Libellés

Archives du blog

mardi 7 juillet 2015

Cathédrale Notre-Dame de Paris ရဲ့ ညအလှ (၁) * * ** ****




နှစ်ပေါင်း ၈၅၂ နှစ် သက်တမ်းရှိပြီဖြစ်တဲ့ Cathédrale Notre-Dame de Paris ရဲ့ ညအလှ * * * **** ** ****
၁၇ နှစ်သား အရွယ်ကစပြီး နန်းစံခဲ့တဲ့ ပါရီမြို့သား Louis VII le Jeune (The Younger) သတ္တမမြောက် လူဝီဘုရင် (၁၁၁၉-၁၁၈၀) ဟာ သူ့ရဲ့ နန်းသက်ရှည် ကာလအတွင်းမှာ ပါရီရဲ့ နာမည်ကျော်ကြား ထင်ရှားလှတဲ့ အဆောက်အဦးများစွာကို တည်ဆောက်နိုင်ဖို့ အားပေးခဲ့ပါတယ်၊ ဒီကနေ့ တွေ့မြင်နေရသော Cathédrale Notre-Dame de Paris ဘုရားကျောင်းကို ၁၁၆၃ ခုနှစ်မှာ စတင်အုတ်မြစ်ချ တည်ဆောက်စဉ်ကလည်း အားပေးကူညီခဲ့သူတဦး ဖြစ်ပါတယ်၊
  * *** ပုဂံ နရသူမင်းက ဓမ္မရံကြီး ဘုရားကို ၁၁၆၅/၆၇ ခုနှစ်မှာ တည်ခဲ့ပါတယ်လို့ ဖတ်မိမှတ်မိပါလို့ ပါရီရဲ့
Notre-Dame ဘုရားကျောင်းက နှစ်အနည်းငယ်သာ စောပြီးတော့ တည်ခဲ့တာပါ၊ ကျန်စစ်သားမင်း
တည်ခဲ့တဲ့ အာနန္ဒာဘုရားက ၁၀၉၀/၁၁၀၅ ခုနှစ်  *** *** အလောင်းစည်သူမင်းရဲ့ သဗ္ဗညုဘုရားက ၁၁၄၄
ခုနှစ်မှာ တည်ဆောက်ခဲ့တာဆိုတော့ ပါရီနော့ထ်ရ်ဒမ် ဘုရားကျောင်းထက် အများကြီးစောခဲ့တာပါ၊


မောင်ရင်ငတေ ၀၇၀၇၂၀၁၅

Aucun commentaire:

Enregistrer un commentaire