အိုင်းစတိုင်း
ပီကာဆို နဲ့ Lapin Agile
Maurice Utrillo Lapin Agile 1913 (Photo Google)
Maurice Utrillo Lapin Agile 1914 (Photo
Google)
ခပ်ဝေးဝေးက
မြင်ရပါတဲ့ အနုပညာတောင်ကုန်း (ဓါတ်ပုံ
မရငတ)
ပါရီမြို့တော်မှာ
အထင်ကရ တောင်ကုန်းတခု ရှိပါတယ်၊
La Butte Montmartre
တောင်ကုန်းလို့ အမည်ရပါတယ်၊ အဝေးကပင် မြင်တွေ့နိုင်ပါတယ်၊
အဲဒီ တောင်ကုန်း ဝန်းကျင် တဝိုက်ဟာ ပါရီမြို့မှာ အမြင်ဆုံးနေရာ ဖြစ်တာနဲ့ အညီ ပါရီမြို့ကြီးကို အပေါ် စီးက လှပလွမ်းမောဖွယ် မြင်တွေ့ရသလို ဟိုးအရင် ၂၀ ရာစု အလယ်ပိုင်း ကာလတွေ အထိ တိုင်အောင် သစ်ပင်ကြီးငယ်တွေနဲ့ တောင်တက်ပတ်လမ်း ခပ်ကျဉ်းကျဉ်းတွေမှာ ကားမရှိရထားမရှိ ဆူညံသံတွေ ကင်းဝေးရာ ရွာကလေး တရွာ အဖြစ်သာ ရှိခဲ့တယ် ဆိုကြပါတယ်၊
အဲဒီ တောင်ကုန်း အထင်ကရ
ဖြစ်လာရခြင်းတွေထဲက အကြောင်းတခုပါလို့ ပြောရင်ရနိုင်တဲ့ နေရာလေး တနေရာ တောင်ကုန်းရဲ့
မြောက်ဘက်ခြမ်း ကုန်းအဆင်း တနေရာမှာ ရှိပါတယ်၊
Cabaret Au Lapin Agile သို့မဟုတ် Nimble Rabbit Cabaret လို့ ခေါ်ပါတယ်၊
ဒီကနေ့ကာလမှာတော့
ညကိုးနာရီမှသာ ဖွင့်လှစ်ပြီး စားသောက်ဆိုင်လည်းမဟုတ် ဘားလို့လည်း မခေါ်ဆိုနိုင် ကပွဲရုံလို့လည်း
ပြောလို့မရနိုင်ပါတဲ့ ဆိုင်လေးတဆိုင် ဖြစ်နေပါပြီ၊
ကပွဲကြည့်ရင်း ရှန်ပိန်လေးသောက်တဲ့
ဆိုင်တဆိုင်လို့ ပြောရင် ပိုမှန်နိုင်ပါတယ်၊
ဆိုင်မလာခင် ညစာ အရင်
စားခဲ့ပါလို့ ကြေညာချက် ထုတ်ထားတဲ့ ဆိုင်အမျိုးအစားပါ၊
ဟိုးအရင် အနှစ်တရာ့ငါးဆယ်လောက်တုန်းကတော့
စားစရာကော သောက်စရာပါ တွဲရောင်းခဲ့ဟန်
တူပါတယ်၊ ဈေးကလည်း
သိပ်ကြီးလိမ့်မယ် မထင်မိပါဘူး၊
တကယ်တော့ အဲဒီတောင်ကုန်းဝန်းကျင် မှာက ဟိုး အရင်တုန်းကကော ဒီကနေ့ မောင်ရင်ငတေတို့
ခေတ်အထိပါ သိပ်ပြီးတော့ ချမ်းသာသူ လူကုံထံများ မနေကြပါဘူး၊ သာမန်လောက်သာ နေကြတာပါ၊
ချမ်းသာသူထက် ဆင်းရဲသူက ပိုလို့ များတဲ့ နေရာတခုပါ၊ အဲဒါကြောင့်လည်း ဗန်ဂိုးတို့ ဂေါ်ဂင်တို့
ဆေဇန်းတို့ ပီကာဆို တို့လို ပန်းချီကို ရူးသွပ်နေသူများ ဆင်းရဲမွဲတေနေစဉ် နေထိုင်ခဲ့ကြတဲ့ နေရာဖြစ်ဟန် တူပါတယ်၊

၁၇၉၅ ခုနှစ်မှာ ဒီဆိုင်အဆောက်အဦးကို
ဆောက်လုပ်ခဲ့ပြီး ၁၈၆၀ ခုနှစ်များမှာတော့ ဆိုင်အမည် Cabaret des Assassins တွင်ခဲ့ပါတယ်၊
အဲဒီအမည်တွင်ရတဲ့ အကြောင်းရင်းကတော့ ၁၆၁၀ ခုနှစ် တုန်းက ပြင်သစ်ဘုရင် Henri IV ကို မြို့လယ်ခေါင် လမ်းမပေါ်မှာ ဓါးနဲ့ထိုး လုပ်ကြံ သတ်ဖြတ်ခဲ့သူ François Ravaillac ပုံကို နံရံမှာ
ရေးဆွဲထားလို့ အဲဒီလို အမည်တွင်ခဲ့ရတာပါ၊

Le Cabaret du Lapin Agile (1913) (Photo Google)
၁၈၈၀ ခုနှစ်မှာတော့ ကာရီကေချားပုံများရေးဆွဲသူ André Gill (၁၈၄၀-၁၈၈၅) ရဲ့ ရုပ်ပြောင်ပန်းချီ လက်ရာ ‘ယုန် စားပွဲထိုး’ ပန်းချီ
ရုပ်ပုံကို အကြောင်းပြုပြီးတော့ Au Lapin Agile (Au Lapin à Gill) ဆိုပြီး ဆိုင်အမည်က ဒီကနေ့ထိတိုင် တွင်လာခဲ့တာပါ၊
မောင်ရင်ငတေ ထင်တာကတော့ အဲဒီချိန်ခါ တွေတုန်းက ဆိုင်အမည်တွေကို သီးခြားရွေးချယ် အမည်ပေးလေ့ မရှိသေးပါဘဲ အစဉ်ပြေသလိုသာ ခေါ်ဝေါ်ခဲ့ကြရာကနေ ဒီလိုမျိုး ဆိုင်အမည်တွေ
တွင်လာခဲ့ဟန် တူပါတယ်၊
သက်တမ်း တရာ့ငါးဆယ် နီးပါး
ရှိပြီဖြစ်တဲ့ အဲဒီ
ဆိုင်ကလေးကတော့ ခပ်သေးသေး ခပ်ကျဉ်းကျဉ်း
လေးသာပါ၊ နှစ်ဆယ်ရာစုအစောပိုင်းခေတ်ရဲ့ နာမည်ကျော်ကြားသူများ အဲဒီဆိုင်သေးသေးလေးမှာ ထိုင်ဖူးခဲ့ကြတာကြောင့် နာမည်ကြီးလာခဲ့တာပါ၊
ထိုင်ခဲ့ဖူးကြသူတွေကတော့ Toulouse-Lautrec, Amedeo Modigliani, Pablo Picasso, Auguste Renoir, Georges Braque, Maurice Utrillo, Max Jacob, Guillaume Apollinaire, Rivera, André Salmon, Manuel Ortiz, Jean Cocteau, Courteline တို့ အပါအဝင် အနုပညာသမား စာသမားတွေ အတော်များများ ထိုင်ခဲ့ကြဖူးပါတယ်၊
နာမည်ကျော် သရုပ်ဆောင်များ ဖြစ်ကြတဲ့ Rudolph Valentino, Vivien Leigh, Charlie Chaplin

စသည် စသည်တို့လည်း ဒီဆိုင်လေးရှိရာကို တကူးတက
လာရောက်ပြီး ထိုင်ဖူးတယ်ရှိအောင် လာ
ထိုင်သွားကြပါတယ်တဲ့၊
တခြားသော နာမည်ကျော်သူများရော နာမည်မကျော်သူများလည်း ဒီဆိုင် မှာ လာရောက် ထိုင်ဖူးကြမှာကတော့ အသေအချာပါ၊
တခြားသော နာမည်ကျော်သူများရော နာမည်မကျော်သူများလည်း ဒီဆိုင် မှာ လာရောက် ထိုင်ဖူးကြမှာကတော့ အသေအချာပါ၊
Le Cabaret du Lapin agile (2015) (ဓါတ်ပုံ
မရငတ)
အဲဒီဆိုင်လေးကို နာမည်ပိုမိုကြီးစေခဲ့တာကတော့ အိုင်းစတိုင်းနဲ့ ပီကာဆိုတို့ တွေ့ဆုံစကားပြောဖူးခဲ့
တာကလည်း အကြောင်းရင်း တချက်ပါ၊
ဂျာမဏီနိုင်ငံ တောင်ပိုင်း Ulm မြို့ကလေးမှာ မွေးဖွားခဲ့သူ Ashkenazi Jews ဂျူး မျိုးနွယ်ဖွား ရူပဗေဒ ပညာရှင် အတွေးအခေါ်ပညာရှင် နာမည်ကျော် Albert Einstein အိုင်းစတိုင်း (၁၈၇၉-၁၉၅၅) နဲ့ ပန်းချီဆရာ ပီကာဆို (၁၈၈၁-၁၉၇၃) တို့နှစ်ယောက် အဲဒီ ဆိုင်ကလေးမှာ အောက်တိုဘာလ ၈ ရက်နေ့ ၁၉၀၄ ခုနှစ်က တွေ့ဆုံဆွေးနွေး စကားစစ်ထိုး ပြောခဲ့ ကြပါတယ်၊
အယ်ဘတ် အိုင်းစတိုင်းရဲ့ Special Theory of Relativity (1905) သီအိုရီ ပီကာဆိုရဲ့ Les Demoiselles d'Avignon (1907) ပန်းချီကားတို့ မထွက်ပေါ်သေးမီကာလကပါ၊
အိုင်းစတိုင်းနဲ့ ပီကာဆို တို့နှစ်ယောက် စကားပြောခဲ့ ကြတာကို Picasso at the Lapin Agile ဆိုပြီး အမေရိကန် လူမျိုး Steve Martin ဆိုသူက ပြဇာတ်ရေးသားပြီး ၁၉၉၃ ခုနှစ် နောက်ပိုင်းမှာ ကပြခဲ့တာ မှာလည်း လူကြိုက်အလွန်များခဲ့ ပါတယ်တဲ့၊

ပန်းချီဆရာ André Gill ရဲ့ ‘ယုန် စားပွဲထိုး’ Le
Lapin à Gill (ဓါတ်ပုံ မရငတ)
နောက်ထပ် သေချာတာ တခုကတော့ ဒီဆိုင်ကလေးရဲ့ သမိုင်းကြောင်းအရရော တည်နေရာ အနေ
အထားကြောင့်ရော ဆိုင်ပုံစံလေးကရော ထိုင်ချင်စဖွယ်ပါ၊
မောင်ရင်ငတေလည်း ထိုင်ချင်မိနေတာ ကြာလှနေပေမယ့်လို့ ဆိုင်ဖွင့်ချိန်က နေ့ခင်းနေ့လယ်မှာမဟုတ်ပါဘဲ ညကိုးနာရီ ဖြစ်နေတာကြောင့် ကိုယ်တတ်နိုင်တဲ့ တခွက်တဖလားလောက် ဝင်သောက်ဖို့က မလွယ်တာက တကြောင်း ဒကာခံမယ့် ခရိုဏီ မရှိတာကတကြောင်း ငွေစကြေးစရွှင်ပါတဲ့ ခရိုဏီလက်သစ်တွေ ဒကာခံ ပါမယ် ဆိုရင်လည်း ညဘက် ဆိုင်ဖွင့်ချိန်ကို မရောက်ဖြစ်တာကတကြောင်း ဒီကနေ့ထိတိုင် မထိုင်ဖြစ် ခဲ့သေးပါဘူး၊

ရေစက်ပါလာတဲ့
တနေ့မှာတော့ ထိုင်ဖြစ်ပါလိမ့်မယ် ထင်မိကြောင်းပါ၊
အဲဒီ
Le Cabaret du Lapin Agile ဆိုင်ရဲ့ ပုံတူပန်းချီကားတွေကို ရေးဆွဲကြသူတွေကတော့ ခေတ်
အဆက်ဆက်
အများအပြား ရှိခဲ့မှာ သေချာပါတယ်၊
ဒီ တောင်ကုန်းကို မောင်ရင်ငတေ ရောက်ခဲ့တဲ့ အခေါက်တိုင်း လိုလိုမှာလည်း အပျော်တမ်းလေလား
ဒီ တောင်ကုန်းကို မောင်ရင်ငတေ ရောက်ခဲ့တဲ့ အခေါက်တိုင်း လိုလိုမှာလည်း အပျော်တမ်းလေလား
သင်တန်းသူ သင်တန်းသား ကျောင်းသားများလေလား
ပန်းချီရေးဆွဲ နေသူတွေကို တွေ့မြင်ရလေ့ ရှိပါတယ်၊
Le Cabaret du Lapin Agile (2015) (ဓါတ်ပုံ
မရငတ)
မောင်ရင်ငတေ
အွန်လိုင်းစာမျက်နှာတွေမှာ ရှာဖွေတွေ့ရှိခဲ့ရမိသလောက် Lapin Agile ဆိုင်ပုံတူကို အများဆုံး
ရေးဆွဲခဲ့သူကတော့ ဒီ Montmartre တောင်ကုန်းသားလို့ ပြောမယ်ဆိုရင် ရနိုင်လောက် ပါတဲ့
Maurice Utrillo ဆိုသူပါ၊
ပါရီမြို့သားပန်းချီဆရာ
Maurice Utrillo (၁၈၈၃-၁၉၅၅) ကို La Butte Montmartre အနုပညာ
တောင်ကုန်း အနီးက Rue du Poteau လမ်း အိမ်အမှတ် (ရှစ်) မှာ မွေးဖွားခဲ့တာပါ၊
တောင်ကုန်း အနီးက Rue du Poteau လမ်း အိမ်အမှတ် (ရှစ်) မှာ မွေးဖွားခဲ့တာပါ၊
အမေဖြစ်သူ
Suzanne Valadon (၁၈၆၅-၁၉၃၈) ကလည်း ပန်းချီဆရာမ တဦး ဖြစ်သလို Pierre-Auguste
Renoir, Henri de Toulouse-Lautrec, Edgar Degas တိုရဲ့ ပန်းချီမော်ဒယ် ဖြစ်ခဲ့ဖူးသူ
လို့ ဆိုကြပါတယ်၊
ပန်းချီဆရာ Maurice Utrillo ဟာ Montmartre တောင်ကုန်းသားပီသစွာနဲ့ အဲဒီ ကဖေးဆိုင် Lapin Agile ဆိုင်ပုံတူ ပန်းချီကားများကို ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါ ရေးဆွဲခဲ့ပါသလဲလို့ ဆိုတာကို မောင်ရင်ငတေ သေချာ မသိနိုင်ပေမယ့် . . . . . . . . . . . . . . . . . .. ... ... ....
ရှာဖွေတွေ့ရှိ ရသမျှသော ပန်းချီဆရာ ဥူထရီယို ရေးဆွဲခဲ့ပါတယ် ဆိုတဲ့ ** လာပန် အာဂျီလ် *** ဆိုင်ကလေးရဲ့ ပုံတူ ပန်းချီကားများကို စုဆောင်း တင်ပြလိုက်ရပါတယ် ခင်ဗျား၊

စာဖတ်သူ
အားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း . ……. နဲ့ အတူ ဒီ ဆိုင်ကလေးရှေ့ကို အတူ ရောက်ရှိခဲ့ဖူးသူများကိုလည်း
အထူးသတိယမိကြောင်းပါ၊
ဒီဆိုင်လေးနဲ့
ကပ်လျှက်မှာတည်ရှိတဲ့ La Maison Rose ဆိုတဲ့ ပန်းရောင်နှင်းဆီ ကဖေးဆိုင်လေးနဲ့ စပျစ်စိုက်ခင်း
အပါအဝင် Montmartre အနုပညာ တောင်ကုန်း ဝန်းကျင်
အကြောင်းတွေကိုလည်း ကြုံကြိုက်လာမယ်ဆိုရင် ရေးပါအုံးမယ်၊
Aucun commentaire:
Publier un commentaire