ခရီးမှတ်တမ်းပုံရိပ်များ
အဲလ်ဇာ့စ်လွင်ပြင်ဆီသို့ (သို့မဟုတ်) စိုပြေစိမ်းလန်းလွတ်လပ်ခြင်းရဲ့
အရုပ်အရိပ်အရောင်များ
အစိမ်းရောင် FlixBus (ဓါတ်ပုံ မရငတ)
ဒီတခေါက်
မောင်ရင်ငတေ Plaine d'Alsace အဲလ်ဇာ့စ်လွင်ပြင်ဆီသို့ သွားခဲ့ပါတယ်၊
သွားဖြစ်ခဲ့တာက
လိုင်း ဘတ်စကားနဲ့ပါ၊ အသွားခရီးကို ဂျာမန်ရဲ့ အစိမ်းရောင် FlixBus နဲ့ သွားခဲ့ပြီး
အပြန်ကတော့
ပြင်သစ် မီးရထားဌာနရဲ့ OuiBus နဲ့ ပြန်လာဖြစ်ခဲ့တာပါ၊
အသွားလမ်းက
ပါရီကနေ စထရပ်ဘူးရ် မြို့ကို Autoroute A4 (Route Européenne E50) အမြန် လမ်းမကြီးအတိုင်း
Reims မြို့နဲ့ Metz မြို့တွေ အနီးကနေ ဖြတ်သန်းသွားခဲ့တာပါ၊
တိုက်ရိုက်ခရီးမို့ ကြားဘယ်မြို့အတွင်းမှ
မဝင်ပါဘဲ လမ်းမှာ နာရီဝက်ခန့် ရပ်နားခဲ့တာသာ ရှိပါတယ်၊ A4 လမ်းမကြီး အတိုင်း ကီလိုမီတာ
လေးရာ့ရှစ်ဆယ်ကျော်ကို ငါးနာရီခွဲခန့် ကြာမြင့်ခဲ့တဲ့ ခရီးတခုပါ၊
ဒီ အမြန်လမ်း Autoroute
A4 လမ်းပိုင်းမှာတွေ့မြင်ခဲ့ရတဲ့ စိုပြေစိမ်းလန်းလွတ်လပ်ခြင်းရဲ့ မြင်ကွင်းတွေကို
**
ပါရီ စထရပ်ဘူးရ် အောက်စ်ဘုခ် မြူန်ရှန် ** ခရီးမှတ်တမ်းပုံရိပ်များ** အပိုင်း (တစ်)
အဖြစ် ရေးသားခဲ့ https://maungyinngatay.blogspot.fr/2016/02/blog-post_22.html ပြီးပါပြီ၊
ဒါကြောင့်မို့
အဲဒီ အသွားခရီးရဲ့ လမ်းခရီး အကြောင်းတွေကို မဖော်ပြတော့ပါဘဲ မှတ်တမ်းပုံတွေကိုသာ ထပ်မံဖော်ပြ
လိုက်ရပါတယ်၊
၂၀၁၄ ခုနှစ် ခြောက်လအကုန်ပိုင်းက မြင်တွေ့ခဲ့ရတဲ့ ပုံတွေနဲ့ အခုနှစ် ၂၀၁၆
ငါးလ ပိုင်း တတိယပတ်တွင်း ရိုက်ကူးမှတ်တမ်းတင်တဲ့ ပုံတွေကို နှိုင်းယှဉ်ကြည့်နိုင်ဖို့
ရည်ရွယ်မိပါတယ်၊
စိုပြေစိမ်းလန်းလွတ်လပ်ခြင်းရဲ့ အရုပ်အရိပ်အရောင်များ (ဓါတ်ပုံ မရငတ)
အသွားခရီးရဲ့
ပုံများပါ၊ အရင် ၂၀၁၄ ခုနှစ် ခြောက်လကုန်ပိုင်း ကာလထက်စာခဲ့ရင် ပြင်သစ်ပြည်ရဲ့ ရာသီဥတုက
မိုးပိုမို များပြားလာတယ် ဆိုရမှာပါ၊
မိုးရွာချိန်တွေ ပိုမိုများ လာတာနဲ့အမျှ စိုက်ခင်းတွေ
သီးနှံတွေ ပျက်စီးဆုံးရှုံးမှု ဘယ်လိုရှိမရှိကိုတော့
မောင်ရင်ငတေ သေချာမသိရှိပေမယ့် မြင်တွေ့ရတဲ့
ရှုမျှော်ခင်းတွေရဲ့ အရုပ်အရိပ်အရောင်များကတော့ မိုးစက်မိုးပေါက်တွေနဲ့အတူ ပိုမိုလို့
စိုပြေ ပိုမိုလို့ စိမ်းလန်းလာသလို
လွတ်လပ်ခြင်းရဲ့ အရသာကို
မောင်ရင်ငတေ ပိုမိုလို့ ခံစားမိရကြောင်းပါ ခင်ဗျာ၊
ဒီတခါတော့
အစိမ်းရောင်ဂျုံခင်းတွေကို ပိုမိုတွေ့ခဲ့ရတယ် ထင်မိပါတယ်၊ မေလနဲ့ဂျွန်လ တလမျှသာ
ကွာခြားတယ်
ဆိုပေမယ့် စိုက်ခင်းတွေရဲ့ အရောင်အဆင်းတွေက အတော်လေး ကွာခြားခဲ့ပါပြီ၊
တနှစ်နဲ့
တနှစ် နေရာချင်းလည်းတူ စိုက်ပျိုးခင်းချင်းလည်းတူပေမယ့် အရောင်အဆင်းချင်းကတော့
မတူကွဲပြား
ခြားနားတာကတော့ အမှန်တကယ် တွေ့မြင်ခဲ့ရခြင်းပါ၊
စိုပြေစိမ်းလန်းလွတ်လပ်ခြင်းရဲ့ အရုပ်အရိပ်အရောင်များ (ဓါတ်ပုံ မရငတ)
ပန်းနှမ်းခင်းတွေ့
ပွင့်နေပြီဖြစ်လို့ အဝါရောင် ပန်းနှမ်းခင်းတွေကိုလည်း အများအပြားတွေ့ခဲ့ရပေမယ့်
ဒီတနှစ်မှာတော့
ဂျုံခင်းတွေရဲ့ စိမ်းလန်းခြင်းတွေက ပိုအားသာလို့နေမယ် ထင်မိပါတယ်၊
ဥရောပရဲ့ စိုက်ပျိုးရေး
နည်းစနစ်သစ်တွေကြောင့် သီးထပ်တွေ သီးညှပ်တွေနဲ့ တနှစ်ကို နှစ်သီးစား
သုံးသီးစား မကပါဘဲ
စိုက်ကြ ပျိုးကြတာဖြစ်လို့ ဆောင်းတွင်းကာလ နှင်းဖြူဖြူဖွေးဖွေးတွေ ဖုံးလွှမ်းချိန်က လွဲလို့ ကျန်အချိန်တွေမှာတော့
စိမ်းလန်းစိုပြေ ယာတောမြေတွေကိုသာ တွေ့မိရကြောင်းပါ၊
အမှန်တကယ်ပြောရရင်
ဂျပန်ပြန်ကြီးတွေက အပင်အားတိုး ပိုးသတ်ဆေး ဆိုတာကြီးကို နယ်လှည့် အရောင်းခိုင်းလို့
ရောင်းခဲ့ဖူးတာက လွဲလို့ စိုက်ရေး ပျိုးရေးအကြောင်း နကန်းကော နကောင်းကော ဘာတလုံးမှ
သေချာရေရာ မောင်ရင်ငတေ မသိနားမလည်ပါဘူး၊
မောင်ရင်ငတေရဲ့ ရင်ထဲမှာတော့ စိုက်ခင်းပျိုးခင်းတွေဟာ
စိမ်းလန်းစိုပြေနေရင် သို့တည်းမဟုတ် ဝင်းဝါလို့ ထိန်နေတာတွေ တွေ့ရရင် အပျော်ဖီလင်တွေသာ
ရင်မှာရှိပါတယ်၊
အဲဒါမျိုးကိုသာ ခံစားမိရလို့ ဒီလိုမျိုး ပုံတွေကိုသာ မှတ်တမ်း တင်ရင်း
ရေးပါတယ်၊
အဲဒီတုန်းက မြင်ခဲ့ဖူးတဲ့ စပါးခင်း ပဲခင်းနှမ်းခင်း ကြက်သွန်ခင်း ငရုတ်ခင်းတွေ အစားထိုး
ပြန်မြင်ယောင်ရင်းနဲ့ မှတ်တမ်းတင်မိတာ သက်သက်ရယ်ပါ၊
စိုပြေစိမ်းလန်းလွတ်လပ်ခြင်းရဲ့ အရုပ်အရိပ်အရောင်များ (ဓါတ်ပုံ မရငတ)
အရုပ်
အရိပ် အရောင်တွေအကြောင်း နားလည်ပါသလား ဆိုလာပြန်ရင်လည်း မောင်ရင်ငတေရဲ့ အဖြေက တလုံးထဲ
** နိုး *** လို့သာ ပြောရပါမယ်၊
ဒါပေမယ့် ဖလင်ဖိုးကုန်စရာမလို ကူးခဆေးခ ငွေကုန်ကြေးကျ
မရှိတော့တဲ့ ဒီ ဒီဂျစ်တယ်ကင်မရာ
ခေတ်ကြီးမှာ ရိုက်ချင်တိုင်းရိုက်ပြီး ကွန်ပြူတာ အတွင်း
မှတ်တမ်းတင်လာခဲ့သမျှ ပုံတွေ သိမ်းဆည်း လာခဲ့တာ ဆယ်စုနှစ်တစု ရှိလာခဲ့ပါပြီ၊
ရှေ့ကို
ဆက်ပြီး သွားလာသမျှ လမ်းနဘေးက စိုပြေစိမ်းလန်း လွတ်လပ်ခြင်းရဲ့ အရုပ်အရိပ်အရောင်များကို
မှတ်တမ်းတင်ဖြစ် နေဦးမှာပါ၊ ဖြတ်သန်းသွားခဲ့တဲ့ လမ်းနဘေးတွေက မြင်မြင်သမျှသော ရှုမျှော်ခင်း
တွေဟာ မောင်ရင်ငတေအတွက်ကတော့ ဘယ်နှစ်ကြိမ်ဖြစ်ဖြစ်
ရိုးအီ၍သွားခြင်းမရှိ အမြဲဆန်းသစ်
နေမြဲ နေဦးမှာပါ ခင်ဗျာ၊
စိုပြေစိမ်းလန်းလွတ်လပ်ခြင်းရဲ့ အရုပ်အရိပ်အရောင်များ (ဓါတ်ပုံ မရငတ)
ဒီတခေါက် စထရပ်ဘူးရ် အသွားခရီးက ပုံတွေကို အကြိုက်ရွေးရင်း ရွေးရင်းနဲ့ မဖယ်ချင်တဲ့ ပုံတွေ ပိုများနေတာမို့ စာကြောင်းရေထက် ပုံတွေက ပိုများနေတာကိုတော့ နားလည်ကြပါ ခင်ဗျ၊
ကိုယ်ပိုင် ဘလောက်ခ်စာမျက်နှာမှာ တင်တာမို့လည်း အယ်ဒီတာမရှိ အက်ဒမင်မရှိ ဆင်ဆာ ဆိုတာကြီးကမရှိ အားမနာတမ်း တင်ခွင့်ရတာမို့လို့ ပုံများများ တင်လိုက်ပါတယ်၊ သည်းညည်းခံ၍သာ ကြည့်ကြပါရန်၊
**
စိုပြေစိမ်းလန်းလွတ်လပ်ခြင်းရဲ့ အရုပ်အရိပ်အရောင်များ * ** * ခရီးမှတ်တမ်းပုံရိပ်များ
** *
အဲလ်ဇာ့စ်လွင်ပြင်ဆီသို့
Plaine d'Alsace (Paris-Strasbourg-Colmar) (၂၀၁၆ ခုနှစ် ငါးလပိုင်း)
(ဖိုတိုစတိုရီ ဘိုင် ဗွိုင်ယဂျာ
မရငတ) ၂၄၀၅၂၀၁၆
ဆက်ရန်ရှိပါသေးတယ်၊
မောင်ရင်ငတေ ၂၄၀၅၂၀၁၆
Aucun commentaire:
Publier un commentaire