ရေချောင်းထဲမှာ
လှေမောင်းသူများ
Petite Venise de Colmar (ဓါတ်ပုံ မရငတ)
ဒီတခေါက်
မောင်ရင်ငတေ ခရီးသွားတော့ တွေ့မြင်ခဲ့ရတာလေးပါ၊
လှေမောင်းသူများလို့ ဆိုကြပါစို့၊
လှေမောင်းသူများလို့ ဆိုကြပါစို့၊
ပြင်သစ်ပြည်အရှေ့ပိုင်း
ရှေးဟောင်းမြို့လေးတမြို့က Petite Venise ဆိုတဲ့
ရေချောင်းလေးတွေထဲ မှာ အလုပ်လုပ်နေကြတဲ့ ဘဝထဲကလူသားများကိုပါ၊
ရေချောင်းလေးတွေထဲ မှာ အလုပ်လုပ်နေကြတဲ့ ဘဝထဲကလူသားများကိုပါ၊
သူတို့လေးတွေက လူငယ်လူရွယ်လေးတွေပါ၊ ကောင်မလေးတွေလည်း ပါပါတယ်၊
ခပ်ငယ်ငယ်ခပ်ချောချော ခပ်ဖြောင့်ဖြောင့်နဲ့ ခပ်တောင့်တောင့် လူဖြူထီးလူဖြူမလေးတွေပါ၊
ခပ်ငယ်ငယ်ခပ်ချောချော ခပ်ဖြောင့်ဖြောင့်နဲ့ ခပ်တောင့်တောင့် လူဖြူထီးလူဖြူမလေးတွေပါ၊
သူတို့တတွေ အားလုံးဟာ ငယ်ငယ်ရွယ်ရွယ် အားကောင်းမောင်းသန် လျှင်မြန်
တက်ကြွဖျတ်လတ်နေတဲ့ ပုံစံတွေကိုသာ တွေ့မိတာကြောင့် မောင်ရင်ငတေ
မှတ်တမ်းတင်မိခဲ့ရခြင်းပါ၊
တက်ကြွဖျတ်လတ်နေတဲ့ ပုံစံတွေကိုသာ တွေ့မိတာကြောင့် မောင်ရင်ငတေ
မှတ်တမ်းတင်မိခဲ့ရခြင်းပါ၊
သူတို့ ပုံစံလေးတွေက ထူးခြားမှုတခု ရှိနေတယ် ထင်မိရလို့သာပါ၊
Petite Venise de Colmar (ဓါတ်ပုံ မရငတ)
ပုံမှန်အားဖြင့်ကတော့
အဲဒီလို လှေမောင်းစားကြတဲ့ အလုပ်က အောက်ခြေအဆင့် အလုပ်မျိုး
ဆိုပြီး သတ်မှတ်လို့ ရနိုင်ပါတယ်၊ ဘာမှသိပ်ထူးဆန်းထွေလာ ခက်ခဲနက်နဲလှတဲ့ အလုပ်မျိုး
မဟုတ်ပါဘူး၊
ဆိုပြီး သတ်မှတ်လို့ ရနိုင်ပါတယ်၊ ဘာမှသိပ်ထူးဆန်းထွေလာ ခက်ခဲနက်နဲလှတဲ့ အလုပ်မျိုး
မဟုတ်ပါဘူး၊
တခြားသော
အဲဒီလိုအလားတူ လုပ်ငန်းမျိုးတွေမှာလည်း သူတို့လို ခပ်ငယ်ငယ်
လူငယ်လူရွယ်တွေ မရှိ မဟုတ် ရှိကြပါတယ်၊ ပရောဖက်ရှင်နယ်အမြဲတမ်း
လုပ်သူတွေရဲ့အကြားမှာ ရောညှပ်တွေ့ရတာ မျိုးသာပါ၊ အဲဒီနေရာက ရေချောင်းထဲမှာ
လှေမောင်းသူများ ကတော့ သူတို့လေးတွေချည်းသာပါ၊
လူငယ်လူရွယ်တွေ မရှိ မဟုတ် ရှိကြပါတယ်၊ ပရောဖက်ရှင်နယ်အမြဲတမ်း
လုပ်သူတွေရဲ့အကြားမှာ ရောညှပ်တွေ့ရတာ မျိုးသာပါ၊ အဲဒီနေရာက ရေချောင်းထဲမှာ
လှေမောင်းသူများ ကတော့ သူတို့လေးတွေချည်းသာပါ၊
မောင်ရင်ငတေတိုနဲ့
မျိုးတူနွယ်တူ ဒေသတူ ခပ်ဆင်ဆင်တူတဲ့ သူနဲ့များ
တွေ့များ တွေ့လေမလားလို့ ရှာကြည့် မိပါသေးတယ်၊ တယောက်တလေမှ မတွေ့ရှိပါဘူး၊
တွေ့များ တွေ့လေမလားလို့ ရှာကြည့် မိပါသေးတယ်၊ တယောက်တလေမှ မတွေ့ရှိပါဘူး၊
ဒီလို နယ်မြို့လေးတွေဆိုတာကလည်း မောင်ရင်ငတေတို့လို ဘုမသိဘမသိ
ရွှေ့ပြောင်းအခြေချတွေနဲ့ ကင်းဝေးရာ နေရာတွေ မဟုတ်လား၊
Petite Venise de Colmar (ဓါတ်ပုံ မရငတ)
Petite Venise de
Colmar (ဓါတ်ပုံ မရငတ)
တခုတော့ရှိတာပေါ့ခင်ဗျာ၊
ပြင်သစ်ပြည်မှာ သို့မဟုတ် ဥရောပလို နေရာမျိုးတွေမှာပေါ့၊
ဘယ်လိုမျိုး အလုပ်ကိုလုပ်လုပ် လမ်းဘေးအမှိုက်လှဲလှဲ၊ အိမ်သာဆေးဆေး ရရာဝင်ငွေကို
တရားဝင် ကြေညာပြီး အခွန်သာဆောင်မယ်ဆိုရင် ပင်စင်ထိ ခံစားခွင့် ရှိပါတယ်၊
ဘယ်လိုမျိုး အလုပ်ကိုလုပ်လုပ် လမ်းဘေးအမှိုက်လှဲလှဲ၊ အိမ်သာဆေးဆေး ရရာဝင်ငွေကို
တရားဝင် ကြေညာပြီး အခွန်သာဆောင်မယ်ဆိုရင် ပင်စင်ထိ ခံစားခွင့် ရှိပါတယ်၊
ဒါတွေကို ဒီနေရာမှာ ရေးရရင် ပေရှည်ပါ လိမ့်မယ်၊ ဒီအကြောင်း နားလည်သူတွေ တိတိကျကျ
လေ့လာနိုင်သူတွေ ရေးရင် ပိုကောင်းမှာမို့လို့ မောင်ရင်ငတေ မရေးတော့ပါဘူး၊
မောင်ရင်ငတေကတော့ ခပ် ဝေဝေဝါးဝါးသမား တယောက်သာမို့ ခံစားမိရသလောက်သာ
ရေးပါတယ်၊
အဲဒီလို
ခံစားမိရပါတဲ့ .. . . . .. . .. ဒါပေမယ့် . . . . . . .. . တခုတော့ ရှိတာပေါ့
. . . . ရဲ့ ..
……. ….. . . .. . . . . . . နောက်က
.... .. .. . . . .. ..…. နောက်ထပ်
တခုတော့ ရေးချင်မိပါသေးတယ်၊
အဲဒီ
မောင်ရင်ငတေ ရေးချင်မိတဲ့ .. . . . . . .
. . .. . . . . . . . . . . . …… . . . …
. ……..
………
ဒါပေမယ့်က သူတို့လေးတွေရဲ့ ပုံပန်းသဏ္ဍန် သွင်ပြင်မူယာနဲ့ ပြောဟန် ဆိုဟန်တွေကို ကြည့်ရတာ မောင်ရင်ငတေတို့ရဲ့ ပါရီကို မနေ့ တနေ့ကမှ ရောက်ရှိလာပြီး ကြုံရာကျရာ
ရရာအလုပ်ကို ရွေးချယ် စရာ မရှိ လုပ်နေကြရတဲ့ လမ်းနဘေးက ဈေးအရောင်း သမားလေး
တွေလို မဟုတ်ပါဘူး၊
လှေမောင်း ကြတဲ့ သူတို့တတွေက လူဖြူစစ်စစ်တွေ ပုံစံမျိုးပေါက်သလို စကားပြောရာမှာလည်း
လိမ္မာ ပါးနပ်ကြပါတယ်၊ အလုပ်တပိုင်း ကျောင်းတပိုင်း ပုံစံမျိုးလည်း ပို၍ပေါက်ကြပါတယ်၊
ဂျာမန် ပြင်သစ် နယ်စပ် စည်းပေါ်မှာ ပေါက်ဖွားလာသူများ ဖြစ်ကြတာမို့ ဘာသာစကား နှစ်မျိုး
ပြောတတ်ကြသလို အင်္ဂလိပ် လိုလည်း လည်လည်ဝယ်ဝယ် ပြောနိုင်ကြသူတွေသာပါ၊
သူတို့လေးတွေက ဒီအလုပ်မျိုးလုပ်နေကြ တော့လည်း . . . .. .…
အင်းးးးးးးးးးးးးးးးးးးးးးးး . . ..
မောင်ရင်ငတေတို့လိုကောင်တွေ အတွက် . . . . . ……. ရင်လေးမိရရုံမှတပါး . . . …… .
……. မောင်ရင်ငတေ့ အတွေး ဒီမှာ ရပ်ပါပြီ၊
လှေ
ရောက်လာပြီမို့ . . . .. . . . …. လှေ စစီးရတော့
မှာလေ၊
Petite Venise de Colmar (ဓါတ်ပုံ မရငတ)
ဒီ ဘဝထဲကလူသားများ သို့မဟုတ် ရေချောင်းထဲမှာလှေမောင်းသူများရဲ့ အကြောင်းက
ဒီတခေါက် မောင်ရင်ငတေ အဲလ်ဇာ့စ်လွင်ပြင်ဆီသို့ ခရီးထွက်ခဲ့စဉ် လှေစီးရင်း အတွေးပွား
မိရတာလေးတွေကို ပြန်လည်လို့ မှတ်တမ်းအဖြစ် အမှတ်တရ ရေးချလိုက်ခြင်းသာပါ၊
သူတို့လေးတွေကို
မေးမြန်းအင်တာဗျူးပြီးမှ ဒီလိုရေးတာ မဟုတ်ပါဘူး၊ မောင်ရင်ငတေရဲ့
စိတ်ထဲက အတွေးတွေကိုသာ ရေးချခြင်း ဖြစ်လို့ တကယ် လက်တွေ့နဲ့ ကွာကောင်း ကွာပါ
လိမ့်မယ်၊
ဒါပေမယ့် သေချာမေးမြန်း ကြည့်ရင်လည်း မောင်ရင်ငတေ့ စိတ်အတွေးနဲ့ သိပ်မဝေးနိုင်ပါဘူး
ဆိုတာ ပြောရဲ ပါတယ် ခင်ဗျာ၊ အနည်းငယ်လောက် ကွာဟ တာကတော့ နေရာတကာမှာ
မဟုတ်ပါလား၊

မောင်ရင်ငတေ ၂၇၀၅၂၀၁၆
. . . . ...... .. . ....... . ..... . .. . . .... ................... . . . . ............ . . .. . .. . .. . . . . .
နောက်ဆက်တွဲ မဟုတ်တဲ့ ဖြည့်စွက်ချက်များ
အဆုံးသတ်ပြီးကာမှ
စာပြန်ချောရင်း ခေါင်းထဲဝင်လာတဲ့ အတွေးတခုကို ထည့်ရေးပါဦးမယ်၊
လှေစီးခနဲ့ သူတို့ရဲ့ဝင်ငွေကို တွက်ကြည့်ချင်မိတာပါ၊ လှေစီးခက လူကြီးတယောက် ခြောက်
လှေစီးခနဲ့ သူတို့ရဲ့ဝင်ငွေကို တွက်ကြည့်ချင်မိတာပါ၊ လှေစီးခက လူကြီးတယောက် ခြောက်
ယူရို ပါ၊ လှေတစီးကို
ပျမ်းမျှခြင်း လူဆယ်ယောက်ထားတွက်ရင် ယူရိုခြောက်ဆယ်ပါ၊
တခေါက်ကို နာရီဝက် သုံးဆယ့်ငါးမိနစ်ခန့်
ကြာပါတယ်၊
တနာရီ ပျမ်းမျှနှစ်ခေါက်နှုန်းနဲ့ တနေ့ကို ရှစ်နာရီ ကိုးနာရီလောက် အလုပ်လုပ်ချိန်မှာ
နားချိန်
တနာရီဖယ်လိုက်ရင် ဆယ့်လေးငါးခေါက်လောက်ထိ ပြေးဆွဲနိုင်ပါတယ်၊ တနေ့ကို လှေတစင်း
ကိုးရာလောက် ဝင်ငွေရတဲ့ လုပ်ငန်းပါ၊
ဒီဝင်ငွေ ပမာဏက ပါရီမြို့က သာမန် အင်တာနက် တယ်လီဖုန်း
စာစီစာရိုက် ဆိုင်
တဆိုင်ရဲ့ ဝင်ငွေလောက်နဲ့ ညီပါတယ်၊ မနည်းပါဘူးလို့ ပြောမယ်ဆို
ရပါတယ်၊
တချို့နယ်က ဆိုင်လေးတွေဆို တနေ့ သုံးလေးရာနဲ့ ရပ်တည်နေကြတာပါ၊
ဒါပေမယ့်လည်း အရေးကြီးတာက ဒီလုပ်ငန်းရဲ့ သဘာဝက ခရီးသွားရာသီပေါ်မှာ
လုံးဝမှီခိုနေရခြင်း မို့လို့
တနှစ်မှာမှ လေးငါးခြောက်လမျှသာ လုပ်ရမယ့် အလုပ်မျိုးကို
လက်ကြောမတင်းရရင် မနေနိုင်
မနေတတ်ပါတဲ့ မောင်ရင်ငတေတို့ရဲ့ အိမ်နီးချင်း
ဆွေမျိုးပေါက်ဖော်ကြီးတွေ စိတ်မဝင်စားတာလည်း
ဖြစ်နိုင်ပါတယ်၊
သူတို့တတွေနဲ့ ပါရီမြို့ကြီးက ပေါက်ဖော်ကြီးတို့လို့ ဆိုင်လုပ်ငန်းရှင်လေးတွေနဲ့
ယှဉ်
ထိုးကြည့်မယ်ဆိုရင်တော့ အခွန်ရှောင်တိမ်းခြင်း နည်းပညာအရာမှာတော့ ကွာမှာ
အမှန်တကယ်ပါ၊ မောင်ရင်ငတေ
သိခဲ့ဖူးတဲ့ ပေါက်ဖေါ်ကြီးများနဲ့ တခြားသော သူများရဲ့
အခွန်ရှောင်တိမ်း နည်းပညာရပ်များကိုတော့ ကြုံရင်ကြုံသလို နောင်အခါများမှ ရေးပါ ဦးမယ်၊
အခွန်ရှောင်တိမ်း နည်းပညာရပ်များကိုတော့ ကြုံရင်ကြုံသလို နောင်အခါများမှ ရေးပါ ဦးမယ်၊
လှေမောင်းနေသူ
များကတော့ အပျော်သဘောသာသာ မောင်းကြတဲ့ ပုံစံမျိုးသာပါ၊ သူ့ အရပ်နဲ့
သူ့ ဇာတ်ကတော့ ကိုက်ညီနေတယ်လို့သာ ပြောရင် မှန်ပါလိမ့်မယ်၊
သူ့ ဇာတ်ကတော့ ကိုက်ညီနေတယ်လို့သာ ပြောရင် မှန်ပါလိမ့်မယ်၊
Petite Venise de Colmar (ဓါတ်ပုံ မရငတ)
အဲဒီ
Plaine d'Alsace အဲလ်ဇာ့ဇ်လွင်ပြင်ရဲ့ ပြင်သစ်ဘက် အခြမ်းမှာ Haut-Rhin အထက်ရိုင်း
ခရိုင် နဲ့ Bas-Rhin အောက်ရိုင်းခရိုင်ဆိုပြီး ခရိုင်နှစ်ခု ရှိပါတယ်၊ အထက်ရိုင်းခရိုင်ရဲ့ မြို့တော်
က Colmar ကိုလ်မာမြို့ပါ၊
အဲဒီ မြို့လေးကို ရစ်ခွေဖြတ်သန်း စီးဆင်းနေတဲ့ Lauch အမည်ရ ရေချောင်းသာသာ
မြစ်ကလေး ရဲ့ ဘေးကမ်းပါးနှစ်ဘက် ရှေးဟောင်းအဆောက်အဦးတွေ တည်ရာကို
ဒီရေချောင်းလေး နဲ့ ပေါင်းစပ်ပြီးတော့ Petite Venise လို့ တင်စားခေါ်ကြဟန် တူပါတယ်၊
အဲဒီ ကိုလ်မာ ရှေးဟောင်း မြို့လေးက ပြင်သစ်ခရီးသွားလောကမှာ လူသိများလာပေမယ့်
အရမ်းကြီးတော့ နာမည်ကြီးလှပါတဲ့ မြို့လေးတမြို့တော့ မဟုတ်ပါဘူး၊ မောင်ရင်ငတေလို
အာဆီယံရုပ်မျိုး အနည်းငယ်ရယ် ကိုးရီးယား လိုလို ဂျပန်လိုလို တိုင်ဝမ်လိုလိုရုပ်မျိုး
တချို့ရယ် တွေ့ရှိရပေမယ့် အများစုကတော့ အသက်ခပ်ကြီး ကြီးပိုင်း ဂျာမန်တွေလိုလို
အမေရိကန်တွေလိုလို လူဖြူထီး လူဖြူမကြီးတွေသာ များပါတယ်၊

အဲမြို့ကလေးနဲ့
ပတ်သက်ရာ ပတ်သက်ကြောင်း သမိုင်းအစအနတွေကို အပေါ်ယံလိုက်ပြီး
ဆွဲထုတ် ကြည့်လိုက်တော့ ဟိုး ဆယ့်တစ် ဆယ့်နှစ်ရာစုတွေက သမိုင်းကြောင်း အဟောင်း
အနွမ်းတွေအပြင် မြို့ခံတွေ ဖြစ်တဲ့ နာမည်ကျော် နယူးယောက် လေဘာတီရဲ့ မူရင်းပိုင်ရှင်
ပန်းပုဆရာကြီး Auguste Bartholdi ဘာသိုလ်ဒီ (၁၈၃၄-၁၉၀၄) နဲ့ Jean-Jacques Waltz
ခေါ် နာမည်ကျော် သရော်စာတွေ သရော်ပုံတွေ (အထူးသဖြင့် ကမ္ဘာစစ်ကြီးနှစ်ခုမှ ဂျာမန်
စစ်တပ် မကောင်းကြောင်းတွေ) ရေးဆွဲခဲ့တဲ့ "Oncle Hansi" အန်ကယ်လ်ဟန်စီ
(၁၈၇၃-၁၉၅၁) တို့ရဲ့ အကြောင်းတွေကို သွားတွေ့ရပါတယ်၊
ဒါ့ အပြင် ပြင်သစ်တို့ရဲ့ နာမည်ကျော် နိုင်ငံရေးဆရာ စာကဗျာဆရာ အတွေးအခေါ်သမား
ပါရီမြို့သား Voltaire ဗော်တဲလ်ရ် (၁၆၉၄-၁၇၇၈) တယောက်ကတော့ အဲဒီမြို့လေးမှာ
၁၇၅၃-၅၄ ခုနှစ်များက ဆယ့်သုံးလတိုင်တိုင် နေထိုင်ဖြတ်သန်း သွားခဲ့ဖူးပါတယ်တဲ့၊
အဲဒီလို လူတွေရဲ့ အကြောင်းကိုတော့ နောင်များမှ အလျှင်းသင့်လာရင် ရေးဖို့ကြိုးစားပါမယ်
ခင်ဗျား၊ ခုတော့ ကျေးဇူးတင်ကြောင်းပြောရင်း အဲလ်ဇာ့ဇ် လွင်ပြင်ဆီသို့ စာစုတွေထဲက

ရေချောင်းထဲမှာ လှေမောင်းသူများ အကြောင်းကို နိဂုံးချုပ်
လိုက်ရကြောင်းပါ ခင်ဗျာ၊
မောင်ရင်ငတေ
၂၇၀၅၂၀၁၆
Aucun commentaire:
Publier un commentaire