ဆုံချက်
ဆုံချက်
အကယ်၍
မင်းနဲ့ငါ၊
ကမ္ဘာမြေပြင် တနေရာရာက
လမ်းဆုံဘူတာတခုခုမှာ
ဆုံတွေ့ကြတယ် ဆိုခဲ့ရင်တောင်မှ
မင်းက အဲဒီလမ်းဆုံဘူတာမှာ
ဆင်းသက်လို့ ကျန်ရစ်ခဲ့မယ့်သူ
ငါက ရှေ့ဘယ်ဘူတာအထိတိုင်
ခရီးဆက်ရမှန်း မသိသေးတဲ့သူ၊
ဘယ်လို တူနိုင်ပါ့လိမ့်မလဲ၊
ဥသြသံကြားတိုင်း ပြန်ဆုံကြမယ်ဆိုတာက
.. . …. အင်း . . ... ….. ... မသေချာဘူးလေ၊ ။။ ။။။
(မရငတ) ၁၉၀၉၂၀၁၃
Aucun commentaire:
Publier un commentaire