ပါရီပုံရိပ်များ
လူဝီ ဆယ့်လေးအလွန် အနှစ်သုံးရာ
ဗားဆိုင်းနန်းတော်အဝင် ရင်ပြင်လယ်က Louis XIV ကြေးရုပ်
ပြင်သစ်
ဘုရင့် နိုင်ငံတော်ကြီးရဲ့ အဓိက အကျဆုံး ဘုရင်ကြီးဖြစ်သူ လူဝီ ၁၄ ဘုရင်ကြီး ကွယ်လွန်
သွားခဲ့တာ စက်တင်ဘာလ တရက်နေ့မှာ အနှစ် သုံးရာ ပြည့်ခဲ့ပါတယ်၊
Louis
XIV သို့မဟုတ် Louis le Grand သို့မဟုတ် Le Roi-Soleil နေဘုရင်ကြီးလို့ ခေါ်ဆိုကြပါတဲ့ လူဝီ ၁၄ ဟာ ၅ ရက် စက်တင်ဘာ ၁၆၃၈ ခုနှစ်မှာ မွေးဖွားခဲ့ပြီး
၁၇၁၅ ခုနှစ် စက်တင်ဘာ ၁ ရက် နေ့မှာ အသက် ၇၇ နှစ်ပြည်ဖို့ လေးရက် အလိုထိ နေသွားရသူပါ၊
သူလေးနှစ်သား အရွယ်မှာ သူရဲ့ ဖခင်ဘုရင် လူဝီ ၁၃ ကွယ်လွန်သွားခဲ့လို့ ငယ်ငယ်ရွယ်ရွယ်နဲ့
ပြင်သစ်နိုင်ငံတော်ရဲ့ ဘုရင်ဖြစ်လာခဲ့ ပြီးနောက် နှစ်ပေါင်း ၇၂ နှစ်တာမျှ ပြင်သစ်ထီးနန်းကို
စိုးစံခွင့် ရသွားခဲ့သူပါ၊ ပြင်သစ်အပြင် ဥရောပ ဘုရင်တွေထဲမှာ နန်းသက်အရှည်ဆုံး မှတ်တမ်းဝင်ခဲ့သူ
ဘုရင်တဦး ဖြစ်ပါတယ်၊
Royaume
de France ခေါ် ပြင်သစ် ဘုရင့် နိုင်ငံတော်ကြီးရဲ့ ရွှေရောင် အတောက်ပဆုံး အချိန်လို့
ခေါ်ဆိုလို့ ရနိုင်တဲ့ ဗားဆိုင်းနန်းတော် ခေတ်ကြီးမှာ လူဝီ ၁၄ ဘုရင်က ၇၂ နှစ်တာမျှ
နေထိုင်အုပ်စိုး သွားခဲ့သလို သူ့နောက် ဆက်ခံခဲ့တဲ့ မြစ်တော်ဖြစ်သူ လူဝီ ၁၅ (၁၇၁၀-၁၇၇၄)
ကလည်း နှစ်ပေါင်း ၆၀ နီးပါး စိုးစံခဲ့ရလို့ အဲဒီ ဗားဆိုင်းနန်းတော်ကြီးရဲ့ သမိုင်းကိုပြောရင်
ဒီ ဘုရင်နှစ်ပါး အကြောင်းကို ပြောသလိုပါ၊
ဗားဆိုင်းနန်းတော်ပန်းခြံကြီးထဲက အထစ်တရာလှေကားပြင်ကျယ် (Photo OKKA PM)
ဗားဆိုင်းနန်းတော်ပန်းခြံကြီးထဲက အထစ်တရာလှေကားပြင်ကျယ် (ဓါတ်ပုံ မရငတ)
အဲဒီ နေဘုရင် လူဝီ
၁၄ ရဲ့ အနှစ် သုံးရာပြည့်ပွဲနဲ့ ပတ်သက်ပြီးတော့ .. .. ..
ပြင်သစ်နိုင်ငံ အနယ်နယ်အရပ်ရပ်မှာတော့ ဘာပွဲမှ ထူးထူးခြားခြားလုပ်တာ မတွေ့ရ မကြားရပါဘူး၊
မောင်ရင်ငတေတို့နဲ့
အလှမ်းကွာဝေးလွန်းတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်၊
ပြင်သစ်
တယ်လီဗေးရှင်း တချို့မှာတော့ လူဝီ ၁၄ ဘုရင်ကြီးနဲ့ ပတ်သက်တာတွေကို ပြသနေတာ ကိုတော့
တွေ့မြင်ရပါတယ်၊ မောင်ရင်ငတေကတော့ ဒီ နေရာမှာ လူဝီ ၁၄ ဘုရင်ရဲ့ ရှည်လျှားလှတဲ့ သမိုင်းကြောင်းကို
ပြောချင်တာ မဟုတ်ပါဘူး၊ ပြောဖို့လည်း မလွယ်လှပါဘူး၊
မောင်ရင်ငတေ
မိတ်ဆွေအပေါင်းအသင်းတွေကို လိုက်ပို့ရင်း ရောက်နေကျ ဗားဆိုင်းနန်းတော်ကြီး ပန်းခြံထဲက
အထပ်တရာ လှေခါးထစ်တွေမှာ လူဝီဘုရင် ပေါက်စနလေးဟာ ကလေးဘဝ ပျော်ရွှင် လွတ်လပ်စွာနဲ့ ဆင်းတက်ဆော့ကစားခွင့်
ရမှ ရခဲ့ပါရဲ့လားလို့ တွေးမိတာပါ .. …. ခင်ဗျာ၊
(ဗားဆိုင်းလှေကားကြီးကို မောင်ရင်ငတေနှင့်အတူ ရောက်ဖူးခဲ့ကြသူများကို အမှတ်တရအဖြစ်)
မောင်ရင်ငတေ
၀၁၀၉၂၀၁၅
Aucun commentaire:
Publier un commentaire