ပြင်သစ်တခွင်ဆီသို့
၁၀၂ ကြိမ်မြောက် စက်ဘီးနင်းပွဲ Tour de France 2015
၁၀၂ ကြိမ်မြောက် စက်ဘီးနင်းပွဲ Tour de France 2015
Tour de France 2015
စက်ဘီးနင်းပွဲ စနေတာ ကြာပါပြီ၊ နေ့တိုင်း ဧည့်များ အပြင်သွားနေရလို့ မကြည့်ဖြစ်ပါဘူး၊
ဒီကနေ့မှ
အားနေတာနဲ့ ကွန်ပြူတာကနေ ကိစ္စတခုကြောင့် တယ်လီဗေးရှင်းလိုင်းကိုဖွင့်ရှာ
ကလိမိရရင်း စက်ဘီးနင်းပွဲကို ကြည့်မိလိုက်ပါတယ်၊
လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ် အဲဒီ စက်ဘီးနင်းပွဲ
Tour de France ရာပြည့်ပွဲထဲက အတိုအစလေးတွေ
ရေးထားမိတာ ရှိပါတယ်၊
ပြိုင်ပွဲသာပြီးသွားပါလေရော၊
ရေးထားတာလေးတွေကို အချောမသတ်နိုင်ခဲ့ပါဘူး၊
အဲလိုရေးပြီး ပစ်ထားခဲ့တာတွေကို ပြန်ဖတ်ရင်း ဒီကနေ့
ကြည့်လိုက်မိတဲ့ စက်ဘီးနင်းပွဲ ရှုခင်းတွေကို အမှတ်တရဖြစ်အောင် တင်လိုက်ပါတယ်၊
13e étape : Muret - Rodez (198.5km)
ပြင်သစ်နိုင်ငံရဲ့
၁၀၂ မြောက် စက်ဘီးနင်းပွဲကြီးကို ဂျူလိုင်လ လေးရက်နေ့ကနေ ၂၆ ရက်နေ့အထိ ကျင့်ပနေတာ ဒီကနေ့ဆိုရင်
၁၃ ရက်မြောက် ရှိလာခဲ့ပါပြီ၊
ရက်ပေါင်း နှစ်ဆယ့်သုံးရက် အတွင်းမှာ ၃၃၆၀ ကီလိုမီတာ ကွာဝေးတဲ့ ခရီးကို နင်းရမှာပါ၊
ရက်ပေါင်း နှစ်ဆယ့်သုံးရက် အတွင်းမှာ ၃၃၆၀ ကီလိုမီတာ ကွာဝေးတဲ့ ခရီးကို နင်းရမှာပါ၊
Tour
de France လို့ခေါ်ကြတဲ့ စက်ဘီးပြိုင်ပွဲကြီးကို ၁၉၀၃ ခုနှစ်က စတင်ပြီး ကျင့်ပခဲ့တာပါ၊
ကမ္ဘာစစ်ကာလတွေအတွင်း
မလုပ်ဖြစ်ခဲ့တဲ့ နှစ်တွေရှိခဲ့လို့ ၂၀၁၃ မှာမှ ရာပြည့်ပွဲ ကျင့်ပခဲ့ပါတယ်၊
ဒီပြိုင်ပွဲကို နှစ်စဉ် ဂျူလိုင်လအတွင်းမှာ ကျင့်ပလေ့ရှိပြီး တနှစ်နဲ့တနှစ် နင်းရတဲ့ ခရီးစဉ်တွေက ပြိုင်ပွဲ လမ်းကြောင်းတွေ နေရာဒေသတွေ မတူသလို ခရီးအကွာအဝေးကလည်း ကီလိုမီတာ နှစ်ထောင် ကျော် ကနေ လေးထောင်ထိ ရှိတတ်ပါတယ်၊
ပြင်သစ်နိုင်ငံတွင်းမှာသာမက တချို့သော နှစ်တွေမှာ အိမ်နီးနားချင်း နိုင်ငံတွေကပါ ပူးပေါင်းပါဝင်လေ့ ရှိကြပါတယ်၊
အခုနှစ် ၂၀၁၅ ခုနှစ်ပွဲမှာတော့ ပြင်ပ နိုင်ငံတွေအဖြစ် ဘယ်ဂျီယမ်နဲ့ ဟော်လန်တို့ ပါဝင်ခဲ့ကြပြီး
ဟော်လန်နိုင်ငံ Utrecht မြို့ကနေ စတင် တာလွှတ်ခဲ့တာပါ၊ ဂိတ်ဆုံးကတော့ ပါရီမြို့ရဲ့ ရှောင်ဇေလီဇေ လမ်းမကြီးမှာပါ၊
ပြင်သစ်ပြည် တပြည်လုံးအနှံ့ အပြိုင်
နင်းကြရတဲ့ လမ်းကြောင်းတွေမှာ မြေညီမြေပြန့်တွေ သာမက
ခရီးစဉ် တဝက်ကျော်လောက်က တောင်ကုန်းအတက်အဆင်းတွေ တောင်တန်းတွေပေါ်မှာ နင်းကြ
ရတာ ဖြစ်ပါတယ်၊
ဒါကြောင့် တနေ့တာအတွက် ပွဲအပြီး ဆုပေးတဲ့အခါမှာ တောင်တက်နင်းနိုင်သူဆု ပြင်သစ်လို Grimpeur (Climber) ဆု ဆိုတာကိုလည်း ပေးပါတယ်၊
အဲဒီလို Climbing Specialist အကောင်းဆုံး တောင်တက်နင်းနိုင်တဲ့ သူတွေလည်း ရှိကြပြီး သူတို့တွေဟာ ကျစ်လစ်သန်မာသူများ ဖြစ်ကြပြီး ကိုယ်အလေးချိန်က ကီလိုခြောက်ဆယ် မကျော်ကြသူများ ဖြစ်ပါတယ်၊
သူတို့တတွေဟာ တောင်အတက်မှာတော့ နင်းအားကောင်းကောင်းနဲ့ မမောစတမ်း နင်းနိုင်ကြသူများ
ဖြစ်ကြပေမယ့် များသောအားဖြင့် တောင်အဆင်း ရောက်တဲ့အခါမှာ အရှိန်ကို မထိမ်းနိုင်သူများ
ဖြစ်နေပြန်တာကို တွေ့ရပါတယ်တဲ့၊
တချို့ကြပြန်တော့လည်း တာထွက် ကောင်းကြသူများဖြစ်ပြီး တချို့တွေကြတော့ မြေညီမြေပြန့်မှာ အရှိန် မှန်မှန်နဲ့ ခပ်မြန်မြန် နင်းနိုင်ကြသူများ ဖြစ်ကြပါတယ်၊
ဒီပြိုင်ပွဲဟာ တဦးချင်း ရော အသင်းလိုက်ပါ ယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲမျိုးဖြစ်ပြီး ရက်ပေါင်း ၂၀ ကျော်အတွင်းမှာ ခရီးရှည်ကြီးကို နင်းရတာဖြစ်လို့ တော်ရုံတန်ရုံ လွယ်လွယ်ကူကူတော့ဖြင့် ဝင်ပြိုင်လို့ မရနိုင်ပါဘူး၊

မောင်ရင်ငတေတို့ ငယ်ရွယ်စဉ်အခါက အညာမြေတကြော နေပူပူဖုန်ထူထူမှာ စက်ဘီးအစုတ်လေး ကိုယ်စီ နဲ့ (တခါတလေ မိုင် ၂၀ ကျော် အသွားအပြန်
နင်းခဲ့ဖူးပါတယ်) အဲဒီလိုသာ ရွာရိုး ကိုးပေါက် နင်းခဲ့စဉ် ကသာ ဒီလို ပြိုင်ပွဲမျိုး ရှိတယ်လို့ သိခဲ့ရင်တော့ မောင်ရင်ငတေတို့တတွေ ဝင်ပြိုင်မိကောင်း ပြိုင်မိကြမယ် ထင်ပါတယ်၊ ပြိုင်ပွဲရှိတဲ့ ပြင်သစ်မြေနဲ့
မောင်ရင်ငတေတို့မြေက ဝေးလွန်းတာကိုး၊
အဲဒီ စက်ဘီးပြိုင်ပွဲကိုတော့
မောင်ရင်ငတေ တီဗွီကနေ စောင့်ကြည့်လေ့ ရှိပါတယ်၊
ဘာလို့ဆိုတော့ ဒီ ပြိုင်ပွဲ တလျှောက် မြို့ကြိုမြို့ကြား ရွာကြိုရွာကြာ တောင်ကြိုတောင်ကြား
တောကြိုတောကြားက ကျေးလက်လမ်းလေးတွေဟာ စိတ်ဝင်စားဖို့ကောင်းတတ်လို့ပါ၊
ကိုယ့်စရိတ်နဲ့ကိုယ် သွားမယ်ဆိုရင် ရောက်ဖူးဖို့ မလွယ်ဘူးမဟုတ်လား၊ စက်ဘီးနင်းတယ်ဆိုတာလည်း ကိုယ်တသက်လုံး နင်းလာခဲ့တဲ့ ယာဉ်တမျိုးပါ၊
ဝယ်နိုင်ခဲ့တာလည်း ဒါ စီးတတ်ခဲ့တာလည်း ဒါ . .. …. . ဒီ စက်ဘီးသာ ရှိခဲ့တာကိုး၊

ဒီလို တောင်ကုန်းတောင်တန်းတွေစိုက်ခင်းတွေကြားမှာ စက်ဘီးလေးတစင်းနဲ့ စိတ်အေးလက်အေး
လျှောက်စီးချင်စမ်းပါတယ်နော်၊
ဒါပေမယ့်လို့ မောင်ရင်ငတေ စက်ဘီးတစီး ဝယ်ဖို့ စိတ်ကူးထားတာ အခုထိတိုင် အကောင်အထည်
မဖော်ဖြစ်သေး ပါဘူး၊
အစစအရာရာနေရာတိုင်းမှာ စိတ်ကူးသာရှိပြီး တကယ်လုပ်ဖို့ တွေဝေနေတတ်တဲ့ မောင်ရင်ငတေပါ၊
မောင်ရင်ငတေ ၁၇၀၇၂၀၁၅
မောင်ရင်ငတေ ၁၇၀၇၂၀၁၅
၁၀၃ ကြိမ်မြောက် စက်ဘီးနင်းပွဲ (Tour de France 2016)
၁၀၃ ကြိမ်မြောက် စက်ဘီးနင်းပွဲ (Tour de France 2016)
ယူရို
နှစ်ထောင့်ဆယ့်ခြောက် ဘောလုံးပွဲရှိနေလို့ရယ် ပါရီမြို့ကို လာလည်ကြတဲ့ ဧည့်သည်တွေများ နေ လို့ရယ် ဒီတနှစ် တရာ့သုံးကြိမ်မြောက် ပြင်သစ်စက်ဘီနင်းပွဲကို တရက်မှ မကြည့်ဖြစ်သေးပါဘူး၊
ဂျူလိုင်
၂ ရက်နေ့ကနေ ၂၄ ရက်နေ့ထိကျင့်ပမယ့် ဒီတရာ့သုံးကြိမ်မြောက် စက်ဘီနင်းပွဲက ဒီကနေ့ ၁၈
ရက်နေ့မှာ ၁၆ ရက်ထိတိုင်ခဲ့ပါပြီ၊
ဒီနှစ်ပွဲမှာ
နည်းနည်းထူးခြားတယ်ပြောရမှာက စက်ဘီးနင်းရမယ့် နယ်မြေတွေက ပြင်သစ်မြေအပြင် စပိန် အင်ဒိုရာနဲ့
ဆွစ်ဇာလန်မြေတွေပါ ပါဝင်နေပြီး တောင်ကုန်းတောင်တန်းတွေ ထူထပ်မြင့်မားတဲ့ ပီရေနေးတို့
ဂျူရာတို့လို တောင်တန်း နယ်မြေတွေ ပါဝင်နေတာမို့ပါ၊
ပုံမှန်အားဖြင့်ကတော့ ပြင်သစ် မြေနဲ့
ထိစပ်နေတဲ့နယ်တနယ်သာ ပါဝင်ခဲ့လေ့ ရှိပြီး ၂၀၁၀ ခုနှစ်
နောက်ပိုင်းက စပြီး ပိုမိုတိုးချဲ့လာခဲ့
တာပါ၊
ဒီကနေ့ နင်းကြရမယ့် နှစ်ရာ့ကိုးကီလိုမီတာကျော်ခန့် ကွာဝေးတဲ့ Moirans-en-Montagne/
Champagnole/Malbuisson/Verrières-de-Joux/Travers/Rochefort/Colombier/Neuchâtel/
Kerzers/Berne ခရီးစဉ် လမ်းကြောင်းကတော့ ဆွစ်ပြင်သစ် ဂျူရာတောင်တန်းတွေ ရေကန်တွေရဲ့
သဘာဝ အလှအပများကို တဝကြီး မြင်တွေ့ခံစားခွင့်ရမှာ ဖြစ်ပါတယ်၊
ဒီနှစ်
ဒီနင်းပွဲမှာ အသင်း ၂၂ သင်းက စက်ဘီးနင်းသူ ၁၉၈ ယောက် ပါဝင်ယှဉ်ပြိုင် နင်းကြမှာဖြစ်လို့
ပြိုင်ပွဲဝင်
အရေအတွက်က မနှစ်ကအတိုင်းပါ၊
မနှစ်က အယောက် တရာ့ခြောက်ဆယ် ဆုံးခန်းတိုင် ပန်းဝင်အောင်
နင်းနိုင်ခဲ့ကြပေမယ့် တောင်တန်း အတက်အဆင်းတွေ ပိုမိုများပြားတယ်လို့ ထင်မိတဲ့ ၃၅၃၅ ကီလိုမီတာ
ဝေးတဲ့ ဒီနှစ်ခရီးစဉ်ကို စက်ဘီးနင်းသူ ဘယ်နှစ်ယောက်များ အစအဆုံး နင်းနိုင် ကြပါ့မလဲ
ဆိုတာက စိတ်ဝင်စားစရာပါ၊
မောင်ရင်ငတေ
၁၈၀၇၂၀၁၆
Aucun commentaire:
Publier un commentaire