ကဗျာတပုဒ်တဲ့ ပါရီရေ
ကဗျာတပုဒ်တဲ့ ပါရီရေ
ပါရီဟာကဗျာတပုဒ်
မင်းဟာ ကဗျာတပုဒ်တဲ့
ပါရီရေ၊
မင်းကို ငါ့ရှေ့က
လူတွေများစွာ များစွာရွတ်ဆိုသွားကြ၊
ငါဟာ အတော်များစွာ
များစွာနောက်ကျပြီးမှ မင်းကို ကဗျာတပုဒ်အဖြစ်ဖွဲ့ဆို၊
စစ်ကဗျာလား သမိုင်းကဗျာလား
အချစ်ကဗျာလား အနှစ်ကဗျာလား ဘာကဗျာဖြစ်ဖြစ်၊
မင်းဟာ လွမ်းစရာ၊
။။ ။။။
(မရငတ) ၂၈၁၀၂၀၁၅
Aucun commentaire:
Publier un commentaire