Emirates Numéro de Vol : EK73
ခွန်နှနာရီခွဲကျော် စီးခဲ့ရတဲ့ Emirates Airline ရဲ့ EK73
INT'L DE DUBAÏ AIRPORT (DXB) - Paris-Charles-de-Gaulle (CDG)
Airbus A380-800 (Quadriréacteur) လေယာဉ်ကြီးရဲ့ အမြန်နှုန်း တနာရီ ကီလိုမီတာ ခွန်နှရာ နှုန်း နဲ့ စုစုပေါင်းကီလိုမီတာ ငါးထောင့်သုံးရာနီးပါး ခရီးဝေးကို
အပြင်းနှင်နေစဉ် အမြင့်ပေ လေးသောင်းခန့် က နေ့လယ်နေ့ခင်းချိန် ရာသီဥတု
ကောင်းမွန်နေချိန် မြင်တွေ့ခဲ့ရပါတဲ့ မြင်ကွင်းတွေထဲက တခုပါ။

ဥရောပရဲ့ နာမည်ကြီး ဆီးနှင်းတွေ ဖုံးလွှမ်းရာ တောင်စဉ်တန်း တခုဖြစ်တဲ့ အဲလ်
တောင်တန်းတွေကို အပေါ်စီးက ရှင်းလင်းစွာနဲ့ မြင်တွေ့ခွင့်ရခဲ့ခြင်းပါ၊
အရှေ့ကနေ အနောက်ဘက်ဆီသို့ သွယ်တန်းနေတဲ့ အဲဒီ ရေခဲဆီးနှင်းဖြူဖြူတွေနဲ့
လှပနေတဲ့ အဲလ်တောင်စဉ်တန်းကို အရှေ့တောင်စွန်းကနေ အနောက် မြောက်စွန်းသို့ လေယာဉ်ကြီးက ကန့်လန့်ဖြတ်ကျော် ပျံသန်းနေစဉ် တွေ့မြင့်ခွင့်ရသမျှ မောင်ရင်ငတေ မှတ်တမ်းတင်ခဲ့တာပါ၊

မောင်ရင်ငတေရဲ့ မြေပုံကြည့်ပြီး ခန့်မှန်းထင်မြင်ချက်အရ သြစတြီးယန်းအဲလ်
တောင်တန်း အရှေ့တောင်စွန်းကနေ ဆွစ်ဇာလန်အဲလ်ရဲ့ ရေခဲတောင်ထိပ်တွေကို
ဖြတ်ကျော်ပျံသန်း နေစဉ် မှတ်တမ်းတင်မိခဲ့တာပါ။

မောင်ရင်ငတေ ဒီဇင်ဘာ ၂၀၁၆ ခုနှစ်
Aucun commentaire:
Publier un commentaire