ပါရီမြို့မှာ တနေ့တာ (ပထမနေ့ ပထမပိုင်း)
West to East, View from Eiffel Second
Floor (ဓါတ်ပုံ မရငတ)
ဒီရက်ပိုင်းမှာ မိတ်ဆွေတယောက်က တောင်းဆိုလာခဲ့လို့ ပါရီမြို့ရဲ့
ဝမ်းဒေးတိုးလ် တူးဒေးသရီးဒေး တိုးရ် ခရီးစဉ်တွေကို ရေးဖို့ ကြိုးစား
မိပါတယ်၊ ဒါပေမယ့် တပိုင်းတစနဲ့ တန်းလန်း ဖြစ်နေဆဲပါ၊
ဝမ်းဒေးတိုးလ် တူးဒေးသရီးဒေး တိုးရ် ခရီးစဉ်တွေကို ရေးဖို့ ကြိုးစား
မိပါတယ်၊ ဒါပေမယ့် တပိုင်းတစနဲ့ တန်းလန်း ဖြစ်နေဆဲပါ၊
အဲဒီလို ပါရီမြို့ရဲ့ တနေ့တာ ခရီးစဉ်လမ်းကြောင်းကို ရေးဆွဲကြည့်တော့
ပို့နေကြ လမ်းကြောင်းတွေ ဖြစ်ပေမယ့်လည်း အစီအစဉ်တွေကို ချရေး
ကြည့်တော့ တကယ် မလွယ်လှပါဘူး၊ ဒီနေရာလေးချန်ခဲ့ မကောင်း
ဟိုနေရာလေးချန်ခဲ့ မကောင်းနဲ့ ဝမ်းဒေးတိုးရ်ကနေ့ရောညပါ မအိပ်မနား
လည်ပတ်မှသာ ရမယ့် အနေအထား ဖြစ်နေတာမို့ပါ၊
လာရောက်ကြသူတွေရဲ့ စိတ်နေစိတ်ထား သန်ရာသန်ရာ ဝါသနာတွေကို
မေးမြန်းပြီးတော့မှ သူတို့ သွားချင်ရာနဲ့ သင့်တော်မယ့် လမ်းကြောင်းတွေကို
စိတ်ကူး ဂျီပီအက်စ်ထဲမှာထည့်ခါ တွက်ချက်ပြီးမှ သွားခဲ့တာမျိုးက မောင်ရင်ငတေ့
တိုးရ်ခရီးစဉ် လမ်းကြောင်း ရေးဆွဲခြင်း ပညာရပ်ရဲ့ အနှစ်သာရလို့
ခေါ်ရမှာပါ၊ ကြီးကြီးကျယ်ကျယ်တော့ မထင်လိုက်ကြပါနဲ့၊
စိတ်ကူး ဂျီပီအက်စ်ထဲမှာထည့်ခါ တွက်ချက်ပြီးမှ သွားခဲ့တာမျိုးက မောင်ရင်ငတေ့
တိုးရ်ခရီးစဉ် လမ်းကြောင်း ရေးဆွဲခြင်း ပညာရပ်ရဲ့ အနှစ်သာရလို့
ခေါ်ရမှာပါ၊ ကြီးကြီးကျယ်ကျယ်တော့ မထင်လိုက်ကြပါနဲ့၊
တခြားသော ပရောဖက်ရှင်နယ်ကြီးတွေကတော့ ဧဂျင့်ကြီးတွေဖွင့်လို့ အဲဒီ
ခရီးသွား လုပ်ငန်းတွေကို ဘယ်လိုပုံစံမျိုး ကိုင်တွယ်ထိမ်းကျောင်းကြလို့ ဘယ်လို
ပုံနဲ့များ လက်ဖျားငွေသီးကြသလဲ ဆိုတာက မောင်ရင်ငတေ မသိနားမလည်ပါဘူး၊
ဘာ တိုးရ်ရစ်ဇမ် ညာ တိုးရ်ရစ်ဇမ်း ကျောင်းဆင်းမဟုတ်ပါတဲ့ မောင်ရင်ငတေ့

အတွက် စိတ်ကူးထဲမှာ ကလဖန်ထိုးလို့ လမ်းကြောင်းဆွဲတတ်တာမျိုးသာ ရှိပါတယ်၊
ဒါပေမယ့် တိုက်ဆိုင်လာလို့ ဒီတပတ်ထဲမှာ ပါရီမြို့ကို ရောက်ရှိလာကြ
လိမ့်မယ့် (ဒီ စာစု ရေးပြီးချိန်မှာတော့ ရောက်ပြီးနေကြပြီ ဖြစ်မှာပါ၊)
လိမ့်မယ့် (ဒီ စာစု ရေးပြီးချိန်မှာတော့ ရောက်ပြီးနေကြပြီ ဖြစ်မှာပါ၊)
မိတ်ဆွေ နှစ်ဖွဲ့ကို လိုက်ပို့ပေးရမှာမို့ အဲဒီ ခရီးစဉ်တွေကိုသာ ပါရီ ဝမ်းဒေး
သို့မဟုတ် တူးဒေးတိုးရ် အဖြစ် ပုံဖော် ရေးသားပါမည် ဖြစ်ပါကြောင်း၊
သို့မဟုတ် တူးဒေးတိုးရ် အဖြစ် ပုံဖော် ရေးသားပါမည် ဖြစ်ပါကြောင်း၊
မိတ်ဆွေနှစ်ဖွဲ့ ဆိုပေမယ့်လည်း ပထမတဖွဲ့က လူရွယ်လူလတ် တက်ကြွတဲ့
ခရီးသွား အတွေ့အကြုံ ရှိတဲ့ တကိုယ်တော်သမားပါ၊ ဒုတိယအဖွဲ့ကတော့
လူကိုးဦးပါ မိသားနှစ်စု စုပေါင်း လာကြမှာပါ၊ ပုံစံ အနေထားချင်း လုံးဝ မတူ
ညီတဲ့ ခရီးသွား နှစ်ဖွဲ့ကို ရာသီတူ ရက်ပိုင်းအတွင်းမှာ လိုက်ပို့ပေးရမှာပါ၊

တကိုယ်တော်သမားက ဘယ်လောက်ထိ ရောက်အောင်သွားနိုင်
ပါသလဲ၊ ဘယ်လိုနေရာမျိုးတွေမှာ အချိန်ယူ အချိန်ဖြုန်းနိုင်ပါသလဲ၊
ပါသလဲ၊ ဘယ်လိုနေရာမျိုးတွေမှာ အချိန်ယူ အချိန်ဖြုန်းနိုင်ပါသလဲ၊
ကိုးဦးမှာ ဆယ်နှစ်အရွယ် ကလေးမသုံးဦး ပါဝင်လာတဲ့ တောင်ပေါ်
တိုင်းရင်းသား အဖွဲ့ကကော ဘယ်လောက် ခရီးတွင်အောင် သွားနိုင်
ပါမလဲ ဆိုတာကတော့ မတူညီတဲ့ အဖြေတွေသာ ထွက်လာပါလိမ့်မယ်
ထင်ပါတယ်၊ ထင်တဲ့အတိုင်းလဲ မှန်နိုင်ပါတယ်၊
တိုင်းရင်းသား အဖွဲ့ကကော ဘယ်လောက် ခရီးတွင်အောင် သွားနိုင်
ပါမလဲ ဆိုတာကတော့ မတူညီတဲ့ အဖြေတွေသာ ထွက်လာပါလိမ့်မယ်
ထင်ပါတယ်၊ ထင်တဲ့အတိုင်းလဲ မှန်နိုင်ပါတယ်၊
West to North, View from Eiffel Second
Floor (ဓါတ်ပုံ
မရငတ)
ပါရီမြို့ကြီးကလည်း နာမည်ကြီးလွန်း လှသလို လာလည်ကြ
သူများကလည်း နေရာမျိုးစုံက လူမျိုးစုံ စရိုက်အစုံပါ၊
အဲဒီလို များပြားစုံလင်လှပါတဲ့ နိုင်ငံတကာ ခရီးသွားကြသူများ
အလယ်မှာ နောက်ဆုံးပေါ်လို့ ဆိုရလေမလား မောင်ရင်ငတေတို့ရဲ့
ရွှေအိုရောင် တိုင်းပြည်ကြီးထဲက လူမျိုးပေါင်းတရာနဲ့မှ တပါးကျော်လည်း
အင်တာနေရှင်နယ် ခရီးသွားကြသူများ ဖြစ်လာလို့ နေပါပြီ၊

West to North-East, View from Eiffel
Second Floor (ဓါတ်ပုံ မရငတ)
လွန်ခဲ့တဲ့ နှစ်တော်တော်များများကထဲက ပါရီမြို့ကို အလည်
အပတ် ရောက်ရှိလာခဲ့ကြသူ ရွှေလူမျိုး တော်တော်များများကို
မောင်ရင်ငတေ အလွတ်သဘော လိုက်ပို့ပေးခဲ့ပါတယ်၊
အပတ် ရောက်ရှိလာခဲ့ကြသူ ရွှေလူမျိုး တော်တော်များများကို
မောင်ရင်ငတေ အလွတ်သဘော လိုက်ပို့ပေးခဲ့ပါတယ်၊
မောင်ရင်ငတေနဲ့ တိုက်ရိုက်သိသူက နည်းပါးလှပြီး လုံးဝမသိ
မမြင်ဖူးဘူးတဲ့ လက်ဆင့်ကမ်းသိခဲ့တဲ့ ရွှေဗမာတွေကသာ များပါတယ်၊
မောင်ရင်ငတေရဲ့ မွေး နာမည်က ကွယ်ပျောက်နေခဲ့တာ ကြာပါပြီ၊
အဲတော့ ဖေ့စ်ဘုတ်ခ်မှာ လူဟောင်းများက မောင်ရင်ငတေကို
အလွယ်တကူ ရှာမရနိုင်ပါဘူး၊
ဇာတာတွေ ကိန်းခန်းတွေ အရလည်း မောင်ရင်ငတေ ဆိုတဲ့
ကောင်က လူသစ်များနဲ့ အကျိုးပေး ကောင်းပုံ ရပါတယ်၊
တွေ့လိုက်ရတဲ့ လူသစ် တပတ် တယောက်ဆိုသလိုပါ ခင်ဗျာ၊

အဲဒီထဲမှာ တိုင်းရင်းသားမျိုးစုံ ကိုးကွယ်ရာမျိုးစုံ အာဏာ လက်ရှိ လက်မဲ့
လက်ဟောင်း နိုင်ငံဝန်ထမ်း အန်ဂျီအိုဝန်ထမ်း အိမ်ပြေး ပြည်ပြေး ဘုန်းကြီးကျောင်းသား
တောခိုကျောင်းသား မြို့ခိုကျောင်းသား ဆေးကျောင်းသား နွားကျောင်းသား
ကျေးတောသား မြို့ကြီးသား ကျောင်းဆရာ ဆရာဝန် စစ်ဗိုလ် ပန်းချီ ပန်းပု
ကာတွန်း ကဗျာ စာရေးဆရာ ဂျာနယ်လစ် နိုင်ငံရေးသမား အရက်သမား
ဆေးသမား လောင်းကစားသမား နယ်စုံပယ်စုံ လိုင်းပေါင်းစုံ ဂိုဏ်းပေါင်းစုံက
ဆိုဒ်စုံ ဂိုက်စုံ ပျိုပျိုအိုအို ကျားရော မ,ပါ အရွယ်စုံစုံ ပါဝင်ပါတယ်၊
ဘိုလို ရွှတ်ရှက်ဒွတ်ဒက်ကော ဗမာစာ ကမ္မဝါ ဖတ်သူများကောပေါ့၊

ကဲ ကဲ Firstday in Paris Tour ပါရီ ပထမနေ့ ခရီးစဉ် စရေးပါပြီ၊ အဲသလိုနဲ့
တကိုယ်တော်သမား မန်းရွှေမြို့သူ အမျိုးသမီးပျိုက ရောက်လာပါရော၊
သူက လန်ဒန်က တဆင့် ရောက်ရှိလာတာ ဖြစ်လို့ ပါရီမြို့လယ်က ဘူတာကြီး
ခွန်နှခုအနက် အကြီးဆုံးတခု ဖြစ်ပါတဲ့ {Gare du Nord (Paris-Nord)
လို့လည်း ရထားလက်မှတ်မှာ အတိုကောက် ရေးတတ်ကြပါတယ်} ကို သွားကြို
ရပါတယ်၊ လန်ဒန်ကနေ ပါရီ ယူရိုစတား ရထားက နှစ်နာရီခန့်သာ ကြာပါတယ်၊

ပါရီကို
မနက်ကြီးကိုးနာရီမတ်တင်းမှာ ရထားဆိုက်ပါတယ်၊
ကွန်ပြူတာခေတ်ကြီးမှာ ဘယ်လောက် တိကျစွာ လုပ်ကျရပါတယ် ဆိုပေမယ့်
လည်း လေယာဉ်တွေ ရထားတွေရဲ့ အချိန်ဇယားတွေကတော့ စောတာထက်
နောက်ကျနေတတ်တာက သဘာဝလောကကြီးရဲ့ အလိုအရ ထင်ပါရဲ့၊
တခါတခါမှာ ဗမာစာ တချို့မှာ ဖတ်ရတတ်တဲ့ အချိန်တိကျတဲ့
အနောက်တိုင်း လူဖြူတွေရဲ့ အကျင့် ဆိုတာကြီးက မောင်ရင်ငတေ
တယောက်တည်း ကြိတ်လို့သာ ရယ်တတ်နေခဲ့တာ ကြာခဲ့ပါပြီ၊

ပါရီရဲ့
EuroStar ယူရိုစတား ဘူတာရုံက Paris-Nord လို့ ဆိုခဲ့တဲ့အတိုင်း
ဘူတာက ပါရီမြို့လယ်ရဲ့ မြောက်ပိုင်းခပ်ကျကျ အရပ်မှာ တည်ရှိပါတယ်၊
မောင်ရင်ငတေတို့ နေထိုင်တဲ့အရပ်က ပါရီမြို့စွန်ရဲ့ တောင်ပိုင်း
ခပ်ကျကျမှာ တည်ရှိတာမို့ ရထားမဆိုက်ခင်အရောက် ဘူတာသွားကြိုဖို့
မနက်အိပ်ယာ ခွန်နှနာရီထ ရှစ်နာရီ အိမ်က ထွက်မှသာ လာလည်သူ
မရောက်ခင် ကြိုဆိုသူ ဘူတာ ရောက်နေမှာ ဖြစ်ပါတယ်၊
ဒါတောင် သွားအကြိုလမ်းမှာ မေထရိုတွေ ပြဿနာဖြစ်လို့ဆိုပြီး
အသည်းအသန် ဂဲမှန် ပြေးခဲ့ရတဲ့ အကြိမ်ပေါင်းက များလှပါပြီ၊

သွားကြိုဖို့
တနာရီစော အိမ်ကထွက်လာတဲ့ မောင်ရင်ငတေ
ဘူတာရောက်တော့ ရထားဆိုက်တာနဲ့ ကွက်တိလောက်ပါ၊
နှစ်ညလောက်သာအိပ်မယ့် ခရီးကိုလာရင် ကျောပိုးအိတ်
တလုံးလောက်နဲ့သာ လာတာက ပိုသင့်တော်ပါတယ်၊
နှစ်ညလောက်သာအိပ်မယ့် ခရီးကိုလာရင် ကျောပိုးအိတ်
တလုံးလောက်နဲ့သာ လာတာက ပိုသင့်တော်ပါတယ်၊
မန်းရွှေမြို့သူ ခရီးစဉ်က မနက် ကိုးနာရီရောက် နှစ်ညအိပ်ပြီးတော့
နောက်တနေ့ ညနေမှ ပြန်မှာဆိုတော့ လည်ပတ်ချိန်က ပထမနေ့
နေ့တပိုင်း ဒုတိယနေ့ တနေကုန် ပြန်မယ့်နေ့ နေ့တဝက်မျှ အချိန်ရပါတယ်၊
ဘူတာ ကိုးနာရီ ရောက်ပေမယ့် ဟော်တယ်ကို ဝင်ချိန်က (Check-In)
က နေ့လယ်နှစ်နာရီဆိုတော့ အချိန်တော်တော်လေး ဟနေပါတယ်၊
တညလုံး ခရီးပမ်း လာသူမျိုးဆိုရင် အခက်တွေ့တတ်ပါတယ်၊
ဘူတာက ပါရီ အမှတ် (၇) ရပ်ကွက်မှာ ရှိတဲ့ ဟော်တယ်ကို
လေးဆယ့်ငါးမိနစ်ကြာ မြေအောက်မေထရို ရထားနှစ်ဆင့် စီးရမှာပါ၊
ဟော်တယ်ရောက်ရှိတော့ ဆယ်နာရီ ထိုးပါပြီ၊ နေ့လယ်မှ ဝင်ရမှာမို့ ကောင်တာမှာ
စကားပြော အိပ်တွေဘာတွေအပ် ခဏထိုင် အပြင်ပြန်ထွက်လာတော့ ဆယ့်တနာရီပါ၊
ဒီနေရာမှာ ပြောဖို့ကျန်ခဲ့တာက ရထားလက်မှတ်ပါ၊ ပုံမှန် အနေနဲ့ ဆိုရင် တနေ့စီး
လက်မှတ် (၂၄ နာရီ လက်မှတ် ပါရီမှာ မရှိပါ၊) ခွန်နှယူရိုကျော် ပေးဝယ်တာ အကောင်းဆုံးပါ၊
ပါရီ ဇုံတစ်နဲ့နှစ်အတွင်း မြေအောက်မြေပေါ် ဘတ်စ်ကား ရထား အကုန်စီးလို့ ရပါတယ်၊
တခါစီး လက်မှတ်တစောင် တန်ဖိုးက တယူရို ပြားကိုးဆယ်ပါ၊ ဆယ်စောင်တွဲ ဝယ်ရင်တော့
ဆယ့်လေးယူရိုခွဲလောက် ရှိပါတယ်၊ လက်မှတ်ဈေးက တနှစ်တခါ ဈေးတက်တတ်ပါတယ်၊
ဈေးကြီးတဲ့ ဟော်တယ်ရပ်ကွက်
(ဓါတ်ပုံ မရငတ)
တည်းခိုဖို့ကတော့ လာလည်သူ မန်းရွှေမြို့သူက သူ့ရဲ့ စိတ်ကြိုက် ရွေးထား
ခဲ့တဲ့ ဟော်တယ်တခုပါ၊ ဟော်တယ် ရွေးချယ်ငှားရမ်းမှုကိုတော့ အကြံပေးရုံမျှ
ခဲ့တဲ့ ဟော်တယ်တခုပါ၊ ဟော်တယ် ရွေးချယ်ငှားရမ်းမှုကိုတော့ အကြံပေးရုံမျှ
နေရာရှာပေးရုံမျှသာ မောင်ရင်ငတေ လုပ်ချင်ပါတယ်၊
ပါရီမြို့တော် ဟော်တယ်ဈေးတွေက အတော်ကြီးတယ် ပြောရမှာပါ၊ တော်ရိလျော်ရိ
အခန်း ခပ်ကျဉ်းကျဉ်းလေးမှာ ဘာမှမပါတာတောင်မှ ယူရိုလေးငါးဆယ် ပေါက်ဈေးရှိပါတယ်၊
အခန်း ခပ်ကျဉ်းကျဉ်းလေးမှာ ဘာမှမပါတာတောင်မှ ယူရိုလေးငါးဆယ် ပေါက်ဈေးရှိပါတယ်၊
အဲယားကွန်း မရှိ ဓါတ်လှေကားမပါ အခန်းကျဉ်းထဲ နှစ်ယောက်အိပ် ကုတင်တလုံး
စာပွဲတလုံး ခုံတလုံး တီဗွီစက် မည်းမည်းတလုံး သို့တည်းမဟုတ် အခန်းလေး
တခန်းထဲမှာ နှစ်ထပ်ကုတင် လေးငါးခြောက်လုံးထား ကျားကျားမမ ပေါင်းအိပ်ကြ
အဲဒီလို ဟော်တယ်မျိုးတွေကသာ များလှပါတယ်၊ အဲဒါကြောင့် ဒီခေတ်
အွန်လိုင်းခေတ်ကြီးမှာ တည်းခိုသူအကြိုက် ရွေးချယ်တာက အကောင်းဆုံးပါ၊

ယူရို တရာ့ငါးဆယ် နှစ်ရာပေး ကြည့်မှ မြင်တွေ့ရမယ့်
အီဖယ် (ဓါတ်ပုံ မရငတ)
မန်းရွှေမြို့သူက အီဖယ်မျှော်စင်ရဲ့ နေ့နေ့ညညအလှကို ခံစားချင်တယ်ဆိုပြီး မျှော်စင်ကို
လှမ်းမြင်ရပါတဲ့ နေရာကို ရွေးချယ်ငှားခဲ့တာမို့ ဈေးနည်းနည်းကြီးတဲ့ ဟော်တယ်ပါ၊
လှမ်းမြင်ရပါတဲ့ နေရာကို ရွေးချယ်ငှားခဲ့တာမို့ ဈေးနည်းနည်းကြီးတဲ့ ဟော်တယ်ပါ၊
ရပ်ကွက်သန့် လမ်းသန့်တဲ့ စားသောက်ဆိုင်တွေက သန့်တဲ့ နေရာပါ၊ ကော်ဖီလေး
တခွက် လေးငါးယူရို ဘီယာတခွက် ကိုးယူရို ဆယ်ယူရို ပေးရတဲ့ နေရာတွေပါ၊
ဟော်တယ်တွေ ဘယ်ဟော်တယ်မျိုးမဆို အွန်လိုင်း ရီဆာဗေးရှင်းလုပ်ရင် ရပါတယ်၊
လွယ်ပါတယ်၊ အဲဒီလို ဟော်တယ်က သရီးစတားဆိုပေမယ့် နေရာကောင်း ဗျူးကောင်း
ဆိုတော့ ဈေးက မြောက် ပါတယ်၊ အဲ . . . ….... . ... ဒီ အခန်းမျိုး လိုချင်ရင်တော့
ဟော်တယ်ကို တိုက်ရိုက်ဖုန်းဆက်မေးပြီး ပြောနိုင်ဆိုနိုင်မှ သေချာပါမယ်၊
အီဖယ်မြက်ခင်းပြင်ကို ငါးမိနစ်လမ်းလျှောက် ရောက်တဲ့နေရာမျိုးပါ၊ လိပ်စာလေး
လိုချင်သပဆိုရင်တော့ မောင်ရင်ငတေ ရှာဖွေပေးနိုင်ပါတယ်၊ တခြားသော
ဟော်တယ်တွေမှာလည်း ဒီလို အခန်းမျိုးတွေ ရှိမှာပါ၊ ဒီလိုနေရာမျိုး တခါဖူးမျှ
ကိုယ်တိုင် မတည်းဘူး မခိုဖူးဘူး ဆိုတော့ သေချာတော့ မောင်ရင်ငတေ မသိပါဘူး၊

ဟော်တယ်က ဆယ့်တနာရီထွက်လာတော့ လှမ်းမြင်နေရတဲ့ အီဖယ်မျှော်စင်ရှိရာကို
လမ်းလျှောက်ပါတယ်၊ ဘတ်စ်ကားစောင့်စီးတာထက် လမ်းလျှောက်တာက ပါရီမြို့အတွင်းမှာ
ပိုမြန်တတ်ပါတယ်၊ ပါရီရဲ့ သစ်ပင်ကြီးတွေ အုံ့ဆိုင်းနေတဲ့ ရိပ်သာလမ်းမကြီးတွေ အလှကို
ခံစားရင်း မိမိကိုယ်ကိုလည်း ဆယ်လ်ဖီလေးဆွဲ ဓါတ်ပုံလေးရိုက် မှတ်တမ်းတင်ရင်းနဲ့ပေါ့၊

အီဖယ်ပေါ်မှ မြင်ရမယ့် Champ de Mars (ဓါတ်ပုံ မရငတ)
Champ
de Mars အီဖယ် မြက်ခင်းပြင်ကြီး ရှိရာသို့ ငါးမိနစ်မျှသာ လမ်းလျှောက်
ရပါတယ်၊ လူဝီတို့
နပိုလီယံတို့ စစ်ရေးပြခဲ့ရာ ကွင်းပြင်ကြီးပေါ့၊ အဲဒီ မြက်ခင်းပြင်ကြီး
ကနေ အီဖယ်ကို နောက်ခံထားလို့ မှတ်တမ်းတင်ဖို့
ကောင်းတဲ့ နေရာပါ၊ တကီလိုမီတာ
ရှည်တဲ့ မြက်ခင်းပြင်ကြီး အတိုင်း လမ်းလျှောက် ရတာကိုက ၁၅ မိနစ်မျှ ကြာပါတယ်၊
အကယ်၍ အီဖယ်မျှော်စင်ကို တက်ချင်တယ်ဆိုရင် ခန့်မှန်းချိန် သုံးနာရီမျှ ကြာနိုင်ပါတယ်၊
လူအုပ်စုများ မှတ်တမ်းတင်အား ကောင်းတာနဲ့အမျှ အချိန်ပိုပေးရမှာက အသေအချာပါ၊

ဒီလို လာလည်တဲ့သူတွေကို အီဖယ်တက်တာတို့ ပြတိုက်ထဲ ဝင်ကြည့်တာမျိုး
တို့ကို နောက်တနေ့မှ မနက်စောစောပိုင်းမှာ သီးသန့် သူတို့ဘာသာ တက်စေ
ပါတယ်၊ အများအားဖြင့်တော့ ပထမဦးနေ့မှာ မောင်ရင်ငတေက ရထား စီးတတ်ဖို့နဲ့
သွားတတ် လာတတ်ဖို့ ကိုသာ ပြသပေးတာပါ၊ အီဖယ်ထိပ်မတက်ပါဘဲ
အောက်မှာသာ လမ်းလျှောက် ဓါတ်ပုံရိုက်ရင် တနာရီမျှ ကြာတတ်ပါတယ်၊
အီဖယ်ကို လာလို့ရတဲ့ ဘူတာလမ်းကြောင်းက လေးနေရာလောက် ရှိတာမို့
တနေရာနဲ့ တနေရာက မြင်တွေ့ရတဲ့ အီဖယ်အလှ ရှုခင်းက မတူနိုင်ပါဘူး၊
ကြာမြင့်ချိန်လည်း မတူနိုင်ပါဘူး၊ မြက်ခင်းပြင်က တပြေးညီ မြင်တွေ့ရတဲ့ အီဖယ်အလှ၊
Trocadéro ထရိုကာဒေရို ဘူတာကဆိုရင် အပေါ်စီး မြင်တွေ့ ရတဲ့ အီဖယ်အလှ၊
Pont de Bir-Hakeim သို့မဟုတ် Pont de Passy တံတားဘက်က စဲန်းမြစ်ရိုးနဲ့
အနားသတ်နဲ့ အီဖယ်အလှ၊ ဘယ်လိုမှမတူညီနိုင်ပါဘူး၊ အချိန်ပေးနိုင်မှသာ
လေးဘက်လေးတန်က အီဖယ်ရဲ့ အလှကို မြင်တွေ့ရမှာပါ၊
အဲဒီမြက်ခင်းကျယ်ကြီးက ပြီးခဲ့တဲ့ ဥရောပဖလားယူရို ၂၀၁၆ ဘောလုံးပွဲလို ပွဲကြီးကြီးတွေရှိတဲ့အခါ မျိုးမှာ ပိတ်ကားကြီးတွေထောင်လို့ ပရိတ်သတ် ကိုးသောင်းလောက် စုရုံးရောက်ရှိ ပျော်ကြပါးကြရာ နေရာဖြစ်သလို ဒီကနေ့လိုမျိုး နွေရာသီမှာလည်း ဝိုင်းဖွဲ့သောက်ကြစားကြရာ ခေတ္တ အပန်းဖြေစရာ မြက်ခင်းပြင်ကြီးတခုပါ၊
ဆောင်းအခါမှာတော့ လာရောက်သူ ကျဲပါးသွားသလို မြက်ပြန်မွေးချိန်မို့လို့ ထိုင်သူမရှိ နတ္တိဖြစ်နေတတ်ပါတယ်၊
ပါရီမြို့ အုပ်ချုပ်ရေးအာဏာပိုင်များဟာ ဒီလိုမျိုး မြက်ခင်းတွေ မြစ်ကမ်းနဘေးတွေ
ရင်ပြင်ကျယ်တွေ ပန်းခြံတွေလို လူစည်ကားရာ နေရာတွေမှာ ဘာ မလုပ်ရဘူး
ညာ မလုပ်ရဘူးဆိုတဲ့ တင်းကျပ်လှတဲ့ စည်းကမ်းတွေ ထုတ်ထားဟန် မတူပါဘူး၊
အလိုက်သင့်သာ ထိမ်းကျောင်းသွားတာကို တွေ့မြင်ရလေ့ရှိပါတယ်၊
ဒီရာသီကတော့ လမ်းနဘေးမှာ လွတ်လပ်ရေးရ ပုလင်းထောင်ခွင့်
ရှိတာမျိုးမို့ မောင်ရင်ငတေတို့လို အားကစားသမားများ အထူးနှစ်သက်
ကြပါတဲ့ ရာသီတခုသာပါ၊
မောင်ရင်ငတေ အပိုမပြောပါ၊ ကြုံဖူးသူများ သိကြပါတယ်၊ ဘာမလုပ်ရ ညာမလုပ်
ရပါတဲ့ အမိန့်အရ တိုင်းပြည်တွေက ရောက်လာသူတချို့ အံ့သြကြပါတယ်၊
အဲ …. ဒါပေမယ့်လည်း လွတ်လွတ်လပ်လပ် စိတ်လွတ်လက်လွတ်
နေချင်ကြတဲ့ တိုင်းပြည်မှာလည်း … .. . . . ….. ခုတော့
စည်းရိုးတွေကြားက မလွတ်မလပ် အီဖယ်ခြေရင်း (ဓါတ်ပုံ မရငတ)
အခုတခေါက် အီဖယ်ကိုရောက်တော့ ဒီလိုအတားအဆီးတွေ ကာရံထားတာကို
တွေ့မြင်ခဲ့ရပါတယ်၊ အီဖယ်ခြေရင်းကိုတောင် လွတ်လွတ်လပ်လပ် သွားမရတဲ့
အနေအထားမျိုး ဖြစ်လာနေပါပြီ၊ အီဖယ် တင်လားဆိုတော့ မဟုတ်သေးပါဘူး၊
စဲန်းမြစ်ကမ်းနဘေးက Paris Plage ဆိုတဲ့ နွေရာသီကမ်းခြေ အပန်းဖြေဖို့
အပျော်လာကြတဲ့နေရာမျိုးတွေမှာတောင် အဝင်ဝမှာ လူစစ် အိတ်စစ်ပစ္စည်းစစ်တာမျိုး
လုပ်နေပါပြီ၊ နေရာများစွာမှာပါ၊ နောင်ဆို အိမ်သာအဝင်မှာတောင် ရှိလာနိုင်ပါတယ်၊
မောင်ရင်ငတေ သိနားလည်ခဲ့တဲ့ ခြံစည်းရိုးမကာတဲ့ လုံခြုံလွတ်လပ်မှုမျိုးကို
ဂုဏ်ယူကြရမယ့် ခေတ်ကနေ ကိုယ့်ဝန်း ကိုယ့်ခြံ
မြင့်မြင့်ကာထားမှ လုံခြုံမှု
ရကြမယ့် ခေတ်ကို နောက်ပြန်လို့ မြန်မြန်ဆန်ဆန် သွားနေပါပြီ၊
ရကြမယ့် ခေတ်ကို နောက်ပြန်လို့ မြန်မြန်ဆန်ဆန် သွားနေပါပြီ၊
အီဖယ်လေးဘက်လေးတန်းဟာ သံတိုင်အချုပ်ထဲသို့ ရောက်သွားရပါပြီ၊ အီဖယ်ကြီးကို
မွေးဖွားခဲ့သူ မွန်ဆီယာ အီဖယ်ကြီးကတော့ သူရဲ့ သမီးတော် သံမဏိလေဒီ ပျက်ဆီး
ပြိုကျသွားမှာထက် လူသားတွေရဲ့ အတ္တကြီးမှုကိုသာ ယူကျုံးမရ ဖြစ်နေမှာပါ၊ လက်နက်
အာဏာ ငွေကြေးနဲ့ နိုင်ငံရေးကြားမှာ လူမျိုးရေးမုန်းတီးမှုတွေ ဘာသာရေး အစွန်းရောက်မှု
တွေက ဓါးစာခံ ဖြစ်လာနေရတာကို အီဖယ်ကြီး သိပါလိမ့်မယ်၊
မောင်ရင်ငတေကတော့ အီဖယ်ရဲ့ နာကြည်းငိုသံ တိုးတိုးလေး ကြားခဲ့ရသလိုသာပါ၊
စည်းရိုးတွေကြားက မလွတ်မလပ် အီဖယ်ခြေရင်း (ဓါတ်ပုံ မရငတ)
မောင်ရင်ငတေရဲ့ မိတ်ဆွေကြီး တိုကျိုမြို့နေ ဦးမောင်သန်းဆွေကတော့
ဤကဲ့သို့ ရေးလာပါတယ်၊ ငိုရိပ်သန်းနေတဲ့ မြင်ကွင်းက ရင်နာစရာပါ …. …. ..
လွပ်လပ်မှုတွေ ဆုံးရှုံးလျော့ပါးလာတဲ့ ပါရီဟာ လူ့ဂုဏ်သိက္ခာတွေ တန်ဘိုးလျော့
လာနေကြောင်း ကျယ်ကျယ်လောင်လောင်ကို ပြောနေလေရဲ့။ ပါတဲ့ ခင်ဗျာ၊
တရားခံအစစ် လက်သည်အစစ်ကို . . . .... ရှာဖွေဖို့ အားထုတ်သင့်ပါပြီ လို့သာ . ….၊
အဲသလိုတွေဖြစ်လာတော့
အမှန်အကန် ခရီးသွားသူတွေအတွက် အီဖယ်ခြေရင်းကနေ
အပေါ်မော့ ကြည့်ရတဲ့ အရသာလေးရဖို့အရေး ကိုယ်ပိုင်အချိန်တချို့ ဖဲ့ပေးလိုက်ရပါပြီ၊
နှောင့်နှေးကြန့်ကြာရလို့ လူတိုင်းလိုလို စိတ်အနှောက်အယှက်လည်း ဖြစ်ရပါတယ်၊
အီဖယ်ခြေရင်းကို ဘေးကနေ ဝိုက်ပတ်ရတာက ၁၅ မိနစ်လောက် လမ်းပိုလျှောက်ရတာပါ၊

အီဖယ်ကြီးရဲ့
ငိုသံတွေ ဆက်လက် မကျယ်လောင်ပါစေနဲ့ . . . ....
ဆုတောင်းရင်း . . . .. ကြိတ်ကြိတ်တိုးနေတဲ့ လူအုပ်ကြီးကို ရှောင်ကွင်းရင်း
ရှေ့သို့ဆက်လက် လျှောက်လာခဲ့ကြပါတယ်၊
ဆုတောင်းရင်း . . . .. ကြိတ်ကြိတ်တိုးနေတဲ့ လူအုပ်ကြီးကို ရှောင်ကွင်းရင်း
ရှေ့သို့ဆက်လက် လျှောက်လာခဲ့ကြပါတယ်၊
အီဖယ်ထိပ်
မတက်ဘဲ အောက်ကနေသာ သွားမှာမို့လို့ ၃၂၄ မီတာ အမြင့်က
မြင်တွေ့ရမယ့် မြို့ပါရီရဲ့ အလှတွေကိုတော့ နောက်မှရေးပါမယ်၊ မြက်ခင်းပြင်ကလျှောက်လာခဲ့တာမို့ ထရိုကာဒေရို ကုန်းမြင့်ပေါ်သို့ စဲန်းမြစ်ကိုကူး လမ်း ဆက် လျှောက်ရမှာပါ၊
အဲဒီ Pont d'Iéna မြစ်ကူးတံတားပေါ်ကရော Jardins du Trocadéro ရေပန်းမြက်ခင်းပြင်
ကရော မှတ်တမ်းတင်ချင်သူများ အတွက်က ရိုက်ကွင်း ကောင်းကောင်းတွေသာပါ၊
Jardins
du Trocadéro ရေပန်းမြက်ခင်းပြင်ကတော့ ခြေညောင်းပြေ ခေတ္တခဏ
နားကြသူတွေနဲ့ စည်ကားပါတယ်၊ ရေပန်းဖွင့်ထားချိန် ရေပန်းဖွေးဖွေးကြားက
အီဖယ်ရဲ့အလှကလည်း မြင်ရသူတွေ အတွက် လက်မလွှတ်စတမ်း မှတ်တမ်းတင်
ချင်စရာဖြစ်ကြောင်း လက်တွေ့မြင်ဖူးသူတွေ ထောက်ခံ ကြမှာ သေချာပါတယ်၊
နားကြသူတွေနဲ့ စည်ကားပါတယ်၊ ရေပန်းဖွင့်ထားချိန် ရေပန်းဖွေးဖွေးကြားက
အီဖယ်ရဲ့အလှကလည်း မြင်ရသူတွေ အတွက် လက်မလွှတ်စတမ်း မှတ်တမ်းတင်
ချင်စရာဖြစ်ကြောင်း လက်တွေ့မြင်ဖူးသူတွေ ထောက်ခံ ကြမှာ သေချာပါတယ်၊
Pont
d'Iéna (ဓါတ်ပုံ မရငတ)
Pont d'Iéna တံတားက လွန်ခဲ့တဲ့ နှစ် ၂၀၀ ကျော်က နပိုလီယံ စစ်ပွဲတွေ
ထဲက တပွဲဖြစ်တဲ့ Bataille d'Iéna (Jena) ကို အစွဲပြု မှည့်ခေါ်ထားတာပါ၊
၁၈၀၈ ခုနှစ်မှာ စတင် တည်ဆောက်ခဲ့တဲ့ ဒီတံတား ဖွဲစည်းပုံက
ထူးထူးခြားခြား မဟုတ်လှပေမယ့် တံတားထိပ် မြင်းစီးကျောက်ရုပ်တု
လေးရုပ်ကတော့ စိတ်ဝင်စားသူများအတွက် စိတ်ဝင်စားစရာပါ၊

တံတားအောက်ခြေ
တဘက်တချက်မှာတော့ စဲန်းမြစ်တွင်းသွား အပန်းဖြေ
သင်္ဘောဆိပ် နှစ်ခုရှိနေတာရယ် ထိုင်လို့ကောင်းလှတဲ့နေရာ ဖြစ်တာရယ်ကြောင့်
ဧည့်ပရိသတ်စည်ကားရာ နေရာတနေရာ ဖြစ်ပါတယ်၊
ဒါပေမယ့် ဒီနေရာက ခရီးသွားတွေသာအထိုင်များပါတယ်၊
မောင်ရင်ငတေတို့ ပါရီသား အများစုကတော့ ခပ်ကြာကြာ
အေးဆေးစွာထိုင် အချိန်ဖြုန်းချင်ရင် ဒီနေရာကို လာလေ့ မရှိပါဘူး၊

တံတားအောက်
ရေပြင်စပ် လှေခါးထစ်လေးများက ထိုင် ငေးမောချင်စရာပါ၊
အဲဒီလို နေရာမျိုးလေး တွေရှိရာသို့ ရောက်လို့ရှိရင် မောပန်း၍ခြေညောင်းလာတဲ့
အဲဒီလို နေရာမျိုးလေး တွေရှိရာသို့ ရောက်လို့ရှိရင် မောပန်း၍ခြေညောင်းလာတဲ့
လူတိုင်းလိုလို ခဏတဖြုတ်လောက်တော့ ခြေပစ်လက်ပစ်
ထိုင်လိုက်ချင်ကြတာက
လူသဘောမို့လို့ ပါရီမြို့ကို လည်ပတ်တဲ့ခါ အဲလို အနားယူ ချိန်တွေကိုလည်း
လူသဘောမို့လို့ ပါရီမြို့ကို လည်ပတ်တဲ့ခါ အဲလို အနားယူ ချိန်တွေကိုလည်း
မထည့်မဖြစ် ထည့်တွက်ကြရပါတယ်၊
မောင်ရင်ငတေတို့လို
လာနေကျသူကတော့ ပါလာတဲ့ ဖျော်ရည်လေး
တွေထုတ် အမောဖြေ ထိုင်ဖြစ် သောက်ဖြစ်ကြတာ အမြဲလိုလိုသာပါ၊
တွေထုတ် အမောဖြေ ထိုင်ဖြစ် သောက်ဖြစ်ကြတာ အမြဲလိုလိုသာပါ၊
ဒီလိုမှလည်း စဲန်းမြစ်ရဲ့အလှ ပါရီရဲ့အလှကို ခံစားချိန် ရမှာပါ၊
အဲလိုမဟုတ်ပါဘဲ ပါရီကိုရောက်ပြီးရော တက်သုတ်ရိုက် ပြန်သွားကြ
သူတွေလည်း ရှိကြပါလိမ့်မယ်၊ မောင်ရင်ငတေ့ဆီသို့ လာရောက်လည်ပတ်ကြသူ
များကိုတော့ အဲသလို တက်သုတ်ရိုက်သမားတွေ မဖြစ်စေလိုပါ၊
တနေ့လောက် သို့မဟုတ် နေ့ချင်းပြန် ခရီးသွားလိုမျိုးကိုတော့ ဘယ်လိုနည်းနဲ့မှ
ပါရီ အနှံ့ နေရာစုံရောက်ဖို့ မျှော်လင့်၍မရပေမယ့် မောင်ရင်ငတေရဲ့ ခပ်ပြင်းပြင်း
မောင်းနှင်အားကြောင့် အဓိက နေရာတွေကို ရောက်အောင်တော့ ပို့ပေးနိုင်ကြောင်းပါ၊
အပြန်ခရီးမှာတော့ ဒဏ်ကြေလိမ်း ဆေးလေးတွေတော့
လိုရမယ်ရ လိမ်းဖို့ရန် သယ်ဆောင်လာကြစေလိုကြောင်းပါ ခင်ဗျား၊
Bateaux Promenades, Au Pied de la Tour Eiffel, Face au
Trocadéro (ဓါတ်ပုံ မရငတ)
စဲန်းမြစ်တွင်း သင်္ဘောစီးလို့ ကမ်းတဘက်တချက်က
ပါရီမြို့ရဲ့ အလှကို ဇိမ်ခံကြည့်ကြသူတွေလည်း များလှပါတယ်၊
မြစ်အတွင်းကနေ ကမ်းနဖူးဘက်ကို ပြန်မြင်ရတဲ့ မြင်ကွင်းကလည်း
အရသာ တမျိုး ဖြစ်လို့ ဒီလို သင်္ဘောအပျော်စီးတဲ့ လုပ်ငန်းကလည်း
တိုးရ်ရစ်ဇမ် စီးပွားရေးမှာ မပါမဖြစ် ပါဝင်လာခဲ့ ပါပြီ၊ တနာရီကြာ
သင်္ဘောစီးပြီး စဲန်းမြစ် ကမ်းအလှကို ကြည့်ချင်ရင် ၁၅ ယူရိုခန့် ပေးရမှာပါ၊
ရှန်ပိန် တခွက်လောက် ဇိမ်ခံသောက်ရင်း ချစ်သူနဲ့ ညစာစားရင်း ဇိမ်ခံကြည်နူး
ချင်ကြရင်တော့ တယောက် ယူရိုတရာကျော်လောက် အကုန်ကျခံနိုင်ရင် ဖြစ်ပါတယ်၊
မောင်ရင်ငတေကတော့ ရှန်ပိန်မကြိုက်လို့ အဲဒီလိုမျိုးတွေ ဇိမ်ခံချင်စိတ်
နည်းပါးလှတာမို့ သိပ်စိတ်မဝင်စားမိရပါဘူး၊
လူစည်ကားတဲ့ ထရိုကာဒေရိုရင်ပြင် လှေကားထစ်များ (ဓါတ်ပုံ မရငတ)
ထရိုကာဒေရိုကုန်းမြင့်ရင်ပြင်ပေါ်ရောက်တော့ နောက်လှည့်အောက်ဖက်ကို
ကြည့်လိုက်ရင် အီဖယ် မျှော်စင်ကြီးက အောက်အတော်နိမ့်နိမ့်မှာ ကျန်ခဲ့တာကို
တွေ့မြင်ရမှာပါ၊ ဒီ ရင်ပြင်ကလည်း အမြဲလို အပြည့်ပါ၊ ဒီနှစ်ပိုင်းမှာ ဘယ်ဘက်
လှေကားကို ပြင်ဆင်နေလို့ တခြမ်းပဲ့ရင်ပြင်ကနေ အီဖယ်ကြီးကို မြင်တွေ့ရတာက
တခုခုလိုနေသလိုပါ၊
မြက်ခင်းပြင်ကနေ
ထရိုကာဒေရို မေထရိုထိက နှစ် ကီလိုမီတာနီးပါး ဝေးပါတယ်၊
အများအားဖြင့်က တည်းခိုရာကနေ မြေအောက်မေထရိုနဲ့လာပြီး ဒီရင်ပြင်ပေါ်ကနေမှ
အီဖယ်ရှိရာသို့ တဖြေးဖြေးဆင်း သွားတာက မြင်ကွင်းကပိုလှပါတယ်၊
အခုလိုမျိုး တခါတလေမှာ တည်းခိုရာနေရာက မြက်ခင်းပြင်နဲ့ လမ်းကြောင်း
သင့်တာမျိုးကြောင့် ဒီလမ်းကြောင်းကို သုံးရတဲ့အခါမှာ ကုန်းတက်လို့ ပို၍
မောရသလို ရိုက်ကွင်း ပြောင်းပြန်ဖြစ်နေ ပါတယ်၊ မတတ်သာတဲ့ အခါမှာမှ
ဒီလမ်းကြောင်းကို အသုံးပြုပါတယ်၊

ဘူတာထဲရောက်လို့
အချိန်ကြည့်လိုက်တော့ ခန့်မှန်းထားချိန်
နေ့လယ် တချက်တီးကို ကျော်နေပါပြီ၊
Trocadéro ဘူတာကနေ ရထားစီးပြီး ဆက်လက် ချီတက်ရမယ့်
အသင့်တော်ဆုံး လမ်းကြောင်းက နပိုလီယံရဲ့ အောင်မြင်ရေး မုခ်ဦး
Arc de Triomphe de l'Étoile ရှိရာဆီပါ၊ သိပ်တော့ မဝေးပါဘူး၊
ကြားနှစ်ဘူတာ စီးရပါမယ်၊ မေထရိုလိုင်း နံပတ်ခြောက် Charles de Gaulle Étoile
ဂိတ်ဆုံးဘူတာမှာ ဆင်းပြီး လမ်းညွှန်အတိုင်း အပေါ်တက်သွားရင် တွေ့ရပါပြီ၊

Arc de Triomphe de l'Étoile (Triumphal
Arch of the Star) (ဓါတ်ပုံ
မရငတ)
"You will Return Home through Archs of Triumphe"
Battle of Austerlitz Victory 1805,
Napoleon said to his Soldiers.
၁၈၀၅ ခုနှစ် Bataille d'Austerlitz အော်စတာလဇ်တိုက်ပွဲကို
အောင်ပွဲခံပြီး အပြန်မှာ စစ်ဘုရင်ကြီး နပိုလီယံက အဲဒီလိုစကား
သူရဲ့စစ်သားတွေကို အားပါးတရ ပြောကြားခဲ့ပါတယ်တဲ့၊
နောက်ပွဲတွေ ဆိုရင် မင်းတို့ အဲလိုအောင်ပွဲတွေခံပြီး ပြန်လာရင် Arc de Triomphe
ဒီ မုခ်ဦးကြီးကနေ ကြိုဆိုခြင်း ခံရမယ်လို့ ပြောကြားခဲ့ပေမယ့်လည်း နပိုလီယံကိုယ်တိုင်
ဒီ မုခ်ဦးကြီး အောက်ကနေ ဖြတ်လျှောက် အောင်ပွဲခံခွင့် မရလိုက်ပါဘူး၊
၁၈၂၁ ခုနှစ် သူသေဆုံးခဲ့ပြီး အနှစ် နှစ်ဆယ်ခန့်အကြာ ၁၈၄၀ ခုနှစ်မှ သူရဲ့ ဝိညဉ်မဲ့ ကိုယ်ခန္ဓာကြီးကတော့ အဲဒီ အောင်ပွဲခံမုခ်ဦးအောက်က ဖြတ်သန်းခွင့်ရခဲ့ပါတယ်၊
နပိုလီယံကြီးရဲ့ ဒုတိယအကြိမ် မင်္ဂလာပွဲ Marie-Louise
d'Autriche မင်းသမီးနဲ့ယူတဲ့
အခမ်းအနား ၁၈၁၀ ခုနှစ်မှာ ပြုလုပ်တော့ မပြီးသေးတဲ့ မုခ်ဦးကြီးကို သစ်သားထည်တွေနဲ့ ပုံစံတူ ရွယ်တူ ပြုလုပ် စေပြီး အာသာပြေ အခမ်းအနားတခု ပြုလုပ်ခဲ့ပါသေးတယ်တဲ့၊
တကယ့်ကို သနားစရာကောင်းပါတဲ့ ဧကရာဇ်မင်းကြီး နပိုလီယံလို့သာ
မောင်ရင်ငတေ လိုက်ရှာဖတ်ရင်း တွေးမိရပါတယ်၊

၁၈၀၆ ခုနှစ်မှာ နပိုလီယံ ဘိုနာပတ်က အဲဒီ မုခ်ဦးကြီးကို စတင်
တည်ဆောက်စေခဲ့ပြီး နောက်ထပ် ဥရောပ တခွင်မှာ အောင်ပွဲတွေ
အလီလီ ရခဲ့ပေမယ့် ဒီမုခ်ဦးကြီးကိုတော့ လက်စမသတ်နိုင်ခဲ့ပါဘူး၊
အမြင့်မီတာ ငါးဆယ်တိတိရှိတဲ့ အဖြူရောင် ကျောက်သားတွေနဲ့ အတိပြီးတဲ့
ဒီ မုခ်ဦးကြီးကို ၁၈၃၆ ခုနှစ် Louis-Philippe Ier ဘုရင်လက်ထက်ကျမှသာ
လက်စသတ် တည်ဆောက် နိုင်ခဲ့ပါတယ်၊

လှေကား ၂၈၄ ထစ်ကိုအမောခံပြီးတက်လို့ မုခ်ဦးထိပ်ပေါ်ကနေ မြင်တွေ့ရမယ့် အီဖယ်မျှော်စင်ရယ် ရှောင်ဇေလီဇေလမ်းမရယ်အပါအဝင် မြင်တွေ့ရမယ့် ရှုခင်းနဲ့
အီဖယ်မျှော်စင် အမြင့်မီတာ သုံးရာက အပေါ်စီး မြင်တွေ့ရမယ့် Arc de Triomphe
မုခ်ဦးရဲ့ ရှုခင်းတွေကတော့ တူညီနိုင်မှာ မဟုတ်ပါဘူး၊
ထုကြီးထည်ကြီ အောင်ပွဲခံမုခ်ဦး (ဓါတ်ပုံ မရငတ)
အဲဒီ မုခ်ဦးခြေရင်း ရင်ပြင် အဝိုင်းကြီးသို့ ရောက်ပြီး မုခ်ဦးကြီးကို
မော့ကြည်လိုက်တော့မှ ကြီးကျယ် ခမ်းနားခြင်းကို သတိထားမိနိုင်မှာပါ၊
နပိုလီယံကြီးရဲ့ ကြီးမားခန့်ငြားလှတဲ့ ကြံရွယ်ချက်ကို တွေးမိရလေတော့ ဘယ်လောက်
အကြံဉာဏ် ကြီးခဲ့ကြီးခဲ့ ခံစားခွင့်ရှိကြမှသာ ခံစားကြရမှာကို တွေးမိနေပါ တော့တယ်၊
တဆက်တည်းမှာ တွေးမိရတာက အဲဒီ Arc de Triomphe မုခ်ဦးကြီးတည်ရှိရာ
Place de l’Étoile အဝိုင်းကြီးကျယ်ကြီးကို ဖန်တီးခဲ့တာက လွန်ခဲ့တဲ့နှစ်ပေါင်း
သုံးရာ့ငါးဆယ်ခန့်က ၁၆၇၀ ခုနှစ်များကလို့ ဆိုကြပါတယ်၊
အဲဒီအချိန်ထဲက ဘယ်လိုရည်မှန်းချက်နဲ့ အဲလောက်ကျယ်တဲ့ အဝိုင်း ကြီးကို နေရာပေး ဖန်တီးခဲ့ကြသလဲ ... …… ... သို့တည်းမဟုတ် နှောင်းလူတွေလက်ထက်မှာ ဒီလို အဝိုင်း ကွက်လပ်ကြီးကို ဒီအတိုင်း ဘာလို့ထားခဲ့ကြသလဲ .. …….. စဉ်းစားစရာပါ၊
ဘာလို့ဆိုတော့ ဒီ အဝိုင်းထိပ်က အိမ်ခန်းတခန်း ပေါက်ဈေး မပြောပါနဲ့၊
တစ် စတုရန်းမီတာ ပတ်လည်ရဲ့ တန်ဖိုးက ယူရိုငွေ တသောင်းခွဲ နှစ်သောင်း
ကနေ ကြိုက်ဈေးခေါ် ကစားနိုင်တဲ့အဆင့် ရောက်နေလို့ပါ ခင်ဗျာ၊
ကနေ ကြိုက်ဈေးခေါ် ကစားနိုင်တဲ့အဆင့် ရောက်နေလို့ပါ ခင်ဗျာ၊
မောင်ရင်ငတေသာ ဆိုရင်တော့ အဲဒီ နေရာတွေကို သိမ်း အထပ်မြင့်ကြီးတွေ ဆောက်
ရောင်းစားဖို့ စိတ်ကူးယဉ်မိတာ ရောက်ခဲ့တဲ့ အခါတိုင်းလိုလို အကြိမ်ကြိမ်ပေါ့ ခင်ဗျား၊
မုခ်ဦးထိပ်က မြင်တွေ့ရတဲ့ Avenue des Champs-Élysées (ဓါတ်ပုံ မရငတ)
ဓါတ်လှေကားမရှိတဲ့ လှေကား ၂၈၄ ထစ်ကို နင်းတက်ချင်ရင်တော့
၁၂ ယူရို ကျသင့်မှာ ဖြစ်ပါတယ်၊ အချိန် တနာရီခန့်တော့ ပေးရမှာ ဖြစ်ပြီး
အဲဒီ မုခ်ဦးကြီးပေါ်ကနေ Avenue des Champs-Élysées ရှောင်ဇေလီဇေ
လမ်းမကြီး အပါအဝင် ရိပ်သာလမ်းမကြီး ၁၂ လမ်းက ပါရီမြို့တခွင် အရပ်
ဆယ့်နှစ် မျက်နှာသို့ ဖြာထွက်သွားတာကို မျက်စေ့တဆုံးတွေ့မြင်ရမှာပါ၊
ခြေညောင်းခံလို့ တက်ကြည့်သူတွေ အားလုံးလိုလို ရှောင်ဇေလီဇေရဲ့
အလှကို ပြတ်ပြတ်သားသား မြင်တွေ့ခွင့်ရပါလို ကျေနပ်သွားတတ် ကြပါတယ်၊
အီဖယ်တက်ဖို့ ဦးစားပေးသူတွေများလို့ အချိန်ပိုသမားတွေသာ တက်လေ့
ရှိကြပါတယ်၊ မောင်ရင်ငတေတောင်မှ ပါရီ လာတဲ့သူတွေကို အတင်းဆွယ်ပြီး တက်ခဲ့မိလို့ နှစ်ခေါက်တည်းမျှသာ ရောက်ခဲ့ဖူးပါသေးတယ်၊
လှေကားတထစ်ကို လေးပြားကျော်ကျော်မျှကျသင့်လို့ အီဖယ်ထက်တော့ ဈေးကြီးပါတယ်၊
အီဖယ်ကြီးက လှေကားထစ်ပေါင်း ၁၇၁၀ ထစ်ရှိပြီး ထိပ်အထိမှ ၁၇ ယူရိုသာ ပေး
ရတာဖြစ်လို့ တထစ်တထစ်ကိုမှ တပြားခန့်သာ ပေးရတာကြာင့် ပို၍ တန်ကြောင်းပါ ခင်ဗျာ၊
ရတာဖြစ်လို့ တထစ်တထစ်ကိုမှ တပြားခန့်သာ ပေးရတာကြာင့် ပို၍ တန်ကြောင်းပါ ခင်ဗျာ၊
Avenue des Champs-Élysées (ဓါတ်ပုံ မရငတ)
ကြယ်တပွင့်သဏ္ဍန်ဆုံတွေ့ကြတဲ့ ၁၂ လမ်းသော လမ်းမကြီးများထဲမှာတော့
ရှောင်ဇေလီဇေက ပိုမို နာမည်ကြီးပါတယ်၊ တခြားသောလမ်း ဆယ့်တလမ်းရဲ့
လမ်းအမည်များကို မောင်ရင်ငတေ သေချာ မမှတ်မိတာကတော့ ညံ့ရာမကျ
လောက်ပါဘူး၊ လူတော်တော်များများလည်း မသိကြတာမို့ပါ၊
အီဖယ်ကနေ
နေ့လယ်တနာရီကထွက်လာခဲ့တာ ဒီမုခ်ဦးကြီးအောက်ခြေ
ဟိုကြည့်ဒီကြည့်လုပ် အပြီး ရှောင်ဇေလီဇေလမ်းပေါ်လျှောက်ရင်း သတိရလို့
နာရီကြည့်မိလိုက်တော့ နှစ်နာရီခွဲခါနီး ဖြစ်နေပါပြီ၊
လာလည်တဲ့သူရော လိုက်ပို့သူပါ အူဟောင်းလောင်း ဖြစ်နေပြီမို့
ဒီနာမည်ကြီး ရိပ်သာလမ်းမကြီးက ဆိုင်တဆိုင်မှာသာစားဖို့ ဆုံးဖြတ်ကြပါတယ်၊
ရှောင်ဇေလီဇေလမ်းမကြီးပေါ်က နီးစပ်ရာ ယူရိုပီယမ် ဆိုင်တဆိုင်မှာ ဝင်ထိုင်လိုက်ကြပါတယ်၊
အကောင်းစားလား တော်ရိလျော်ရိ ဆိုင်လားတော့ မပြောတတ်ပါဘူး၊
ဈေးကတော့ အနိမ့်ဆုံး မီနူးက အအေးတခွက် အသားဟင်းတခွက်ကို
အစိတ်လောက် ပေးရပါတယ်၊

လစ်တဲလ်အိန္ဒိယတို့ ချိုင်းနားတောင်းတို့သွားစားမယ်လို့ စိတ်ကူးထားကြသော်လည်း
နောက်ဆက်ရမယ့်
လမ်းလျှောက် ခရီးစဉ်ကလည်း ရှိသေးတာမို့ ထိုင်ရပြီးရော
နားရပြီးရော အချိန် မကုန်အောင် ပိုက်ဆံပို၍ အကုန်ခံလိုက်ကြရခြင်းပေါ့လေ၊
နားရပြီးရော အချိန် မကုန်အောင် ပိုက်ဆံပို၍ အကုန်ခံလိုက်ကြရခြင်းပေါ့လေ၊
ခပ်မြန်မြန်ဝင်
ဗိုက်ဖြည့်အပြီးထွက်တော့ သုံးနာရီကျော်ပါပြီ၊ ဒီလမ်းမကြီး
ရောက်မှတော့ မလျှောက် မဖြစ် အနည်းဆုံးတော့ George V၊ လျှောက်နိုင်မယ်
ဆိုခဲ့ရင် Franklin D. Roosevelt ဘူတာအထိ လျှောက်ကြသူတွေ များပါတယ်၊
ရောက်မှတော့ မလျှောက် မဖြစ် အနည်းဆုံးတော့ George V၊ လျှောက်နိုင်မယ်
ဆိုခဲ့ရင် Franklin D. Roosevelt ဘူတာအထိ လျှောက်ကြသူတွေ များပါတယ်၊
အဲဒီဘူတာနှစ်ခုစလုံးက ၁၉၀၀ ပြည့်နှစ် ပါရီမေထရို ခေတ်အစက တည်ရှိလာတဲ့
ဘူတာနှစ်ခုပါ၊ မေထရို အမှတ် (တစ်) လိုင်းပေါ်က အရေးကြီးတဲ့ ဘူတာနှစ်ခုပေါ့၊
Avenue des Champs-Élysées (ဓါတ်ပုံ မရငတ)
စားသောက်အပြီးထွက်လာခဲ့ကြတော့ လာလည်သူ မန်းရွှေမြို့သူတို့က
နာမည်ကြီး Louis Vuitton လူဝီဗွီတွန်ဆိုင်ဘက်ကို ထွက်သွားကြပါတယ်၊
မောင်ရင်ငတေကတော့ ဗိုက်လေးလေးနဲ့ စီးကရက် တလိပ်ထုတ်လို့ဖွာရင်း
ရှောင်ဇေလီဇေ တဘက်တချက် မီတာနှစ်ဆယ်ကျယ် ပလက်ဖောင်းပေါ်မှာ
တွေ့မြင်ရတဲ့ အရောင်အသွေးစုံ လူတွေလူတွေကို ငေးမောကြည့်ရင်းနဲ့ပေါ့၊
တကယ်ကို အရောင်စုံ အသွေးစုံကြတဲ့ လောကလူသားတွေ ဒီလမ်းမကြီးပေါ်
မချိန်းမပြု တချိန်တည်းတပြိုင်တည်း စုရုံးလို့ ရောက်ရှိလာကြ၊
တယောက်နဲ့တယောက် မနှုတ်မဆက်မသိမပြု တိုးခွေ့လို့ ဖြတ်ကျော်၍
သွားခဲ့ကြ၊ တယောက်ရဲ့မှတ်တမ်းထဲ တယောက်မျက်နှာ ပါသွားခဲ့ကြ၊
ပြီးတော့ အချိန်တန်လာရင် ကိုယ့်လမ်း ကိုယ်လျှောက် ကိုယ့်ထမင်း ကိုယ်စားကြ၊
သဘာဝကြီးကတော့ မှောင်ပြီးရင် လင်းမယ် လင်းပြီးရင် မှောင်မယ်၊
အဲဒီလောက်သာပါ၊
စီးကရက်ကလေးဖွာရင်း လူလှိုင်းလုံးတွေကြား အတွေးပွားကောင်း
နေရာက လိုက်ပို့ရမယ့်သူတွေ ပြန်ရောက်လာလို့ တနေ့တာ ခရီးကို
အချိန်ရှိခိုက် ရှေ့ဆက်လိုက်ပါ ဦးမယ်၊
နာရီက သုံးနာရီခွဲပါ၊ ဘယ်ကိုဆက်သွားရရင် ကောင်းမလဲ သင့်တော်
မလဲလို့ စဉ်းစားကြပြီး လမ်းလျှောက်နိုင်ကြသေးရင် တောင်ပေါ်
ဘုရားကျောင်းသို့ သွားမယ် ဆုံးဖြတ်ပါတယ်၊
အမှန်တကယ်ကတော့
အီဖယ်နဲ့ ရှောင်ဇေလီဇေ လမ်းလျှောက်ပြီးရင်
တောင်ပေါ် ဘုရားကျောင်းကို မသွားသင့်တော့ပါဘူး၊
တောင်ပေါ် ဘုရားကျောင်းကို မသွားသင့်တော့ပါဘူး၊
တောင်ပေါ် ဘုရားကျောင်းရှိရာ Montmartre တောင်ကုန်း
တဝိုက်ကလည်း အချိန်ပေး လမ်းအတော်လေး လျှောက်ရပါတယ်၊
ဝါသနာပါရင် လေ့လာချင်စရာနေရာ တော်တော် များများရှိတဲ့နေရာပါ၊
၁၈၀၀ ပြည့်လွန်နှစ်များကစပြီး အတွေးအခေါ်သစ်များနဲ့ စာပေ
အနုပညာသစ်များရဲ့ ဘူမိနက်သန် နေရာပါ၊ အချိန်ပေးနိုင်ရင်
ပေးနိုင်သလို ဝါသနာအခြေခံရှိရင် ရှိသလို စိတ်ဝင်စားဘွယ်ရာ
နေရာတွေနဲ့ ပြည့်နေတဲ့ နေရာပါ၊ သမိုင်းထဲကလူသားများ ဘဝထဲက
လူသားများ ဖြတ် သန်းသွားတဲ့ နေရာပါ၊
ဒါကြောင့် ဒီနေရာက အချိန်တော်တော်များများပေး လမ်းလျှောက်တတ်ရလို့
လန်းလန်းဆန်းဆန်းရှိချိန်
အားပြည့်နေချိန်သွားရင် ပိုကောင်းပါတယ်၊
ဒါပေမယ့် မနက်ဖန်မနက်မှာ ပါရီမြို့ပြင်က ဗားဆိုင်းနန်းတော်ကိုလည်း
ဒါပေမယ့် မနက်ဖန်မနက်မှာ ပါရီမြို့ပြင်က ဗားဆိုင်းနန်းတော်ကိုလည်း
သွားချင်ပါတယ်ဆိုတော့ အပင်ပန်းခံ တောင်ပေါ်ခရီးစဉ် ထည့်လိုက်ရခြင်းပါ၊
ပုံမှန်ဆိုရင် နှစ်ရက်ခွဲသုံးရက်အတွင်းမှာ ဗားဆိုင်းခရီးထည့်ရင် အချိန်ကျပ်ပါပြီ၊
သုံးရက်ပြည့်ခရီးတောင်မှ
ဗားဆိုင်းကို (မနက် ကိုး ညနေ သုံး) အချိန်ပေးရလို့ သိပ်မသွားဖြစ်ပါဘူး၊
အဲလို ဗားဆိုင်းကို သွားချင်တယ်ဆိုတော့ ပထမရက်မှာတင် တောင်ပေါ်ကိုတက်ဖို့
အစီအစဉ်ထည့် ဆွဲရခြင်း ဖြစ်ကြောင်းပါ၊ တောင်ပေါ်ကိုတော့ အပြည့်လည်ချိန်
ဘယ်ရပါတော့မလဲ၊ လာလည်သူရဲ့ စိတ်ဝင်စားမှု အပေါ် မူတည်လို့ ချန်သင့်တာချန်
ပြသတာပြ လုပ်ရတာပေါ့၊

ညနေ သုံးနာရီလေးဆယ်မှာ မောင်ရင်ငတေတို့
တောင်ပေါ်ဘုရားကျောင်းကို သွားတဲ့ မေထရိုလိုင်း
အမှတ် (နှစ်) ပေါ်ရောက်ပါပြီ၊ . . . .. . . . ….. ... . . … …..
စာမျက်နှာတွေ များနေလို့ ဒီနေရာမှာ ခေတ္တနားပါ့မယ်၊
ပါရီမြို့မှာ တနေ့တာ ပထမနေ့ (ဒုတိယပိုင်း) ကို ဆက်လက်ရေးသားပါဦးမယ်၊
မောင်ရင်ငတေ ၁၇၀၈၂၀၁၆
Aucun commentaire:
Publier un commentaire