ပါရီည
ပါရီည
ဒီကဗျာကို ထုဆစ်တဲ့ည
တဝက်တပျက်အတွေးနဲ့ အိပ်မပျော်တဲ့ည
ကိုယ့်ကိုယ်ကို မမျှော်မှန်းဘဲနဲ့ လွမ်းမိတဲ့ည
ခင်ဝမ်း ယိမ်းနဲ့ မမချစ် ရှင်းမပြီးတဲ့ည
အလွမ်းတွေကို တသရင်း ကဗျာဆရာကို ဆရာလုပ်တဲ့ည
ဒီညတညကို ဖြတ်သန်းဖို့
ကဗျာဆရာနဲ့ ကျနော် နည်းနည်းလောက်ကွာဟတာကို
ဇွတ်အတင်းမညှိဘဲ တိုင်ပင်မထားဘဲ
ဝိုင်တခွက်စီနဲ့ ယိမ်းတိုက်ထားသလို ညီခဲ့တဲ့ည
အဲဒီည ခင်ဝမ်းည …. … ပါရီည ………. ။။ ။ ။။။။
(မရငတ) ၀၆၀၉၂၀၁၁
ကဗျာဆရာအတွက် ဒီကဗျာ (ကဗျာဆရာ ကိုခင်အောင်အေးနဲ့ ပါရီည ဖြတ်သန်းခြင်း အမှတ်တရ)
Aucun commentaire:
Enregistrer un commentaire