မင်း
မရှိတဲ့ တိုင်းပြည်
မင်း
မရှိတဲ့ တိုင်းပြည်
ငါ ချစ်မြတ်နိုးရပါတဲ့
မင်း မရှိတော့တဲ့ တိုင်းပြည်၊
မင်း မှ မရှိတော့
ငါ မနေချင်တော့ပါတဲ့ တိုင်းပြည်၊
ဒီတိုင်းပြည်မှာ ငါချစ်တဲ့
မင်း မှ မရှိတော့တဲ့ ….. ….. နောက်၊
ငါ အသည်းနှလုံးတွေ
ကွဲကြေသွားပလေ့စေ ငါ မနေချင်တော့ပါဘူး၊
အဲဒီလိုနဲ့ ငါဟာ မင်း
မရှိတော့ပါတဲ့ တိုင်းပြည်ကို စွန့်လွှတ်ထွက်ခွာ၊
နှစ်တွေ ကာလတွေ အဲဒီလို
ကြာညောင်းလို့ လာခဲ့ လာခဲ့ လာခဲ့၊
အော် . … …. . … မင်း
မှ မရှိတော့ မင်း မှ မရှိတော့၊
မင်း မရှိတဲ့ တိုင်းပြည်ကို
ငါ ဘယ်လို ပြန်လာချင်ပါ့မလဲ၊
တခါက မင်းရဲ့ (မရငတ)
၂၈၀၇၂၀၁၅
Aucun commentaire:
Publier un commentaire