Libellés

mardi 8 mars 2016

** ကန်းဗတ်စ်အစုတ်တရံနဲ့ အတွေးစများ (တစ်) * **



ကန်းဗတ်စ်အစုတ်တရံနဲ့ အတွေးစများ (တစ်)


ကန်းဗတ်စ်အစုတ်တရံနဲ့ အတွေးစများ (တစ်)

ကန်းဗတ်စ်အစုတ်တရံမှာ
ကန်းဗတ်စ်ဖိနပ်အစုတ်တရံမှာ
ကီလိုမီတာ တော်တော်များများနဲ့
သမိုင်းကြောင်းအဟောင်းတွေ ရှိခဲ့တယ်၊

သူဟာ နပိုလီယန်စစ်ပွဲတွေဆီ သွားဖူးခဲ့သလို
ဗတ်စကိုဒဂါးမားနဲ့ ခရစ်စတိုဖာကိုလံဘတ်ဆီလည်း ရောက်ခဲ့ဖူးတယ်၊

သူဟာ ဗန်ဂိုးရဲ့ အရုပ်အရောင်အရိပ် ခြေရာများကို ရှာဖွေခဲ့သလို
အီဖယ်ရဲ့ လေဘာတီနဲ့ သံမဏီလေဒီကိုလည်း ရူးသွပ်စွာ ခံစားတတ်ခဲ့တယ်၊

သူဟာ အယုဒ္ဒယသမိုင်းတွေနဲ့ ဇင်းမယ်သမိုင်းကို ရောမွှေလို့
အီဆန်စာတွေစားရင်း ဘုရင့်နောင်အကြောင်း စိတ်ဝင်စားစွာ ခံစားတတ်ခဲ့တယ်၊

သူဟာ တောတောင်တွေကိုချစ်လို့ တောတောင်တွေဆီ သူရောက်သွားခဲ့ရင်း
ရွှေသုံးပွင့်ဆိုင် မြောက်စွန်းကနေ တောင်ပိုင်းက မိုတောင်ဆီ အလည်ရောက်ခဲ့ဖူးတယ်၊

သူဟာ ဥရောပအမြန်လမ်းမကြီးတွေနဲ့ အာရှလမ်းမကြီးတွေကို
ချိတ်ဆက်မိဖို့လည်း လိုလိုလားလား တောင့်တနေတတ်သူ တယောက်ပါ၊

သူဟာ
ငါးဆယ်ကျော်သား တယောက်ရဲ့ မိတ်ဆွေရင်း စစ်စစ်ကြီးပေါ့၊

(မရငတ) ၀၈၀၃၂၀၁၆

Aucun commentaire:

Enregistrer un commentaire