ခရီးမှတ်တမ်း
ပုံရိပ်များ (ကျောက်ဖရား သောင်ရင်းမှသည် မယ့်ခေါင်ဆီသို့)
(လွမ်းချင်းများစွာနဲ့
ဘီကေကေ) (စာစု တစ်)
ဘီကေကေ့ View from BAIYOKE
အနုစဝါရီ
သို့မဟုတ် အောင်ပွဲရကျောက်တိုင်
အနုစဝါရီ
သို့မဟုတ် အောင်ပွဲရကျောက်တိုင် View from BAIYOKE (ဓါတ်ပုံ
မရငတ)
ဘီကေကေ
့ 
View
from BAIYOKE
အနုစဝါရီ
သို့မဟုတ် အောင်ပွဲရကျောက်တိုင်
อนุสาวรีย์ชัยสมรภูมิ
(Victory
Monument) (June 1942)
ဒုတိယကမ္ဘာစစ်တွင်းကာလ
့
ပြင်သစ်-ထိုင်း
စစ်ပွဲ
(Franco-Thai War, Octobre 1940 - Mai 1941)
ဒီ
စစ်ပွဲမှာ အရေးနိမ့်ခဲ့တဲ့ ပြင်သစ်ကြီးတွေက အရှုံးပေး စစ်ပြေငြိမ်းရေး အထိမ်းအမှတ် အနေနဲ့
တည်ဆောက်ပေးခဲ့တယ်
ဆိုကြပါတဲ့ Le Monument de la Victoire့
အဲဒီ
အနုစဝါရီ ခေါ် အောင်ပွဲရကျောက်တိုင် ပုံစံက ရှေး အီဂျစ်တွေရဲ့ Obélisque ပုံစံမျိုးပါ၊
ထိုင်းလူမျိုး
ဗိသုကာပညာရှင် Button Malakul က ဒီဇိုင်းထုတ် ရေးဆွဲခဲ့တယ် ဆိုကြပါတယ်၊
ဒါပေမယ့်
အဲဒီ အချိန်ကာလမတိုင်မီ ၁၉၂၃ ခုနှစ်လောက်ကပင် ထိုင်းနိုင်ငံသို့ ရောက်ရှိအခြေချ
နေထိုင်နေပြီဖြစ်တဲ့ အီတလီပြည်ဖလောရင့်မြို့သား ရုပ်တုပန်းပုပညာရှင်တဦးဖြစ်သူ Corrado
Feroci
(1892-1962) ခေါ် ထိုင်းအမည် Silpa Bhirasri လို့ ခံယူထားသူရဲ့ အကူအညီက မြောက်များစွာပါ
(1892-1962) ခေါ် ထိုင်းအမည် Silpa Bhirasri လို့ ခံယူထားသူရဲ့ အကူအညီက မြောက်များစွာပါ
ဝင်ခဲ့တယ်လို့ ဆိုကြပါတယ်၊ အဲဒီ အနုစဝါရီ ကျောက်တိုင် ဘေးပတ်ပတ်လည်ရှိ ရုပ်တု အများစုက
အဲဒီ
အီတလီယန်-ခွန်ထိုင်းကြီးရဲ့ လက်ရာများသာ ဖြစ်တယ် ဆိုကြပြီး ဘန်ကောက်မြို့ အပါအဝင်
တခြား
ထိုင်း မြို့ကြီးတော်တော်များများက နာမည်ကြီး ရုပ်တုတွေကလည်း သူ့လက်ရာတွေသာပါ။
ထိုင်းနိုင်ငံတဝှမ်း
ပါဝင်ပတ်သက်ခဲ့တဲ့ သူရဲ့ နာမည်ကြီး လက်ရာ တချို့ကတော့ 
Statue
du Roi Rama I, Pont du Mémorial, Bangkok (1932)
Monument
de la Princesse Suranari, Héroïne de Nakhon Ratchasima (1934)
Monument
de la Démocratie, Bangkok (1938)
Monument
de Rama VI, Parc Lumphini, Bangkok (1942)
Monument
de la Victoire, Bangkok (1942)
Sculptures
autour du Monument de la Victoire, Bangkok (1942)
Monument
du Roi Taksin, Wongwian Yai, Bangkok (1954)
Statue
de Bouddha de Phutthamonthon, Nakhon Pathom (1957)
Monument
du Roi Naresuan le Grand, Suphan Buri (1959)
Monument
du Roi Rama VIII, Wat Suthat Thepphaararam, Bangkok (1959)
အဲဒီ
ရုပ်တုဆရာ အီတလီယန်ကြီးဟာ ဒုတိယကမ္ဘာစစ်ကြီးပြီးနောက် ထိုင်းနိုင်ငံမှာသာ ဆက်လက်
အခြေချ
နေထိုင်ရင်း ကွယ်လွန်ခဲ့သူပါ၊ ထိုင်းနိုင်ငံ အနုပညာ လောကမှာတော့ အဲဒီ အီတလီကြီးကို
Father of Modern Art အဖြစ် အသိအမှတ်ပြုကြတယ်လို့ ဆိုပါတယ်၊ အသက် ၇၀ ပြည့်ခါနီးအထိ
နေထိုင်သွားခဲ့ရပြီး ထိုင်းမြေမှာတော့ ၃၈ နှစ်ခွဲကြာ နေထိုင်သွားခဲ့သူ အီတလီယန်ကြီးပါ။
အဲဒီ အနုစဝါရီ ခေါ် အောင်ပွဲရကျောက်တိုင်ကြီး တည်ရှိရာ
နေရာကတော့ ဒီကနေ့ မောင်ရင်ငတေတို့
ဖြတ်သန်းလာခဲ့တဲ့ ၁၉၉၀ ခုနှစ်များ မတိုင်မီကပင်
ဘန်ကောက် မြို့တော်ကြီးရဲ့ အရေးအပါဆုံး အချက်
အချာအကျဆုံး ဖြစ်ခဲ့သလို ဒီကနေ့ထိလည်း
စည်ကားမြဲစည်ကားနေဆဲ နေရာတခုပါ။
မောင်ရင်ငတေရဲ့ ဘီကေကေ အစဦးကာလများက ညဦးပိုင်းတိုင်းမှာလိုလို တကိုယ်တော် ငေးမော အချိန်ဖြုန်းခဲ့ရတဲ့ လွမ်းမောဖွယ်ရာ ဒီနေရာတဝိုက်ကို ဘယ်လိုများ မေ့လို့ရနိုင်ပါ့မလဲလေ။
ဘီကေကေရေ
လွမ်းချင်းများစွာနဲ့
မောင်ရင်ငတေ
၁၇၀၆၂၀၁၇
Aucun commentaire:
Publier un commentaire