ပီကာဆိုရဲ့လမ်း (Rue des Grands-Augustins)
ပါရီမြို့ကို ရောက်လာသူတိုင်းကိုတော့ လိုက်မပို့ဖြစ်ခဲ့ပါဘူး၊
အချိန်ရရင်ရသလို လမ်းကြုံရင် ကြုံသလိုတော့ ပို့ဖြစ်ပါတယ်၊ ပါရီမြို့ရဲ့
ဦးစားပေး နေရာစာရင်းမှာ မပါဝင်ပေမယ့် စိတ်ဝင်စားစရာ သမိုင်းရှိခဲ့တဲ့
တနေရာပါ၊ အဲဒီနေရာကို လမ်းကြုံလို့ ဆယ် မိနစ်လောက် အချိန်ပေးမယ်ဆိုရင်
သမိုင်းတခု မက သိလိုက်ရမှာပါ၊ ဆရာကြီးတယောက်ရဲ့ အမှာစကားတခွန်းလို ** မ * အ
** * ကြရအောင်လို့ ပေါ့၊ (မရငတ)
၁၉၁၀ ခုနှစ် စဲန်းမြစ် ရေကြီးစဉ်က Rue des Grands-Augustins
ပါရီမြို့က
စိတ်ဝင်စားစရာ လမ်းသေးသေးလေးတွေထဲက တလမ်းပါ၊
ပါရီရဲ့
အချက်အချာ စဲန်းမြစ်လယ် ကျွန်းနှစ်ကျွန်းအနက် ကျွန်းအကြီး Île de la Cité ရဲ့
အနောက်ဘက်ခြမ်း
စဲန်းမြစ်ရဲ့ လက်ဝဲကမ်းပါးမှာ တည်ရှိတာပါ၊
စဲန်းမြစ်ကမ်းနားလမ်း
Quai des Grands-Augustins ကို ဦးတိုက်ထားတဲ့ လမ်းပါ၊
Rue
des Grands-Augustins လို့ ခေါ်ပါတယ်၊
၁၆၀၀
ပြည့်နှစ် ဝန်းကျင်မှာ တည်ဆောက်ပြီးစီးခဲ့တဲ့ ပါရီမြို့ရဲ့ ပထမဦးဆုံး
(Pont
en Maçonnerie ကျောက်တုံးတွေနဲ့ တည်ဆောက်ခဲ့တဲ့ တံတား) ဖြစ်တဲ့ Pont Neuf နဲ့
၁၈၅၇
ခုနှစ်က တည်ဆောက်ခဲ့တဲ့ Pont Saint-Michel တံတားနှစ်စင်းကြားမှာ တည်ရှိတာပါ၊
ပါရီမြို့ကို
ရောက်လာသူများ အဲဒီကမ်းနဘေးကလမ်းကို ဖြတ်သွားဖူးသူများပေမယ့် အဲဒီလမ်းကြား
Rue
des Grands-Augustins ကိုတော့ အမှတ်ထားမိသူ နည်းပါးလိမ့်မယ် ထင်ပါတယ်၊
မောင်ရင်ငတေကတော့
လမ်းကြိုလမ်းကြားတွေကို နှစ်သက်မိရတာက တကြောင်း
ပါရီကို
ရောက်လာသူတွေရဲ့ ရူးသွပ်မှုတွေအကြိုက် လိုက်ပို့ရင်း မှတ်သားထားမိတဲ့ နေရာတခုပါ၊
မီတာ
နှစ်ရာကျော်သာရှိတဲ့ ဒီလမ်းတိုတိုလေးရဲ့ ဖြတ်သန်းသွားမှု သမိုင်းကတော့ ကြီးမားပါတယ်၊
ဘာ
မဟုတ်တာလေးတွေကို စိတ်ဝင်စားတတ်သူတွေ အတွက်ပေါ့လေ၊
အဓိက
ထင်ရှားတာကတော့ သုံးခုလောက်ရှိပါတယ်၊
သမိုင်းကြောင်းအရ
အစောဆုံးကတော့ . . .. … .. .
Le Relais Louis XIII, 8 Rue des Grands-Augustins
ဖခင်ဘုရင်ကြီး
Henri IV de France အောင်လီ ၄ (၁၅၅၃ -၁၆၁၀) ပါရီမြို့လယ်ခေါင်က လမ်းမ ထက်မှာ လုပ်ကြံသတ်ဖြတ်
ခံရပြီးနောက် မိခင်မိဖုရားကြီး Marie de Médicis (၁၅၇၅-၁၆၄၂) က Louis XIII လူဝီ ၁၃
(၁၆၀၁-၁၆၄၃) ဆိုပြီးဖြစ်လာမယ့် အိမ်ရှေ့မင်းသားလေးကို ရင်ခွင်ပိုက်ဘုရင် အဖြစ် နန်းဆက်ခံစေခဲ့တဲ့နေရာက
ဒီ Rue des Grands-Augustins လမ်းရဲ့ အိမ်အမှတ် (ရှစ်) အဖြစ် တည်ရှိနေတဲ့ နေရာ ဖြစ်ပါတယ်တဲ့၊
မောင်ရင်ငတေတို့ခေတ်
ဒီနေရာကို ရောက်ရှိခဲ့တော့ လူဝီ ၁၃ အမည်တပ်ထားတဲ့ စားသောက်ဆိုင်
Le Relais Louis XIII ဆိုတာကို တွေ့ရှိရပြီး ဆိုင်အပြင်ဘက်နံရံမှာတော့ ပြင်သစ်လို ဒီလိုရေးသား ထားတာကို တွေ့ရှိရပါတယ်၊ « Ici, le jeune Louis XIII fut
intronisé, une heure après la mort de son père Henry IV. » လွန်ခဲ့တဲ့ အနှစ်လေးရာကျော် ၁၆၁၀ ခုနှစ်က အရေးပါ ထင်ရှား ခဲ့တဲ့ သမိုင်းကြောင်း
အဟောင်းတခုကို နံရံပေါ်မှာ အဲဒီလို ရေးသားမှတ်တမ်းတင်ထားခဲ့တာတွေကို
တကူးတက လာကြည့်ကြတဲ့
မောင်ရင်ငတေတို့လို လူမျိုးတွေရှိသလို လေ့လာရေးအဖြစ် ကျောင်း အစီစဉ်နဲ့ ရောက်လာကြတဲ့
ကျောင်းသူ ကျောင်းသား အုပ်စုတွေကို တွေ့မြင်ရတဲ့ မြင်ကွင်းကတော့ ထူးဆန်းလှပါတယ် ပြောမရပါဘူး၊ ၁၉၆၁ ခုနှစ်မှာမှ ဒီဆိုင်ကို ဖွင့်လှစ်ခဲ့တာ
ဖြစ်ပေမယ့် လူဝီ ၁၃ ဆိုင်းဘုတ် တပ်ထားတာကြောင့်လား မသိပါဘူး၊ ဈေးနှုန်းတွေက ကြီးမြင့်နေတာကို
တွေ့ရပါတယ်၊
7 Rue des Grands-Augustins
အိမ်အမှတ် (ရှစ်) မျက်စောင်းထိုး အမှတ် (ခွန်) မှာတော့ မကြာသေးခင်ကမှ ကမ္ဘာ့ဈေးအကြီးဆုံး ပန်းချီကားကို ရေးဆွဲခဲ့သူ လူသိများလှပါတဲ့ နာမည်ကျော် ပန်းချီဆရာ Pablo Picasso ပီကာဆို (၁၈၈၁-၁၉၇၃) နေခဲ့တဲ့အိမ်ပါ၊ အဲဒီမှာ ပီကာဆိုဟာ ၁၉၃၇ ခုနှစ်က ၁၉၄၈ ခုနှစ်ထိ နေထိုင်ခဲ့စဉ် ရေးဆွဲခဲ့တဲ့ Guernica Gernikara ဆိုတဲ့ ကျူဗစ်ဇင် ပန်ချီးကားချပ်ကတော့ နာမည်ကြီးလှပါတယ်၊ အဲဒီ နံရံ ပန်းချီကားချပ်ကြီးကို အခုအခါမှာတော့ စပိန်နိုင်ငံ မဒရစ် မြို့တော်ရှိ Museo Reina Sofia ပြတိုက်မှာ ပြသထားပါတယ်တဲ့၊ အဲဒီ ၁၁ ပေခွဲ ၂၅ ပေခွဲ နံရံတခုအရွယ် ပန်းချီ ကားချပ်ကြီးကို ပါရီ မြို့မှာ ရောက်ရှိနေထိုင်နေတဲ့ ပီကာဆိုက ရေးဆွဲခဲ့ပြီး အီဖယ် မျှော်စင်ကြီးအောက် စဲန်းမြစ်ကမ်းမှာ ၁၉၃၇ ခုနှစ် မေလကစပြီး ခြောက်လကြာ ပြုလုပ်ခဲ့တဲ့ Exposition Internationale des Arts et Techniques dans
la Vie Moderne ပြပွဲကြီးမှာ ပြသခဲ့တာပါ၊
Guernica
Gernikara “It isn’t meant to decorate a room. It is an instrument of defensive
and offensive war…” Pablo Picasso (1937)
စပိန် ပြည်တွင်းစစ် (၁၉၃၆-၃၉) စစ် ဆန့်ကျင်ရေး အတွက် တောင်းဆိုမှုများကြောင့် ရေးဆွဲခဲ့တယ်
လို့လည်း ဆိုကြပါတယ်၊ ပန်းချီကားချပ်ကြီးအမည် Guernica ဆိုတာကတော့ မြို့ကလေး တမြို့ရဲ့ အမည်ကိုအစွဲပြုပြီး ခေါ်ထားတာပါတဲ့၊ စပိန်မြောက်ပိုင်း ပြင်သစ်နယ်စပ်အနီး အခုထိတိုင် ကိုယ်ပိုင် အုပ်ချုပ်ခွင့် တောင်းဆိုနေရဆဲ Basque Country (Euskal Herria) ဒေသမှာတည်ရှိပြီး Guernica သို့မဟုတ် ဒေသခံတွေခေါ်တဲ့ Gernika-Lumo ဆိုတဲ့ မြို့ကလေးရဲ့ အမည်ပါ၊ စပိန်ပြည်တွင်းစစ် အမျိုးသားရေး ဝါဒီတွေဘက်က ကူညီတိုက်ခိုက် ပေးနေတဲ့ နာဇီဂျာမဏီနဲ့ အီတလီလေတပ်တွေရဲ့ ဒီ မြို့ကလေး ဗုံးကြဲ တိုက်ခိုက်မှုကို ဆန့်ကျင်တဲ့ အနေနဲ့ ဗုံးကြဲခံရပြီး တပတ်အကြာ သို့မဟုတ် ပါရီ Expo ဖွင့်ပွဲမတိုင်မီ သုံးပတ်အလိုမှာ ရေးဆွဲခဲ့တယ် ဆိုပါတယ်၊
Le chef d'oeuvre Inconnu, Dessins gravés sur bois de Pablo
Picasso.
အဲဒီအိမ်မှာ ပီကာဆို နေထိုင်စဉ်အချိန်
နာမည်ကျော် Realism စာရေးဆရာ ပြဇာတ်ရေးဆရာကြီး Honoré de Balzac (၁၇၉၉-၁၈၅၀) ရဲ့ Le chef d'oeuvre Inconnu (The Unknown Master piece)
စာအုပ်ကို Dessins gravés sur bois သစ်ထွင်း ပန်းချီများ
ပြုလုပ်ပြီး သရုပ်ဖော်ခဲ့တယ်လို့ ဆိုပါတယ်၊
သက်တမ်းရှည် ကဖေး Restaurant Lapérouse
ကမ်းနားဘက်ကလမ်းထိပ်မှာတော့
၁၇၆၆ ခုနှစ်က ဖွင့်လှစ်ခဲ့တယ်ဆိုတဲ့ Restaurant Lapérouse အမည်နဲ့ ရှေးဟောင်း ပြင်သစ်
စားသောက်ဆိုင်တဆိုင် ရှိပါတယ်၊ လူဝီ ၁၄ ဘုရင် ခေတ်နှောင်းပိုင်း ကာလက စတင်ပြီး ဝိုင်ကုန်သည်များ
ပွဲစားများကြားမှာ နာမည်ကြီးခဲ့တဲ့ ဆိုင်တဆိုင်ပါ၊ အခုလည်း ဈေးကြီးတဲ့ စာရင်းမှာပါတဲ့
ဆိုင်တဆိုင်ပါ၊ ဆိုင်အပြင်အဆင်ကလည်း တွေ့ရတာနဲ့ ထူးခြားတဲ့ပုံစံပါ၊ လွန်ခဲ့တဲ့ငါးနှစ်ကျော်က
ပြင်သစ်တွေကျွေးမွေးလို့ မောင်ရင်ငတေကတော့ ကံကောင်းထောက်မစွာ အဲဒီဆိုင်ကို ထိုင်ခဲ့ဖူးပါတယ်၊
သူတို့ ပြင်သစ်တွေရဲ့ ရိုးရာအစာတွေကို ခံတွင်းက မတွေ့လှတာရယ် ကြောင့် အစားအစာတွေ ဘယ်လောက်ကောင်းတယ်
မသိခဲ့ပေမယ့် ဆိုင်အပေါ်ထပ် ကြမ်းခင်းတွေ တကျွိကျွိ
တကျွတ်ကျွတ် မြည်သံနဲ့ အတူ လှုပ်တုပ်တုပ် ယိုင်နဲ့နဲ့ ထမင်း စားပွဲကိုတော့ အခုထိတိုင်
ကြားယောင် မြင်ယောင် နေဆဲပါ၊ အဲဒါမျိုးတွေက အဲဒီဆိုင် တခုတည်းမှာ မဟုတ်ပါဘူး၊ ပါရီမြို့ပေါ်
အဆောက်အဦးတိုင်း လိုလိုက နှစ်တရာသက်တမ်း အနည်းဆုံး ရှိပြီးသားတွေပါ၊ ဆိုင်တွေအိမ်တွေ
နှစ်တရာစာရင်း ဝင်သလို ရဲတိုက် စာရင်းဝင် အိမ် ခပ်လတ်လတ်တွေကတော့ နှစ် ၂၀၀ သက်တမ်း
တွေပါ၊ ဒီဆိုင်ကလည်း အဲဒီလို ရှေးဟောင်း သမိုင်းကြောင်းတွေပေါ် အခြေတည်ပြီးတော့ ဒီကနေ့
ပါရီရဲ့ ခရီးသွားခြင်း အနုပညာ ရပ်ဝန်းမှာ ဆက်လက်ပြီး ပါဝင်လှုပ်နိုင်နေသေးတဲ့ သမိုင်းဝင်ကဖေး
တခုအဖြစ် ရပ်တည်နေနိုင်ခဲ့တာကတော့ ထူးခြားမှုတခု ရှိလို့သာပါ၊
မောင်ရင်ငတေ
အတွက်ကတော့ တကျွိကျွိ ကြမ်းခင်းရယ် ခပ်ယိုင်ယိုင် စားပွဲလေးရယ် မှုန်ကုပ်ကုပ် မီးရောင်တွေရယ်
ခပ်တိုးတိုးတေးသံတွေကြားက ခပ်ရှရှ နှစ်မချို့ဝိုင်လေလား ရှန်ပိန်လေလား မသိ နိုင်တော့ပါ
ခင်ဗျာ၊ ရှေးခေတ်ဟောင်း ဆိုင်တဆိုင်ရဲ့ မှော်ဝင်အောင် ပြုစုလိုက်ခြင်းလားတော့ မသိ နိုင်ပါ၊
ထူးခြားတာတော့ ထူးခြားပါပေတယ် ဆိုရမှာပါ၊
ပါရီမြို့ပေါ်က
ထူးခြားတဲ့ထင်ရှားတဲ့ အတွေ့ရထူးတဲ့ လမ်းလေးတွေရဲ့အကြောင်းကို တို့ထိထားအမျှ
ဆက်စပ်ရသမျှ
တင်ပြချင်မိ ပါသေးတယ်၊ ထင်ရှားခဲ့သူများရဲ့ ပါရီမြို့ကို ဖြတ်သန်းသွားခဲ့တာတွေနဲ့ ဆက်စပ်ပြီး
ဒီကနေ့ မောင်ရင်ငတေတို့ ခေတ် ပါရီနဲ့ နှိုင်းယှဉ်တင်ပြနိုင်ဖို့ ကြိုးစားပါအုံးမယ် ခင်ဗျာ၊
မောင်ရင်ငတေ
၀၇၀၇၂၀၁၅
Aucun commentaire:
Publier un commentaire