Libellés

Archives du blog

mardi 5 mai 2015

** စာဖတ်သူ La Liseuse ** ပုံရိပ်ပန်းချီများ

စာဖတ်သူ
La Liseuse (A Young Girl Reading, The Reader)

La Liseuse 1772
Jeune Fille lisant သို့မဟုတ် La Liseuse (A Young Girl Reading, The Reader) အမည်နဲ့
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၄၀ ကျော်က ထင်ရှားခဲ့တဲ့ ပန်းချီကားတချပ်ပါ၊
La Liseuse စာဖတ်သူဆိုတဲ့ ပန်းချီကားဟာ ဥရောပရဲ့ ၁၈ ရာစုခေတ်ဦးပိုင်းအချိန် Les Lumières
(The Age of Enlightenment) ဥာဏ်အလင်းခေတ် အတွင်းမှာ ထင်ရှားခဲ့တဲ့ ပြင်သစ်လူမျိုး ပန်းချီ ဆရာကြီးတဦးဖြစ်သူ ပြင်သစ်ပြည်တောင်ပိုင်း မြေထဲပင်လယ်ကမ်းခြေနဲ့ အီတလီနယ်စပ် အနီးမှာ ရှိတဲ့ Grasse ဂရာ့စ်မြို့လေးမှာ မွေးဖွားခဲ့သူ Jean-Honoré Nicolas Fragonard နီကိုလာဖရာဂိုနာ (၁၇၃၂-၁၈၀၆) ရေးဆွဲခဲ့သော ပန်းချီကားတချပ်ဖြစ်ပါတယ်၊ ပန်းချီဆရာကြီး နီကိုလာဖရာဂိုနာဟာ မိဘများနဲ့အတူ ငယ်စဉ်အရွယ် ၆ နှစ်သားဘဝမှာပင် ပါရီမြို့ကို ပြောင်းရွေ့ ရောက်ရှိလာပြီး ပါရီမှာ ကွယ်လွန်ခဲ့ပါတယ်၊ ၁၈ ရာစုခေတ် ဥရောပ ပြင်သစ်ရဲ့ Rococo ဟန် ပန်းချီ ရေးဆွဲခဲ့သူ တွေထဲမှာ
အကောင်းဆုံး ပန်းချီဆရာတဦး ဖြစ်ခဲ့ပြီး ဒီ ပန်းချီကားကတော့ အထင်ရှားဆုံးလို့ ဆိုနိုင်ပါတယ်၊

သူ ရေးဆွဲခဲ့တဲ့ ပန်းချီကားချပ်ပေါင်း ၅၅၀ ကျော် ရှိမယ်လို့ ခန့်မှန်းကြပါတယ်၊ အဲဒီ စာဖတ်သူဆိုတဲ့ ပန်းချီကားကတော့ ၁၇၇၆ ခုနှစ် မတိုင်မီခန့်က ရေးဆွဲခဲ့တာ ဖြစ်ပြီး ဥာဏ်အလင်းခေတ်ကို အထူး ပေါ်လွင်ထင်ရှားစေတဲ့ ပန်းချီကားတချပ် ဖြစ်ပါတယ်လို့ ဆိုကြပါတယ်၊ စာဖတ်ခြင်းနဲ့ ဥာဏ်အလင်း ခေတ်ကို ထင်ဟတ်စေခဲ့တဲ့ ပန်းချီကားတချပ်ပါ၊ မောင်ရင်ငတေ ဒီပန်းချီးကားကို မြင်တွေ့ပြီးတော့ သဘောကျခဲ့ခြင်းကတော့ စာဖတ်တတ်ခါစ ခလေးမလေးတယောက် စာကို စိတ်ဝင်တစား ဖတ်နေ တဲ့ပုံ ဖြစ်လို့ပါ ခင်ဗျာ၊

ကန်ဗတ်စ်စပေါ်မှာ ရေးဆွဲထားတဲ့ ဆီဆေးကားတချပ်ဖြစ်ပြီး အခုတော့ အမေရိကန်ပြည် ဝါရှင်တန် ဒီစီ မြို့မှာရှိတဲ့ National Gallery of Art ပြတိုက်မှာ ပြသထားရှိတယ်လို့ ဆိုပါတယ်၊

မူရင်း ပိုင်ဆိုင်သူလို့ ပြောရမယ့် သူကတော့ ပြင်သစ်တောင်ပိုင်း Toulouse နယ်သား လူဂုဏ်ထန် သူဌေး မျိုးနွယ်ဖွား ဖြစ်သူ Guillaume Dubarry (1732-1811) ခေါ်ဆိုသူပါ၊ Guillaume Dubarry ဆိုသူက တခြားတော့မဟုတ်ပါဘူး၊ သူက ပြင်သစ်ဘုရင် လူဝီ ၁၆ နဲ့ မိဖုရား သြစတြီးယားမင်းသမီး မာရီ အန်တွိုင်းနက်တို့နဲ့အတူ ခေါင်းဖြတ် အသတ်ခံခဲ့ရတဲ့ ပြင်သစ် အရှေ့ခြမ်း Lorraine ပြည်နယ် Vaucouleurs မြို့သူ သူတို့ခေတ်က နာမည်ကျော် အချောအလှပဂေးဖြစ်ခဲ့သူ လူဝီ ၁၅ ဘုရင်ကြီး ရဲ့ Maîtresse royale အချစ်တော် ဖြစ်ခဲ့သူ Encore un moment ဆိုတဲ့ နောက်ဆုံး စကားတခွန်းနဲ့ နာမည်ပျက်ခဲ့သူ Jeanne du Barry ခေါ်  Madame du Barry (1743-1793) ရဲ့ ယောက်ျားပါ၊

၁၉၆၁ ခုနှစ်မှာတော့ ဒီစာဖတ်သူ ပန်းချီကားဟာ ပန်းချီကား စုဆောင်းသူ အမေရိကန် သူဌေးမကြီး Ailsa Mellon Bruce (1901-1969) သေဆုံးသွားပြီးနောက် သူမရဲ့ကိုယ်ပိုင်ပြခန်းကနေ ဝါရှင်တန် အမျိုးသား အနုပညာ ပြတိုက်သို့ ရောက်ရှိလာခဲ့ခြင်းပါတဲ့၊

မောင်ရင်ငတေ ၂၈၀၁၂၀၁၃ ၀၅၀၅၂၀၁၅

Aucun commentaire:

Enregistrer un commentaire