ဘဝထဲကလူသား
ခါးဘုရင်မလေးများ
ဒီတခါ မောင်ရင်ငတေ
ပြောပြချင်တာကတော့ ပါရီမြို့တော်ရဲ့ နာမည်ကျော် ခါးဘုရင်မလေးတွေရဲ့ အကြောင်းပါ၊ ခါးဘုရင်မလေးတွေ ဆိုလိုက်လို့ လူဝီဘုရင်တွေခေတ်က လက်ကျန် မျိုးနွယ်ဖွားတွေ လို့တော့ မထင်လိုက်ပါနဲ့၊ သူတို့လေးတွေရဲ့ ဘဝဇာတ်ကြောင်းတွေ အတိတ်အဟောင်းတွေကိုသာ မသိရင် နေကြပါမယ်၊ ပါရီမြို့ကို လည်ပတ်ဖူးကြသူတိုင်းတော့ ထိတွေ့ဖူးကြမှာပါ၊ ကြားဖူးကြမှာပါ၊
ခါးဘုရင်မလေးများလို့ တင်စားလိုက်ရတဲ့အကြောင်းရင်းက သူတို့တတွေထဲကအများစုက ငယ်ငယ် ရွယ်ရွယ် နုနုလေးတွေမို့ပါ၊ တချို့ဆိုရင် မော်ဒယ်ဂဲလ်လေးတွေအလားပါ၊
အဲဒီလို နုနုငယ်ငယ်လေး
တွေရဲ့ဝင်ငွေက
ကြောက်ခမန်းလိလိမို့ ဘုရင်မအဖြစ်တင်စားပြီး သူတို့အလုပ် ** ခါးပိုက်နှိုက် ***
အလုပ်ဘွဲ့နဲ့ ပေါင်းစပ်လို့ ခါးဘုရင်မလေးများလို့ တင်စားလိုက်ရခြင်းပါ၊
အဲဒီ
Pickpockets . . .... .. . ……. Pickpockets ဆိုတဲ့ ခါးလောကကို သတိပေးတဲ့ အသံတွေက အီဖယ်မျှော်စင်ထိပ်မှာ
ကြားရသလို တခြားသော ခရီးသွားဧည့်သည်တွေ စိတ်ဝင်တစားသွားကြတဲ့ Musée du Louvre,
Musée d'Orsay, Château de Versailles တိုလို့ နာမည်ကြီးနေရာတွေမှာပါ
ကြားရဖန်များလို့
မောင်ရင်ငတေကတော့ ရိုးလို့တောင်နေပြီ ပြောရင်ရပါတယ်၊
HELLO
“YOU SPEAK ENGLISH” (ဓါတ်ပုံ မရငတ)
ခါးဘုရင်မလေးများရဲ့
အရိုးဆုံး လုပ်ကွက်တကွက်ပါ၊ သူတို့လေးတွေ စတင် မေးနေကြ မေးခွန်းက တော့ “YOU SPEAK
ENGLISH” ပါ၊ အဲဒီကနေမှ တဆင့် စိတ်ဝင်စားသူများ သို့မဟုတ် သူတို့လေး တွေရဲ့ အထာကို
မသိကြသူများ ရှိလာခဲ့ရင်တော့ သူတို့ကိုင်ဆောင်လာတဲ့ စာရွက်ဖိုင်လေးတွေကို ထိုးပြပြီး
လက်မှတ်ထိုးခိုင်းမှာပါ၊ လက်မှတ်ထိုးပြီး အလှူငွေ တောင်းခံပါလိမ့်မယ်၊ အခုတလောမှာ သူတို့တွေဟာ
အဲသလို လက်မှတ်ထိုးသူတွေကို အငိုက်ဖမ်းပြီး ပါလာတဲ့ ပစ္စည်း ပိုက်ဆံအိပ်တွေပါ အလစ်သုတ်တာမျိုးကို
ပိုမိုလုပ်လာလေ့ ရှိပါတယ်၊
ဒီကနေ့ ပြင်သစ်ပြည်ကြီးကို အလည်အပတ်ခရီးအပန်းဖြေခရီး ရောက်လာကြသူတွေ အလုပ်ကိစ္စနဲ့ ရောက်လာကြသူတွေ တနှစ်တနှစ်ကို သန်း ၈၀ ကျော်ရှိတဲ့အနက် အများစုက ပါရီမြို့ကို ဖြတ်သန်း သွားကြသူများပါ၊ အဲဒီလို သန်းပေါင်းရှစ်ဆယ်ထဲမှာမှ မောင်ရင်ငတေတို့ရဲ့ မဟာအာရှက ခရီးသွား
လက်သစ်
ပေါက်စန နိုင်ငံများဖြစ်တဲ့ ဟောင်ကောင် တိုင်ဝမ် ကိုရီးယား စင်ကာပူနဲ့ အာဆီယံဒေသ အပါအဝင်
တရုတ်ပြည်မကြီးက ခရီးသည်အသစ်တွေက တနှစ်ထက်တနှစ်ပိုပို များလာပါတယ်တဲ့၊
အဲဒီလို
မဟာအာရှခရီးသွားသူများ ဥရောပခရီး အသွားအလာများလာတဲ့ ကာလတွေမှာ တိုက်ဆိုင် လာတာကတော့
ခေါင်းထောင်ထလာတဲ့ ဥရောပရဲ့ ခါးလောကပါ၊ အဲဒီလို တိုက်ဆိုင်တယ် ပြောရင် ရမလားတော့ မသိပါဘူး၊
ပါရီမြို့တော်က ခါးဘုရင်မလေးများရဲ့ အဓိက ပစ်မှတ်ထားတဲ့ လူမျိုးတွေ ကလည်း မောင်ရင်ငတေတို့ရဲ့
ဆွေမျိုးပေါက်ဖော် ရုပ်မျိုးတွေကိုသာ ထားပါတယ်တဲ့၊ အဲဒီလိုထားရ
ခြင်း
အကြောင်းရင်းကတော့ အဲဒီရုပ်ပိုင်ရှင်တွေဟာ အိပ်ကပ်ထဲမှာ အသပြာငွေစက္ကူတွေ ခပ်ထူထူ ပါရှိနေတတ်လို့ပါတဲ့၊
တခြားသော ဥရောပအမေရိက လူဖြူဘိုတွေ အင်္ဂလိပ်တွေကတော့ အိပ်ကပ် ထဲမှာ အကြွေးကဒ်ပြားတွေနဲ့ကျပ်တန်ခပ်နွမ်းနွမ်းလောက်သာ
ဆောင်ထားတတ်ကြတာမို့ သူတို့က သိပ်စိတ်မဝင်စားပါဘူးတဲ့ခင်ဗျာ၊ အဲ အိုင်ဖုန်းတို့ အိုင်ပက်တို့
အိုင်တက်ပလက်တို့လို ပြန်ရောင်းစား
နိုင်တဲ့
ဈေးကွက်ကြီးကြီး ရှိပါရင်လည်း သူတို့ ခါးဘုရင်မလေးများရဲ့ ပစ်မှတ်ထဲ ဝင်ပါတယ်တဲ့၊
ဥရောပမြို့တော်တွေထဲက
မောင်ရင်ငတေ လက်ရှိနေနေပါတဲ့ ပါရီမြို့တော်ရဲ့ … * ခါးလောက ** တနည်းအားဖြင့် ခါးပိုက်နှိုက်
အလစ်သုတ်သမားတွေရဲ့ လောကက အတော်လေးကို ကျယ်ဝန်းလှ ပါတယ်၊ ဒီ ပြဿနာက လွန်ခဲ့တဲ့ ငါးနှစ်ခြောက်နှစ်လောက်ကစပြီး
အတော်ကို လူပြောများလာခဲ့တဲ့ ကိစ္စပါ၊ ပြင်သစ် အုပ်ချုပ်ရေး အာဏာပိုင်များကလည်း ဒီကိစ္စမျိုးတွေနဲ့
ပတ်သက်ပြီးတော့ ဘာလုပ် ရမှန်းမသိ ရေငုံနှုတ်ပိတ်လက်ရှောင်ကြ နောက်လူ ရှင်းစတမ်း လုပ်နေကြတာပါ၊
ဥရောပရဲ့
ခါးလောက ပါရီရဲ့ ခါးလောကတွေကို ကြီးစိုးထားသူများက လူမျိုးများများ မရှိပါဘူး၊
သူတို့အားလုံးလိုလိုက
ဥရောပအရှေ့ပိုင်း နိုင်ငံတွေက ရွှေ့ပြောင်းလာကြသူတွေပါ၊ မူလနေထိုင်ရာ
မွေးဖွားခဲ့ရာ
နေရာဒေသတွေသာ ကွာခြားရင်ကွာခြားပါမယ်၊ အသားအရောင် ရုပ်ဆင်းသဏ္ဍန်တွေ
အတူတူသာပါ၊
သူတို့ လူမျိုးတွေကို အကြမ်းအားဖြင့် Roms သို့မဟုတ် Romani သို့မဟုတ် ဂျစ်ပစီ လူမျိုးလို့
ခေါ်ဝေါ်ကြပါတယ်၊ သူတို့တတွေဟာ ဟိုးအရင် ကတည်းက အတည်တကျ နေထိုင်လေ့ မရှိတဲ့ လူမျိုးတွေပါ၊
တနေရာပြီးတနေရာ လှည့်လည်သွားလာ နေထိုင်ကြသူတွေပါ၊ အဲဒီလိုအချက်
မျိုးတွေက
သူတို့အတွက် အကာအကွယ်ရနေစေသလား ဆိုတာကတော့ သူတို့တွေသာ ပိုသိမှာပါ၊
ပါရီ တိုးရစ်စန်တာမှ ဂျစ်ပစီလူမျိုးများ
(ဓါတ်ပုံ မရငတ)
အဲဒီလို
ပါရီမြို့တော်မှာ လွန်ခဲ့တဲ့ လေးငါးနှစ်ကနေ တစတစ ပိုမို ဆိုးရွားလွန်းလာတဲ့ Pickpockets
ပြဿနာကို ဒီ လပိုင်းတွေမှာတော့ သက်ဆိုင်ရာ ပါရီမြို့အာဏာပိုင်တွေက La France
déclare la guerre aux pickpockets parisiens. ဆိုပြီး ကြေညာချက်တွေ ထုတ်လို့လာပြီး
ပြည်သူရဲအင်အား နှစ်သောင်းခွဲကိုသုံးလို့ ဖြိုခွင်းပါတော့မယ် ဆိုပါတယ်၊ အဲဒီလိုနဲ့
မကြာမီမှာ သူတို့ထဲက နာမည်ကြီး အဓိက မိန်းကလေးနှစ်ယောက်ကို တရားရုံးမှာစစ်ဆေးတဲ့ သတင်းတွေ
ပါလာပါတယ်၊ အမှုတွဲတွေ
ကတော့
ဘယ်လောက်များလာမယ် မသိပေမယ့် အခု လက်ရှိ သတင်းတွေကတော့ အသက် ၃၀ ဝန်းကျင် မိန်းမပျိုလေးနှစ်ဦးကို
အဓိကထား စစ်ဆေးနေပါတယ်တဲ့၊
သူတို့
နှစ်ယောက်ရဲ့ ထွက်ဆိုချက်တွေမှာ ပါတာကတော့ ဟုတ်သလား မဟုတ်သလား ခွဲခြားနိုင်ဖို့ မလွယ်ပါဘူး၊
တယောက်ကများဆို သိပ်မကြာခင် လေးငါးဆယ်ပတ်အတွင်း သူမရှာဖွေရရှိထားတဲ့ (နှိုက်ထားတဲ့ ငွေများ)
(သူမ တယောက်တည်းလား အဖွဲ့လိုက်လားကတော့ မရှင်းပါဘူး) ငွေလွှဲပို့ခဲ့ ပါတယ်တဲ့၊ ပို့လိုက်တဲ့
နိုင်ငံကတော့ ရူမေးနီးယား နိုင်ငံပါ၊ ယူရိုငွေ တသိန်းခွဲလောက် ရှိပါတယ်တဲ့၊ နောက်ထပ်
တယောက်ကတော့ သူမပေးပို့ထားတဲ့ ငွေတွေနဲ့ သူမရဲ့ဇာတိမြေ ရူမေးနီးယားနိုင်ငံမှာ တိုက်အိမ်
ဆောက်လုပ်ထားတာ နှစ်လုံး ရှိနေပါပြီတဲ့၊ မောင်ရင်ငတေ စိတ်ထင် ဒီ ပြဿနာက အဲဒီ အမျိုးသမီးလေး
နှစ်ဦးနဲ့ မပြီးပါဘူး၊ သူတို့ရဲ့ နောက်ကွယ်မှာ လက်မည်းကြီးတွေ များစွာရှိနေသလို
တခြားပြဿနာတွေကလည်း
သမိုင်းကြောင်းနဲ့ချီပြီး အရှုတ်အပွေတွေ တထွေးကြီးပါ၊ သူတို့တတွေ
အခုလို
လက်ရဲဇက်ရဲနဲ့ ဗြောင်ကျကျ နှိုက်နေတာက မောင်ရင်ငတေတို့ ရန်ကုန် ဘတ်စ်ကားစီးစဉ် တွေ့ကြုံဖူးတာတွေထက်
ဆယ်ဆမက ဆိုးဝါးလွန်းလှပါတယ်၊ အဲဒီလောက် ဆိုးဆိုးဝါးဝါး ဖြစ်လို့နေ တာကို သက်ဆိုင်သူတွေကလည်း
အခြေအနေ အကြောင်းကြောင်းကြောင့် လက်ရှောင်နေချင်ကြ သူတွေက အများစုပါ၊ အခုတော့ မဖြစ်မနေ လုပ်ရမယ့် အချိန်ကို ရောက်လာပြီ
ထင်ပါရဲ့၊
စစ်ဆေးမေးမြန်းတာတွေတော့
မောင်ရင်ငတေတို့ရဲ့ ပြင်သစ်အာဏာပိုင်တွေက အဲလို လုပ်ဆောင် နေပါပြီ၊ ဘယ်လောက် အတိုင်းအတာအထိ
အောင်မြင်အောင် ဆောင်ရွက်နိုင်မနိုင် ဆိုတာကတော့
ရှည်ရှည်ဝေးဝေး
ဖတ်စရာ နားထောင်စရာ မလိုပါဘူး၊ မောင်ရင်ငတေဆီကို လာလည်ကြတဲ့ အသိ မိတ်ဆွေ အပေါင်းအသင်းများကို
လိုက်ပို့ပေးခိုက်မှာ လွတ်လွတ်လပ်လပ် စကားတွေပြော တော်ကီ တွေပွား အိပ်ကပ်တွေ အိပ်တွေကို
ဂရုစိုက်စရာ မလိုတော့ဘူး ဆိုရင်တော့ သိပါပြီ၊ အဲလို အချိန်မျိုး ရောက်လာရင် အဲဒီအတွက်
ကျေးဇူးတင်ကြောင်း စာတစောင် ရေးဖို့ကိုလည်း စဉ်းစားထားပါတယ်၊
ရှားရှားပါးပါး တွေ့ရတဲ့ ပလက်ဖောင်းပန်းချီသမား မိသားစု (ဓါတ်ပုံ
မရငတ)
သူတို့
လူမျိုးတွေထဲမှာ ဒီလိုမျိုး ပလက်ဖောင်းပန်းချီမျိုးတွေ ရေးဆွဲပြီး ပိုက်ဆံရှာတဲ့ အလုပ်တွေကို
လုပ်နေကြသူကတော့ အတွေ့ရနည်းပါး လွန်းလှပါတယ်၊ စာပေ သင်ယူကြခြင်း ဓလေ့ကလည်း မရှိ ကြဘူးလို့
ဆိုကြပါတယ်၊ ကလေးမွေးဖွားနှုန်းကတော့ ကမ္ဘာအဆင့်တစ် ဖြစ်နိုင်ဖွယ် ရှိပါတယ်၊
မောင်ရင်ငတေကတော့
သူတို့တွေရဲ့ ဘဝပေး ဖြစ်ရပ်တွေကို နားလည်စာနာစိတ်ထားပြီး တတ်နိုင်
သမျှ
အကောင်းမြင်နဲ့ ဝေးဝေးကရှောင်ပါတယ်၊ မောင်ရင်ငတေ့မှာကလည်း သူတို့စိတ်ဝင်စားတတ် ပါတဲ့
အိုင်ဖုန်းတို့ အိုင်ပက်တို့ မရှိပါဘူး၊ ချမ်းသာသမျှသော ယူရို ငွေလေးတွေကို သူတို့ကို
လှူဒါန်း ဖို့ဆိုတာကလည်း မဖြစ်နိုင်တော့ သွားသတိလာသတိနဲ့ နေတတ်နေပါပြီ၊ လာလည်သမျှသော
ဧည့်
ပရိသတ်တွေကိုလည်း
လှူဒါန်းချင်စိတ် ရှိပါက လှူဒါန်းနိုင်ကြပါကြောင်း ကြိုတင်သတိပေး ပြောဆို ထားရပါတယ်
ခင်ဗျာ၊
ခါးပိုက်နှိုက်ခြင်း
ယဉ်ကျေးမှုနဲ့ အသားကျပြီးသားဖြစ်တဲ့ မောင်ရင်ငတေတို့ ရွှေပြည်တော်သားတွေ အတွက် သူတို့ဘယ်လိုဘယ်ပုံ
နှိုက်တယ်ဆိုတာတွေကို မိချောင်းမင်းရေခင်းပြ အသေးစိတ် မပြော တော့ပါဘူး၊ ဇာတ်ဆောင်နေရာက
ကိုယ်တိုင် ခံစားခဲ့ရဖူးသော ရွှေပြည်တော်သူ ရွှေပြည်တော်သား ကိုကို မမတွေလည်း အတော် များများ
ရှိနှင့်နေပြီမို့ ဖြစ်ရပ်မှန် ကိုယ်တွေ့ ဇာတ်လမ်းတွေကို ပြောပြ စေလိုကြောင်းပါ ခင်ဗျာ၊
နောင် ပါရီကို လာလည်မယ့် သူတွေလည်း သတိပြုနိုင်တာပေါ့ ခင်ဗျား၊
မောင်ရင်ငတေ
၀၅၀၉၂၀၁၅
Surnommée
la "reine des voleuses" ** ခါးဘုရင်မလေး ***
Aucun commentaire:
Publier un commentaire