အက်ဂန်ဖယ်ဒန်-အင်းဘရုပ်ခ်
**
အက်ဂန်ဖယ်ဒန်-ကုဖ်စတိန်း-အင်းဘရုပ်ခ် * ** * ခရီးမှတ်တမ်းပုံရိပ်များ ** *
Eggenfelden-Kufstein-Innsbruck (၂၀၁၆ ခုနှစ် သုံးလပိုင်း)
(ဖိုတိုစတိုရီ
ဘိုင် ဗွိုင်ယဂျာ မရငတ) ၀၃၀၃၂၀၁၆
ပြီးခဲ့တဲ့ မတ်လဆန်း သုံးရက်နေ့က အက်ဂန်ဖယ်ဒန်ဆိုတဲ့ မြို့ကလေးကို ရောက်ဖြစ်ခဲ့ပါတယ်၊
အဲဒီ Eggenfelden အက်ဂန်ဖယ်ဒန်ဆိုတာက ဂျာမဏီနိုင်ငံ ဘိုင်ယန်ပြည်နယ် အရှေ့တောင်စွန်းရှိ မြို့ငယ်ငယ်လေး တမြို့ပါ၊
တိတ်ဆိတ်ငြိမ်သက်တဲ့ မြို့ငယ်လေးဆိုပေမယ့် ဂျာမဏီမြို့လေးတွေရဲ့ ထုံးစံအတိုင်း လူဦးရေ တသောင်း
ကျော် နေထိုင်ကြတဲ့ မြို့လေးတမြို့ပါ၊
ဘိုင်ယန်မြို့တော်
မြူးနစ်မြို့အရှေ့ဘက် ကီလိုမီတာတရာ့နှစ်ဆယ်ခန့်အကွာမှာတည်ရှိပြီး ရထားနဲ့သွားမယ် ဆိုရင်
နှစ်နာရီခန့်မျှ စီးရပါတယ်၊
နွေရာသီလို ခရီးသွားတွေ ပေါများတဲ့ ကာလမျိုးမှာတော့ ခရီးသွားတွေနဲ့ စည်ကားကောင်း စည်ကားနိုင်ပေမယ့် မောင်ရင်ငတေတို့ ရောက်ရှိသွားတဲ့အချိန်မှာ မြို့လယ်ခေါင် ဈေးဆိုင်ခန်းတွေမှာ
ဈေးဝယ်သူက တယောက်စနှစ်ယောက်စ ခြောက်ကပ်ကပ်သာ တွေ့ခဲ့ရပါတယ်၊
မောင်ရင်ငတေ မိတ်ဆွေ သူငယ်ချင်းတယောက် ရောက်ရှိ နေထိုင်နေတာမို့လို့ သူ ပြောင်းပြေး မသွားခင်လေး ရောက်ဖူးတယ် ရှိအောင်လို့ သွားဖြစ်ခဲ့တာပါ၊

သူ အပါအဝင်
တခြား ကိုရွှေဗမာ သုံးလေးငါးယောက် အဲဒီ မြို့ကလေးမှာရှိပြီး သူတို့ အလုပ်လုပ်တဲ့ စက်ရုံမှာတော့
ဟန်ဂေရီတို့ ရူမေးနီးယားတို့ များပြားပါတယ်တဲ့၊ သူတို့လုပ်ကြတဲ့ ပေါင်မုန့်စက်ရုံက
တနေ့ကို အဆိုင်းသုံးဆိုင်းနဲ့ နှစ်ဆယ့်လေးနာရီ လည်ပတ်နေတာကတော့ ဒီကနေ့ ဂျာမဏီ နိုင်ငံရဲ့
ပြယုဂ်တခုသာပါ၊
ဆက်ရန်ရှိပါသေးတယ်၊
မောင်ရင်ငတေ ၁၄၀၅၂၀၁၆
**
အက်ဂန်ဖယ်ဒန် ကုဖ်စတိန်း အင်းဘရုပ်ခ် * ** * ခရီးမှတ်တမ်းပုံရိပ်များ ** *
Eggenfelden-Kufstein-Innsbruck (၂၀၁၆ ခုနှစ် သုံးလပိုင်း)
(ဖိုတိုစတိုရီ
ဘိုင် ဗွိုင်ယဂျာ မရငတ) ၀၃၀၃၂၀၁၆
Aucun commentaire:
Publier un commentaire