Libellés

mercredi 17 mai 2017

** * ဘီယာကျန်တော့ဘူ့း့  ဟေ ဟေ့  * **

ဘီယာကျန်တော့ဘူ့း့ ဟေ ဟေ့ 


Les Français Boivent 2 Milliards de Litres de Bière par An


ပြင်သစ် နိုင်ငံသားတွေဟာ တနှစ်ကို ဘီယာလီတာ 2 Milliards de Litres သောက်သုံးကြတယ်လို့
စာရင်းမှတ်တမ်း တခုက ဆိုပါတယ်၊ Un Milliard (1 000 000 000) ဆိုတာ သန်းတထောင်ဖြစ်လို့
ဘီယာလီတာပေါင်း သန်းနှစ်ထောင်မျှ သောက်သုံးကြတယ်လို့ ဆိုနိုင်ပါတယ်။

မောင်ရင်ငတေတို့ ဘီယာဆိုင်တွေမှာ စည်ဘီယာ ဝယ်သောက်ရင် ပုံမှန်သောက်နေကြခွက်တွေက အဓိက နှစ်မျိုး နှစ်စားရှိပါတယ်၊ ၂၅ စီစီ ခွက်သေး နဲ့ ၅၀ စီစီ ခွက်ကြီးပါ၊ အဲဒါကြောင့် လီတာ သန်း
နှစ်ထောင်ဆိုတာ ခွက်သေးပေါင်း သန်း ရှစ်ထောင် သို့မဟုတ် ခွက်ကြီး သန်း လေးထောင်မျှ တနှစ်
တနှစ်ကို ပြင်သစ်တွေ သောက်သုံးကြတယ်လို့ ဆိုနိုင်ပါတယ်၊ ဒီစာရင်းမှာ ပြင်သစ်ပြည်ကြီးကို လာ ရောက်လည်ပတ် ကြသူများကို ထည့်တွက်မတွက်တော့ မောင်ရင်ငတေ မသိပါဘူး။

၂၀၁၇ ခုနှစ် စာရင်းများအရ ပြင်သစ်နိုင်ငံတဝှန်းမှာ နေထိုင်ကြတဲ့လူဦးရေက ၆၅ သန်း ပြည့်ခါနီးပါ၊ အဲဒီထဲမှာ အသက် ၁၈ နှစ်အောက်က ရာခိုင်နှုန်း ၂၀ ကျော်ကျော်သာရှိတာပါ၊ ရာခိုင်နှုန်း ၂၀ နီးပါး ရှိတဲ့ ၆၅ နှစ်အထက် ဘိုးတော်ဘွားတော်များကလည်း သောက်သုံးနိုင်သူများ ဖြစ်ကြပါတယ်၊ အဲဒါ ကြောင့် သောက်သုံးနိုင်သူဦးရေက သန်းလေးဆယ်ကျော်မျှမက ရှိနေတာပါ။

တရားဝင်သောက်ခွင့်မရသေးတဲ့ ၁၈ နှစ်အောက်ကလေးတွေကို ဖယ်ထုတ်လိုက်ရင် လူတယောက် ချင်းစီ သောက်သုံးကြမှုက တနှစ်တာ ကာလ ၃၆၅ ရက်မှာ လီတာ ၄၀ မျှ ရှိပါတယ်။

ဒါပေမယ့် ပြင်သစ်ဟာ လူတယောက်ချင်း ဘီယာသောက်သုံးမှုမှာ ကမ္ဘာ့အဆင့် ၂၆ မှာသာ ရှိနေပါ တယ်၊ ဝိုင် သောက်သုံးသူ များပြားလှလို့လည်း ဖြစ်နိုင်ပါတယ်၊ ချက် ဂျာမန် သြစတြီးယန်း အိုင်းရစ် ဘယ်လ်ဂျီယံ ဗြိတိသျှ အက်စပန်ညောတို့ရဲ့ နောက်မှာသာ ရပ်တည်နေတာပါ၊

ဂျာမန်တွေရဲ့ဘီယာသောက်သုံးမှုကတော့ ကြောက်ခမန်းလိလိပါ၊ ချက်ထက်သာတယ်လို့တောင်မှ ပြောနိုင်ပါတယ်၊ ချက်လူဦးရေက အားလုံးပေါင်းမှ ဆယ်သန်းမပြည့်ပါဘူး၊ ဂျာမန်က သန်းရှစ်ဆယ် ကျော်မျှ ရှိပါတယ်၊ ဒါကြောင့် ဂျာမဏီပြည်မှာ တနှစ် ဘီယာလီတာ သန်းရှစ်ဆယ် အမြှောက် ၁၀၇
စုစုပေါင်း ဘီယာလီတာ သန်းပေါင်း ကိုးထောင့်ငါးရာခန့် သောက်သုံးကြတယ် ဆိုရပါမယ်၊ ပြင်သစ် ထက် ခြောက်ဆမျှ ရှိပါတယ်၊ ဘီယာကြိုက်သူတွေအကြား အပြောများကြတာကတော့ ဂျာမန်တွေ ချက်သမျှ ဘီယာတွေဟာ ဂျာမန်တွေသောက်တာနဲ့တောင် မလုံလောက်ချင်ပါဘူးတဲ့၊ အဲဒါကြောင့် ထင်ပါရဲ့၊ ဂျာမဏီရောက်တိုင်းသောက်ခဲ့ရသမျှ ဂျာမန်ဘီယာ အမည်တွေကတော့ ခေါ်ရခက်သလို ကမ္ဘာကျော် အမှတ်တံဆိပ်တွေလည်း မဟုတ် မှတ်လည်း မမှတ်မိနိုင်တဲ့ အမည်တွေသာ ဖြစ်ကြပြီး မကောင်းတာ မရှိ အားလုံးကောင်းပါသည် ခင်ဗျလို့သာ ပြောရပါမယ်။

မောင်ရင်ငတေ့အတွက်ကတော့ ဘီယာအရသာကို သိပ်ခံစား မသောက်တတ်ပေမယ့် ပုလင်းတွေ သံဗူးတွေထက်တော့ စည်ဘီယာ ခပ်အေးအေးကို ဆိုင်မှာ ဇိမ်ယူပြီး ထိုင်သောက်ရတဲ့ အရသာကို ပိုမိုလို့ ကြိုက်နှစ်သက်မိရကြောင်းပါ ခင်ဗျာ။
အဲ့ တခု ပြောစရာ ရှိတာကတော့ ဘီယာ သောက်သုံးမှီဝဲလို့ ကျန်းမာရေးမှာ
ဘယ်လောက် ထိခိုက်ပါသလဲဆိုတာကိုတော့ မောင်ရင်ငတေရဲ့ ကဏ္ဍမဟုတ်လို့ ဒီနေရာမှာ ထည့် သွင်း မပြောကြားလိုပါဘူး ဆိုတာပါ။

ပြောချင်မိရတာကတော့ ဘီယာကို အကြိုက်သောက်သုံးကြသူများ ဖြစ်ကြပါတဲ့ ဂျာမန်ကြီးတွေက သက်တော် ၈၀ ကျော် ချက်သူချက်သားတွေက ၈၀ နီးပါး ကျန်တဲ့ ပြင်သစ်တွေ အင်္ဂလိပ်တွေ စပိန် နဲ့ သြစတြီးယန်းတွေကလည်း ရှစ်ဆယ်ထက်တော့မလျော့ နေသွားကြသူတွေ များလှပါတယ်။

ဒါတွေအားလုံးဟာ မောင်ရင်ငတေပြောတာ မဟုတ်ပါဘူး ခင်ဗျ၊ ပြင်သစ်စာ တပုဒ်ကို အမှတ်မထင် ဖတ်လိုက်ရပြီး သိထားသမျှကို ပြန်လည် ဖောက်သည်ချခြင်းမျှသာ ဖြစ်ပါတယ်။

မောင်ရင်ငတေ့ သက်တော်ကတော့ ဆုတောင်းပေးကြသူတွေရဲ့ ဆန္ဒအတိုင်း သက်တော်ရာကျော် ရှည်လိမ့်မယ်လို့တော့ ထင်မိရကြောင်းပါ။

ကျေးဇူးအထူးပါ၊
မောင်ရင်ငတေ ၁၇၀၅၂၀၁၆


Aucun commentaire:

Enregistrer un commentaire