ဆယ့်လေးဂျူလိုင်
ဘာစတီးထောင်ပျက်တဲ့နေ့
Le Quatorze Juillet 2013 (ဓါတ်ပုံ မရငတ)
ဒီကနေ့ကာလများမှာတော့ ဒီနေ့ဂျူလိုင်ဆယ့်လေးရက်က ပြင်သစ်တနံတလျှား အများပြည်သူတွေ
အလုပ်ပိတ်တဲ့ ရက်တရက်အဖြစ် အလုပ်လုပ်နေတဲ့ လူတိုင်းလိုလို မှတ်မှတ်ရရ ဖြစ်ကြတဲ့ နေ့ပါဘဲ၊

နောက်တခုကတော့ ပါရီမြို့ရဲ့ အဓိက လမ်းမကြီးဖြစ်တဲ့ ရှောင်ဇေလီဇေ လမ်းမကြီး တလျှောက်မှာ
လမ်းတွေပိတ်ပြီး စစ်ရေးပြ စစ်ချီတက်ပွဲ အခမ်းအနားကို အကြီးအကျယ်လုပ်ပြီး ပြင်သစ်နိုင်ငံပိုင်
တယ်လီဗေးရှင်းတွေကလည်း တိုက်ရိုက်ထုတ်လွှင့် ပြသတာကို နှစ်စဉ်နှစ်တိုင်း ဒီနေ့ဒီရက်ရောက်
ရှိလာရင် မြင်တွေ့ကြရစမြဲပါ၊

ဒီနေ့ရက်ကို ကနေ့မှာတော့ ပြင်သစ်ပြည်ကြီးရဲ့ La Fête
Nationale Française အမျိုးသားနေ့ရယ်လို့
သတ်မှတ်ခေါ်ဆို ကြပါတယ်၊
သတ်မှတ်ခေါ်ဆို ကြပါတယ်၊
အမျိုးသားနေ့ အဖြစ် သတ်မှတ်ပြီး စစ်ချီစစ်တက်အခမ်းအနားတွေကို အကြီးအကျယ် လုပ်လာခဲ့တဲ့
နောက်ပိုင်းမှာ မောင်ရင်ငတေတို့လို သမိုင်းနောက်ခံ အချက်တွေကို သေချာမသိတဲ့သူ အများစုကတော့
စစ်ရေးပြပွဲ နေ့တနေ့အဖြစ် အပေါ်ယံ နားလည် ထားခဲ့ကြပါတယ်၊

တချို့တွေကလည်း ဘာစတီး
အကျဉ်းထောင်ကြီးနဲ့ အဓိက ပတ်သက်နေလို့
Bastille Day လို့ လည်း
လွယ်လွယ်ကူကူ ခေါ်နေရေးနေ ကြပါတယ်၊
လွယ်လွယ်ကူကူ ခေါ်နေရေးနေ ကြပါတယ်၊
La Forteresse de la Bastille (Château Fort, Arsenal et Prison) (Photo Google)
ဘာစတီး အကျဉ်းထောင်ကြီးကို Charles V de France ရှားလ်ဘုရင် ၅
(၁၃၃၈-၁၃၈၀) ပြင်သစ်
ဘုရင် အဖြစ် အုပ်စိုးနေတဲ့ ၁၃၆၄ ခုကနေ ၁၃၈၀ ခုအတွင်း အင်္ဂလိပ်တွေရဲ့ ရန်ကနေ ကာကွယ်ဖို့
၁၃၇၀ ခုနှစ် မှာ စတင်ပြီး ခံတပ်ကြီးအဖြစ် တည်ဆောက်ခဲ့တာပါ၊

အင်္ဂလိပ်နဲ့ ပြင်သစ်တို့ရဲ့
နှစ်တရာ စစ်ပွဲကာလအတွင်း တည်ဆောက်ခဲ့တဲ့ ဒီဘာစတီးခံတပ်ကြီးကို
၁၄ ရာစု ၁၅ ရာစု အတွင်းမှာတော့ ပြင်သစ်ဘုရင်တို့ရဲ့ အမြောက်သေနတ်လက်နက်တွေ ထုတ်လုပ်
ရာ သိမ်းဆည်းရာ လက်နက်တိုက် အဖြစ်၎င်း ၁၅ ရာစု နောက်ပိုင်းမှာ အရေးကြီးတဲ့ အကျဉ်းသားများ
ထားရှိရာ အကျဉ်းထောင်ကြီး အဖြစ်၎င်း အသုံးပြုခဲ့ ကြတာပါ၊

Louis XVI de France လူဝီ ၁၆ (၁၇၅၄-၁၇၉၃) ပြင်သစ်ဘုရင် အဖြစ် အုပ်စိုးနေတဲ့ အချိန်မှာ ဖြစ်
ပွားခဲ့တဲ့ ပြင်သစ်တော်လှန်ရေးကာလ (၁၇၈၉-၁၇၉၉) မှာတော့ ဒီဘာစတီး အကျဉ်းထောင်ကြီးကို
ပြင်သစ်ပြည်သူလူထုတွေက ဖျက်စီးပစ်နိုင်ခဲ့ပြီး ဘုရင်စံနစ်ကို ပထမဆုံးအကြိမ် အဆုံးသတ် ရပ်တန့်
စေခဲ့ပါတယ်၊

၁၇၈၉ ခုနှစ် ဆယ့်လေးရက် ဂျူလိုင်လမှာ အထွေထွေ မကျေနပ်မှုများကြောင့်
တော်လှန်ခဲ့တဲ့
ပြင်သစ်ပြည်သူလူထုကြီးက ဘာစတီး အကျဉ်း ထောင်ကြီးကို ဖျက်စီးနိုင်ခဲ့ပေမဲ့ လူဝီ ၁၆ ဘုရင်
ရဲ့ အုပ်ချုပ်မှု အာဏာ အရပ်ရပ်ကိုတော့ ချက်ခြင်း ရပ်စဲနိုင်ခဲ့ခြင်း မရှိသေးပါဘူး၊

ဘာစတီးထောင်ပျက်တဲ့နေ့ အထိမ်းအမှတ်အဖြစ်
ပထမဆုံးအကြိမ် နှစ်ပတ်လည် အခမ်းအနား
ပြုလုပ်ခဲ့သော ၁၇၉၀ ပြည့်နှစ် ဂျူလိုင်လ ဆယ့်လေးရက်
နေ့မှာတော့ ပွဲကျင့်ပရာနေရာ ယခုခေတ်
အီဖယ်မျှော်စင် နေရာအနီးက Champ-de-Mars မြက်ခင်းပြင်ကျယ် ရှိရာကို ဘုရင်ကြီးလူဝီ ၁၆ လည်း
တက်ရောက်ခဲ့ပါသေးတယ်တဲ့၊

အဲဒီတုန်းကတော့ အမျိုးသားနေ့ လို့တော့ မခေါ်ခဲ့ကြသေးဘဲ Fête de la Fédération လို့သာ
ခေါ်ဝေါ်ခဲ့ကြပါတယ်၊ ၁၈၈၀ ခုနှစ် ရောက်ရှိတော့မှသာ ပြင်သစ်အမျိုးသားနေ့အဖြစ် တရားဝင်
သတ်မှတ်ခဲ့ကြတာပါ၊
သတ်မှတ်ခဲ့ကြတာပါ၊
La Fête de la Fédération, le 14 juillet 1790, sur Champ-de-Mars,
Paris (Photo Google)
ပြင်သစ်တော်လှန်ရေးကာလဟာ
ဘာစတီးထောင်ကို မဖျက်စီးနိုင်သေးတဲ့ မေလ ငါးရက် ၁၇၈၉ ခု
ကနေပြီး စတင်ခဲ့တယ်လို့ မှတ်ယူထားကြပြီး စစ်ဘုရင်ကြီးအဖြစ် တဖြေးဖြေး နာမည်ကြီးလာတဲ့ Napoléon Bonaparte ပထမနပိုလီယံ (၁၇၆၉-၁၈၂၁) ဦးဆောင်ကာ Coup d'État ဟုခေါ်သော
စစ်အာဏာသိမ်းခဲ့တဲ့ နိုဝင်ဘာ ကိုးရက် ၁၇၉၉ ခုနှစ်အထိ ဆယ်နှစ်ခွဲလောက် ကြာမြင့်ခဲ့ပါတယ်၊

Louis XVI fut guillotiné le lundi 21 janvier 1793 à Paris, Place de la Révolution
(Place de la Concorde) (Photo Google)
ဘာစတီးကို
ပြည်သူလူထုရဲ့အားနဲ့ ဖြိုချဖျက်စီးခဲ့ပြီးနောက် နှစ်နှစ်ကျော်အကြာမှာ
ပြင်သစ်ပြည်သူ ပြည်သားတွေဟာ သူတို့ မုန်းတီးလှတဲ့ လူဝီ ၁၆ ဘုရင်ကို သူအရင် အာဏာပိုင်
ဘုရင်တွေ တီထွင် ဖန်တီးခဲ့တဲ့ La Guillotine ခေါ် ခေါင်းဖြတ်စက်ကြီးနဲ့ လူအများရဲ့ ရှေ့မှောက်မှာ
လက်စားပြန်ချေ ခေါင်းဖြတ်ခွင့် ရခဲ့ပါတော့တယ်၊
အဲဒီနေရာကတော့ ပါရီမြို့လယ်ခေါင် လုဗ်ဖ်နန်းတော်ဟောင်းကြီး အနီးမှာ တည်ရှိပါတယ်၊
လူဝီ ၁၅ ဘုရင် ခေတ်ကောင်းစဉ်က La Place Louis XV လူဝီ ၁၅ ရင်ပြင် လို့ ခေါ်ဆိုခဲ့ကြပြီး
ပြင်သစ်တော်လှန်ရေး ခေတ်ရောက်တော့ La Place de la Révolution ရင်ပြင်၊
၁၈၃၆ ခုနှစ်မှာ အီဂျစ်ပြည်က အနိုင်ကျင့်ပြီး သယ်မလာခဲ့တဲ့ မူရင်း အီဂျစ်အမည် Obélisque de
Louxor ခေါ် ပြင်သစ်လို ကွန်းကော့ဒ်လို့ အမည်တွင်တဲ့ကျောက်တိုင် စိုက်ထူထားတဲ့ La Place de
la Concorde လို့ ယနေ့တိုင်အောင် ခေါ်ဆိုနေကြတဲ့ ရင်ပြင်ကျယ် နေရာမှာပါ၊
တရားဝင်ကတော့ အီဂျစ်တွေက ပြင်သစ်ကို အဲဒီကျောက်တိုင်ကို လက်ဆောင်အဖြစ် ပေးလိုက်တာလို့
ဆိုကြပါတယ်၊
သက်တမ်း နှစ်ပေါင်း သုံးထောင်ကျော်ခဲ့ပြီလို့ ခန့်မှန်းထားကြတဲ့ တန်ချိန်ပေါင်း ၂၃၀ ကျော်လေးပြီး
၂၃ မီတာရှည်တဲ့ အဲဒီ ကျောက်တိုင်ကြီးကို မကျိုးမပဲ့ဘဲ ပါရီသို့ ရောက်ရှိလာအောင် သယ်ခဲ့ရတာ
အတော်ကြီးကို ခက်ခဲလှ ပါတယ်တဲ့၊
အဲဒါမျိုး ကျောက်တိုင် နှစ်ခု သယ်ခဲ့တာ အသေးတခုကိုတော့ ဆိုရှယ်လစ် သမတ ဖရန်ဆွာမီထရောင်း
လက်ထက် ၁၉၈၀ ခုနှစ် ဝန်းကျင်မှာ တရားဝင် ပြန်လည် ပေးအပ်ခဲ့ ပါတယ်တဲ့၊
အဲဒီ ကျောက်တိုင်ကို စိုက်ထူထားရာ နေရာမှာ ၁၇၉၃ ခုနှစ် ဂျန်နဝါရီလ နှစ်ဆယ့်တစ် ရက်နေ့မှာ
အသက် ၃၈ နှစ် အရွယ်သာရှိသေးတဲ့ လူဝီ ၁၆ ဘုရင်ကို သူ့အရင် ဘုရင် အဆက်ဆက်က သူတို့လို
ဘုရင်တွေကို အာခံ ပုန်ကန်ခဲ့သူများအား သေဒဏ်အပြစ် ပေးခဲ့ရာတွင် အသုံးပြုခဲ့တဲ့ ခေါင်းဖြတ်စက်နဲ့
ပြန်လည် ခေါင်းဖြတ်သတ်ခဲ့တာပါ၊
အဲဒီလို ဘာစတီးထောင်ဖျက် လူဝီဘုရင်ကို ဖြုတ်ချနိုင်ခဲ့ပြီး ပထမပြင်သစ်သမတနိုင်ငံ ဆိုတာကို
ထူထောင်နိုင်ခဲ့ပါတယ်၊
ပြင်သစ် ပထမနိုင်ငံတော်ကာလဟာ ၁၇၉၂ ခုကနေ ၁၈၀၄ ခုနှစ်ထိ ၁၁ နှစ် ၇ လ ၂၇ ရက် ကြာမြင့်
ခဲ့တယ် ဆိုပေမယ့် ပထမပိုင်းမှာသာ အမျိုးသားညီလာခံလိုမျိုး ပြုလုပ် အုပ်ချုပ်ရေးဘုတ်အဖွဲ့ ဖွဲပြီး အုပ်ချုပ်
နိုင်ခဲ့ပေမဲ့ ၁၇၉၉ နိုင်ဝင်ဘာ ကိုးရက်နေ့ကစပြီး စစ်ဘုရင် နပိုလီယံက စစ်အာဏာသိမ်း အုပ်ချုပ်ခဲ့ တာမျိုး
ပါ၊
၁၈၀၄ ခုနှစ်မှာ နပိုလီယံက သူ့ကိုယ်သူ စစ်ဗိုလ်ချုပ်ကြီး ဘဝကနေ စစ်ဘုရင်ကြီးအဖြစ် ပြောင်းလဲ
ခေါ်ဆိုစေခဲ့ပြီးနောက် ပထမ ပြင်သစ်သမတ နိုင်ငံခေတ် ဆုံးခန်းတိုင်ခဲ့ပါတယ်၊

Obélisque de Louxor, La place de la Concorde.
လူဝီ
၁၆ ရဲ့ ဘုရင့်မိဖုရားကြီးဖြစ်သူ သြစတြီးယားမင်းသမီးလေး Marie-Antoinette
d'Autriche
မာရီအန်တွမ်းနက် (၁၇၅၅-၁၇၉၃) ကိုတော့ လူဝီ ၁၆ နဲ့ အတူတူ တချိန်တည်း တပြိုက်နက်တည်း
မသတ်ခဲ့သေးဘဲ နောက်ထပ် ဆယ်လခန့်အကြာ အောက်တိုဘာ ၁၆ ရက်မှာမှ အဲဒီ ကျောက်တိုင်

နေရာမှာ
ခေါင်းဖြတ်စက်နဲ့ ခေါင်းဖြတ်ပြီးသတ်ခဲ့တာပါ၊
ညီမ အငယ်ဆုံးဖြစ်သူ Princess Élisabeth of France
နဲ့ Madame du Barry တို့လို ဘုရင့်အသိုင်း
အဝိုင်းမှ ထင်ရှားသူများအပြင်
Club des Jacobins အဖွဲ့သား နိုင်ငံရေးသမားများ ဖြစ်ကြတဲ့ ပြင်သစ်တော်လှန်ရေးရဲ့ အစိတ်အပိုင်း
တဒေါင့် တနေရာဆီမှာ ပါဝင် လှုပ်ရှားခဲ့ကြတဲ့ အသိပညာရှင် အတတ်ပညာရှင်တွေ ဖြစ်ကြတဲ့ Maximilien de Robespierre, Georges Danton, Camille Desmoulins, Antoine Lavoisier,
Louis Antoine de Saint-Just, ပထမဆုံး ပြင်သစ် အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူ Marie-
Olympe de Gouges တို့လည်း တပြိုင်နက်တည်းမှာလိုလို ခေါင်းဖြတ် အသတ်ခံခဲ့ ရပါတယ်၊
အဲဒီ အချိန်က တည်ရှိခဲ့တဲ့ သေမိန့် ပြစ်ဒဏ်နဲ့ နောက်ဆုံး ခေါင်းဖြတ် အသတ်ခံခဲ့ရတာကတော့
၁၉၇၇ ခုနှစ်မှာပါ၊ အဲဒီ နောက်ပိုင်းမှာတော့ ခေါင်းဖြတ်သတ်မိန့် သေမိန့်ကို ပြင်သစ်ဥပဒေမှာ
ဖျက်သိမ်း ပစ်ခဲ့တယ်လို့ ဆိုပါတယ်၊

ဘာစတီးကျောက်တိုင်
အဲဒီလို ဘုရင်စနစ်
ဖျက်သိမ်းပစ်ခဲ့တဲ့ ပြင်သစ်တော်လှန်ရေးကြီး ဖြစ်ပွားခဲ့တဲ့ ပထမပြင်သစ်သမတ
နိုင်ငံကို ထူထောင်နိုင်စေတဲ့ La Déclaration des Droits de l’Homme et du Citoyen de 1789
ခေါ် လူသားနဲ့ နိုင်ငံသားတို့ရဲ့ အခွင့်အရေးများကို ကြေညာနိုင်စေခဲ့တဲ့ ကနဦး အကြောင်းရင်းအစ ဘာစတီးထောင် ပျက်တဲ့နေ့ကို ၁၈၈၀ ခုနှစ်ကနေ စပြီးတော့ ပြင်သစ်အမျိုးသားနေ့ဆိုပြီး သတ်မှတ် ကျင့်ပလာခဲ့တာ ဒီကနေ့ ၂၀၁၃ ခုနှစ်ဆိုရင် နှစ်ပေါင်း ၁၃၃ နှစ်တိုင်ခဲ့ပါပြီ၊ ဘားစတီးထောင် ဖျက်ခံ ရခဲ့တာက ၁၇၉၀ ခုနှစ်ကဆိုတော့ ၂၂၃ နှစ် ရှိခဲ့ပါပြီ။

Le Défilé Militaire du 14 Juillet, l'Avenue des Champs-Élysées. 14 Juillet 2103.
မောင်ရင်ငတေ
http://moemaka.com/archives/3644 ဇူလိုင် ၁၅၊
၂၀၁၃
Aucun commentaire:
Publier un commentaire