Libellés

mardi 18 juillet 2017

** * တခါကနေ့ရက်များ (၁) ** *

နှစ်ဆယ်ကျော်အလွမ်း
တခါကနေ့ရက်များ (၁)
                          


တခါကနေ့ရက်များ (၁)
့ 
့ 

အဲ့  ဒီ စာက အကျိုးပြုစာတော့ မဟုတ်မှာ သေချာပါတယ် လို့ ပြောထားပါရစေ။

ဘာလို့မှန်း မသိ ဒီနေ့ တနေကုန် ညဥ့်သန်းကောင်ယံအထိ
မောင်ရင်ငတေရဲ့ လက်ဦးဆရာ ညောင်ဦးသား ကိုစံရွှေမြင့်ကို
အထူး သတိယ နေမိတယ်၊ သူ့နာမည်ရင်းကိုတော့ မဖော်ပြတော့ပါဘူး၊

နေ့လည်ပိုင်းက ထီလာသား သူငယ်ချင်းဟောင်းများနဲ့ စကားတွေ ပြောမိရလို့လည်း
သတိတွေ ရနေမိတာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်၊ ဆက်စပ်မိသမျှကို ပြန်စဉ်းစားမိရတာလည်း
အကျင့်ကပါ နေမိတာ ဖြစ်ကောင်းဖြစ်ပေမပေါ့။

ဒီကနေ့မှာ လူ့လောကမှာ သူ ရှိကောင်း ရှိနေမလား မောင်ရင်ငတေ မသိပါဘူး၊
အဆက်သွယ်ပြတ် မတွေ့တော့တာလည်း မောင်ရင်ငတေ ထီလာမြေကခွာ မန်းတက္ကသိုလ်
နယ်မြေကို ရောက်သွားကတည်းကပါ၊ သတင်းတွေ ကြားခဲ့ပေမယ့် မတွေ့ဖြစ်ခဲ့တာ ကြာခဲ့ပါပြီ၊
ဒီကြားထဲ တွေ့ဖြစ်ခဲ့သေးသလား လုံးဝ မတွေ့ဖြစ်ခဲ့လေသလားတောင်မှ သိပ်မသဲကွဲတော့ပါဘူး။

သတိယနေမိရတဲ့ အကြောင်းရင့်း့
ထင်မိရတာ တခုကတော့ ဗန်ဂိုးကြီးရဲ့ ဂျုံခင်းစိမ်းတွေအကြောင်း စဉ်းစားရင့်း့

စိတ်ထဲ ပြန်ပေါ်လာတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်၊ ဒီလို ဂျုံးခင်းတွေတော့ မဟုတ်ဘူး ပေါ့၊
အလား သဏ္ဍာန်တူတဲ့ စိမ်းလန်းစိုပြေတဲ့ စိုက်ပျိုးခင်းတွေကြား သွားဖူးခဲ့တာကို ရောသွားလို့လည်း
ဖြစ်နိုင်ပါတယ်၊ ကြာတော့ ကြာခဲ့ပါပြီ၊ ၇၉ ၈၀ ခုနှစ်များဆီက သာယာသော နေ့ရက်များ တချို့ပေါ့။



အဲဒီချိန်တုန်းက မောင်ရင်ငတေဆိုပြီး ပေါက်တတ်ကရ ဖြစ်လာမယ့် အကောင်က အသက် ၁၆ နှစ် သား 
သာသာပေါ့၊ ၁၆ နှစ် တရက်လျော့တွေရဲ့ထုံးစံ ဆတ်စလူးခါနေစဉ်ချိန်ပေါ့၊ အရာရာကိုထိခိုက် ကျိုးပဲ့ လွယ်
လွန်းနေတဲ့ အချိန်ပေါ့၊ နှုတ်ခမ်းကြား စီးကရက်လေးညှပ် ဘိုလိုတော့ခ်ချင် နေချိန်ပေါ့။

အင့်း့  ဒီကနေ့ထိလည်း နည်းနည်းတော့ ခါတာတာ ရှိနေဆဲပါ၊

ကိုစံရွှေမြင့်ရေ့ အခုထိ့  ကန်စောင်းတွေမှာ ထိုင်မိရင်လည်း သတိရကြောင်းတော့ 
ထည့် ပြောပါရစေဦး၊ တကယ် ဗျာ့ သတိယ တယ် ဗျာ။

အဲဒီတုန်းက့ 
မောင်ရင်ငတေက ဆယ်တန်းကျောင်းသားပါ၊ ကိုစံရွှေမြင့်ကတော့ ကောလိပ်ကျောင်းသားပေါ့။

တိတိကျကျပြောရရင် ဒေသကောလိပ် ကျောင်းသားပေါ့၊ မောင်ရင်ငတေ မှတ်မိနေတာက အဲလူက 
အမြဲလိုလို ဘောင်းဘီရှည် အညိုရောင် အကျီနီညိုကွက်ကြားနဲ့ စီးကရက်လေး နှုတ်ခမ်းကြားခဲလို့ 
စကားပြောရင် ပြုံးစစနဲ့ပေါ့၊ နယ်ကျောင်းတွေမှာ ဘောင်းဘီဝတ်ခြင်း ဓလေ့က သိပ်မထွန်းကားချိန် 
ပေါ့လေ၊ တရက်တလေ တထည်တလေ ဝတ်သူတွေ ရှိပေမယ့် နေ့စဉ်လိုလို အချိန်ပြည့် ဝတ်ကြသူ 
သိပ်မရှိတာကတော့ သေချာပါတယ်။

မောင်ရင်ငတေကလည်း ဆယ်တန်းယူနီဖောင်းကြီးကို စိတ်ပျက်စွာနဲ့ဝတ်ဆင်နေရသူဆိုတော့ အဲဒီ 
ကောလိပ်ကျောင်းသားယူနီဖောင်းကို သဘောကျမိချိန်ပေါ့၊ ညနေပိုင်းချိန်တွေ ဆိုရင်တော့ ဂျင်းပန် 
(ဝမ်းနိုင်းတို့ ပီဂျေတို့ ကွန်မန်ဒိုတို့ ခေတ်ပေါ့၊) တကားကားဝတ် မိတ္ထီလာ ကန်ဘောင်ရိုးတလျှောက် 
လမ်းသလား နေချိန်ပေါ့၊ တီလုံးတို့ ဒေဗစ်ချန်းတို့ကြည့် ဂျိုထနေချိန်ပေါ့လေ။

ညောင်ဦးသား ကိုစံရွှေမြင့်ကတော့ ခပ်အေးအေး သမားပါ၊ စကားလည်း သိပ်များများ မပြောပါဘူး၊
သူနဲ့ မောင်ရင်ငတေနဲ့ ဘာလို့တွဲမိရတာလည်း ဆိုတာကတော့ အကြောင်းရှိတာပေါ့ ဗျာ၊ အတိကျ
တော့ မောင်ရင်ငတေပြောလို့ မကောင်းပါဘူး ထင်ပါတယ်၊ အချစ်ခင်ဆုံး သူငယ်ချင်းနှစ်ယောက်ရဲ့
ရည်းစားတွေအဖြစ် ကျရာ ဇာတ်ရုပ်ကနေ သရုပ်ဆောင်ခဲ့မိရတယ် ထင်တာပါပဲဗျာ။

အသေးစိတ် ရေးရရင်တော့ ငိုချင်းတွေ ပါလာနိုင်တာမို့လို့ အခုတော့ မရေးတော့ပါဘူးလေ။
သိပ် ကြာကြာတော့ မဟုတ်ပါဘူး၊ မောင်ရင်ငတေ့ ဘဝကလည်း နေရာတနေရာမှာ သိပ်ကြာကြာနဲ့ 
နေခွင့် မရခဲ့တာလည်း ပါမှာပေါ့၊ နွေမိုးဆောင်း တရာသီစီ ပြောင်းရုံမျှ လောက်သာပါ၊ နောက်တော့ 
မောင်ရင်ငတေလည်း စာမေးပွဲကျ စလေဦးပုညရဲ့ မြေမှာ စလေဇီးသီး သွားကောက်ရင်း တနှစ်တာ
ခိုလှုံခဲ့ရတာကနေ သူတို့တွေနဲ့ ဝေးခဲ့ရပါတော့တယ်။

ကိုစံရွှေမြင့် သတင်းကိုလည်း ကိုးဆယ်လွန် နှစ်များမှာ ညောင်ဦးရောက်ခိုက် လိုက်လံ စုံစမ်းမိသေး 
ပေမယ့် အဝင်အထွက် လွဲနေကြလို့ တွေ့ခွင့်မသာခဲ့ပါဘူး။

အခုတော့ ဒီကနေ့ သတိရမိရသမျှ မှတ်တမ်းတင် ရေးလိုက်ပါတယ် ကိုစံရွှေမြင့်ရေ၊
လူလောကမှာ ရှိနေသေးရင်တော့ (ဖဘ) လောက်ကနေ တွေ့ချင်မိရပါသေးတယ် ဗျာ။

ဒီထက် အသေးစိတ်ကိုတော့
နောက်များမှ ခပ်ပါးပါး ရေးဖို့ ကျိုးစားပါဦးမယ် ကိုစံရွှေမြင့်ရေ့

မောင်ရင်ငတေ ၁၇၀၇၂၀၁၇

နှစ်ဆယ်ကျော်အလွမ်း
တခါကနေ့ရက်များ (၁)
                            

Aucun commentaire:

Enregistrer un commentaire