အိုး
ရှောင် ဇေ လီ ဇေ
ဒီ အမည် . . .. … ….. ကြားဖူးသူများ ရောက်ဖူးသူများ များကောင်း များပါလိမ့်မယ်၊
Champs-Élysées လမ်းမကြီးအောက် မြေအောက်ထဲမှာ ပြေးဆွဲနေတဲ့ မေထရိုလိုင်းကတော့ လိုင်း
La Défense စံပြ ပါရီမြို့သစ်
နောက်ခံထားလို့ တွေ့မြင်ရပါတဲ့
Arc de Triomphe အောင်ပွဲခံမုခ်ဦး
Avenue des Champs-Élysées အာဗန်းညူး ဒေ ရှောင်ဇေလီဇေ ရိပ်သာလမ်းမကြီး (ဓါတ်ပုံ မရငတ)
နောက်ခံထားလို့ တွေ့မြင်ရပါတဲ့
Arc de Triomphe အောင်ပွဲခံမုခ်ဦး
Avenue des Champs-Élysées အာဗန်းညူး ဒေ ရှောင်ဇေလီဇေ ရိပ်သာလမ်းမကြီး (ဓါတ်ပုံ မရငတ)
(Shah
~
Zay ~
Lee ~
Zay) ရှောင် ဇေ လီ ဇေ . …
ဒီ အမည် . . .. … ….. ကြားဖူးသူများ ရောက်ဖူးသူများ များကောင်း များပါလိမ့်မယ်၊
ဒီ
စာလုံးပေါင်း Champs-Élysées မြင်တာနဲ့ ကြားဖူးကြတဲ့ Shah
~
Zay ~
Lee ~
Zay
စာလုံးပေါင်းနဲ့
အသံထွက် ဘာမှ မဆိုင်ပါဘူးလို့ အဲဒီ စာလုံးပေါင်းကို မြင်ဖူးကြသူတွေ တွေးမိမှာပါ၊
အဲဒီ လမ်းမကြီးက ပါရီမြို့ကို
ရောက်လာရင် တရက်သာ အချိန်ရရ နေ့တဝက်လောက် အချိန်ရရ
မရောက်မရှိ
ရောက်ရမှာပါ၊ အီဖယ်ရယ် ရှောင်ဇေလီဇေရယ် ... ….. …... မနားရင်သာ မနားရမယ်၊
ပါရီရောက်ရင်
ဒီ နှစ်ခုကို ဖြတ်သန်းသွားရမှာကတော့ အသေအချာပါ။
ဒီလမ်းမကြီး
ဘယ်လောက်ကြီးကျယ်တယ် ဘယ်လောက်ခမ်းနားတယ်၊ ရောက်ဖူးသူတွေ သိသလို
မရောက်ဖူးသေးသောသူများလည်း ဟိုဖတ်ဒီဖတ်ဖတ်ကြည့်လိုက်ရင် အလွယ်တကူ သိနိုင်ပါတယ်၊
ဒါကြောင့်
အကျယ်တဝင့်တော့ မရေးချင်တော့ပါဘူး။
နှစ်ကီလိုမီတာ
နီးပါး ရှည်လျှားတဲ့ ဒီ လမ်းမကြီးရဲ့ သမိုင်းအစကတော့ ၁၆၇၀ ခုနှစ်လို့ ဆိုပါတယ်၊
အဲဒီခေတ်ကာလမတိုင်မီကတော့
လမ်းမကြီးရယ် မဟုတ်ခဲ့ပါသော်လည်းဘဲ Palais et Jardin des
Tuileries ပန်းခြံထဲက လမ်းတလမ်းအဖြစ် စတင်တည်ရှိခဲ့တယ် ဆိုကြပါတယ်။
Tuileries ပန်းခြံထဲက လမ်းတလမ်းအဖြစ် စတင်တည်ရှိခဲ့တယ် ဆိုကြပါတယ်။
ဒီကနေ့ ခေတ်ကာလမှာ ဒီ လမ်းမကြီး နာမည်ကြီးနေရတာကတော့ အနောက်ဘက်စွန်းက Arc
de Triomphe de l'Étoile အောင်ပွဲခံမုခ်ဦးကြောင့် ဖြစ်သလို လမ်းမကြီးရဲ့ အရှေ့ဘက် အစွန်း
မှာရှိတဲ့ Obélisque de Louxor ခေါ် ကွန်းကော့ဒ်ကျောက်တိုင် Jardin des Tuileries ပန်းခြံတို့
Palais du Louvre လုဗ်ရ်နန်းတော် ပြတိုက်တို့ကြောင့်လည်း ဖြစ်ပါတယ်၊ ဒါတွေအားလုံး ပေါင်း
စပ်လိုက်မှသာ ပါရီသမိုင်း ပြင်သစ်သမိုင်းက ပြီးပြည့်စုံမှာပါ၊ တခုနဲ့တခုက ဆက်စပ်ပတ်သက်
နေတာပါ၊ ဒါတောင် အကြောင်းအမျိုးမျိုးကြောင့် ယိုယွင်းပျက်စီးခဲ့တာတွေ ဖျက်စီးခံရတာတွေကို
နှမျှောသတ နေကြသူ သမိုင်းချစ်ကြသူတွေ အများကြီး ရှိနေပါသေးတယ်။

ရှောင်ဇေလီဇေလမ်းမကြီးအောက်က မြေအောက်မေထရိုလိုင်း နံပတ် တစ် (Photo Google)
Champs-Élysées လမ်းမကြီးအောက် မြေအောက်ထဲမှာ ပြေးဆွဲနေတဲ့ မေထရိုလိုင်းကတော့ လိုင်း
နံပတ်
တစ်ပါ၊ အဝါရောင်လိုင်းလို့ ဆိုပါစို့၊ ပါရီ မြေအောက်ရထားတွေရဲ့ ပထမဆုံးသောလိုင်းဖြစ်ပြီး
၁၉၀၀
ပြည့်နှစ် ဂျူလိုင် ၁၉ ရက်နေ့မှာ စတင်ပြေးဆွဲခဲ့တာဖြစ်လို့ နှစ်ပေါင်း ၁၁၅ နှစ် ပြည့်ပြီးခဲ့ပါပြီ။
ဒီအဝါရောင်
နံပတ်တစ်လိုင်းကို စီးတတ်ပြီဆိုရင် ပါရီမြို့ကို အဖော်မလို လည်လို့ပတ်လို့ ရပါပြီ၊
ပါရီ
မြို့တော်ရဲ့ အဓိကနေရာတွေကို တောက်လျှောက်ဖြတ်သန်းသွားတာမို့လို့ လာရောက်လည်ပတ်သူ
ကမ္ဘာလှည့်တွေရောပါရီဇီယမ်တွေပါ တနှစ်ကိုခရီးသည် သန်းနှစ်ရာကျော်ခန့် စီးကြပါတယ်တဲ့၊ ပါရီ
သမိုင်းရဲ့ ဂန္တဝင်နေရာတွေကို ဆက်သွယ်ပေးခဲ့တဲ့ ပထမဦးဆုံးသော မြေအောက်ရထားလိုင်းပါ။

အဲဒီ
လိုင်းကို အဲဒီ နေရာမှာ ဦးစားပေး ဖောက်လုပ် တည်ဆောက်ကြဖို့ တွက်ချက်ခဲ့သူများကိုတော့
လေးစားထိုက်ပါတယ် ခင်ဗျား၊ ဒါပေမယ့် ပါရီကို လာလည်ကြသူများအတွက် အထူးသတိထားရမှာ
ကတော့ အဲဒီ မောင်းသူမဲ့ အဝါရောင် မြေအောက်ရထားလိုင်း အမှတ်တစ်ပေါ်မှာက ဖမ်းသူမဲ့သော
ကိုရွှေခါး မရွှေခါးများရဲ့ အန္တရာယ်ကြီးက တနေ့တခြား ဆိုးရွားလာတာကိုပါ ခင်ဗျား။

L'Avenue des Champs-Élysées (ဓါတ်ပုံ
မရငတ)
ဘယ်လိုတွေ ဘာအကြောင်းတွေကြောင့်ဖြစ်ဖြစ် အဲဒီ လမ်းမကြီး ရှောင်ဇေလီဇေပေါ်မှာ အောင်ပွဲခံ
မုခ်ဦးကြီးရှိရာသို့ ကမ္ဘာအရပ်ရပ်က ဖြူနီဝါပြာလူမျိုးပေါင်းစုံဟာ ဦးတိုက်ရောက်ရှိလာပြီး အောင်ပွဲခံ
လမ်းလျှောက်နေကြတာကတော့ နေစဉ်နဲ့အမျှ ကြက်ပျံမကျ စည်ကားနေတာပါဆိုရင် မမှားပါဘူး။
ပါရီမြို့က
နာမည်ကျော်လမ်းမကြီး Avenue des Champs-Élysées အမည်နဲ့ ပါရီမြို့ရဲ့လှပပုံလေး
တွေကို ဖွဲ့ဆိုထားတဲ့ နယူးယောက်မြို့သား ပြင်သစ်နွယ်ဖွား ဂျူးလူမျိုးဖြစ်သူ ၁၉၇၀ ခုနှစ်များဆီက
နာမည်ကျော်ကြားခဲ့တဲ့ အဆိုတော်ကြီး Joe Dassin (၁၉၃၈-၁၉၈၀) ရဲ့သီချင်း “အိုရှောင်ဇေလီဇေ
(Aux Shah ~ Zay ~ Lee ~ Zay) ကို မိတ်ဆက်ပေးလိုက်ရင်း . . . .. .....
မောင်ရင်ငတေရဲ့ အို ….. ရှောင်ဇေလီဇေ စာစု ရေးသားမှုကို
ဒီနေရာမှာ တခန်းရပ်နား လိုက်ပါတော့မယ် ခင်ဗျား၊ ကျေးဇူး အထူး တင်ရှိပါတယ် ခင်ဗျား။

အို
….. ရှောင်ဇေလီဇေ Aux Champs-Elysees
http://www.youtube.com/watch?v=d9V-zUlrhEE
Arc de Triomphe အောင်ပွဲခံမုခ်ဦး ထိပ်ကနေ မြင်တွေ့ရတဲ့ ရှောင်ဇေလီဇေ (ဓါတ်ပုံ မရငတ)

Arc de Triomphe အောင်ပွဲခံမုခ်ဦး ထိပ်ကနေ မြင်တွေ့ရတဲ့ ရှောင်ဇေလီဇေ (ဓါတ်ပုံ မရငတ)
အိုး ... ရှောင်ဇေလီဇေ ….. Aux Champs-Elysées
Je
m'baladais sur l'avenue le cœur ouvert à l'inconnu
J'avais envie de dire bonjour à n'importe qui
N'importe qui et ce fut toi, je t'ai dit
n'importe quoi
Il suffisait de te parler, pour t'apprivoiser
Aux
Champs-Elysées, aux Champs-Elysées
Au soleil, sous la pluie, à midi ou à minuit
Il y a tout ce que vous voulez aux
Champs-Elysées
Tu
m'as dit "J'ai rendez-vous dans un sous-sol avec des fous
Qui vivent la guitare à la main, du soir au
matin"
Alors je t'ai accompagnée, on a chanté, on a
dansé
Et l'on n'a même pas pensé à s'embrasser
Hier soir deux inconnus et ce matin sur l'avenue
Deux amoureux tout étourdi par la longue nuit
Et de l'Étoile à la Concorde, un orchestre à
mille cordes
Tous les oiseaux du point du jour chantent
l'amour.
၁၉၀၀ ပြည့်နှစ်က L'Avenue des Champs-Élysées (Photo Google)
အိုး … ရှောင်ဇေလီဇေ ….. The Champs-Elysées
I trotted on the
avenue the heart open to the unknown
I wanted to say hello to anyone
Anyone and that was you, I told you anything
It was enough to tell you to make you mine
The
Champs-Elysées, the Champs-Elysées
The sun,
in the rain, at midday or midnight
There is everything you want at
Champs-Elysées
You told me
"I have an appointment in a basement with crazy
Living guitar in hand, from dusk to dawn
"
Then I accompanied you, we sang, we danced
And we did not even think of kissing
Yesterday evening two unknowns and this morning on the avenue
Two lovers dazed by the long night
And the Star of Concord, form an orchestra
with thousand cords
All the birds at day sing of love.
မောင်ရင်ငတေ
၂၂၀၇၂၀၁၅
လွန်ခဲ့တဲ့ တနှစ်ကျော်က ရေးသားထားဖြစ်တဲ့ ပါရီမြို့ရဲ့ အသည်းနှလုံး ပါရီပုံရိပ်များထဲက
နံပတ်တစ် တခုဖြစ်တဲ့ * ** အိုး … ရှောင်ဇေလီဇေ ရိပ်သာ လမ်းမကြီးအကြောင်း ** ** *
အသစ်စက်စက် ကမ်းဝေးကြိုးကြာ အင်တာနက်စာမျက်နှာ အတွက် . . . . . . . .. .. ….. …..
ပါရီမှာ သောင်တင်နေတဲ့
.. . … …… …...
ကမ်းဝေးကြိုးကြာတကောင်
မောင်ရင်ငတေ ၂၄၀၂၂၀၁၆
Aucun commentaire:
Publier un commentaire