Libellés

lundi 14 septembre 2015

** မိုနာကို တိုင်းပြည်ဆီသို့ ** *


 မိုနာကို တိုင်းပြည်ဆီသို့


 

မိုနာကို တိုင်းပြည်ဆီသို့

ကမ္ဘာရဲ့ ဒုတိယ အကျဉ်းဆုံး အသေးငယ်ဆုံး တိုင်ပြည်ဖြစ်သလို
ချမ်းသာကြသူ အများစု နေထိုင် ကြပါတဲ့ တိုင်းပြည်လေးပါ၊ ပြင်သစ်နိုင်ငံ အတွင်းမှာ တည်ရှိပြီး
ပြင်သစ် စကားပြောပြီး ပြင်သစ် ယဉ်ကျေးမှုတွေနဲ့ ထပ်တူနီးပါ ဆိုရပေမယ့် နိုင်ငံသားချင်းတော့
မတူပါဘူး၊ ပြင်သစ်မြေ
မှာမွေး ပြင်သစ်မြေမှာ ကြီးလာခဲ့ကြတဲ့ ပြင်သစ်သားစစ်စစ်တွေတောင်မှ
မိုနာကို နိုင်ငံသား ဖြစ်ချင်ပေမယ့် ဖြစ်ခွင့်ရဖို့ မလွယ်တဲ့ တိုင်းပြည်လေးပါ၊

ဒါပေမယ့်လို့ . . . . . .. . . . .. .
. . . ……… . … . .. . . . . . . . ..
မိုနာကိုရဲ့ မူရင်း သဘာဝအလှတွေကတော့ ပျက်ယွင်းစ ပြုနေပါပြီ၊
မိုးပြာပြာတိမ်ပြာပြာ ရေပြင်ပြာပြာနဲ့ စိမ်းလန်းစိုပြေနေတဲ့
တောင်ကမ်းပါးမြင့်မြင့်ကြီးတွေရဲ့အလှက
တိုးထွက်လာနေတဲ့ မိုးမျှော်တိုက်မြင့်မြင့်ကြီးတွေရဲ့
အနောက်မှာ ကွယ်ပျောက်စ ပြုလို့ လာနေပါပြီ၊


ရုတ်တရက် ရောက်လို့ ကြည့်လိုက်မယ်ဆိုရင်
ဟောင်ကောင်လေလား တိုင်ဝမ်လေအလားပါ၊

နိုင်ငံရဲ့ ပိုင်ဆိုင်မှု မြေကြီးက နှစ် ဒဿ     မ သုညနှစ် စတုရန်း ကီလိုမီတာသာ ရှိတာမို့လို့ ….  . .... .... ..… လူဦးရေက လေးသောင်းနီးပါးနဲ့ဆိုတော့ လူနေ
ထူထပ် သိပ်သည်းမှု များပြားလွန်းတဲ့ နိုင်ငံတနိုင်ငံ ဖြစ်နေပါတယ်၊ လာရောက်လည်ပတ်ကြတဲ့
ညအိပ်တည်းခိုသူ ဧည့်သည်တော်ကြီးများက တနှစ်ကို
တသန်းကျော်ကျော် ရှိတာကြောင့် အထပ်မြင့်အဆောက်အဦးတွေကို
မဆောက်မဖြစ် ဆောက်လာ ရဟန် တူပါတယ်၊

မောင်ရင်ငတေ ၀၉၀၉၂၀၁၅

Aucun commentaire:

Enregistrer un commentaire