ဘူတာရုံပြတိုက်အတွင်းမှ
ရတနာပုံရိပ်များ
ဗန်ဂိုး ရဲ့ ဗန်ဂိုး
Autoportrait à Saint Rémy (1889) Musée d'Orsay (ဓါတ်ပုံ မရငတ)
မနေ့က ရိုက်ခွင့်ရခဲ့လိုက်တဲ့ ဗန်ဂိုး ရဲ့
ဗန်ဂိုး
ဒီနေရာကို နောက်ဆုံးတခေါက် လွန်ခဲ့တဲ့နှစ်က ရောက်ခဲ့တဲ့အထိ ဓါတ်ပုံ ရိုက်ခွင့် မပြုပါဘူး၊
ဒီတကြိမ်တော့ ဘယ်လို ဆရာတွေက
ဓါတ်ပုံရိုက်ခွင့်ပြုဖို့ ဆုံးဖြတ်လိုက်ပါသလဲတော့ မသိပါဘူး၊ လူတိုင်း လူတိုင်း ရိုက်ကူးနေကြတာကို တွေ့ရသလို အရင်အခေါက်တွေက မောင်ရင်ငတေတို့လို ဓါတ်ပုံ
ခိုးရိုက်ချင်သူတွေကို တားမြစ်နေရပါတဲ့ တာဝန် လက်ပတ်နီတွေလည်း ထိုင်ခုံပေါ်မှာ ပျင်းရိ
ပျင်းတွဲနဲ့ ငိုက်မြည်းနေကြတာကို တွေ့ခဲ့ရပါတယ်၊
ဗန်ဂိုးရဲ့ ကိုယ်တိုင်ရေးပုံရိပ် ပန်းချီကားများက အနည်းဆုံး ၄၃
ကား ရှိတယ်ပြောကြပါတယ်၊
အဲဒီအထဲကမှ ပြင်သစ်တောင်ပိုင်း Saint Rémy မှာ
နေခဲ့စဉ်က ရေးဆွဲခဲ့တဲ့ ပုံတူပါ၊
အခုအခါမှာတော့ အခြားနေရာက အငှား
ပြပွဲတွေ မရှိခဲ့ရင်တော့ ပါရီမြို့ ဘူတာရုံပြတိုက်
Musée
d'Orsay မှာ အမြဲတမ်း ချိတ်ဆွဲပြသထားတဲ့ ပုံတပုံပါ၊
မောင်ရင်ငတေ ကိုယ်တိုင် ရိုက်ကူးခဲ့တဲ့ပုံနဲ့ (Google) ဂူဂဲလ် အင်တာနက်မှာ ရှာဖွေတွေ့ရှိတဲ့
ပုံများကို ဖော်ပြလိုက်ပါတယ်၊
Autoportrait à Saint Rémy (1889) Musée d'Orsay (Photo Google)
မောင်ရင်ငတေ ၂၅၀၆၂၀၁၅
မောင်ရင်ငတေ ၂၅၀၆၂၀၁၅
Aucun commentaire:
Publier un commentaire