သုံးပွင့်ဆိုင် နယ်စပ်စည်းနားက
အီဖယ်
(La Petite Tour Eiffel d'Apac)
Apach, France, On the Border with Germany
and Luxembourg (ဓါတ်ပုံ မရငတ)
ဒီကနေ့ မတ်လ ၃၁ ရက်နေ့ ၂၀၁၆ ခုနှစ် ၁၂၇ နှစ်မြောက် (127e Anniversaire de l'Ouverture de la Tour Eiffel) အီဖယ်မွေးနေ့
. .... . ... ... အမှတ်တရအဖြစ်
ဒီနေရာမှာ ဒီကနေ့ ထပ်ဖြည့်ပြီး ရေးချင်တာကတော့ အသေးစား အီဖယ်လေးတခုရဲ့ အကြောင်းပါ၊
ဒီနေရာမှာ ဒီကနေ့ ထပ်ဖြည့်ပြီး ရေးချင်တာကတော့ အသေးစား အီဖယ်လေးတခုရဲ့ အကြောင်းပါ၊
မမျှော်လင့်ပါဘဲနဲ့ မောင်ရင်ငတေ ခရီးတခုသွားရင်း တွေ့မြင်ခဲ့ရတာပါ၊
ရှန်ဂန်ဗီဇာရဲ့ မွေးရပ်မြေ ရှန်ဂန်ရွာကလေးကို အသွား လူဇမ်ဘူး ပြင်သစ် ဂျာမဏီ သုံးနိုင်ငံနယ်စပ် ပြင်သစ်မြေအစပ်မှာ တွေ့ခဲ့ရတာပါ၊
လူနှစ်ရပ်ကျော်ကျော်လောက်သာရှိတဲ့ ဒီ အီဖယ်လေးကတော့ လှပသလို လွမ်းဆွတ်ဖွယ်ရာ ကောင်းလှပါတယ်၊
ပြင်သစ်မြေ Apach မြို့လေးသို့ အဝင် သို့မဟုတ် မြို့အထွက် လမ်းအမှတ် D 654 (Thionville-Apach) လမ်းပေါ်မှာ တည်ရှိပါတယ်၊

တောရိပ်တောင်ရိပ်တွေရဲ့ အကြား စိမ်းစိမ်းစိုစို သဘာဝ သစ်ပင်ကြီးတွေရဲ့ အကြား ညီညီညာညာ
စပျစ်ခင်းတွေရဲ့ အကြား Moselle မိုဇယ် မြစ်ကမ်းနဘေးနားက ပြင်သစ်ရွာအဝင် ကားလမ်းထိပ်မှာ
ပြင်သစ်ကိုယ်စားပြု တည်ဆောက်ထားတာပါ၊
ပါရီမြို့က အီဖယ်ကြီးလို လူတွေ ဧည့်တွေ တရုံးရုံးနဲ့ ရှုတ်ထွေးပွေလီနေတာ မဟုတ်ပါဘူး၊ ပြင်သစ်မြေကြီးကို ရောက်ရှိလို့ လာခဲ့ပါပြီ ခြေနင်းမိပါပြီဆိုတဲ့
ပါရီမြို့က အီဖယ်ကြီးလို လူတွေ ဧည့်တွေ တရုံးရုံးနဲ့ ရှုတ်ထွေးပွေလီနေတာ မဟုတ်ပါဘူး၊ ပြင်သစ်မြေကြီးကို ရောက်ရှိလို့ လာခဲ့ပါပြီ ခြေနင်းမိပါပြီဆိုတဲ့
အနေနဲ့ မြင်တွေ့လိုက်ရတာပါ၊ ဘာတခုမှ ထူးထူးခြားခြား ပြောင်ပြောင်လက်လက်နဲ့ မတွေ့ရှိပါဘူး၊
အဲဒါကကို စိတ်ဝင်စားဖွယ်ရာ ကြည့်မဝနိုင်စရာပါ၊ အဲဒီ အီဖယ်ကိုယ်ပွား မျှော်စင်သေးသေးလေးကို ပတ်လည်လှည့်ပြီး ဓါတ်ပုံရိုက်မှတ်တမ်းတင်လို့မဝ ဖြစ်နေခဲ့ရတာပါ၊
ဖြစ်နိုင်မယ်ဆိုရင်တော့ အဲဒီလို နေရာလေးမှာ ခဏတဖြုတ်ထိုင်လိုက် ခဏတဖြုတ်လမ်းထလျှောက်လိုက်နဲ့ ပတ်ဝန်းကျင် ကမ္ဘာကို ငေးမောရင်း အတွေးဆန့် နေချင်ဖွယ်ရာ အရပ်ဒေသပါ၊
ဖြစ်နိုင်မယ်ဆိုရင်တော့ အဲဒီလို နေရာလေးမှာ ခဏတဖြုတ်ထိုင်လိုက် ခဏတဖြုတ်လမ်းထလျှောက်လိုက်နဲ့ ပတ်ဝန်းကျင် ကမ္ဘာကို ငေးမောရင်း အတွေးဆန့် နေချင်ဖွယ်ရာ အရပ်ဒေသပါ၊
La Petite Tour Eiffel d'Apach
(Fête de la Tour le 9 Août 2009)
(ဓါတ်ပုံ မရငတ)
အဲဒီ Petite Tour Eiffel အီဖယ် ကိုယ်ပွား မျှော်စင်သေးသေးလေးကို
တည်ဆောက်ခဲ့တာကတော့ သိပ်မကြာမြင့်သေးပါဘူး၊ ၂၀၀၉ ခုနှစ်ကမှ တည်ဆောက်ခဲ့ကြတယ်ဆိုပါတယ်၊
အီဖယ်မျှော်စင်ဟာ တည်ဆောက်ပြီး နှစ်ပေါင်းရာကျော်လာခဲ့တာနဲ့အမျှ ပါရီမြို့တော် သင်္ကေတ ပြင်သစ်မြေ သင်္ကေတ ဖြစ်လာခဲ့ပြီမို့ ဒီလိုသုံးနိုင်ငံဆုံတွေ့ရာ နယ်စည်းခြားနေရာမှာ အီဖယ်လေးကို မမျှော်လင့်ပါဘဲ တွေ့ရှိ လိုက်ရတော့ အမည်ခံ ပါရီဇီယမ်သား မောင်ရင်ငတေ့ ရင်ထဲမှာ ပျော်သလို ဖြစ်သွားခဲ့ပါတယ်၊

ကိုယ့်ပြေကိုယ့်မြေကို ပြန်နင်းမိရလိုက်သလို
ခံစားမိပါတယ် ပြောရင် မောင်ရင်ငတေကို အဆိုးမဆို
လိုက်ကြပါနဲ့ .. . … .. မမြင်လိုက်ကြပါနဲ့ ခင်ဗျာ ….. . … ဒီမြေကြီးကို
နင်းမိတာ ဆယ့်ငါးနှစ် ရှိခဲ့ပြီ
ကိုး၊
ကိုယ့်တိုင်း ကိုယ့်ပြည် ကိုယ့်မွေးဖွားရာ ဇာတိမှာတောင် ဒီလောက်ကြာကြာ တဆက်တည်းလို မနေဖူးခဲ့ရ . .. .. .. . .. နေခွင့်မရခဲ့ပါတဲ့ မောင်ရင်ငတေ့ အတွက်ကတော့ ပါရီရယ် အီဖယ်ရယ်ဟာ
ကိုယ့်တိုင်း ကိုယ့်ပြည် ကိုယ့်မွေးဖွားရာ ဇာတိမှာတောင် ဒီလောက်ကြာကြာ တဆက်တည်းလို မနေဖူးခဲ့ရ . .. .. .. . .. နေခွင့်မရခဲ့ပါတဲ့ မောင်ရင်ငတေ့ အတွက်ကတော့ ပါရီရယ် အီဖယ်ရယ်ဟာ
. . . .. . . ..
. .. . . .. . …… . .. . .. …. . .. .. …. .. .. . .. . . .. . .. . . .. . . . ..
. . .. . . .. . . . . . . . . . . .. ……………. . …. ………… .. . …………………. .. . ..
…………………….. . . .. . …..၊
ပါရီ အီဖယ်နဲ့ ပတ်သက်ရာ ပတ်သက်ကြောင်းများကို ဖတ်ကြည့်ချင်မယ်
ဆိုရင်တော့ . . . …..
အဲဒီ စာစုများကို မိုးမခအွန်လိုင်းနဲ့
မောင်ရင်ငတေ တကိုယ်တော်ရေးသားတဲ့ ** MAUNGYINNGATAY ****
မောင်ရင်ငတေ *** ကိုယ်ပိုင် အွန်လိုင်း စာမျက်နှာများမှာ တင်ထားပါတယ်၊
ဝင်ရောက် ဖတ်ရှုလေ့လာနိုင်ကြောင်းပါ၊
ဝင်ရောက် ဖတ်ရှုလေ့လာနိုင်ကြောင်းပါ၊
၃၁ ရက် မတ်လ ၁၈၈၉ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တဲ့ နာမည်ကျော်
အီဖယ်မျှော်စင်ကြီးရဲ့ ၁၂၇ နှစ် ပြည့် ဖွင့်ပွဲ အထိမ်းအမှတ် အမှတ်တရ မတ်လ ၃၁ ရက်နေ့
၂၀၁၆ ခုနှစ် . . .... . . . . . .. . . . မှာ
မောင်ရင်ငတေ ဖြတ်ညှပ်ကပ်၍ ပြန်လည် ဖြည့်စွက် မွမ်းမံတင်ဆက်ပါသည်၊
မောင်ရင်ငတေ ၃၁၀၃၂၀၁၆
မောင်ရင်ငတေ ဖြတ်ညှပ်ကပ်၍ ပြန်လည် ဖြည့်စွက် မွမ်းမံတင်ဆက်ပါသည်၊
မောင်ရင်ငတေ ၃၁၀၃၂၀၁၆
Aucun commentaire:
Publier un commentaire