အမ်စတာဒမ်မှ
မှန်ခန်းနီများ
** * အမ်စတာဒမ်မှ မှန်ခန်းနီများ * ** * ခရီးမှတ်တမ်းပုံရိပ်များ
** *
** * ခရီးသွားခြင်းအနုပညာ
* ** * ပါရီရှန်ဂန်အစုန်အဆန် ** *
** မြောက်ပင်လယ်က
တောင်မရှိတဲ့တိုင်းပြည် **
(ဖိုတိုစတိုရီ ဘိုင် ဗွိုင်ယဂျာ မရငတ) ၀၉၀၄၂၀၁၆
(ဖိုတိုစတိုရီ ဘိုင် ဗွိုင်ယဂျာ မရငတ) ၀၉၀၄၂၀၁၆
အမ်စတာဒမ်နဲ့ ပတ်သက်လာခဲ့ရင် တူးမြောင်းလေးတွေ နဘေးတလျှောက်မှာ အေးအေးဆေးဆေး အချိန်ယူ လမ်းလျှောက် လည်ပတ်ခြင်း သို့တည်းမဟုတ် တူးမြောင်းအတွင်း လှေစီးကြခြင်း ဆိုတာ လာရောက် လည်ပတ်ကြသူတွေ မရောက်မဖြစ် ရောက်ကြ မလုပ်မဖြစ် လုပ်ကြ တာမျိုးပါ၊
အဲသလို
မရောက်မဖြစ် ရောက်ကြရမှာဖြစ်တဲ့ နေရာနှစ်ခု ရှိပါသေးတယ်၊ အဲဒီနေရာ အကြောင်းက မပါမဖြစ် မပြောမဖြစ် ပြောကြရမယ့် အကြောင်းတွေလည်း
ဖြစ်ပါတယ်၊
အထူးသဖြင့်တော့ ခေတ် အဆက်ဆက်မှာ ဒီနေရာကို ဖြတ်သန်းခဲ့ကြဖူးတဲ့ ခေတ်လူငယ်
ဖြစ်ခဲ့ကြဖူးသူတွေ အတွက်ပေါ့၊
အထူးသဖြင့်တော့ ခေတ် အဆက်ဆက်မှာ ဒီနေရာကို ဖြတ်သန်းခဲ့ကြဖူးတဲ့ ခေတ်လူငယ်
ဖြစ်ခဲ့ကြဖူးသူတွေ အတွက်ပေါ့၊
အဲဒီနေရာတွေကတော့
ဟော်လန်တွေရဲ့ဒတ်ခ်ျစကားနဲ့ Rosse Buurt ခေါ်တဲ့ Red Light District ရယ် Cannabis
Coffeeshops များရယ် ပါ၊
ပထမတခု
Red Light District သို့မဟုတ် Quartier Rouge à Amsterdam သို့မဟုတ် ပြင်သစ်
တွေ ကြားမှာတော့ De Wallen ဆိုပြီး နာမည်ကြီးပါတဲ့ Vitrines Rouges မှန်ခန်းနီဆောင်ကြာမြိုင်
များပါ၊
မူလမူရင်း အစကတော့ ဆယ်နှစ်ရာစု အမ်စတာဒမ်လှေဆိပ် စတင်ဖွင့်ဖြိုး လာစဉ်က ဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်း နှစ်ရာကျော်သုံးရာ ကာလတွေမှာတော့ လူသိများလာခဲ့တယ် ဆိုပါတယ်၊

မူလမူရင်း အစကတော့ ဆယ်နှစ်ရာစု အမ်စတာဒမ်လှေဆိပ် စတင်ဖွင့်ဖြိုး လာစဉ်က ဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်း နှစ်ရာကျော်သုံးရာ ကာလတွေမှာတော့ လူသိများလာခဲ့တယ် ဆိုပါတယ်၊
Vitrines Rouges (Red Showcases) မှန်ခန်းနီများ (ဓါတ်ပုံ မရငတ)
၁၈၁၀ ခုနှစ် ဝန်းကျင်မှာတော့ အဲဒီ မှန်ခန်းနီ ပျိုဖြူများရဲ့ အဓိကဖောက်သည် ဖြစ်လာကြသူများက
ပြင်သစ်စစ်ဘုရင်ကြီး နပိုလီယံရဲ့ တပ်မတော်သားတွေပါတဲ့ခင်ဗျ၊
အဲဒါကြောင့် အဲဒီမှန်ခန်းနီများကို နပိုလီယံကြီးက ပိတ်ပင်ပစ်ဖို့ စီစဉ်ပါသေးတယ်တဲ့၊
ဒါပေမယ့် မရခဲ့ပါဘူး ထင်ပါတယ်၊
ကမ္ဘာစစ်ကြီးများ
နောက်ပိုင်းမှာတော့ ဒီလုပ်ငန်းတွေကို ပိတ်ပင်ပစ်ဖို့ ကြိုးစားကြသူများ ရှိကြသော်လည်းပဲ
အဲဒီလုပ်ငန်းက တရားဝင် ဆက်လက်ရှင်သန်လာခဲ့တာ မောင်ရင်ငတေတို့ခေတ်ထိတိုင်ပါ၊
တယ်လီဖုန်းရုံ
ပုံစံ အဲဒီမှန်ခန်းနီများ အရေအတွက် အတိအကျတော့ စာအုပ်တွေ စာရင်းတွေထဲမှာ မောင်ရင်ငတေ
သေချာရှာလို့ မတွေ့မိပါဘူး၊
မှန်ခန်းနီ အသစ်များကို ပါမစ်တွေ မချပေးတော့ဘူးလို့ ဆိုကြပေမယ့်လည်း အတိုးအလျှော့တွေ ရှိကြောင်း ပြောကြပါတယ်၊
ဖတ်မိရသလောက်ကတော့ မှန်ခန်းပေါင်း နှစ်ရာကျော်သုံးရာလောက် ရှိတယ်ဆိုကြပေမယ့် အဲဒီထက်မက ပိုများဖို့က သေချာပါ တယ်တဲ့၊ စာရင်းဇယားတွေအရ တရားဝင် အင်အား သုံးထောင်လောက် ရှိပါတယ်တဲ့၊
အဲဒီအထဲက ၇၅ ရာခိုင်နှုန်းသော မှန်ခန်းနီပျိုဖြူများက အရှေ့ဥရောပ အာဖရိကနဲ့ အာရှကပါတဲ့၊

မောင်ရင်ငတေ မျက်မြင်တွေ့ခဲ့တာကတော့ အရှေ့ဥရောပသူလေးတွေကိုသာ အခန်းတိုင်းလိုလိုမှာ မတ်တပ်ရပ်လို့ မှန်ခန်းထဲက ကြိုဆိုနေကြတာ အများစုဖြစ်ပြီး အာရှသူတွေနဲ့ အမည်းတွေကတော့ နည်းပါတယ်၊
ဘယ်လိုပြောပြော
မောင်ရင်ငတေ့ မျက်မြင်တွေ့ရှိချက်များအရ ပါရီက Pigalle လန်ဒန်မြို့က Soho တို့ထက်တော့
ကြီးကျယ်တာတော့ အမှန်ပါ၊
ဘန်ကောက် မြို့တော်ကြီးက နာမည်ကျော် Patpong တို့ Nana Plaza တို့ Soi Cowboy တို့ ပတ္တရာကမ်းခြေတို့နဲ့ကတော့ စည်ကားတဲ့ ပုံစံက သိပ် မတူ ပါဘူး၊
ကိုရီးယားနိုင်ငံဆိုးလ်မြို့တော်က Hooker Hill တို့ Oh Pal Pal သို့မဟုတ် Cheongnyangni တို့နဲ့လည်း လုပ်ငန်းတူပေမယ့် ပုံစံကတော့ တမျိုးစီ ကွဲပြားခြားနားပါတယ်၊

အမ်စတာဒမ်
အုပ်ချုပ်ရေး တာဝန်ရှိသူများကတော့ ဒီနေရာတွေ ပပျောက်လျော့ကျသွားဖို့ စီမံကိန်း ကြီးတွေ
ရေးဆွဲနေကြပြီး အကောင်အထည်ဖော်နေကြပေမယ့် နပိုလီယံတောင်မှ မတတ်နိုင်ခဲ့ပါတဲ့
အဲဒီ
မှန်ခန်းနီများကတော့ နောက်လည်း ဆက်လက်တည်ရှိ နေလိမ့်ဦးမယ်လို့ ထင်မြင်ကြပါတယ်၊
ဘာဖြစ်လို့လဲဆိုရရင်တော့
အမ်စတာဒမ်မြို့က မှန်ခန်းနီများ တည်ရာက တခြားမြို့များနဲ့ မတူပါဘဲ အများစုသော ကမ္ဘာလှည့်
ခရီးသွားကြသူတွေ ကြိုက်နှစ်သက်ရာ ထိုင်ငေးချင်ဖွယ်ရာ တူးမြောင်း လေးတွေရဲ့ နဘေး စားသောက်ဆိုင်လေးတွေနဲ့
ရောထွေး တည်ရှိနေတာပါ၊
အမ်စတာဒမ်မြို့ဆီသို့ လာရောက် လည်ပတ်ကြသူများဟာ အများစုက ဘာရယ်မဟုတ် ကြည့်ချင်ဖွယ် ပွဲတခုအလား အဲဒီ နေရာကို ရောက် ရောက် လာကြတာကြောင့် ဆယ့်ငါးသန်းကျော်သော ကမ္ဘာလှည့်သူတွေအတွက် အဓိက ဆွဲဆောင်ရာ နေရာတခုအဖြစ် ဒီနေရာက ပိုမို နာမည်ကြီး
ကျော်ကြားလာတာမို့လို့ပါ တဲ့၊

အဲဒီနေရာ
လမ်းကြိုလမ်းကြား တူးမြောင်းနဘေး လမ်းလျှောက် လေ့လာကြသူတွေကတော့ ကမ္ဘာ အရပ်ရပ်က တရုတ်
ကုလား အိန်ဒရိယ ဂျပန် အမေရိကန် အာဖရိကန် ယူရိုပီယမ် အာရပ် လူမျိုးစုံ အရွယ်စုံ ကာလာစုံ
ကျားမစုံ ပါပါတယ်၊
လာလည်သူ အတော်တော်များများက ဖြတ်လျှောက်ကြည့် သွားကြသူများ သာပါ၊ လာရောက်သူတွေထဲက အရေအတွက် အနည်းငယ်မျှသာ အဲဒီ မှန်ခန်းနီထဲ ဝင်ဖို့ကို စိတ်ကူးကြဟန်တူပါတယ်၊
ကျန်သူများကတော့ မောင်ရင်ငတေတို့လို တူးမြောင်းရဲ့နဘေး တခွက် တဖလား လာ မော့ကြသူများနဲ့ တဖွာ တရှိုက် လာလို့ ရှိုက်ကြသူများသာပါ၊

အဲဒီလို
မှန်ခန်းနီများမှ ဖြူဖြူ နီနီ ညိုညို မည်းမည်း လေဒီများအနေနဲ့ အခွန်အခ ခေါင်းပုံဖြတ်ခတွေ
နှုတ်အပြီး အသားတင် တနေ့တာဝင်ငွေက ဘယ်၍ဘယ်မျှဘယ်လောက်ရပါသလဲ ဆိုတာကိုတော့ မောင်ရင်ငတေ
မမေးရဲလို့ မေးမကြည့် ဖြစ်ခဲ့ပါဘူး၊
မောင်ရင်ငတေတို့ထက်တော့ ဝင်ငွေကောင်း ကြဟန်တော့ တူပါတယ်၊ လူချင်းမှ မတူတာကိုးနော့၊
မောင်ရင်ငတေတို့ထက်တော့ ဝင်ငွေကောင်း ကြဟန်တော့ တူပါတယ်၊ လူချင်းမှ မတူတာကိုးနော့၊
အမ်စတာဒမ်
အုပ်ချုပ်ရေးတာဝန်ရှိသူများရဲ့ Project 1012 စီမံကိန်းကြီး အောင်မြင်သွားပြီးနောက်
မှန်ခန်းနီများက အနီရောင် မီးချောင်းမီးလုံးများ ကွယ်ပျောက်သွားမယ့်အချိန် ရောက်လာခဲ့ရင်တော့
အဲဒီ မြို့ဟောင်းရပ်ကွက်အတွင်းမှာ တည်ရှိတဲ့ ဆယ့်လေးရာစု အစောပိုင်းခေတ်က တည်ဆောက် ခဲ့တဲ့ အမ်စတာဒမ်နယ်တဝိုက်မှာ ရှေးဟောင်းအကျဆုံးသော Oude Kerk အမည်ရ ဘုရားကျောင်း ကြီးကို
မောင်ရင်ငတေ အေးအေးဆေးဆေး တခေါက်လောက် သွားရောက် ဖူးမျှော်ချင်မိရကြောင်း ပါ ခင်ဗျား၊
လာမယ် ကြာမယ်တော့ မဟုတ်လောက်ပါဘူး တာဝန်ရှိသူများ ခင်ဗျား၊

မှန်ခန်းနီများနဲ့ တွဲလျှက် နာမည်ကြီးတာကတော့ ကော်ဖီရှော့ပ်များပါ၊
အဲဒီ
Cannabis Coffeeshops ကော်ဖီရှော့ပ်များ အကြောင်းကိုတော့ သီးသန့် ရေးပါဦးမယ်၊
ကျေးဇူးတင်ပါတယ်ခင်ဗျား၊
Aucun commentaire:
Publier un commentaire