Libellés

Archives du blog

mardi 12 janvier 2016

** မာဒရစ်က လမ်းညွှန်ဆိုင်းဘုတ်များ * **



မာဒရစ်အပိုင်းအစများ
မာဒရစ်က လမ်းညွှန်ဆိုင်းဘုတ်များ (Signo de Calle de Madrid)


မာဒရစ်လမ်းညွှန် (Signo de Calle de Madrid)
မောင်ရင်ငတေ စပိန်မြို့တော် မာဒရစ်ကိုရောက်တော့ သတိထားမိတာ တခုရှိပါတယ်၊
မာဒရစ် မြို့တော်ရဲ့ လှပသော လမ်းအမည် ဆိုင်းဘုတ်များပါ၊ မာဒရစ် လမ်းညွှန် ဆိုင်းဘုတ်များပါ၊
အရမ်း ထူးခြားလှပါတယ် မဆိုနိုင်ပေမယ့် တခြားသော မြို့ကြီး ပြကြီးတွေမှာ တခါဖူးမျှ မတွေ့ဖူးဘူး တာကြောင့် ရသမျှတွေ့သမျှလေး မှတ်တမ်းတင်ဖြစ်ခဲ့ပါတယ်၊ တမြို့လုံးက လမ်းထောင့်တိုင်းမှာလို
ရှိနေပေမယ့် အချိန်လုရတာကြောင့် သိပ်များများစားစား မှတ်တမ်းမတင်နိုင်ခဲ့ပါဘူး၊ လုပ်ချင်တာက  များလွန်းလှပါတဲ့ မောင်ရင်ငတေ့အတွက် ဒီလို ဟိုမရောက်ဒီမရောက် ဇာတ်လမ်းတွေက ရိုးနေပါပြီ၊



အဲဒီလမ်းဆိုင်းဘုတ်တွေမှာ ရေးထားတာကို ဖတ်ကြည့်လိုက်မိတော့ Calle, Paseo နဲ့ Plaza ဆိုတဲ့ စာလုံးတွေ တွေ့ရပါတယ်၊ Plaza ဆိုတာကတော့ လူသိများပြီးသားပါ၊ Paseo ရဲ့ အဓိပ္ပါယ်ကတော့ လမ်းလို့ ဆိုတာထက် လမ်းလျှောက်ခြင်းလို့ ပြောရင် ပိုမှန်မယ် ထင်ပါတယ်၊ Boulevard သို့မဟုတ် Avenue ခေါ် ရိပ်သာလမ်းမကြီးများပါ၊ Paseo del Prado နဲ့ Paseo de la Castellana လမ်းမကြီး တွေကတော့ မာဒရစ်ရဲ့ နာမည်ကျော် လမ်းမကြီးများပါ၊

Plaza ဆိုတာကတော့ စကွဲယားလို့ခေါ်တဲ့ ရင်ပြင်ကျယ်ကြီးများပါ၊ နာမည်ကြီး ရင်ပြင်ကျယ် ပလာဇာကြီး တခုကတော့ မာဒရစ်မြို့အလယ်က Plaza de España ပလာဇာပါ၊




တကယ်တမ်း အတွေ့ရများတဲ့ စာလုံးပေါင်းက Calle ဆိုတာပါ၊ မြို့တွင်းလမ်းများကို ဆိုလိုပါတယ်၊
စပိန်လိုခေါ်တဲ့ Calle ဆိုတာကတော့ ပြင်သစ်လိုတော့ Rue ပေါ်တူဂီလို Rua အင်္ဂလိပ်လို Street ဂျာမန်လို Straße နယ်သာလန်လို Straat ပါ၊ စပိန် အနောက်မြောက်ပိုင်း ဒေသက Euskal Herria နယ်သားတွေကတော့ Kale လို့စာလုံးပေါင်းကြပြီး စပိန် အရှေ့တောင်ပိုင်း Catalan ဒေသကတော့ Carrer ပါ၊ အီတလီတွေရဲ့ Strada ဆိုတာကတော့ မြို့တွင်းလမ်းမများကို ဆိုလိုတာ မဟုတ်ပါဘူး၊ မြို့ပြင်က အဝေးပြေးလမ်းများကို ဆိုလိုပါတယ်၊ အီတလီပြည်ရဲ့ အနောက်မြောက်ခြမ်းက Genova ဂျီနိုဗာတို့ မီလန်တို့ ဗင်းနစ်တို့ကို ရောက်ခဲ့စဉ်က သတိထားမိတာ သူတို့ မြို့တွင်းလမ်းတွေကို Via သို့မဟုတ် Vico လို့ ခေါ်ကြတာကိုပါ၊

အဲသလို လမ်းအမည် အခေါ်အဝေါ် စာလုံးပေါင်းတွေ မတူကြပေမယ့် လမ်းဆိုင်းဘုတ်တွေကိုတော့ သူလို ငါလို ရေးကြတာများပါတယ်၊ ပါရီမြို့ပေါ်က ဆိုင်းဘုတ်တွေမှာတော့ လမ်းအမည်က ထင်ရှား ကျော်ကြားခဲ့သူ လူအမည်ကို ကိုယ်စားပြုရင်တော့ အဲဒီသူရဲ့ မွေးသက္ကရာဇ်နဲ့အတူ အလုပ်အကိုင် ကျောင်းသား စစ်သား နိုင်ငံရေးသမား စာရေးဆရာ အနုပညာရှင် ဆိုတာကို ရေးသားထားလေ့ ရှိပါ တယ်၊ မာဒရစ်မှာကတော့ လမ်းထောင့်တိုက်နံရံတွေမှာ ကြွေပြားတွေနဲ့ လမ်းအမည်ဆိုင်းဘုတ်ကို ပန်းချီပုံလေးတွေနဲ့ပါ ပူးတွဲသရုပ်ဖော်ပြီး ရေးထားတာဖြစ်လို့ တမျိုးထူးခြားတယ် ဆိုရမှာပါ၊

မြို့တမြို နယ်တနယ်ကို ရောက်ရောက်ခြင်းအခိုက်မှာ ကြောင်သွားတတ်တာမို့ မှတ်တမ်းတင်လိုက် ရခြင်းပါ ခင်ဗျား၊

မောင်ရင်ငတေ ၂၇၁၂၂၀၁၅

Aucun commentaire:

Enregistrer un commentaire