အမ်းမရတ်
(ခွန်နှစ်) မှသည် (သုံးခွန်လေး)
Voyager
Avec Emirates (ဓါတ်ပုံ မရငတ)
အောက်ပါစာစု
အပိုင်းအစတွေက မောင်ရင်ငတေ လွန်ခဲ့တဲ့ တလကျော်ခန့်က ပါရီ-ဘီကေကေခရီး
သွားဖို့ ပြင်ဆင်စိတ်ကူးယဉ်ရင်းနဲ့ ရေးထားခဲ့တာတွေပါ၊ ဒါပေမယ့်လို့ ဖေ့စ်ဘုတ်ခ်အပါအဝင် ဘယ်
နေရာမှာမှ မတင်ဖြစ်ခဲ့ပါဘူး၊ လေယာဉ်လက်မှတ် ဝယ်ထားပြီးပေမယ့် ခရီးစဖို့က အချိန်လိုနေသေး
တာရယ် ဘာတခုမှမသေချာသေးတာရယ် မောင်ရင်ငတေ့ထုံးစံ တောင်အကြောင်းရေးရင်းရေးရင်း
မြောက်အကြောင်း ရောက်ရောက်နေတာရယ်ကြောင့်ပါ။

အခုတော့
လဆန်းပိုင်းက လက်ထဲကို ခရီးသွားစာအုပ် ရောက်ရှိလာပြီး ထိုင်းဗီဇာ လျှောက်ဖို့လုပ်ခဲ့
ပါတယ်၊ ထိုင်းဗီဇာကလည်း ဟိုး အရင်တုန်းကလောက် မလွယ်ကူတာကြောင့် စာရွက်စာတမ်းတွေ
ပြင်ဆင်ရပါသေးတယ်၊ အွန်လိုင်းခေတ်မှာ အိမ်မှာ ကွန်ပြူတာကနေ ပရင့်အောက်ထုတ်ထားတဲ့ စာ
ရွက်တွေကို သံရုံးတွေက ဒီအတိုင်းလက်မခံပါဘဲ တဆိပ်တုံးတွေထု လက်မှတ်တွေ ထိုးခိုင်းနေတာ
ကြောင့် အပိုလုပ်တွေ လုပ်လာရပါတယ်၊ ဒီအကြောင်းတွေကတော့ စိတ်ပျက်စရာ ကောင်းလှတာမို့

နောင်များမှ
အလျှင်းသင့်သလိုသာ ထည့်ရေးပါမယ်၊ ခရီးသွားမယ့် ဖီလင် ပျက်မှာ စိုးလို့ပါ ခင်ဗျာ။
အဲသလိုနဲ့
ဒီကနေ့မှာတော့ ထိုင်းဗီဇာတုံးကပ်ထားတဲ့ ခရီးသွားစာအုပ် ပြန်လည်လက်ဝယ်ရောက်ရှိ
လာခဲ့ပြီ
ဖြစ်လို့ ခရစ်သက္ကရာဇ် နှစ်ထောင့်တဆယ့်ခြောက် ပါရီ-ဘီကေကေ-ပါရီ ခရီးစဉ်အကြောင်း
သောင်းပြောင်းထွေလာတွေရေးဖို့
စိတ်ကူးများ ပြန်လည်ပေါ်ပေါက်လို့ လာပါတယ်။
ပါရီ-ဘီကေကေ
လေယာဉ်ခရီး အကြောင်း ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်တုန်းက မောင်ရင်ငတေ ရေးဖူးခဲ့ပြီး
ပါပြီ၊ သွားရမယ့် လေယာဉ်လမ်းကြောင်းက ပါရီ-ပါရှန်ပင်လယ်ကွေ့-ဘီကေကေမို့လို့ အရင်ခေါက်နဲ့
အခုတခေါက် အတူတူနီးပါးသာပါ၊ ခဏဆင်းနား ပြောင်းစီးရမယ့် ဒိုဟာနဲ့ ဒူဘိုင်း လေဆိပ်သာ ကွာ
ပါတယ်၊ လေဆိပ်နှစ်ခု ဘယ်ဟာာက ပိုခန်းနားကြီးကျယ်ပါသလဲ ဆိုတာ သိရတာပေါ့။

ဒါပေမယ့်
လေကြောင်းလိုင်း မတူသလို သွားမယ့်အချိန်က ၂၀၁၄ အခေါက်က ပါရီကနေ ညဆယ်
နာရီ စတင်ထွက်ပြီး အခုအခေါက်ကတော့ ပါရီကမနက်ဆယ်နာရီမှာ ထွက်မှာဖြစ်လို့ ပြောင်းပြန်ပါ၊
ဘီကေကေက ပါရီအပြန်ခရီးကလည်း အရင်အခေါက်နဲ့ မတူတာမို့ ဝေဟင်က မြေပြင်ကို တွေ့မြင်ရ
မယ့် မြင်ကွင်းတွေက မောင်ရင်ငတေအတွက် ထူးခြားတဲ့ ခံစားမှု ရမယ်လို့ မျှော်လင့်နေမိရပါတယ်။

အထူးသဖြင့်ကတော့
ပါရှန်ပင်လယ်ကွေ့ ဒိုဟာတို့ ဒူဘိုင်းတို့ရဲ့ ကန္တာရ မြေပြင်ကြီးကို ကောင်းကင်
ထက်က မြင်တွေ့ရမယ့် မြင်ကွင်းကို မောင်ရင်ငတေ ကြိုတင်လို့ ရင်ခုန်မိနေရခြင်းပါ။
ထက်က မြင်တွေ့ရမယ့် မြင်ကွင်းကို မောင်ရင်ငတေ ကြိုတင်လို့ ရင်ခုန်မိနေရခြင်းပါ။
အမ်းမရတ်အဲယားလိုင်း
Voyager Avec Emirates (ဓါတ်ပုံ မရငတ)
ဘီကေကေခရီးစဉ်
စတင်ဖို့ ရက်ပေါင်း ခြောက်ဆယ်ခန့် လိုပါသေးတယ်၊ စတင်ပြီး စဉ်းစား စီစဉ်တဲ့
ဂျွန်လကနေ
စတွက်မယ်ဆိုရင်တော့ အတော်လေး နီးလာပြီလို့ ပြောရမှာပါ၊ အဲဒီခရီးစဉ်အကြောင်း
ဖတ်ထားသမျှ သိကောင်းစရာလေးတွေကို ရေးလိုက်ရပါတယ်။
ဖတ်ထားသမျှ သိကောင်းစရာလေးတွေကို ရေးလိုက်ရပါတယ်။
သို့ပေမယ့်လို့
အခုထိ မောင်ရင်ငတေရဲ့ခရီးသွားလက်မှတ်က လက်ထဲသို့ မရောက်လာသေးပါဘူး၊
လွန်ခဲ့တဲ့နှစ်လ မေလနှစ်ဆယ့်ခွန်ရက်စွဲနဲ့ သက်ဆိုင်ရာရုံးသို့ သက်တမ်းတိုးရန် ပေးပို့ထားခဲ့ခြင်းပါ၊
စာတိုက်ကနေ ပေးပို့ရခြင်းပါ၊ ရက်ငါးဆယ်ကျော်မျှ ကြာပြီးတော့မှ ပြန်လာယူဖို့ အကြောင်းကြားစာ
ရပါတယ်၊ အောက်တိုဘာလ ငါးရက်နေ့မနက်ပိုင်းမှာ လာယူဖို့ ရက်ချိန်းရတာပါ၊ စုစုပေါင်း လေးလ
ကျော်ကြာမြင့်ပါတယ်၊ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ဆယ့်ငါးနှစ်က အဲဒီလိုမျိုး မဟုတ်ပါဘူး၊ မနက်သွား
စာအုပ်ဟောင်းအပ် ထိုင်စောင့်၊ နေ့လယ်ပိုင်း တနာရီ နှစ်နာရီဆိုရင် စာအုပ်သစ် ရပါပြီ၊ အခုများက
ခေတ်ပြောင်း၍ သွားပါပြီ၊ လုံခြုံရေးအရလုပ်ရလို့ ကြာဟန် တူပါတယ်တဲ့၊ ဒီ ခရီးသွားစာအုပ်ပေါ်က
အချက်အလက်တွေက မောင်ရင်ငတေတို့တွေအတွက် ဘာလုံခြုံရေးတွေများ ပိုပေးလာမလဲဆိုတာ
ကိုတော့ မောင်ရင်ငတေ မျှော်လင့်မထားသလို မမျှော်လည်း မမျှော်လင့်ချင်ပါဘူး။

L'A380
d'Emirates
(ဓါတ်ပုံ မရငတ)
ဒီတခေါက်
ခွန်ထိုင်းတို့ရဲ့ မြို့တော် ဘီကေကေကိုသွားဖို့ ဘယ်အဲယားလိုင်းနဲ့သွားရင် ကောင်းမလဲ
ဆိုတာကို
မောင်ရင်ငတေ စဉ်းစားရင်း အင်တာနက်စာမျက်နှာများမှာ ရှာဖွေရေးလုပ်ပါတယ်၊ ဘယ်
လေကြောင်းက
ဈေးသက်သာလေမလဲ ဆိုတာကို အဓိကထား ရှာဖွေရတာပါ။
ဒီခရီးကို
ပြင်ဆင်ချိန် အတော်ယူခဲ့ပါသည်၊ မေလကုန်မှာ ခရီးသွားစာအုပ်အသစ် စတင်လုပ်ခဲ့သလို
အဓိက
အရေးအကြီးဆုံး လေယာဉ်လက်မှတ်ဝယ်ယူရန် အင်တာနက် အွန်လိုင်းတခွင်မှ ရှာဖွေခဲ့ရာ
မေလတလလုံး
ကြာခဲ့ပြီး ဂျွန်လဆန်းမှ ဝယ်ယူပြီးခဲ့ပါတယ်၊ ပိုက်ဆံတတ်နိုင်ရင်တော့ အချိန်မရွေး
ကောက်ဝယ်လို့ရတဲ့ လေကြောင်းလိုင်းတွေများစွာ ရှိနေပေမယ့် တပိုင်တနိုင်သမား မောင်ရင်ငတေ
ကောက်ဝယ်လို့ရတဲ့ လေကြောင်းလိုင်းတွေများစွာ ရှိနေပေမယ့် တပိုင်တနိုင်သမား မောင်ရင်ငတေ
အတွက်
ဈေးအသက်သာဆုံး အတိုဆုံးခရီးစဉ်နဲ့ အကောင်းဆုံး လေကြောင်းလိုင်းကို ရှာဖွေခဲ့ရခြင်း
ဖြစ်လို့
ဒီလောက် အချိန်ပေးခဲ့ရတာပါ။
ကမ္ဘာာမြေကြီးအထက်
ပေလေးသောင်းကျော် အမြင့်ဝယ် (ဓါတ်ပုံ မရငတ)
ပါရီ-ဘန်ကောက်ခရီးကို
တိုက်ရိုက်စီးချင်ကြရင်တော့ အိမ်ရှင်လေကြောင်းလိုင်းတွေဖြစ်တဲ့ အဲယား
ဖရန့်နဲ့ ထိုင်းအဲယားဝေးအင်တာနေရှင်နယ် (တီဂျီ) တို့သာဖြစ်ကြပါတယ်၊ လေကြောင်းလိုင်းတွေရဲ့
သဘောသဘာဝ ထုံးစံကိုက ကိုယ့်ရဲ့ အိမ်ကွင်းကနေ ခရီးစဉ်တွေ အစပြုကြစမြဲပါ၊ ဟိုအရင်ခေတ်
သက္ကရာဇ် နှစ်ထောင့်တဆယ် မတိုင်ခင်က ရွေးချယ်စရာ လေကြောင်း သိပ်များများစားစား မရှိတာ
မို့လို့ ထိုင်းသွားချင်ရင် ထိုင်းလေကြောင်းစီးကြ မလေးရှားသွားချင်ရင် မလေးလေကြောင်းကို စီးကြ
စင်ကာပူဆိုရင် စင်ကာပူလေကြောင်း စီးကြတာမျိုး များပါတယ်။

နောက်ပြီး
လွန်ခဲ့တဲ့ သုံးလေးနှစ်က အမ်းမရတ် လေယာဉ်လက်မှတ်ခက တခြား လေကြောင်းလိုင်း
တွေထက်
ပိုဈေးတင်ထားတာ တွေ့ခဲ့ရတယ်၊ ၂၀၁၄ ခုနှစ်ကပေါ့၊ ပါရီ-ဘန်ကောက်-ပါရီ လက်မှတ်
ဝယ်ဖို့ကြည့်တော့
အမ်းမရိတ်ရဲ့ အနိမ့်ဆုံးဈေးနှုန်းက ခြောက်ရာယူရို၊ သူလိုအလားတူ ရေနံသူဋ္ဌေး
ကာတာလိုင်းက
၅၁၂ ယူရိုနဲ့ ဈေးချရောင်းနေလေတော့ အမ်းမရိတ်ကို အသာလေးခေါက်ထားခဲ့ပြီး
ဈေးပို သက်သာတဲ့ ကာတာကို အားပေးခဲ့ရမျိုး ရှိခဲ့ပါတယ်။
ဈေးပို သက်သာတဲ့ ကာတာကို အားပေးခဲ့ရမျိုး ရှိခဲ့ပါတယ်။
ဒီတနှစ်
၂၀၁၆ ခုနှစ်မှာ ဘီကေကေကိုသွားဖို့ စဉ်းစားချိန်ကစ အင်တာနက်မှာ လေယာဉ်လက်မှတ်
လျှော့ဈေးတွေကို လိုက်လံပြီး စနည်းနာကြည့်တော့ အမ်းမရိတ်လိုင်းက တခြားလိုင်း အသေးတွေနဲ့
ယှဉ်ပြိုင် ဈေးလိုက်လျှော့နေတာကို သတိထားမိပါတယ်၊ အမ်းမရိတ် လေယာဉ်ပေါ်မှာ အလုပ်လုပ်
နေတဲ့ မောင်ရင်ငတေရဲ့မိတ်ဆွေ လေယာဉ်မယ်လေးနဲ့ စကားစမြည်ပြောဖြစ်တော့ ဒီနှစ် ပရိုမိုးရှင်း

အပေးများတဲ့နှစ်ပါတဲ့၊
အဲလိုနဲ့ ယူရို ငါးရာ့ငါးကျပ်ပေးပြီး ဝယ်ယူအားပေး ဖြစ်ခဲ့ခြင်းပါ။
(မောင်ရင်ငတေရဲ့သူငယ်ချင်း
တယောက်ကတော့ ဒီခရီးစဉ် ဒီလေကြောင်းလိုင်းကိုပဲ ရက်ကတော့
နည်းနည်း ကွာတာပေါ့၊ ဝယ်တာ နောက်ကျသွားလို့ ယူရို ခွန်နှစ်ရာ့ကိုးဆယ် ပေးဝယ်စီးရပါတယ်။)
နည်းနည်း ကွာတာပေါ့၊ ဝယ်တာ နောက်ကျသွားလို့ ယူရို ခွန်နှစ်ရာ့ကိုးဆယ် ပေးဝယ်စီးရပါတယ်။)
Voyager
Avec Emirates
(ဓါတ်ပုံ မရငတ)
စီးရမယ့်
ခရီးစဉ်က Emirates 72 နဲ့ Emirates 374 ပါ၊ United Arab Emirates ယူအေအီးနိုင်ငံရဲ့
အမ်းမရတ်
လေကြောင်းလိုင်းပါ၊ လူသိများ လူစီးများတဲ့ လိုင်းပါ၊ တခြားလိုင်းများ အဆင်ပြေမလား
ရှာကြည့်မိပါသေးတယ်၊
နောက်ဆုံးတော့ အကောင်းဆုံးနဲ့ ဈေးအသက်သာဆုံးဖြစ်ပါတဲ့ အမ်းမရတ်
ခရီးစဉ်အမှတ် Emirates (EK 72) သို့မဟုတ် (UAE 72) ပါရီ-ဒူဘိုင်းနဲ့ (EK 374) သို့မဟုတ် (UAE
374) ဒူဘိုင်း-ဘန်ကောက် ကိုသာ ရွေးချယ်လိုက် ရပါတော့တယ်။
ခရီးစဉ်အမှတ် Emirates (EK 72) သို့မဟုတ် (UAE 72) ပါရီ-ဒူဘိုင်းနဲ့ (EK 374) သို့မဟုတ် (UAE
374) ဒူဘိုင်း-ဘန်ကောက် ကိုသာ ရွေးချယ်လိုက် ရပါတော့တယ်။
စီးရမယ့်လေကြောင်းလိုင်းက
ဒီကနေ့ နာမည်ကြီးတဲ့ အမ်းမရိတ်လိုင်း၊ ၁၉၈၅ ခုနှစ်ကမှ ပါကစ္စတန်
လေကြောင်းက
လေယာဉ်နှစ်စီး ငှားပြီး သူများအကူအညီနဲ့ စတင်ခဲ့ရတဲ့ လေကြောင်းလိုင်း၊ အရှေ့
အလယ်ပိုင်း
ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့ အခြေစိုက်၊ သက်တမ်း သုံးဆယ့်တနှစ်၊ လေယာဉ် အစင်း
ပေါင်း နှစ်ရာ့ငါးဆယ်ကျော်၊ အစုတ်တွေ တစင်းမှ မပါဘူး၊ နောက်ထပ်မှာယူထားတဲ့ အသစ်တွေက
ပေါင်း နှစ်ရာ့ငါးဆယ်ကျော်၊ အစုတ်တွေ တစင်းမှ မပါဘူး၊ နောက်ထပ်မှာယူထားတဲ့ အသစ်တွေက
အစင်းပေါင်း
နှစ်ရာ့ငါးဆယ်နီးပါး ရှိပါတယ်။
ထွက်သမျှ
ရေနံတွေရောင်းစားပြီး ဝယ်ထားတဲ့ လေယာဉ်ကြီးငယ်တွေက အကောင်းစားတွေချည်း၊
ဝန်ထမ်းပေါင်းက
ကမ္ဘာအရပ်ရပ်မှာ ခြောက်သောင်းကျော်၊ မောင်ရင်ငတေတို့ ရွှေပြည်သူသားတွေ
လည်း
မနည်းဘူး၊ အမ်းမရိတ်နဲ့ ပတ်သက်ရာ ပတ်သက်ကြောင်း အလုပ်လုပ်နေကြတာ နေရာအနှံ့
ရာထူးက
အမျိုးစုံနဲ့ လူမျိုးပေါင်းစုံကြားမှာ အလုပ်လုပ်ကိုင် နေကြတဲ့ ရွှေတွေပါ။
Voyager
Avec Emirates (ဓါတ်ပုံ မရငတ)
စီးရမယ့်
လေယာဉ်က Airbus A380-800 နှစ်ထပ်လေယာဉ်ကြီး၊ ခရီးသည် ငါးရာကျော်ခြောက်ရာ
ဆန့်တဲ့
လေယာဉ်ကြီး၊ ခရီးတထောက်အနား ဆင်းရမယ့်ကွင်းက ဒူဘိုင်းမြို့က အင်တာနေရှင်နယ်
လေယာဉ်ပျံကွင်းကြီး၊
ပါရှန်ပင်လယ်ကွေ့က သဲကန္တာရထိပ်က လေယာဉ်ကွင်းကြီး၊ ခရီးသည်ပေါင်း
သန်းရှစ်ဆယ်ကျော်နဲ့ အမြဲရှုတ်ရှက်ခတ်နေတဲ့ လေယာဉ်ကွင်းကြီး၊ ခရီးစဉ်ကနှစ်ဆင့်၊ ပါရီ-ဒူဘိုင်း၊
ဒူဘိုင်း-ဘန်ကောက်၊ အသွားအပြန် အဲဒီ လေဆိပ်ကြီးကို နှစ်ကြိမ်ဆင်း နှစ်ကြိမ်တက်ရမှာဆိုတော့
သန်းရှစ်ဆယ်ကျော်နဲ့ အမြဲရှုတ်ရှက်ခတ်နေတဲ့ လေယာဉ်ကွင်းကြီး၊ ခရီးစဉ်ကနှစ်ဆင့်၊ ပါရီ-ဒူဘိုင်း၊
ဒူဘိုင်း-ဘန်ကောက်၊ အသွားအပြန် အဲဒီ လေဆိပ်ကြီးကို နှစ်ကြိမ်ဆင်း နှစ်ကြိမ်တက်ရမှာဆိုတော့
ဒီလေဆိပ်အကြောင်း
အမ်းမရိတ်လိုင်းအကြောင်း နည်းနည်းတော့ သိထားရင် ကောင်းလိမ့်မပေါ့။
ပါရီ-ဒူဘိုင်း၊
ဒူဘိုင်း-ဘန်ကောက်၊ ဘန်ကောက်-ဒူဘိုင်း၊ ဒူဘိုင်း-ပါရီ၊ အသွားအပြန် လေးခါစီးရာမှာ
လေးစီးစလုံးက
အဲဒီ Airbus A380 တွေချည်းသာစီးရမှာမို့လို့။
မြို့ပေါင်း
၁၅၄ က လေဆိပ်ကြီးတွေမှာ သူတို့ လေယာဉ်တွေက ဆင်းလိုက်တက်လိုက် အများကြီး၊
၂၀၁၆ ခုနှစ် သြဂတ်လမှာ မင်္ဂလာဒုံကို စတင်ဆင်းသက်နေတဲ့လိုင်း၊ နောက်ဆုံးပေါ် Airbus A380
နှစ်ထပ်လေယာဉ်ကြီး ၁၉၃ စင်းမှာ ၈၂ စင်းက သူတို့တွေအပိုင်ဝယ်ထားပြီးသား နောက်ထပ်လည်း
၂၀၁၆ ခုနှစ် သြဂတ်လမှာ မင်္ဂလာဒုံကို စတင်ဆင်းသက်နေတဲ့လိုင်း၊ နောက်ဆုံးပေါ် Airbus A380
နှစ်ထပ်လေယာဉ်ကြီး ၁၉၃ စင်းမှာ ၈၂ စင်းက သူတို့တွေအပိုင်ဝယ်ထားပြီးသား နောက်ထပ်လည်း
အလားတူ
A380 တွေ အစင်းငါးဆယ် အဲယားဘတ်စ်နဲ့ စာချုပ်ချုပ်မှာထားပြီးသားဆိုတော့ ဥရောပ
ကနေ
အာရှသွားတဲ့ ကောင်းကင်တိမ်ထုတွေကြားမှာ သူတို့တတွေကိုသာ များပြားစွာ မြင်တွေ့ရမှာ
ဖြစ်လို့ အမ်းမရိတ်တို့ ဒူဘိုင်းတို့ အမည်တွေကို မကြိုက်နှစ်သက်ကြသူများလည်း ဘာမှတတ်နိုင်မှာ
မဟုတ်ပါဘူး။
ဖြစ်လို့ အမ်းမရိတ်တို့ ဒူဘိုင်းတို့ အမည်တွေကို မကြိုက်နှစ်သက်ကြသူများလည်း ဘာမှတတ်နိုင်မှာ
မဟုတ်ပါဘူး။
ဟိုးရှေးရှေး
တရံရောအခါက ၁၉၇၀ ခုနှစ်များ ဆီကတော့ အာရှ-ဥရောပ လေယာဉ် ခရီးစဉ်များမှာ
တထောက်နားရာအဖြစ်
နာမည်ကြီးခဲ့ကြတာက နယူးဒေလီ ဘုံဘေ ကရာချိ မော်စကိုတို့ ဖြစ်ခဲ့ဖူးပါ
တယ်၊
အဲဒီခေတ်က ဥရောပ နိုင်ငံကြီးတွေက လေကြောင်းလိုင်းတွေလည်း အခုတော့ ယိုင်နဲ့နဲ့သာ
ရပ်တည်နေကြပြီး အဲဒီ တထောက်နားရာ လေဆိပ်တွေလည်း ပြန်လည် နလံထူဖို့ ကြိုးစာနေကြပါ
သော်လည်း ဆေးမြီးတိုနဲ့ ကုသတဲ့ အဆင့်များသာပါ။
ရပ်တည်နေကြပြီး အဲဒီ တထောက်နားရာ လေဆိပ်တွေလည်း ပြန်လည် နလံထူဖို့ ကြိုးစာနေကြပါ
သော်လည်း ဆေးမြီးတိုနဲ့ ကုသတဲ့ အဆင့်များသာပါ။
၁၉၇၀
နောက်ပိုင်း နာမည်ကျော် ဘိုးရင်း ဆဲဗန်း-ဖိုး-ဆဲဗန်း လေယာဉ်ကြီး ခေတ်စားလာခဲ့ပြီးတော့
မောင်ရင်ငတေတို့ရဲ့ တထောင်ကိုးရာကိုးဆယ်ကျော်နှစ်များမှာတော့ ဥရောပအာရှ ဝေဟင်ခရီးများ
မှာ ဘန်ကောက်တို့ စင်ကာပူတို့ ကွာလာလမ်ပူ လေဆိပ်တွေကနေ သူတို့ရဲ့ နိုင်ငံပိုင် လေကြောင်း
တွေနဲ့ တိုက်ရိုက်ပျံသန်းမှုတွေက ကြီးစိုးခဲ့ပါတယ်၊ မောင်ရင်ငတေတို့တောင်မှ ပြင်သစ်မြေကြီးကို
စတင်နင်းဖို့ မလေးရှားအဲယာလိုင်း အသုံးပြု စီးနင်းလာခဲ့တာပါ၊ နောက် နှစ်ထောင့်ငါးခြောက် ခုနှစ်
များအထိ ဘန်ကောက်မြေကို အပြန် လူတိုင်းလိုလို တီဂျီမှ တီဂျီသာပါ၊ ထိုင်းအဲယားဝေးစ် အင်တာ
နေရှင်နယ်ရဲ့ ရွှေရောင်ကာလများပေါ့။

စင်ကာပူသမားတွေကလည်း
စင်ကာပူအဲယားလိုင်းက တပြားမှမလျှော့သေးချိန်ကပေါ့ ခင်ဗျာ၊ အခု
အခါမှာတော့ ခေတ်ပြောင်းလို့ သွားခဲ့ပါပြီ၊ စင်ကာပူ အဲယားလိုင်းမှ အဲယားဖရန့်မှ အကောင်းထင်၍
နေကြသူတွေကတော့ ဈေးကြီးပေးလို့ စီးနင်း နေကြသေးပေမယ့် မောင်ရင်ငတေ တို့လို ဘတ်ဂျက်
အခါမှာတော့ ခေတ်ပြောင်းလို့ သွားခဲ့ပါပြီ၊ စင်ကာပူ အဲယားလိုင်းမှ အဲယားဖရန့်မှ အကောင်းထင်၍
နေကြသူတွေကတော့ ဈေးကြီးပေးလို့ စီးနင်း နေကြသေးပေမယ့် မောင်ရင်ငတေ တို့လို ဘတ်ဂျက်
နည်းသူများ
အစွဲလမ်း မကြီးကြသူများ သို့တည်းမဟုတ် လိုင်းပေါင်းစုံကို ပြောင်းလဲစီးနင်းဖို့ ဝါသနာ
ပါကြသူများကတော့
ဒီလိုမျိုး အမ်းမရိတ်လိုင်းတွေကို အသုံးပြုနေကြပြီပေါ့။
A6-EOO
Emirates Airbus A380-800 (ဓါတ်ပုံ
မရငတ)
လူပေါင်း
ငါးရာကျော်ခြောက်ရာဆန့်တဲ့ နှစ်ထပ် လေယာဉ်ကြီးတွေပါ၊ မကောင်းပြောရမယ့် အချက်
တခုကတော့ Check-In ချက်ကင်လုပ်ချိန်မှာ လူငါးရာ တန်းစီရတဲ့အလုပ်ပါ၊ လေယာဉ်ထဲမှာလည်း
တခုကတော့ Check-In ချက်ကင်လုပ်ချိန်မှာ လူငါးရာ တန်းစီရတဲ့အလုပ်ပါ၊ လေယာဉ်ထဲမှာလည်း
လူတွေများပြားလွန်းတော့
ဘာမဆို စောင့်ရတာ ကြာတတ်တာပါ။
ပါရီ-ဘန်ကောက်
တိုက်ရိုက်ခရီးက အသွားမှာ ဆယ့်တနာရီမျှသာ ကြာပြီး ဘန်ကောက်-ပါရီအပြန်
ခရီးကတော့
လေကိုဆန်၍ ပျံသန်းရတာဖြစ်လို့ လေယာဉ်စီးချိန် ဆယ့်နှစ်နာရီခွဲမျှထိ ကြာမြင့်တတ်
ပါတယ်၊
အမ်းမရတ်လိုင်းစီးရင်တော့ ဒူဘိုင်းမြို့က ပါရီ-ဘန်ကောက်ရဲ့ အလယ်မှာ တည်ရှိတာမို့လို့
ခြောက်နာရီစီး
တခါနား နောက် ခြောက်နာရီ ထပ်စီးရတာပါ၊ အချိန်အကြာကြီး ဆက်တိုက်စီးရတာ
မဟုတ်လို့ကောင်းသလို ဂျူတီဖရီး ဈေးဝယ်ချင်သူများအတွက် ကိုက်ပါတယ်၊ ဆိုးဝါးတာက ဒူဘိုင်း
လေဆိပ် လေယာဉ်အပြောင်းထရန်ဆစ်နားချိန် ကြာတတ်တာပါ၊ သုံးနာရီသာကြာတဲ့ထရန်ဆစ်ကို
မဟုတ်လို့ကောင်းသလို ဂျူတီဖရီး ဈေးဝယ်ချင်သူများအတွက် ကိုက်ပါတယ်၊ ဆိုးဝါးတာက ဒူဘိုင်း
လေဆိပ် လေယာဉ်အပြောင်းထရန်ဆစ်နားချိန် ကြာတတ်တာပါ၊ သုံးနာရီသာကြာတဲ့ထရန်ဆစ်ကို
ငါးလလောက်ကြိုတင်ဝယ်ယူခဲ့လို့
ဈေးသက်သာသာနဲ့ရခဲ့တာပါ၊ တနာရီလောက်သာ အချိန်ရခဲ့ရင်
မထင်မှတ်တဲ့
ပြဿနာမျိုးတွေ ပေါ်လာခဲ့ရင် လေယာဉ်အကူးအပြောင်း ပြေးရတတ်တာမို့ ဒါလည်း
မကောင်းပါဘူး၊ ဂျူတီဖရီး ဈေးဝယ်ချိန်လည်း မရတတ်ပါဘူး၊ အဲဒီ ဘားရိန်းတို့ ကူဝိတ်တို့ ဒိုဟာတို့
မကောင်းပါဘူး၊ ဂျူတီဖရီး ဈေးဝယ်ချိန်လည်း မရတတ်ပါဘူး၊ အဲဒီ ဘားရိန်းတို့ ကူဝိတ်တို့ ဒိုဟာတို့
ဒူဘိုင်းတို့
လေဆိပ်တွေရဲ့ ဂျူတီ ဖရီးရှော့တွေက ဈေးသက်သာလို့ ဝယ်သူများကြပါတယ်၊ အချိန်ရ
ခဲ့လို့
ရွေးဝယ်နိုင်ရင် ဝီစကီအမျိုးအစားကောင်းကောင်း ဈေးသက်သာသာနဲ့ တွေ့တတ်ပါတယ်။
From Emirates 72 To 374
(ဓါတ်ပုံ မရငတ)
အမ်းမရတ် (ခွန်နှစ်) ပါရီ-ဒူဘိုင်း ခရီးစဉ်မှာ ပါရီက မနက် ၀၉ နာရီ ၅၅ မိနစ် ထွက်ပြီး ဒူဘိုင်းကို ည
၁၉ နာရီ ၃၅ မိနစ်မှာ ရောက်ပါမယ်၊ လေယာဉ်ပျံသန်းချိန်က ခြောက်နာရီလေးဆယ်မိနစ် ခန့်မှန်းပါ
တယ်၊ ဥရောပဆောင်းရာသီ စံတော်ချိန်အရ ပါရီနဲ့ ဒူဘိုင်းက သုံးနာရီ ရှေ့တိုးရမှာ ဖြစ်တာကြောင့်
ဒူဘိုင်းလေဆိပ်ကိုရောက်တော့ မိုးချုပ်စပြုနေမှာပါ၊ ပါရီ-ဒူဘိုင်းက ၅၂၃၅ ကီလိုမီတာ ဝေးပါတယ်။
တယ်၊ ဥရောပဆောင်းရာသီ စံတော်ချိန်အရ ပါရီနဲ့ ဒူဘိုင်းက သုံးနာရီ ရှေ့တိုးရမှာ ဖြစ်တာကြောင့်
ဒူဘိုင်းလေဆိပ်ကိုရောက်တော့ မိုးချုပ်စပြုနေမှာပါ၊ ပါရီ-ဒူဘိုင်းက ၅၂၃၅ ကီလိုမီတာ ဝေးပါတယ်။
ဒူဘိုင်းလေဆိပ်မှာ
သုံးနာရီမျှ နားရမှာပါ၊ အမ်းမရတ် (သုံးခွန်လေး) ဒူဘိုင်း-ဘန်ကောက်ခရီးစဉ်က
ဒူဘိုင်းလေဆိပ်ကနေ ညသန်းခေါင်ယံ မတိုင်မီ ၂၂ နာရီ ၃၅ မိနစ်မှာ ပြန်ထွက်ပြီး နောက်တနေ့
မနက်အစော ဘန်ကောက်စံတော်ချိန် ၀၇ နာရီ ၃၅ မိနစ်မှာ သုဝဏ္ဏဘုမ္မိ လေဆိပ်ကို ရောက်မှာပါ၊
မနက်အစော ဘန်ကောက်စံတော်ချိန် ၀၇ နာရီ ၃၅ မိနစ်မှာ သုဝဏ္ဏဘုမ္မိ လေဆိပ်ကို ရောက်မှာပါ၊
ဒူဘိုင်းနဲ့ ဘန်ကောက်ကလည်း သုံးနာရီ ကွာတာကြောင့် နာရီလက်တံတွေ ရှေ့သုံးနာရီ တိုးရမှာပါ၊
ခရီးမိုင်
အကွာအဝေးကတော့ ၄၉၀၁ ကီလိုမီတာ ကွာပါတယ်။
အဲဒီတော့
ပါရီမြို့ CDG ရှားလ်ဒဂိုးလ်လေဆိပ်ကြီးကနေ မနက် ဆယ်နာရီမထိုးခင် ငါးမိနစ်အလိုက
ထွက်လာခဲ့တာ ဘန်ကောက် သုဝဏ္ဏဘုမ္မိကို နောက်တနေ့ မနက် ခွန်နှစ်နာရီ ခွဲခန့်မှ ရောက်မှာပါ၊
ထွက်လာခဲ့တာ ဘန်ကောက် သုဝဏ္ဏဘုမ္မိကို နောက်တနေ့ မနက် ခွန်နှစ်နာရီ ခွဲခန့်မှ ရောက်မှာပါ၊
စုစုပေါင်း
နာရီ ကွာဟချိန်ကတော့ လေယာဉ်ပေါ် ထိုင်နေရချိန် ၁၃ နာရီ လေဆိပ်မှာ နားနေချိန်က
သုံးနာရီ
အရှေ့နဲ့ အနောက် နာရီကွာဟချိန်က ခြောက်နာရီ စုစုပေါင်းလိုက်ရင် နာရီပေါင်း ၂၂ နာရီ
ခန့်မျှ အချိန်ကြာမှာ ဖြစ်ကြောင်းပါ ခင်ဗျား။
ခန့်မျှ အချိန်ကြာမှာ ဖြစ်ကြောင်းပါ ခင်ဗျား။
Aéroport
de Bangkok-Suvarnabhumi (ဓါတ်ပုံ မရငတ)
၂၀၁၆
နိုဝင်ဘာ ၁၀ ရက်-ဒီဇင်ဘာ ၁၀ ရက် ပါရီ-ဒူဘိုင်း-ဘီကေကေ အသွားအပြန် ခရီး မစတင်မီ
ကြိုတင်ပြင်ဆင်ရင်း
ရေးဖြစ်ခဲ့တဲ့ အမ်းမရတ် (ခွန်နှစ်) မှသည် (သုံးခွန်လေး) မှတ်တမ်းစာစုလေးပါ၊
ကြီးကြီးကျယ်ကျယ်
အကြောင်းတွေ မပါပေမယ့် ခရီးတခုမထွက်မီ ပြင်ဆင်ခဲ့ပုံလေးတွေကို အမှတ်
တရအဖြစ်
မှတ်တမ်းသဘော ရေးဖြစ်ခဲ့တာပါ။
ကျေးဇူးအထူးပါ
့  ခင်ဗျာ။
မောင်ရင်ငတေ ၀၇၀၉၂၀၁၆
ခရီးမှတ်တမ်းပုံရိပ်များ
အမ်းမရတ် (ခွန်နှစ်) မှသည် (သုံးခွန်လေး)
ကျောက်ဖရား သောင်ရင်းမှသည် မယ့်ခေါင်ဆီသို့
Aucun commentaire:
Publier un commentaire