ဝိုင်ပူလုပ်နည်း
Le
Vin Chaud (Mulled Wine)
ရာသီက
ဆောင်ဦးရာသီ Automne ရဲ့ အလယ်သာ ရှိသေးပါတယ်၊ အပူချိန်က
သုညဒီဂရီတောင် မရောက်သေးပါဘူး၊
လေအေးက တချက်တချက် ဝှေ့လာလိုက်ရင်
အချမ်းဓါတ်က စိမ့်စိမ့်လာတယ်၊
သောက်စရာ
ဝီစကီပုလင်းက လက်ကျန်မရှိ ဖြစ်နေသလို သိမ်းထားတဲ့ ဗော်ဒဂါပုလင်း ကလည်း ဘန်ကောက်သွားရင်
ယူသွားဖို့ စပါယ်ရှယ် ချန်ထားတာ ဖြစ်နေတယ်၊
အဲဒါနဲ့ မထူးပါဘူး ဆိုပြီး …..
ဝိုင်နီ
အေးစက်စက်ကိုလည်း မသောက်ချင်တာနဲ့ ဝိုင်ပူကိုတော့
သိပ် မကြိုက်နှစ်သက် လှပေမယ့် (ဘာမှတော့
မရောပါဘူး) အပူပေးပြီး အချမ်းဒဏ်ကြေ သောက်လိုက်ပါတယ်၊
ကြိုက်နှစ်သက်သောသူများ
လက်ခုတ်တီး အားပေးနိုင်ပါကြောင်း။ ။။။။။
ဝိုင်ပူ
လုပ်နည်းက လွယ်လွယ်လေးပါ၊ ရေနွေးကို ဆူပွက်နေအောင်တည်၊ ရေနွေးပူထဲ
ဝိုင်ပုလင်းကို စိမ်ပြီး
သောက်ရုံသာပါ၊ မီးဖိုပေါ် ရေနွေးဆူအောင် တည်နေတဲ့ အချိန်မှာ
ဝိုင်ပုလင်း
ထည့်ထားစရာ မလိုပါဘူး၊ ပုံမှန် အများအားဖြင့်တော့ ဝိုင်နီကိုသာ အပူပေး
သောက်လေ့ရှိပါတယ်။
ကြိုက်တတ်သူ တချို့ကတော့ သစ်ဂျပိုးခေါက်တို့ လေးညှင်းပွင့်တိုလို ဟင်းခတ်
အမွှေးအကြိုင်တွေ ထည့်သောက်လေ့ ရှိပါတယ်၊ ဆောင်းတွင်းအေးအေးကာလ
ပါရီမြို့ လမ်းဘေးဈေးတွေမှာ ဝိုင်နီပူပူ ရောင်းတဲ့ဆိုင်လေးတွေကို
တွေ့ရတတ်သလို
ခရစ်စမတ်ပွဲတော်ကာလတွေမှာတော့ ပါရီမြို့တော်ရဲ့ အချက်အချာ ရှောင်ဇေလီဇေ
လမ်းမကြီး လမ်းဘေးဈေးတန်းမှာ ဝိုင်ပူပူဆိုင်တွေ ရှိပါတယ်။
ဒါပေမယ့် အဲဒီလို လမ်းဘေးဈေးက ဝိုင်နီပူပူတခွက်က အအေးဓါတ်ကို
အန်တုဖို့
သောက်ချင်စရာ ကောင်းလှပေမယ့် ၂၀ စီအယ်လ် ခွက်လေးတခွက်ကို လေးငါးယူရိုမျှ
ပေးလို့ သောက်ရတာကြောင့် မောင်ရင်ငတေကတော့
ဆောင်းတွင်းရာသီမှာ ဟုမ်းမိတ်
ဝိုင်ပူ လုပ်သောက်ဖြစ်တာပါ။
ဝိုင်ပူလုပ်သောက်ဖို့အတွက်
သီးသန့်ဝိုင် အမျိုးအစားတွေ ပုလင်းသွပ် ရောင်းချတာကို ဂျာမဏီပြည် နေရာတော်တော်များများမှာ တွေ့ရှိရပေမယ့် မောင်ရင်ငတေတို့ရဲ့ ပြင်သစ်
ဆိုတဲ့ ဝိုင်နိုင်ငံတော်ကြီး
မှာတော့ အများအားဖြင့် မတွေ့ရှိရတတ်ပါဘူး . . . …. ….. ထူးခြားချက်ပါ ခင်ဗျား။
(မရငတ)
၂၃၁၀၂၀၁၄ ရေးသားခဲ့တာလေးကို
ဒီနှစ်
၂၀၁၆ မှာ တူးရီးယားစ် အမှတ်တယ ဖြတ်ညှပ်ကပ်၍ ပြန်လည်ရေးသား လိုက်ရပါတယ်၊
မောင်ရင်ငတေ
၂၃၁၀၂၀၁၆
Aucun commentaire:
Enregistrer un commentaire