ခရီးမှတ်တမ်း
ပုံရိပ်များ (ကျောက်ဖရား သောင်ရင်းမှသည် မယ့်ခေါင်ဆီသို့)
(လွမ်းချင်းများစွာနဲ့
ဘီကေကေ) (စာစု နှစ်)
ဘီကေကေ
့ View from BAIYOKE
Baiyoke သို့မဟုတ် တချိန်တုန်းက အမြင့်ဆုံး
โรงแรมใบหยกสวีท Baiyoke tower I (Baiyoke
Suite Hotel) (ဓါတ်ပုံ မရငတ)
Baiyoke သို့မဟုတ် တချိန်တုန်းက အမြင့်ဆုံ့း့
ဟုတ်ပါတယ်မှန်ပါတယ်၊ မောင်ရင်ငတေတို့ ဘီကေကေမြေကို စတင်နင်းမိတဲ့
၁၉၉၀ နှစ်များဆီက ထိုင်းပြည်ရဲ့ ဘန်ကောက်မြို့တော်ရဲ့ အမြင့်ဆုံးအဆောက်အဦးကြီးပါ၊
အထပ် ၄၃ ထပ်ရှိပြီး အမြင့် မီတာ ၁၅၀ (ပေနဲ့ဆိုရင်တော့ လေးရာ့ငါးဆယ်ခန့်) မြင့်ပါတယ်၊
၁၉၈၇ ခုနှစ်ကမှ တည်ဆောက်ပြီး စီးခဲ့တာဆိုတော့ မောင်ရင်ငတေတို့ ဘီကေကေ ရောက်စမှာ အသစ်စက်စက်နီးပါး
လှပစွာ တည်ရှိ နေဆဲ အချိန်ပါ၊ တမူထူးခြားတဲ့ သူ့ရဲ့ ဆေးရောင်စုံအလှက ဒီကနေ့ထိ မပြောင်းမလဲ
တည်ရှိနေဆဲ ဆိုတာကလည်း ထူးခြားမှုတခုပါ။
အဲဒီလို မပြောင်းမလဲ တည်ရှိနေဆဲ နောက်အကြောင်းအရာတခုကတော့
အဲဒီ Baiyoke သို့မဟုတ် တချိန်တုန်းက အမြင့်ဆုံး အဆောက်အဦးကြီးရဲ့ အောက်ခြေ ပတ်လည်တဝိုက်
ကျင်လည်လှုပ်ရှား နေကြတဲ့ ဈေးရောင်းသူတွေ ဈေးဝယ်သူတွေရဲ့ လူမှုဘဝ အထွေထွေပါ၊ မောင်ရင်ငတေ
ဖြတ်သန်း ခဲ့ဖူးတဲ့ ၁၉၉၀ နှစ်များကနေ ဒီကနေ့အထိ ဘာတခုမှ မပြောင်းမလဲ တည်ရှိ နေဆဲလို့သာ
ထင်မြင်မိ ရပါတယ်၊ ဒါပေမယ့် မောင်ရင်ငတေနဲ့ ပတ်သက် သိကျွမ်းဖူးသူ အများစုကတော့ ဒီနေရာမှာ
ရှိမနေ ကြတော့ပါဘူး၊ ကြွေသူကြွေ ဝေသူဝေ သေသူတွေ သေကုန်ကြပါပြီ။
တချိန်တုန်းက အမြင့်ဆုံး ဆိုတဲ့ Baiyoke Tower I သို့မဟုတ်
Baiyoke Suite Hotel ဟာ ဒီကနေ့
မှာတော့ ခပ်နိမ့်နိမ့် အမြင့်သာ ရှိပါတော့တယ်လို့ ဆိုရပါမယ်၊
သူရဲ့နောက် ၉၀ ၉၅ ၂၀၀၀ ခုနှစ်များ မှာ အပြိုင်းအရိုင်း ပေါ်ပေါက်လာတဲ့ အဆောက်အဦးပေါင်းက
တရာမက ရှိနေပါပြီ၊ သူ့ရဲ့ အနီးမှာပဲ သူ့ရဲ့ ကိုယ်ပွားလို့ ပြောလို့ရမယ့် Baiyoke
Tower II ကတော့ ပေပေါင်းတထောင်ကျော်နဲ့ ဒီကနေ့ ဘန်ကောက်မြို့တော်မှာ အမြင့်ဆုံးအဖြစ်
လူသိများ ထင်ရှားနေပါပြီ။
နောက်ထပ်လည်း သူ့ထက် လေးဆကျော်မြင့်တဲ့ Rama IX Super
Tower အဆောက်အဦးကြီးကို ဘန်ကောက်မြို့လယ်မှာ များမကြာခင်မှာ တွေ့မြင်လာပါဦးမယ်၊ အထပ်ပေါင်း
၁၂၀ ကျော်ပါရှိမှာပါ၊ အဲဒီလို အထပ်ပေါင်းများစွာ အမြင့်ပေတထောင်ကျော်နှစ်ထောင်မျှ မြင့်မားတဲ့
အဆောက်အဦးတွေ မြောက်များစွာကို သူ့ထက်ငါအပြိုင်အဆိုင် ဘာလို့များတည်ဆောက်နေကြပါသလဲ၊
မောင်ရင်ငတေ တွေးကြည့်မိရပါတယ်၊ အမှန်ကန်ဆုံးနဲ့ အနီးစပ်ဆုံး အဖြေကတော့ လူလူချင်း ပြိုင်ဆိုင်လို
စိတ်များ ကြီးမားနေကြမှုကြောင့်သာ အဓိကလို့
မောင်ရင်ငတေ ထင်မြင်မိရကြောင်းပါ။
အဲဒီလို ဘီကေကေရဲ့ ပုံရိပ်များကို အလွမ်းပြေလိုက်လံရှာဖွေရင်း
ဘိုင်ရုဒ်တာဝါအကြောင်း ဟိုတစ ဒီတစ လိုက်လံဖတ်မိရင်း တွေ့မြင်လာရတာက ဒီကနေ့ တည်ရှိနေတဲ့
အထပ် တရာကျော် တရာ့ငါး ဆယ် အဆောက်အဦးမြင့်မြင့်တွေ အားလုံးလိုလိုက ဥရောပ မြေကြီးပေါ်မှာ
တည်ရှိနေတာ မဟုတ် ပါဘူး၊ ကိုရီးယား ဂျပန် တရုတ်ပြည်နဲ့ အာဆီယံတိုင်းပြည်တွေရယ် အရှေ့အလယ်ပိုင်း
အာရပ်နိုင်ငံ တွေမှာရယ် ယူနိုက်တက်စတိတ်ပြည်မှာရယ်သာ တွေ့မြင်ရမှာပါ၊ နောက်ထပ်လည်း
အထပ် နှစ်ရာ သုံး လေးရာကနေ ရှစ်ရာအထိ တည်ဆောက်ကြဖို့လည်း စိုင်းပြင်းနေကြတယ် ဆိုပါတယ်၊
အဲသလို အထပ်မြင့်မြင့် အသစ်အသစ်တွေ တည်ဆောက်ကြမယ့် အထဲမှာလည်း ဥရောပမြို့ကြီးများက မပါ ဝင်သလောက်ပါ၊ ဥရောပ မြို့ကြီးတွေရဲ့ ရှေးရိုးခေတ်ဟောင်း စတိုင်လ်နဲ့ မော်ဒန် မိုးမျှော်တိုက်ကြီး
တွေက ပနံမရလှတာကတော့ အမှန်သာပါလို့ ပါရီမြို့တော်သားယောင်ယောင် ဟန်ဆောင်နေပါတဲ့
မောင်ရင်ငတေ ပြောကြားလိုကြောင်းပါ ခင်ဗျာ။
အဲသလို အထပ်မြင့်မြင့် အသစ်အသစ်တွေ တည်ဆောက်ကြမယ့် အထဲမှာလည်း ဥရောပမြို့ကြီးများက မပါ ဝင်သလောက်ပါ၊ ဥရောပ မြို့ကြီးတွေရဲ့ ရှေးရိုးခေတ်ဟောင်း စတိုင်လ်နဲ့ မော်ဒန် မိုးမျှော်တိုက်ကြီး
တွေက ပနံမရလှတာကတော့ အမှန်သာပါလို့ ပါရီမြို့တော်သားယောင်ယောင် ဟန်ဆောင်နေပါတဲ့
မောင်ရင်ငတေ ပြောကြားလိုကြောင်းပါ ခင်ဗျာ။
မောင်ရင်ငတေကတော့ ဘိုင်ရုဒ် တာဝါတူးရဲ့ ပေတထောင်ခန့်အမြင့်
၈၄ ထပ်ပေါ်ကနေ မူလလက်ဟောင်း ဘိုင်ရုဒ်တာဝါဝမ်းရဲ့ ၄၃ ထပ် ခေါင်မိုးကို ငုံ့ကြည့်နေမိရင်းနဲ့
တရာ့ကိုးတရာ့တဆယ် ဤသို့
အတွေးပွားနေနိုင်သော်လည်း မြေပြင်ပေါ်က ဘဝသမားတွေ (ရွှေပြည်ဖွားများလည်း
ပါဝင်ပါတယ်)
ကတော့ နေ့ဆိုင်း ညနေဆိုင်း ညကြီးဆိုင်းနဲ့ တနေ့တာ ကာလကို အတွေးမပွားနိုင်ကြဘဲ လက်ငင်း
ကတော့ နေ့ဆိုင်း ညနေဆိုင်း ညကြီးဆိုင်းနဲ့ တနေ့တာ ကာလကို အတွေးမပွားနိုင်ကြဘဲ လက်ငင်း
ရင်ဆိုင်ဖြေရှင်း နေကြတာကိုတော့ အားနာနာနဲ့သာလို့ ပြောကြားလိုကြောင်းပါ
ခင်ဗျား။
ထိုနည်းတူ Baiyoke Suite တို့ Baiyoke Sky တို့ရဲ့အပေါ်ဆုံးထပ်က
လက်မည်းကြီးတွေရဲ့ ခြေဆံ လက်ဆံတွေ ဘယ်လောက်ထိရှည်မယ် တော်ရုံလူ မသိနိုင်ကြသလို အောက်ဆုံးထပ်
လမ်းမထက် လုပ်စားကိုင်စား လူတန်းစားများရဲ့ဘဝအကြောင်း အဆိုးအကောင်းတွေကိုလည်း တော်တန်ရုံနဲ့က
သိနားလည်နိုင်ဖို့
မလွယ်ကူလှပါဘူးဟုသာ ဆိုရင့်း့
မလွယ်ကူလှပါဘူးဟုသာ ဆိုရင့်း့
ဘီကေကေရေ
လွမ်းချင်းများစွာနဲ့
မောင်ရင်ငတေ ၀၈၁၂၂၀၁၆-၁၇၀၆၂၀၁၇
Aucun commentaire:
Enregistrer un commentaire