ဆုံချက်
ဆုံချက်
အကယ်၍
မင်းနဲ့ငါ၊
သွားမယ့် ခရီးလမ်းဆုံးက
အတူတူဖြစ်မယ် ဆိုခဲ့ရင်ပေါ့၊
ငါကလည်း ဘူတာငယ်တခုပေါ်မှာ
ရထားအလာစောင့်နေတဲ့ ခရီးသည်တဦးပါ၊
မင်းကလည်း ဘူတာငယ်ကို
ဖြတ်သန်းသွားမယ့် အမြန်ရထားပေါ်က ခရီးသည်တဦး အဖြစ်နဲ့ပေါ့၊
မျဉ်းပြိုင်တကြောင်းလို
တထပ်တည်းကျပါတယ်ဆိုတဲ့ အဲဒီခရီးတောင်မှ မင်းနဲ့ငါ အတူမဖြစ်နိုင် လေတော့၊
ဘူတာမှာဆုံ ကြုံတဲ့အခါ
သတိတရ လက်လေးပြဖို့တောင် အနိုင်နိုင်၊
ကမ္ဘာပြင် တနေရာရာ
ပင်လယ်ပြင် တနေရာရာ
ကောင်းကင်ပြင် တနေရာရာမှာ၊
ပြန်ဆုံကြဖို့ဆိုတာ
အိပ်မက်တခုလိုသာပေါ့၊ ။။ ။။။
(မရငတ) ၁၉၀၉၂၀၁၃
Aucun commentaire:
Publier un commentaire