** HENRY IV MDCX ***
အောင်လီ ၄ ဘုရင်ကြီး ဓါးထိုးလုပ်ကြံခံခဲ့ရတဲ့ နေရာအမှတ်အသား
Plaque marquant le lieu de l'assassinat d'Henri IV, Le n° 6, Rue
de la Ferronnerie
ပြင်သစ်သမိုင်းမှာ ထင်ရှားခဲ့တဲ့ ဘုရင်ကို လုပ်ကြံခဲ့မှု နှစ်ခုရှိခဲ့ပါတယ်၊
တခုကတော့
Valois d'Orléans-Angoulême မင်းဆက် နောက်ဆုံးမင်း Henri III (1551-1589) ဘုရင်ကို
လုပ်ကြံမှုဖြစ်ပြီး နောက်တခုကတော့ အောင်လီ ၃ ဘုရင်ကို ဆက်ခံပြီး နန်းတက်လာခဲ့တဲ့ Bourbon
မင်းဆက်သစ်ကို ထူထောင်ခဲ့သူ Henri IV le Grand (1553-1610) ကို လုပ်ကြံမှုပါ၊
လုပ်ကြံမှုနှစ်ခုစလုံးက
အဲဒီအချိန် ပြင်သစ်ပြည်တွင်းမှာ ဖြစ်ပွားနေတဲ့ ဘာသာရေးအားပြိုင်မှုစစ်ပွဲရဲ့ ရလဒ်တွေပါ၊
ဘုရင် နှစ်ဦးစလုံးဟာ ဓါးနဲ့ထိုး လုပ်ကြံခံရခြင်းလည်း တူညီနေပါတယ်၊
မတူတာကတော့
အောင်လီ ၃ ဘုရင်ကြီးက ဘုရင့်နန်းတော်ထဲမှာ အနီးကပ် လုပ်ကြံခံရတာ ဖြစ်ပြီး
အောင်လီ
၎ ဘုရင်ကတော့ ပါရီမြို့လယ်ရှိ အမှတ်တစ် ရပ်ကွက်တွင်းက လူစည်ကားလှပါတဲ့ Rue de la
Ferronnerie လမ်းမ ပေါ်မှာ ၁၄ ရက် မေလ ၁၆၁၀ ခုနှစ်မှာ လုပ်ကြံခံခဲ့ ရတာပါ၊
ဘုရင်ကြီးနဲ့
အမြင်မတူသူ လူတယောက်ရဲ့ လုပ်ကြံမှုကို လွယ်လွယ်ကူကူခံခဲ့ရတာပါ၊ အောင်လီ ၄ ဘုရင်ကြီး
စီးလာတဲ့ ရထားလုံးလှည်း အဲဒီလမ်းကြားထဲကို ဖြတ်အသွားမှာ ဓါးမြှောင်နဲ့ ရင်အုံကိုထိုး
ပြီးတော့ သတ်ဖြတ်သွားခဲ့တာပါ၊
အနှစ်လေးရာကျော်က
သမိုင်းမှတ်တမ်းတခုကို ဒီကနေ့အထိ လမ်းခင်းကျောက်ပြားပေါ်မှာ ရေးထိုး မှတ်တမ်းတင် ထားနိုင်ခဲ့တာကတော့
မှတ်သားစရာပါ၊
အဲဒီ Rue de la Ferronnerie ကတော့ ဒီကနေ့ လူစည်ကားရာ ပါရီမြို့ရဲ့ အချက်အချာလမ်းအဖြစ်
တည်ရှိနေဆဲပါ၊ မောင်ရင်ငတေတို့လည်း ပါရီမြို့ထဲရောက်ခဲ့ရင် အဲဒီလမ်းကို အမြဲလိုလို
ကျော်ခွလို့ ဖြတ်သန်းသွားမြဲ ဖြစ်ပေမယ့် အမှုမဲ့အမှတ်မဲ့ ထားခဲ့တာပါ၊
အခုတော့ အတိတ်သမိုင်းပုံရိပ်အဖြစ် ရေးလိုက်ရပါတယ်၊
မောင်ရင်ငတေ ၂၉၀၈၂၀၁၄ ၀၄၀၅၂၀၁၅
Aucun commentaire:
Publier un commentaire