Libellés

mardi 29 décembre 2015

** ပို၍တနေရာစီ ** *

 
ပိုတနေရာစီ



ပိုတနေရာစီ
တနေရာစီ နေနေကြတဲ့
အမေနဲ့ သားငယ်က
သားငယ်ရှိရာမှာ
ခေတ္တဆုံတွေကြတယ်။
နောက်တော့တနေရာစီ။
တနေရာစီ နေနေကြတဲ့
သားအကြီးနဲ့ သမီးငယ်က
နေခဲ့ကြဖူးတဲ့ ကြားတနေရာမှာ
ခေတ္တဆုံတွေကြတယ်။
နောက်တော့တနေရာစီ။
သမီးကြီးနဲ့ သားအလတ်က
တမြေထဲ နေနေပေကြမဲ့
တနေရာစီမှာ။
အဖေကတော့ ကောင်းကင်ဘုံက တနေရာမှာ။
လောကရဲ့ ထောင့်ချိုးတခုမှာ
ဆုံကြမယ် ကြုံကြမယ်။
ခွဲကြရမယ် ခွာကြရမယ်။
တနေရာစီကလာပြီး တနေနေရာမှာ
ဆုံကြပြီး တနေရာစီ ရောက်သွားကြပေမဲ့
နောက်ဆုံးကြတော့ ကောင်းကင်ဘုံ တနေရာရာမှာ ဆုံတွေ့ကြရမှာပေါ့။
မရငတ ၁၃၁၂၁၀၁၄ တနှစ်ပြည့်

Aucun commentaire:

Enregistrer un commentaire