ပါရီပုံရိပ်များ
ဆောင်းဦးရွက်ကြွေ
ဝါထိန်ထိန် သလဲသီးပင်
ဆောင်းဦးရွက်ကြွေ ဝါထိန်ထိန် သလဲသီးပင်
ပါရီမြို့ရဲ့ အမြင့်ဆုံးတောင်ကုန်း
မီတာ ၁၃၀ မြင့်တဲ့ La Butte Montmartre တောင်ကုန်းပေါ်သို့ အလည်ရောက်နေတဲ့ သူငယ်ချင်းများကို လိုက်ပို့ရင်း
မနေ့က ရောက်ခဲ့ပါတယ်၊ အဲဒီမှာ တွေ့ခဲ့ရတဲ့
ပြင်သစ်လို Grenadier
အင်္ဂလိပ်လို Pomegranate ခေါ်တဲ့ သလဲသီးပင် ဝါထိန်ထိန်ကို မှတ်တမ်း အနေနဲ့ ရိုက်ကူးဖြစ်ခဲ့တာပါ၊
ဥရောပရဲ့ ဆောင်းဦးရွက်ကြွေ အချိန်မှာ အဲဒီ သလဲပင်လည်း အရွက် တွေ တပင်လုံးနီးပါ ဝါလို့
ကြွေစ ပြုနေပါပြီ၊
သလဲသီးပင်ရဲ့ မူရင်း ဒေသလို့ ပြောဆိုကြတဲ့ အာရှ အနောက်ပိုင်းက တူရကီ အီရန် အီရတ် အာဖဂန်နစ္စတန် အာမေးနီးယား အဇာဘိုင်ဂျန် ပါကစ္စတန်
သလဲသီးပင်ရဲ့ မူရင်း ဒေသလို့ ပြောဆိုကြတဲ့ အာရှ အနောက်ပိုင်းက တူရကီ အီရန် အီရတ် အာဖဂန်နစ္စတန် အာမေးနီးယား အဇာဘိုင်ဂျန် ပါကစ္စတန်
တို့မှာတော့ အရွက်တွေ
ဘယ်အချိန် ဝါပြီး ကြွေသလဲတော့ မရောက်ဖူးလို့ အသေအချာ မသိပါဘူး၊
ဆေးဘက်ဝင်လှပါတယ်ဆိုလို့ အဲဒီ သလဲသီးဖျော်ရည်ကို ဘန်ကောက်ရောက်ခိုက် လမ်းနဘေးက ဖျော်ရည်ဆိုင်မှာ တခွက်ကို ဘတ် နှစ်ဆယ်လား အစိတ်လား ပေးသောက်ခဲ့ရပါတဲ့ မောင်ရင်ငတေ ခပ်ငယ်ငယ် အညာမှာ နေခဲ့သခိုက်တုန်းကတော့ အလေ့ကျပေါက်နေတဲ့ အဲဒီ သလဲပင်တွေပေါ်က သလဲသီးတွေကို ပေါပေါများများ တွေ့မြင်ခဲ့ရဖူးတာမို့ အဲဒီလို သလဲသီးတို့ သလဲသီး ဖျော်ရည်တို့ကို မက်မက်မောမော မရှိခဲ့တာကတော့ အသေအချာပါ၊

သလဲသီးဆိုတာက စားရတာထက် လွှင့်ပစ်ရတာက ခပ်များများ ဖြစ်တာကြောင့်ရယ် သလဲသီးဖျော်ရည်သည်ထက် မန်ကျည်းသီး ဖျော်ရည်သည် တွေကိုသာ ကျောင်းနားဈေးနားမှာ ပေါပေါများများ တွေ့ရတာကြောင့်ရယ်လို့ မောင်ရင်ငတေ ထင်ပါတယ်၊
မောင်ရင်ငတေ ၁၃၁၀၂၀၁၅
Aucun commentaire:
Publier un commentaire