေတယ်လေ့ ဟာ့ ဟ့ ကိုစံရွှေမြင့်ရာ့
့ ဟာ့ ဟ။

တခါကနေ့ရက်များ
တခါကနေ့ရက်များ ပေါ့၊
့
့
တခါကနေ့ရက်များ ပေါ့။
မောင်ရင်ငတေ ၂၁၀၇၂၀၁၇
နှစ်ဆယ်ကျော်အလွမ်း
တခါကနေ့ရက်များ (၃)
Aucun commentaire:
Enregistrer un commentaire