(မြောက်ပင်လယ်က တောင်မရှိတဲ့တိုင်းပြည်)
ဟော်လန်ပန်းခင်းများဆီသို့
** * ဟော်လန်ပန်းခင်းများဆီသို့ * ** * ခရီးမှတ်တမ်းပုံရိပ်များ
** *
** * ခရီးသွားခြင်းအနုပညာ
* ** * ပါရီရှန်ဂန်အစုန်အဆန် ** *
** မြောက်ပင်လယ်က
တောင်မရှိတဲ့တိုင်းပြည် **
(ဖိုတိုစတိုရီ ဘိုင် ဗွိုင်ယဂျာ မရငတ) ၀၉၀၄၂၀၁၆
(ဖိုတိုစတိုရီ ဘိုင် ဗွိုင်ယဂျာ မရငတ) ၀၉၀၄၂၀၁၆
(ဓါတ်ပုံ မရငတ)
ဟော်လန်ကော်နာ …. .…. မှသည် အမ်စတာဒမ် ** * ခရီးမှတ်တမ်းပုံရိပ်များ **
ဆိုပြီး ရေးသားဖို့ ရည်ရွယ်ရာမှာ ဒီ ဟော်လန်ပန်းခင်းများဆီသို့ စာစုကို ထည့်သွင်း
ရေးဖို့ စဉ်းစားခဲ့ပါတယ်၊
ဒါပေမယ့် သီးသန့် ပုံတွေများများနဲ့ ဖော်ပြချင်လို့ အခုလို
** *** ဟော်လန်ပန်းခင်းများဆီသို့ ** * ခေါင်းစဉ် သီးခြားနဲ့
အရင် တင်ပြလိုက်ရပါတယ်၊ နောက်မှ ပြန်လည်ပေါင်းစပ် ရေးပါမယ်၊
ဟော်လန်ပန်းခင်းများကို
ကြည့်ချင်တယ်ဆိုရင်တော့ မောင်ရင်ငတေ
အမြင်နဲ့ပြောရင် နှစ်မျိုးနှစ်စား ရှိပါတယ်၊ တခုက အမှန်တကယ် စိုက်ခင်းတွေ
ဆီသို့ သွားကြည့်တာရယ် နောက် တခုကတော့ ပန်း ဥယျာဉ်တွေထဲ အလှစိုက်
ထားသလို စိုက်ထားတာတွေကို သွားကြည့်တာမျိုးရယ်ပါ၊
အမြင်နဲ့ပြောရင် နှစ်မျိုးနှစ်စား ရှိပါတယ်၊ တခုက အမှန်တကယ် စိုက်ခင်းတွေ
ဆီသို့ သွားကြည့်တာရယ် နောက် တခုကတော့ ပန်း ဥယျာဉ်တွေထဲ အလှစိုက်
ထားသလို စိုက်ထားတာတွေကို သွားကြည့်တာမျိုးရယ်ပါ၊
မောင်ရင်ငတေကတော့
အလှအပသဘောမျိုး စိုက်ထားတာတွေကို ကြည့်မြင်
ရတာထက် သဘာဝ ကျကျ သဘာဝအတိုင်း စိုက်ထားပျိုးထားတဲ့စိုက်ခင်းတွေ
ကိုသာ သွားကြည့်ချင်စိတ်က ပိုမိပါတယ်၊
ရတာထက် သဘာဝ ကျကျ သဘာဝအတိုင်း စိုက်ထားပျိုးထားတဲ့စိုက်ခင်းတွေ
ကိုသာ သွားကြည့်ချင်စိတ်က ပိုမိပါတယ်၊
အဲဒါကြောင့်
ပန်းဥယျာဉ်တွေဘက် ခြေဦးမတည်ဘဲ ပန်းခင်းစစ်စစ်တွေဘက်
ခြေဦးတည်ဖို့ ကြံရွယ် ခဲ့တာ ကြာပါပြီ၊ ဒါပေမယ့် ဟော်လန်ပြည် သို့မဟုတ်
နယ်သာလန် မြေကြီးကို နင်းမိတဲ့ အချိန်တိုင်း မှာက ပန်းရာသီနဲ့ လွဲခဲ့ရတာချည်းပါ၊
ဒီတကြိမ်မှာလည်း တကယ်ကတော့ ပန်းမျိုးစုံလင်စွာ ပွင့်ချိန် မရောက်သေးပါဘူး၊
တချို့တဝက်သော ပွင့်နေတဲ့ ပန်းခင်းတွေကိုသာ တွေ့မြင့်ခဲ့ရပါတယ်၊ ပန်းခင်း အ
များစုကတော့ အမိုးအကာအောက်က မလွတ်မြောက်သေးပါဘူး၊
ဒီ ပန်းခင်းပိုင်ရှင်တွေကလည်း သူတို့ရဲ့ အဖိုးတန် ပန်းခင်းတွေ ပျက်စီး ဖျက်စီး
ခံရမှာစိုးလို့ ထင်ပါရဲ့၊ မောင်ရင်ငတေတို့လို ပန်းခင်း မမြင်ဖူးလို့ လာကြည့်တဲ့
သူတွေကို လိုလိုလားလားရှိဟန် မပြပါဘူး၊

သူတို့နဲ့ ချိတ်ဆက်ထားပြီးသား ခရီးသွား ဧဂျင့်တွေ တချို့ရယ်၊ သူတို့သိနှင့်ပြီးသား
ရင်းနှီးသူ တချို့တလေလောက်ကိုသာ အားနာ ပါးနာ ဝင်ရောက် ကြည့်ရှုခွင့် ပေးတတ်
ပါတယ်တဲ့၊
Lisse
မြို့မှာ တည်ရှိတဲ့ Keukenhof Park ပန်းဥယျာဉ်ကြီးကို သွားကြည့်ချင်တယ်
ဆိုရင်တော့ဖြင့် နှစ်စဉ် မတ်လ နောက်ဆုံးပတ်ကနေ မေလလယ်အတွင်း သွားရောက်
ကြည့်ရှု လေ့လာနိုင်ပါတယ်၊
တနှစ်ကို ပန်းပျိုးပင်ပေါင်း ခွန်နှစ်သန်းကျော်ရှစ်သန်း စိုက်ပျိုးပြသထားတဲ့
အခကြေးငွေပေးဝင်ရတဲ့ အကြီးဆုံးသော မိတ်ကပ်ချယ်သထားသလို မြင်တွေ့
ရမယ့် ပန်းဥယျာဉ်ကြီး တခုပါ၊ Keukenhof နဲ့ အနီးမဝေးမှာ ရထားဖြတ်သန်းသွား
ပေမယ့် Lisse မြို့ ဘူတာ မရှိဘဲ Hillegom ကနေ သွားရမှာပါ၊

အဲဒီ Land of Tulips လို့တင်စားခေါ်ကြတဲ့ Keukenhof Park အနီးဝန်းကျင်မှာတော့
ဟော်လန်ရဲ့ နာမည်ကျော် ကျူးလစ် ပန်းခင်းများနဲ့အတူ အခြားအခြားသော ပန်းခင်း
မျိုးစုံကို တွေ့မြင်နိုင်ပါတယ်၊
ဟော်လန် ပန်းခင်းများ တည်ရှိရာ Bollenstreek (Bulb Region) ကတော့ Leiden မြို့နဲ့
Haarlem မြို့ ကြားမှာပါ၊ Rotterdam-Schiedam-Den Haag-Haarlem-Amsterdam
ရထားလမ်းမကြီးပေါ် တည်ရှိပါတယ်၊
ရော့တာဒမ်ကဖြစ်ဖြစ် အမ်စတာဒမ်ကဖြစ်ဖြစ် ဘယ်လိုသွားသွား သိပ်ပြီးမခက်ခဲလှ ပါဘူး၊
ကိုယ်ပိုင်ကားနဲ့ သွားမယ် ဆိုရင်တော့ အလွယ်တကူ ရောက်နိုင်ပါတယ်၊ အမ်စတာဒမ်ကနေ
ကီလိုမီတာ ခြောက်ဆယ်ခန့် ရော့တာဒမ်က လေးဆယ်ခန့်မျှသာ ဝေးတာပါ၊
သူတို့လို အဖြူကောင် တွေကတော့ ပန်းခင်းတွေနဲ့
မနီးမဝေးမှာ တည်းခိုကြပြီး ဘီးကလေးကိုစီး သွားကြတာမျိုးပါ၊
ပန်းခင်းတွေကို အများအပြား တွေ့ရှိရပါတဲ့
အနီးကပ်ဆုံး ဘူတာကတော့ Hillegom ဘူတာလေးပါ၊
ဒါပေမယ့်လို့ အဲဒီ ဟော်လန်ပန်းခင်းများဆီသို့ ရောက်ရှိမယ့်
Hillegom ဘူတာက ခပ်သေးသေးမို့ အမြန်ရထားတွေ ရပ်လေ့ရပ်ထ မရှိပါဘူး၊
ရော့တာဒမ်ဘက်ကနေ လာမယ်ဆိုရင် Leiden (Leyde, Leyden) ဘူတာ
သို့မဟုတ် အမ်စတာဒမ်ဘက်က ဆိုရင်တော့ Haarlem ဘူတာမှာ ရထားပြောင်း စီးရပါမယ်၊
Den Haag-Leiden-Haarlem အနှေးရထား Sprinter ကို
ပြောင်းစီး ရမှာပါ၊ အဲဒီရထား သာ Hillegom ဘူတာမှာ ရပ်ပါတယ်၊
ပန်းခင်းတွေကို ရထားပေါ်ကနေ လှမ်းမြင်တွေ့ရတဲ့ မြင်ကွင်းကတော့
ဌာနေ ဟော်လန်သားတွေကတော့ ဘာမှမဟုတ်သလို နေကြပေမယ့်
မောင်ရင်ငတေတို့ ကောင်တွေလို ပန်းခင်းမမြင်ဖူးတဲ့ သူတွေကတော့
ဂနာငြိမ် မနေနိုင်ကြတော့ပါဘူး၊
ဘူတာမှာ ဆင်းကြပြီး အနည်းဆုံးတော့ ပလက်ဖောင်းပေါ်ကနေ
မှတ်တမ်းတင်ကြသူများကို တွေ့မြင်ရပါတယ်၊
မောင်ရင်ငတေတို့ Hillegom ကို ရောက်ရှိခဲ့တဲ့ နေ့ရက်က ရက်အနည်းငယ် စောနေသေးတာ
မို့လို့ ပန်းပေါင်းစုံ မပွင့်သေးသမို့ နေရာကွက်ကျားမျှသာ တွေ့မြင်ခဲ့ပေမယ့် တွေ့မြင်ရသလောက်ကတော့
စိတ်ကျေနပ် စိတ်ကြည်နူးစေပါတယ်၊
ဘူတာနဲ့မနီးမဝေးနေရာ အကာအရံ အတားအဆီးတွေမရှိတဲ့ ပန်းခင်းတွေကိုတော့
အတော်လေးအနီးကပ် လမ်းလျှောက်သွားကြည့်နိုင်ပါတယ်၊
အချိန်ပေးနိုင်သူ တွေကတော့ အတွင်းပိုင်းအထိ သွားနိုင်မယ်ဆိုရင်
ရောင်စုံပန်းခင်းတွေရဲ့ ပိုမိုလှပတဲ့အလှကို ခံစားခွင့်ရဖို့ သေချာပါတယ်၊
ခြံစည်းရိုးကာမထားတဲ့ ပန်းခင်းတွေတွေ့ရလို့ ဝမ်းသာအားရ သွားခဲ့ပေမယ့် သဘာဝ
အတားအဆီး ရေမြောင်းတွေခံနေလို့ ပန်းခင်းထဲကို ဖြတ်သန်း ထိတွေ့ခွင့်က မရနိုင်ပါဘူး၊
အကြံပိုင်ကြပါပေ့ ကိုရွှေဟော်လန်တွေရယ်၊
အဲဒါနဲ့ ရေမြောင်းနဘေးဘောင် တခဏတာလေးဇိမ်ခံ အသာထိုင်လို့
ပန်းခင်းတွေ ငေးကြည့်ရင်း တွေးမိတွေးရာတွေးရင်း မှတ်တမ်းတင်ခဲ့ရပါတယ်၊
အတူ သွားခဲ့သူတွေရဲ့ ဆန္ဒကို ငှဲ့ရတာကြောင့် သိပ်ကြာကြာ တွေးငေးခွင့် မရခဲ့ပါဘူး၊
(ဓါတ်ပုံ မရငတ)
မောင်ရင်ငတေကတော့ ဝေးဝေးလံလံ သွားချိန်မရတဲ့သူ ဖြစ်လို့ ရသလောက် အခွင့်အရေးလေးကို
မောင်ရင်ငတေကတော့ ဝေးဝေးလံလံ သွားချိန်မရတဲ့သူ ဖြစ်လို့ ရသလောက် အခွင့်အရေးလေးကို
အသုံးချလို့
လက်လှမ်းမှီရာ အနီးကပ်ဆုံး နေရာကိုသာ အရောက်သွား မှတ်တမ်းတင်နိုင်ခဲ့တာပါ၊
မောင်ရင်ငတေ့ ထုံးစံအတိုင်း တနေ့တာ ပရိုဂရမ်တွေက အပြည့်နဲ့ဆိုတော့ကာ ဖြတ်လျှောက်ကြည့်
အဆင့်သာ ဖြစ်ပါတယ်၊ အားမရပေမယ့် အဲဒီလောက်ဆို ကျေနပ်နိုင်ခဲ့တတ်ပါပြီ၊
ဝါစိမ်းနီပြာ
ပန်းခရမ်းလိမ္မော် (အနက်ရောင်တော့ ရှာမတွေ့ခဲ့ပါ) အခြားအခြားသော မောင်ရင်ငတေ့
မျက်လုံးမှာ အတိအကျ မခွဲခြားတတ်ပါတဲ့ ပြောက်ကျားအရောင်တွေနဲ့ တမျှော်တခေါ်ကြီး
မြင်ရတဲ့ ဆေးရောင်စုံမြင်ကွင်းကျယ် ပန်းခင်းပြင်တွေကို စုံစေ့အောင် အရောက်သွားဖို့က ဒီအတိုင်း
ခြေလျှင် ခရီးနဲ့တော့ မလွယ်ကူလှပါဘူး၊
မောင်ရင်ငတေလို ဟိုနားဒီနားခဏလောက်သာ ဆိုရင်တော့ ရတာပေါ့လေ၊
စက်ဘီး ငှားသူများလည်း ရှိပါတယ်တဲ့၊
ဒါပေမယ့် တွေ့မြင်ရတဲ့ သူတို့ အနောက်တိုင်းသား လူဖြူတွေက များသောအားဖြင့်
တယောက်တစီး စီးကြတာကိုသာ မြင်တွေ့ရလို့ မောင်ရင်ငတေဖြင့် အားမရပါဘူးဗျာ၊
မောင်ရင်ငတေတို့ ခပ်ငယ်ငယ် ကျောင်းသားဘဝတုန်းကလို ဘီးကလေးကိုစီးလို့
အချစ်လေးတွေကိုတင်ပြီး ရောင်စုံပန်းခင်းတွေကြား လျှောက်သွားခွင့် ရလိုက်ချင်ပါတယ်၊
အဲသလို ဆိုရင်တော့ အအေးချမ်းဆုံး အသာယာဆုံး အကောင်းဆုံး ခရီးစဉ်တခု
ဖြစ်လာစေလိမ့်မယ်ပေါ့ဗျာ၊ ခရီးသွားခြင်း အနုပညာ ပိုမို ပီပြင်လာစေမှာ အမှန်ပေပေါ့၊

အဲဒီ Keukenhof Park ကလေးထဲမှာတောင် ပန်းတွေက ခွန် မီလျှံ ရှိပါတယ်
ဆိုတော့ ပန်းခင်းတွေ ထဲက ပန်းပွင့်ပန်းခိုင် စုစုပေါင်းဟာ ဘီလျှံပေါင်းများစွာ ရှိနိုင်ပါတယ်၊
အားလုံးနီးပါး ကိုးဆယ်ရာနှုန်း နိုင်ငံရပ်ခြားကို ပို့တာဖြစ်လို့ ဝင်ငွေဘယ်လောက်
ကောင်းမလဲဆိုတာ ပညာရှင်ကြီးတွေ တွက်ချက် ပြီးသာ ကြည့်ကြပါတော့၊
ပြင်သစ်ပြည်သို့ ရောက်လာတဲ့ ဟော်လန် ပန်းတွေရဲ့ ဈေး ဘယ်လောက်
ကောင်းမကောင်းတော့ မောင်ရင်ငတေ သေချာမသိပေမယ့် ဈေးမသေးတာတော့
သေချာပါတယ်၊
ဟော်လန်မြေရဲ့
သဘာဝပန်းခင်းတွေ ဆိုတာကလည်း အခုခေတ်မှာတော့ နည်းပညာ
အသစ်တွေနဲ့ မှန်လုံအိမ်စနစ် စိုက်ထားပျိုးထားကြတာဖြစ်လို့ သဘာဝစစ်စစ်တော့ မဟုတ်တော့
ပါဘူးဆိုရပါမယ်၊
အသစ်တွေနဲ့ မှန်လုံအိမ်စနစ် စိုက်ထားပျိုးထားကြတာဖြစ်လို့ သဘာဝစစ်စစ်တော့ မဟုတ်တော့
ပါဘူးဆိုရပါမယ်၊
အဲဒီ ဟော်လန်ပန်းခင်းတွေမှာ ပန်းမျိုးတွေစုံလင်စွာရှိတယ် ဆိုပေမယ့်
အများဆုံးကတော့ ကျူလစ် ပန်းမျိုးနွယ်တွေပါ၊
၁၅ ရာစုအကုန် ၁၆ ရာစု အစပိုင်း Ottoman Empire ကောင်းစားစဉ်ခေတ်က
တူရကီမြေကနေတဆင့် ဥရောပ အနောက်မြောက်ပိုင်းကို ဒီပန်းမျိုးနွယ်တွေ စတင်ရောက်
ရှိခဲ့တယ် ဆိုကြပါတယ်၊
ဒီကနေ့မှာတော့ ကျူလစ်ဆိုတာ မိတ်အင်ဟော်လန်လို့ ပြောရမလို ဖြစ်နေပါပြီ၊
ပြင်သစ်စာရေးဆရာကြီး
Alexandre Dumas (၁၈၀၂-၁၈၇၀) ၁၈၅၀ ခုနှစ်က ရေးသားထုတ်ဝေခဲ့ ပါတဲ့
သမိုင်းနောက်ခံ ဝတ္ထုကြီးတပုဒ် အမည်ကို ၁၆ ရာစုခေတ်က ဟော်လန်မြေကို စတင်ရောက်ရှိ လာတယ်
ဆိုတဲ့ ကျူလစ်ပန်းမျိုးနွယ်တွေကို ဇိမ်ခံတော်ဝင်ပန်း အနေနဲ့ တင်စားပြီး သူရေးခဲ့တဲ့ အဲဒီ ဝတ္ထု အမည်
ကို La Tulipe Noire လို့ အမည်ပေးခဲ့တယ် ဆိုကြပါတယ်၊

တကယ်တမ်း ကျူလစ်ပန်းနဲ့ ပတ်သက်ရာ ပတ်သက်ကြောင်း အကြောင်းအရာတွေကို
Alexandre Dumas မတိုင်ခင်ကပင် ရှိခဲ့ပါတယ်၊
ဆယ့်တစ်ရာစု ခေတ် Persian ပါရှန်း အတွေးအခေါ်ပညာရှင် နက္ခတ္တဆရာ
သင်္ချာဆရာ ကဗျာဆရာကြီး Omar Khayyam အိုမာ ခေယမ် (၁၀၄၈-၁၁၃၁) ရယ်၊
ဆယ့်သုံးရာစု အစောပိုင်းကာလက ထင်ရှားခဲ့တဲ့ ပါရှန်းလူမျိုး (ဒီကနေ့ခေတ် အာဖဂန် နယ်ဖွားပါ၊)
အတွေးအခေါ်ပညာရှင် စာရေးဆရာ ကဗျာဆရာကြီး Celaleddin Rûmi ရူမ်မီ (၁၂၀၇-၁၂၇၃) တို့
ခေတ်ကတည်းက ကျူလစ်ပန်းများကို တဖွဲ့တနွဲ့ တင်စားခဲ့ကြ ပြီးပါပြီတဲ့၊
မောင်ရင်ငတေလည်း နောင်များ အခါအခွင့် ကြုံလာခဲ့ရင်တော့ အဲဒီ ဟော်လန်ပန်းခင်းများ အနီးမှာ
အချိန်ပေး အနားယူရင်း အနုအလှ သမုဒ္ဒယ ကဗျာတွေ
စာတွေ ရေးဖွဲ့ချင်မိရပါသေးတယ် ခင်ဗျား၊
Champs de Tulipes, Vincent
Van Gogh, 1883 (Photo Google)
ဒီနေရာမှာ မောင်ရင်ငတေ စဉ်းစားမိတာတခုကို နောက်ဆက်တွဲအနေနဲ့
မှတ်တမ်းအဖြစ် ရေးချင်မိ လိုက်ရ ပါသေးတယ်၊
အဲဒါကတော့ နာမည်ကျော် ဟော်လန်လူမျိုး ပန်းချီဆရာကြီးဖြစ်သူ Vincent Van Gogh
ဗန်ဂိုး (၁၈၅၃-၁၈၉၀) ဟာ Champs de Tulipes အမည်ရပန်းချီကားတချပ်ကို ၁၈၈၃ ခုနှစ်မှာ
ရေးဆွဲသွားခဲ့တယ် ဆိုပါတယ်၊
ဒါပေမယ့် အဲဒီပန်းချီကားချပ်ဟာ မထင်မရှား ကွယ်ပျောက် နေခဲ့ပြီး ဘယ်ရောက်နေပြီလဲဆိုတာ
ဘယ်သူမှ မသိပါဘူးတဲ့၊ ဗန်ဂိုး တကယ်ရေးဆွဲ သွားခဲ့သလား မသလားဆိုတာကလည်း မသဲကွဲပါဘူး၊
ဘာဖြစ်ဖြစ် ဟော်လန်သား ဗန်ဂိုးတယောက် ဒီလောက်လှ ဒီလောက်ဆွဲဆောင်အား ကောင်းလှပါတဲ့
ဟော်လန်ပန်းခင်းတွေကို မရေးဆွဲသွားတာက စိတ်နာလို့ လေလား Nuenen နယ်က အာလူးစားကြ
သူများနဲ့သာ အချိန်ကုန်ခဲ့ရလေသလား သို့တည်းမဟုတ် ပြင်သစ်မြေက ဂျုံခင်းတွေနေကြာခင်းတွေနဲ့
ရွန်မြစ်ပြာပြာရဲ့ အလှတွေကြားမှာ နစ်မြုပ်သွားခဲ့ရလေ သလားးးးးးးးးးးး လားပေါင်းများစွ
ာ မောင်ရင်ငတေ နောက်ဆက်တွဲ အတွေးဆက်ပွားမိရခြင်းပါ၊
မောင်ရင်ငတေ
၁၇၀၄၂၀၁၆
Folie Tulipière, Jean-Léon Gérôme, 1882 (Photo Google)
(Musée Walters, Baltimore, Maryland,
USA)
Aucun commentaire:
Publier un commentaire