နှစ်ကျပ်ခွဲမတ်တင်း
နှစ်ကျပ်ခွဲမတ်တင်း
နှစ်ကျပ်ခွဲသားတော့
နှစ်ကျပ်ခွဲသား
အလေး ပြည့် မပြည့်ကတော့
အာမခံချက် မရှိဘူး၊
လေယူရာတိမ်း ယိမ်းတတ်တဲ့
ဓလေ့ အခံရှိတော့
တခါတလေ ပြည်ချင်ပြည့်မယ်၊
တခါတလေ လျော့ချင်လျော့မယ်၊
တခါတလေ မတ်တင်းပြည့်၊
တခါတလေ မတ်တင်းက ခပ်လျော့လျော့၊
အင်း . .. …… တင်းတောင်း အလေး အချိန်မမှန်တာက ကြာပေါ့၊
ဒီပြေ ဒီလေတွေနဲ့
နှစ်ကျပ်ခွဲသားလည်း ဘာတတ်နိုင်ပါ့မလဲ၊
အဲတော့ အလေး တင်းပြည့်အောင်
တမတ်သား ဓါတ်ခဲတလုံး ဖြည့်လိုက်လေပေါ့၊
(မရငတ) ၂၀၀၆၂၀၁၅
Aucun commentaire:
Publier un commentaire