မိုက်ဇာတ်
* လမ်း * **
မိုက်ဇာတ်
* လမ်း * **
တကယ်တော့
ငါဟာ
မိုက်တယ်၊
မင်း
သားတွေလောက် မလိမ္မာခဲ့ဘူး၊
မင်း
သမီးတွေလောက် မလိမ္မာခဲ့ဘူး၊
ဘုရား
သားတွေလောက် မလိမ္မာခဲ့ဘူး၊
ဘုရား
သမီးတွေလောက် မလိမ္မာခဲ့ဘူး၊
အဖြူရောင်တွေကို
မကြိုက်ခဲ့ဘူး၊
အပြာရောင်တွေကို
မကြိုက်ခဲ့ဘူး၊
အစိမ်းရောင်တွေကို
မကြိုက်ခဲ့ဘူး၊
ထို့အတူ
အနီရောင်တွေကိုလည်း ဘယ်တုန်းကမှ မကြိုက်ခဲ့ဖူးဘူး၊
ရောင်စုံပန်းတွေ
ဝေဆာနေခဲ့တာကို မျှော်လင့်ခဲ့တယ်၊
မျှော်လင့်ခြင်းတွေဆိုတာ
မမျှော်လင့်ခဲ့ရင် ကောင်းမယ်ဆိုတာ ငါ သိရက်နဲ့ ငါ မိုက်ခဲ့တယ်၊
မိုက်မဲခြင်းဆိုတာ
အင်မတန်မှ မက်မောဘွယ်ရာဆိုတာကိုတော့ ငါ ခပ် ရေးရေးလေး သိခဲ့ပါရဲ့၊
သိခဲ့ဖို့
ကောင်းပါရဲ့၊ သိခြင်းတရားတွေရဲ့နောက်မှာကပ်လျှက် မသိခြင်း ဆိုတာတွေပါလာလိမ့်မယ်၊
အဲလိုသာ
ဆိုတာကိုလည်း ငါ သိခဲ့သလိုလိုပါ၊ ငါ့ ရဲ့ မသိစိတ်ကတော့ မသိချင်နေသလိုလိုပါ၊
အေးလေ၊
နောက်ဆုံးရဲ့
နောက်ဘိတ်ဆုံးမှာတော့ ငါလည်း သိလာနိုင်သလို မင်းလည်း သိလာမှာပါ၊
လမ်းကတော့
တလမ်းသာ ရှိတယ်၊ သွားရာလမ်းက တလမ်းသာ ရှိတယ်၊
အဲဒီ
လမ်းကို .. … . မင်း ရော ငါ ရော .. . .. . .. . … .. ခပ်ပျော်ပျော်သာ လျှောက်ကြစို့ရဲ့၊
။။ ။။။
(မရငတ)
၁၇၀၁၂၀၁၃
Aucun commentaire:
Publier un commentaire