ဖိုးဇီးရိုး
သေချာတာ တခုက ကျနော်ဟာ
ဇီးရိုးပါ၊
ဟီးရိုးဖြစ်ချင်စိတ်
မရှိလှပါတဲ့ ဇီးရိုးပါ၊
ဝမ်းတူးသရီး ဟတ်ချလောင်းနဲ့
သူရဲကောင်းလည်း မဖြစ်နိုင်သူပါ၊
ပါရမီကလည်း နည်း
. . ……. ယာယီစိတ်ကူးတွေနဲ့
ရေတက်ရေကျတွေမှာ ပေါလောမျောပါတတ်သူပါ၊
သူငယ်တန်းအတွေးတွေနဲ့
ခန့်မှန်းမေးခွန်းတွေကြားက ရမ်းကုအတတ် တတ်လာသူပါ၊
ဇာတ်သမားပြန်ရင် မှတ်သားစရာကျန်ခဲ့ရမယ်
ဆိုသူတွေက ဆိုခဲ့ကြပေမယ့်
သူရဲကောင်းတွေရဲ့
ထိပ်ခေါင်ဖြစ်ချင်လှပါပေတဲ့ ကျနော် ဖိုးဇီးရိုးကတော့ဖြင့်
ပြန်စရာလည်း မရှိ
ကျန်စရာလည်း မရှိ . .. .. …. ရင်ထဲမှာလည်း ဗလာနတ္ထိ
အချစ် အမုန်း အပြုံး
လောဘ မောဟ သောကတွေလည်း နတ္ထိ . . .. . . …..
အဲ သံသရာအကွေ့တွေကိုတော့
မရပ်မနားနဲ့ မောမောပန်းပန်း ဖြတ်သန်းနေတတ်သူပါ၊
ဖိုးဇီးရိုး ၂၀၀၈၂၀၁၅
Aucun commentaire:
Publier un commentaire